သင်ရောက်ဖူးတဲ့ အလှပဆုံးနေရာက ဘယ်ဟာဖြစ်မလဲ။
ပြီးတော့ အဲ့ကိုရောက်တုန်းက
ဓာတ်ပုံရိုက်ဖြစ်ကြသေးလား။
ဒါကတော့ ကျွန်မရဲ့ စာရင်းထိပ်ဆုံးမှာ
ရှိတဲ့ နေရာပါ။
ဒါက နေထွက်ချိန် ယူးတပြည်နယ်
Canyonlands အမျိုးသားဥယျာဉ်က
Mesa Arch ပါ။
ဒါက Pueblo၊ Ute၊ Paiute နဲ့ Navajo
လူမျိုးတွေရဲ့ ရိုးရာဇာတိဖြစ်ပြီး၊
သင်အဲဒီကိုရောက်ရင်
တကယ့်ကိုမှင်သက်စရာပါ။
ရောင်ခြည်ဦးက ကျောက်ဂလိုင်အောက်ခြေကို
လိမ္မော်ရောင် သမ်းစေပြီး၊
အနောက်မှာတော့ တိမ်တွေ၊ မတ်စောက်တဲ့တောင်
တွေနဲ့ တောင်စွယ်တွေ တွေ့ရမှာပါ။
ဒါမဲ့ ဓာတ်ပုံထဲမှာ မမြင်နိုင်တာကတော့
ကျွန်မအနောက်မှာ လူ ၃၀လောက်ကလည်း
ဓာတ်ပုံရိုက်နေကြတာပါ။
ဒီလူတွေအကုန်လုံး နေအထွက်ကို
ရိုက်ဖို့ စိတ်ထက်သန်တဲ့ သူတွေချည်းပဲဟုတ်။
ဒါကြောင့်တွေးကြည့်ရင် တစ်ပတ်
တစ်ပတ်ကို လူပေါင်းရာနဲ့ချီ မဟုတ်တောင်
Mesa Arch ရဲ့ပုံက ရာနဲ့ချီ ရှိလိမ့်မယ်။
ကျွန်မရိုက်ထားတဲ့ ပုံတွေကို Instagram မှာ
တင်လာတာ နှစ်နဲ့ချီနေတော့၊
တနေရာတည်းက ဆင်တူတဲ့ ပုံတွေအများကြီး
လိုင်းပေါ် မြင်လာရတာ
အရမ်းကို ပျော်ရွှင်ရပြီး၊
စိတ်ဝင်စားဖို့ ကောင်းလာခဲ့တယ်။
ကျွန်မလည်း ပုံတွေတင်နေဖြစ်ခဲ့တယ်။
ဒါနဲ့ ကျွန်မက ဘာလို့များ
ပထမဆုံးတနေရာရာ ရောက်ရင် ဓာတ်ပုံ
ထုတ်ရိုက်ကြတာလဲဆိုတာ စဉ်းစားမိတယ်။
တခါတလေ အထင်ကရနေရာတွေ သွားလည်ဖြစ်တယ်။
ဒါက အရီဇိုးနီးယားက Horseshoe
မြစ်ကျိုးအင်းပါ။
လူတိုင်းကဖုန်းတွေ၊ ကင်မရာတွေနဲ့
ထုတ်ရိုက်ကြ၊
ပြီးတာနဲ့ ကားပေါ်ပြန်တက်
သူတွေရော၊ လမ်းပေါ်ပြန်ထွက်တဲ့
သူတွေရော တွေ့တယ်။
ကြည့်ရတာ ကျွန်မတို့ကိုယ်တိုင် ဒီနေရာကို
သွားရောက်ခံစားဖို့၊
မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ဖို့
ဆိုတဲ့ ရည်ရွယ်ချက်က
တခါတလေ တခုခုတော့ လွဲနေသလိုပါပဲ။
ကင်မရာရိုက်နေတုန်းဆိုရင် ကျွန်မ
အသေးစိတ်လေးကအစ သတိထားမိတယ်။
နေဝင်ချိန် အလင်းဖျော့လာချိန်မှာ
တောင်တလွှာချင်းစီရဲ့
အရောင်တွေက သဘာဝကြီးကို ဘယ်လိုတောင်
အထူးပုံဖော်ထားပြီး၊ ပြီးပြည့်စုံအောင်
ခြယ်မှုန်းထားတယ်ဆိုတာမျိုး။
ကျွန်မ ဒီဂြိုလ်ပေါ်က ရှုပ်ထွေးလှတဲ့အရာ
တွေကို ဒီလို ပဲတွေးတောလာမိရင်း
အဲ့တာကပဲ ကျွန်မကို ခံစားလာမိစေတယ်။
ဒီကမ္ဘာကြီးရဲ့ အလှနဲ့ ရှုပ်ထွေးမှုတွေကို
ဓာတ်ပုံရိုက်တာ ကျွန်မအတွက်
ကျွန်မချစ်တဲ့တစ်ယောက်ယောက်ကို
အလှဓာတ်ပုံ ရိုက်ပေးရသလိုပါပဲ။
ပြီးတော့ ဓာတ်ပုံရိုက်ရင်
ဘာပြောချင်တာလဲ ဆိုတာပါ
ကျွန်မထည့်စဉ်းစားတယ်။
ကိုယ်ဘာကိုခံစားချင်တာလဲ
ကိုယ့်ကိုယ်ကို ပြန်မေးတယ်။ ပုံတစ်ခုနဲ့
သင်ကစကားပြောဆိုတဲ့အခါမျိုးမှာ ဖန်တီးမှု
နိုင်တဲ့ ရွေးချယ်မှုတိုင်း အရေးပါတယ်။
တခါတလေ ပုံတွေကို ပြန်ဝေမျှဖို့လုပ်ပြီး၊
ကျန်တဲ့အချိန်ဆို ကိုယ့်အတွက်ပဲ
ရိုက်ဖြစ်တယ်။
အခုကျွန်မ "အနာဂတ်ရဲ့ ပြင်ပလောက"
ဇာတ်လမ်းတွဲတစ်ခုကို လွှင့်နေတာ
အပိုင်းတွေထဲကတစ်ခုအတွက် ဓာတ်ပုံပညာနဲ့
ပြင်ပလောက ပတ်သတ်မှုကို ရှာဖွေခဲ့ရတယ်။
ဓာတ်ပုံရိုက်ခြင်း၏ ပျော်ရွှင်မှုအပေါ်
သက်ရောက်မှုကို လေ့လာ
ခဲ့တဲ့ Kristin Diehlနဲ့ သူမရဲ့
USC က လုပ်ဖော်ကိုင်ဖက်တွေရဲ့
သုသေတနကို လေ့လာခဲ့ရတယ်။
သူတို့တွေ့ရတာက ကျွန်မတို့
ကင်မရာရိုက်တော့ ပုံရိုက်
ပြီးတဲ့အခါမှာ တွေ့ကြုံခဲ့ရတာတွေကို
ပိုပြီး ပျော်ရွှင်နေကြပါတယ်။
ပိုမနည်းပါဘူး။
ဒါက အချိန်တိုင်းတော့ မမှန်ပါဘူး။
တစ်ယောက်ယောက်က ဓာတ်ပုံကို တင်ဖို့
ရည်ရွယ်ချက်နဲ့ပဲ ရိုက်တယ်ဆိုရင် သူ့မှာ
ဘာပျော်ရွှင်မှုမှ ပိုလာမှာမဟုတ်ဘူး။
ဘာလို့ဆိုတော့ သူတို့အတွက် မလုပ်ခဲ့လို့ပါ။
ဒါကြောင့် အရေးကြီးတဲ့ခြားနားမှုက
ဓာတ်ပုံရိုက်တာကို
ရည်ရွယ်ချက်ရှိရှိ လုပ်မယ်ဆိုရင်
သင့်အတွေ့ကြုံတွေကို ပိုမြင့်မားစေမယ်။
ရည်ရွယ်ချက်က အရေးပါတယ်ဆိုတာ ဒါကိုပြောတာပါ။
ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ အဲ့တာကို
သေချာပြန်ဆန်းစစ်ရတယ်။
ဘယ်အချိန် ကင်မရာထုတ်ရိုက်ရမလဲ၊
ဘယ်ချိန်သိမ်းထားရမလဲ ဆိုတာမျိုး။
အလက်စကာကိုသွားတုန်းက အလက်စကာဝက်ဝံညိုတွေ
ကို ဓာတ်ပုံရိုက်ဖို့ အခွင့်ရေး ရတယ်။
ကျွန်မက တခြားဓာတ်ပုံဆရာ
လေးယောက်နဲ့အတူ လှေပေါ်မှာ
ရှိတာ၊ ဒီတိရိစ္ဆာန်တွေနဲ့ အဲဒီလောက်
နီးနီးကို ကပ်နေတော့
အကုန်လုံးက တချိန်တည်းမှာ
အံ့အားသင့်ကုန်ကြတာပေါ့။
တကယ့်ကို ခံစားမိလိုက်ရတဲ့
အတွေ့အကြုံ တစ်ခုပါ။
သူတို့နဲ့ အကြည့်ချင်းဆုံရတာက သူတို့ရဲ့
အတိုင်းမသိတဲ့ စကားလုံးတွေကို
နားလည်လာသလို ခံစားမိစေပြီး၊
အဲ့တုန်းက လက်ထဲမှာ ကင်မရာရှိလိုက်တာက
အဲ့ခံစားမှုကို ပိုမိုနက်ရှိုင်းလာစေတယ်။
ကျွန်မတို့အားလုံး အဲ့အချိန်မှာသဘာဝ
တရားနဲ့ရော အချင်းချင်းရော လွတ်လွတ်လပ်လပ်
ပြီးပြည့်စုံအောင် ဖန်တီးခဲ့ကြတယ်။
ကျွန်မ ရေစက်တွေ၊ ဝက်ဝံအမေကြီးက
ရေကူးနေချိန်မှာ ချစ်ဖို့ကောင်းတဲ့ သားလေး
တွေက သူတို့အမေနောက် လိုက်သွားတာကို
လိုက်ရိုက်ခဲ့တာကို သေချာမှတ်မိသေးတယ်။
အဲဒီအဖွဲ့နဲ့ ကျွန်မတို့ အဲ့အတွေ့ကြုံကို
အတူတူခံစားပြီး
ပုံတွေပြန်ပြန်ကြည့်ကြတော့
ဓာတ်ပုံရိုက်တယ်ဆိုတာ
ပထမဆုံးရလိုက်တဲ့ အတွေ့ကြုံတွေကို
ဝေမျှပေးနိုင်ပါလားပေါ့။
ကျန်တဲ့အချိန်ဆိုရင် ကင်မရာကို
ဘေးချိတ်ထားတော့
အဲတာက ကျွန်မရဲ့ အလုပ်နဲ့
အတွေ့အကြုံကို ပိုတိုးတက်
လာစေတယ်လို့ ထင်တယ်။
တလောက တွန်ဂါနိုင်ငံ တောင်ပစိဖိတ်
သမုဒ္ဒရာကျွန်းကို သွားပြီး
ဟမ်းဘက်ဝေလငါးနဲ့ ရေကူးခဲ့တယ်။
တခါတလေ အတွေ့အကြုံသပ်သပ်ပဲ လိုချင်နေတဲ့အခါ
ကင်မရာသယ်သွားဖို့ကို တာဝန်ကြီးတစ်ခုလို၊
လေးပင်သလိုလို ခံစားရတာ သိလိုက်ရတယ်။
အတွေ့အကြုံကတော့ တကယ့်ကို
အံ့အားသင့်ဖွယ်ပါပဲ။
တဖျပ်ဖျပ်နဲ့ တောက်ပနေတဲ့ အမှုန်
လေးတွေအလယ် စတေရှင်ဝက်ဂွန်ကား
အရွယ်လောက်ရှိတဲ့
စူးစမ်းတက်တဲ့ တိရစ္ဆာန် ပေါက်စလေးနဲ့
အမေကြီးက အောက်ကနေ လှလှပပ ကူးခတ်သွားတဲ့
ရေထဲမှာ ရှိနေတဲ့အကြောင်းကို ပြောပြနေတာပါ။
သိတဲ့အတိုင်း ကင်မရာပါလာတဲ့
အချိန်တွေလည်း ရှိတော့
အံ့အားသင့်ဖွယ်
အရာတွေကို ရိုက်လာနိုင်တယ်။
ဒါမဲ့ ပြင်ဆင်ရတာ တော်တော်များပါတယ်။
သေတ္တာအကြီးတစ်ခုလိုပဲ။
ဒီလိုမျိုးပါ။
ဒါက ကျွန်မနဲ့ ဝေလငါးကြားပါ
အဲတာက သင်နဲ့ တကယ့်လက်တွေ့ဘဝကြားက
အတားအဆီးတစ်ခုလို ခံစားရတယ်။
သင့်ဖုန်းနဲ့ဆိုရင်ရော ဘာကွာမှာလဲ။
မနှစ်က သြစတျေးလျအလယ်ပိုင်းမှာရှိတဲ့
ကန္တာရထဲက ဒီကျောက်တောင်ကြီး
အူလာရူး ကို သွားခဲ့တယ်။
ဒါက ဒီဒေသမှာ ရိုးရာအမွေနှစ်ပိုင်ရှင်
အနန်ဂူလူမျိုး မျိုးရင်းဒေသခံတွေရဲ့
အထွတ်အမြတ်ထားရာ နေရာပါ။
အူလာရူးမှာ ပညာရှင်အဆင့်ဓာတ်ပုံတွေရိုက်လို့
မရတဲ့ နေရာတွေ ရှိပါတယ်။ ဘာလို့ဆိုတော့
ယဉ်ကျေးမှုအရ အတိမ်းအစောင်း မခံကြလို့ပါ။
အနန်ဂူမှာ ရှိတဲ့ အထွတ်မြတ်ထားတဲ့
ကျမ်းစာတွေလည်း ဒီလိုပါပဲ။
ဒါကြောင့် ကျွန်မပုံ တော်တော်များများက
ခပ်လှမ်းလှမ်းက ရိုက်ထားတဲ့ ဒီလိုတွေ၊
အမျိုးသားဥယျာဉ်ထဲက နေရာတစ်ခုကနေ
ရိုက်ထားတာမျိုး များပါတယ်။
ပြောနိုင်တာက အူလာရူးရဲ့ စိတ်ဝင်စားစရာ
အလှပဆုံး မြင်ကွင်းတွေ တချို့က
အဲ့ဒီ့ အတိမ်းအစောင်းမခံတဲ့
နေရာတွေမှာ ရှိနေပါတယ်။
ဒါပေမဲ့ အဲတာတွေကို ဓာတ်ပုံ မရိုက်ဖို့
ပြတ်ပြတ်သားသား တိုက်ရိုက်
ပန်ကြားထားတာက ဒီဒေသအကြောင်းကို
သေချာ လေ့လာဖို့ပါပဲ။
ဒါလည်း ဘာပဲဖြစ်ဖြစ် လုပ်သင့်တာပဲ
မဟုတ်လားရှင်။
ဒါကြောင့် ကျွန်မ အူလာရူးကို ရောက်ခဲ့တာ
ကျွန်မအတွက် မဟုတ်ခဲ့ပဲ
နေရာနဲ့ ပတ်သတ်မှုအတွက်ပဲ
ဖြစ်လာခဲ့တော့တယ်။
မထူးဆန်းပေမဲ့ ဟာသပြောရရင်
ကျွန်မက အဲ့တနေရာနဲ့ ဆက်စပ်မှုကို
ရှာတွေ့ထားတော့ ပုံရိုက်ဖို့ကိုလည်း
အာရုံပိုပို ရလာတယ်။
လူမှုကွန်ယက် မီဒီယာတွေက
သွားခဲ့တဲ့ နေရာတွေ၊ နေထိုင်ရာ
ဒေသကပုံတွေကို ဝေမျှဖို့ ကောင်းတဲ့
နေရာတစ်ခုပါလို့ ကျွန်မတို့ ပြောနိုင်ပါတယ်။
ကျွန်မတို့မြင်နေရတဲ့ ကမ္ဘာ့ကြီးရဲ့
တထောင့်တနေရာတင် မဟုတ်ပဲ
တနေ့တနေ့ ကြုံတွေ့နေရတာ
လေးတွေကိုပါ ဝေမျှကြပါတယ်။
ကျွန်မတို့ ရိုက်သမျှ ပုံတွေက
ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်ထားတာဆိုရင်
ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်မျှဝေကြမှာပဲ။
ကျွန်မအတွက်က ကျွန်မရဲ့ ဇာတ်လမ်းတွေ
အမြင်တွေကို လိုင်းပေါ်ပေးကြည့်တာက
ကျွန်မကို တစ်ယောက်ထဲ
မဟုတ်ဘူးလို့ သိစေလို့ပါ။
အဲ့တာက ကိုယ့်ပတ်ဝန်းကျင်ကို
ကူညီတည်ဆောက်ဖို့
လုပ်ပေးပြီး၊ တခြားသူတွေကိုလည်း
အဲ့လိုပဲ နေမှာပါ။
ပြောချင်တာက ဒီလိုပါ။
ဓာတ်ပုံတွေ မရိုက်နဲ့လို့
ကျွန်မပြောနေတာ မဟုတ်ပါဘူး။
လူထောင်ပေါင်းများစွာက ဘယ်နေရာအ တိအကျကိုပဲ
ရောက်ရောက်၊ ဘာဓာတ်ပုံပဲ ရိုက်ရိုက်
ခဏလေးထွက်လာပြီး
ဖန်တီးလိုက်ဖို့ပဲ ပြောချင်ပါတယ်။
လောကကြီးက အသံတိုင်း
ရှုထောင့်တိုင်း လိုအပ်ပါတယ်။
သင့်ဟာလည်း အပါအဝင်ပေါ့။
ဒါပေမဲ့ ကျွန်မပြောချင်တာက
ကင်မရာ သို့မဟုတ် ဖုန်းတွေက
တချိန်လုံးထုတ်ထားစရာ မလိုဘူးဆိုတာကိုပါ။
ကျွန်မ ဖြစ်စေချင်တာက အဲ့တာကို
ခဏဘေးဖယ်ထားလိုက်၊
သင့်အတွက် ခဏလေးပါပဲ။
ဒါဆိုကျွန်မတို့ Mesa Arch ကို
ပြန်ပြောရရင်၊ ကျောက်ဆောင်က
လိမ္မော်ရောင် တောက်နေတာနဲ့
နောက်ခံအပြာရောင်နဲ့ နေရာကိုပေါ့။
တကယ်လိုများ နောက်တခါ
အံ့သြဖွယ်နေရာတစ်ခုခု ရောက်လို့
သင် ကင်မရာ၊ ဖုန်း သယ်သွားလို့
မရဘူး ဆိုပါစို့။
ကျွန်မတို့ကို ဘာပုံမှ
ပေးမရိုက်ဘူး ဆိုပါစို့။
ကန့်သတ်ထားတယ်လို့ပဲ ခံစားရနေဦးမှာလား။
ဒါမှမဟုတ် သက်သက်သာသာပဲလား။
ဘာများလုပ်နိုင်သေးလဲ။
ဒီလိုပါ။ နောက်တခါ ဖုန်း၊ကင်မရာကို
ထုတ်လိုက်မှန်းမသိ ထုတ်လိုက်တယ်ဆိုရင်
ဒါမဟုတ် ထုတ်လိုက်ပြီးမှ သိလိုက်ရတယ်ဆိုရင်
(ရယ်ကြသည်)
ပထမဆုံး ရပ်လိုက်ပါ။
ခဏနား
အသက်ရှူ
ဘာကို သတိထားမိလဲဆိုတာ
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။
သင်က တစ်ယောက်ယောက်နဲ့
အခိုက်အတန့်လေးကို ခံစားနေတာလား။
ဒီအခိုက်အတန့်က တစ်ခါပဲရတယ်ဆိုတာ သတိရပါ။
ဓာတ်ပုံရိုက်တာက လှပတဲ့ အတွေ့အကြုံရဲ့
အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
အဲ့တာကို သင်နဲ့ လက်တွေ့ကြားမှာ
အတားအဆီးတစ်ခု မဖြစ်စေပါနဲ့။
ရည်ရွယ်ချက်ရှိပါ။
ပြန်အစားထိုးမရတဲ့ လှပတဲ့ အမှတ်တရတွေကို
ပုံရိုက်ရဖို့ အာရုံစိုက်လွန်းတာနဲ့တော့
အဆုံးရှုံးမခံပါနဲ့။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်တီးသံ)