ကျွန်တော်တို့အများစုက ပေါင်းနှုတ်မြှောက်စားစလုပ်ကတည်းက
ညီမျှခြင်းသင်္ကေတနဲ့ ရင်းနှီးကြပါတယ်
မင်း ၁+၁ ညီမျှခြင်း ၂ ဆိုတာမျိုးကို မြင်ဖူးလိမ့်မယ်
လူတော်တော်များများက အဲ့ဒီ့လိုဟာမျိုးကိုမြင်ရင်
ညီမျှခြင်းသင်္ကေတက အဖြေကိုပေးတယ်လို့ထင်ကြတယ်
၁+၁ က မေးခွန်း
ညီမျှခြင်းဆိုတာက အဖြေကိုပေးတဲ့အတွက် ၁+၁ က ၂ ဖြစ်တယ်
ဒါကညီမျှခြင်းရဲ့ဆိုလိုရင်းမဟုတ်ပါဘူး
ညီမျှခြင်းဆိုတာ ကိန်းနှစ်ခုကို နှိုင်းယှဉ်တာပါပဲ
ကျွန်တော် ၁+၁ ညီမျှခြင်း ၂ လို့ရေးတဲ့အခါ
အတိအကျပြောရရင် ညီမျှခြင်းသင်္ကေတရဲ့ဘယ်ဘက်မှာရှိတာက
ညီမျှခြင်းရဲ့ ညာဘက်မှာရှိတဲ့ကိန်းနဲ့
အတိအကျတူညီတယ်လို့ ဆိုလိုတာပါ
နောက်တစ်မျိုး ၂ ညီမျှခြင်း ၁+၁ လို့လည်း အလွယ်တကူရေးနိုင်ပါတယ်
ဒီနှစ်ခုက အတူတူပဲ
၂ ညီမျှခြင်း ၂ လို့လည်း ရေးနိုင်တယ်
ဒါက လုံးဝမှန်တဲ့ ဖော်ပြချက်တစ်ခုပဲ
ဒီနှစ်ခုက တူညီတယ်
၁+၁ ညီမျှခြင်း ၁+၁ လို့လည်းရေးနိုင်တာပဲ
၁+၁−၁ က ၃−၂ နဲ့ညီတယ်လို့လည်း ရေးနိုင်တယ်
ဒါတွေအကုန်လုံးက တူညီတဲ့ကိန်းတွေချည်းပဲ
ဒီမှာဆို ဘယ်ဘက်မှာရှိတဲ့ဟာက
ဒါက ၁+၁−၁ က ၁ ဖြစ်ပြီ: ဒီညာဘက်ကဟာကလည်း ၁ ဖြစ်တယ်
သူတို့က တူညီတဲ့အရေအတွက်ပဲ
အခု ကျွန်တော် ကိန်းတွေကိုနှိုင်းယှဉ်တဲ့
တစ်ခြားနည်းတွေကို မိတ်ဆက်ပေးပါမယ်
ညီမျှခြင်းသင်္ကေတက နှစ်ဖက်လုံးမှာ လုံးဝတူညီတဲ့ အရေအတွက်တွေ
ရှိတဲ့အခါမှာ သုံးတယ်
အခု နှစ်ဖက်မှာ မတူညီတဲ့အရေအတွက်တွေရှိတဲ့အခါ
ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားကြမယ်
ကျွန်တော့်မှာ နံပါတ် ၃ နဲ့ နံပါတ် ၁ ရှိတယ်ဆိုပါတော့
သူတို့ကို ကျွန်တော်နှိုင်းယှဉ်ချင်တယ်
၃ နဲ့ ၁ ကမတူတာတော့ သေချာတယ်
တကယ်တော့ ကျွန်တော်ဒီ အကြောင်းကို
မတူညီသင်္ကေတနဲ့ဖော်ပြနိုင်တယ်
ဒီတော့ ၃ က ၁ နဲ့မတူဘူးလို့ ပြောတာပေါ့
ဒါပေမယ့် ကျွန်တော်က ဘယ်ဟာက ကြီးပြီးတော့
ဘယ်ဟာကသေးလဲဆိုတာ သိချင်တယ်ဆိုပါတော့
ဒီတော့ ကျွန်တော်သူတို့ကိုနှိုင်းယှဉ်နိုင်တဲ့ သင်္ကေတတစ်ခု
အဲ့ဒါကိုသုံးပြီး ဘယ်ဟာကကြီးလဲဆိုတာကို ပြောနိုင်တဲ့သင်္ကေတကို လိုချင်တယ်
ဒါကိုလုပ်နိုင်တဲ့ သင်္ကေတက greater than သင်္ကေတပဲဖြစ်တယ်
ဒါက တကယ်ကိုပဲ ၃ က ၁ ထက်ကြီးတယ်လို့ ဖတ်နိုင်တယ်
၃ က ပိုကြီးတဲ့အရေအတွက်ပဲ
မင်းဒါကိုမှတ်မိဖို့ခက်ခဲတယ်ဆိုရင်−
greater than- ပိုကြီးတဲ့အရေအတွက်က ပါးစပ်ဟတဲ့ဘက်မှာ
မင်းဒါကို မြှားလိုမျိုးမြင်နိုင်ရင်
ဒါမှမဟုတ် သင်္ကေတတစ်ခုခုပေါ့၊ ဒါပေမယ့် ဒါက ပိုကြီးတဲ့ဘက်
ဒီဘက်မှာ ဒီအချွန်လေးရှိပြီ:
ဒီကြီးတဲ့ဘက်မှာ ပိုများတဲ့အရေအတွက်ရှိတယ်
ဒါကိုဖတ်ရင် ၃ က
greater than - ဒါကိုချရေးလိုက်မယ်
၃ greater than ၁
နောက်တစ်ခါ ဒီလိုမျိုးနံပါတ်တွေဖြစ်စရာမလိုဘူး
ဖော်ပြချက်တစ်ခုကိုလည်း ရေးနိုင်တယ်
၁+၁+၁ က greater than − ဆိုပါစို့
ဒီနေရာက ၁ တစ်ခုတည်း
ဒါက နှိုင်းယှဉ်တာပဲ
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆန့်ကျင်ဖက်လုပ်မယ်ဆိုရင်
ဆိုပါစို့ ၅ နဲ့ ၁၉ ကြားက နှိုင်းယှဉ်မှုကို လိုချင်တယ်ဆိုရင်
greater than သင်္ကေတကို သုံးလို့မရတော့ဘူး
၅ က ၁၉ ထက်ကြီးတယ်ဆိုတာ မမှတ်လို့
၅ က ၁၉ နဲ့မညီဘူးလို့တော့ ပြောနိုင်တယ်
ဒီဖော်ပြချက်ကိုတော့ လုပ်နိုင်သေးတယ်
ဒါပေမယ့် ကျွန်တော်က ဘယ်ဟာကကြီးပြီး ဘယ်ဟာကသေးလဲဆိုတာကို
ဖော်ပြချင်ရင်ရော
စကားနဲ့ပြောမယ်ဆိုရင်တော့
၅ က ၁၉ ထက်နည်းတယ်လို့ပြောမယ်
ကျွန်တော်ပြောချင်တာက − ချရေးလိုက်မယ်
၅ က less than ၁၉
ဒါကကျွန်တော် ပြောချင်တာ
ဒီတော့ ကျွန်တော်တို့ "less than" ဆိုတာကိုဖော်ပြတဲ့
သင်္ချာသင်္ကေတကို စဉ်းစားဖို့လိုတယ်
ကောင်းပြီ ဒါက greater than ဆိုရင်
ဒါကိုပြောင်းပြန်လှန်တာ သဘာဝကျတယ်
ဒီတစ်ခါလည်း အစက်ကို
နည်းတဲ့ဘက်ကိုလှည့်ပြီး ကျယ်တဲ့ဘက်ကို
ကြီးတဲ့အရေအတွက်ဘက်ကို လှည့်မယ်
ဒီမှာ ၅ က သေးတဲ့အရေအတွက်ဖြစ်တော့
အစက်ကို အဲ့ဒီ့ဘက်လှည့်မယ်
၁၉ က ကြီးတဲ့အရေအတွက်ဆိုတော့ ပါးစပ်ဘက်မှာထားမယ်
ဒီတော့ ဒါကို ၅ က less than ၁၉ လို့ဖတ်နိုင်တယ်
၅ က ၁၉ ထက်နည်းတဲ့ အရေအတွက်ဖြစ်တယ်
၁+၁ က ၁+၁+၁ ထက်ငယ်တယ်လို့လည်း ရေးနိုင်တယ်
ဒါက ဒီဖော်ပြချက်၊ ဒီအရေအတွက်ဖြစ်တဲ့ ၁+၁ က
၁+၁+၁ ထက်နည်းတယ်လို့ ပြောတာပဲ