Lindsay Levin: Dave ရေ
လအနည်းငယ်အတွင်းမှာပဲ
Amazon မှာ စားသုံးသူ လက်လီရဲ့ CEO
အဖြစ် ကဏ္ဍသစ်တစ်ခုထဲကို ရှင် ပြောင်းတယ်။
ဒါက ကဏ္ဍကြီးတစ်ရပ်ပါ။
ရှင့်လုပ်ဆောင်မှုမှာ အခြား
အရာ အားလုံးရှိမှာဆိုတော့
ရာသီဥတုကရှင့်အတွက် ဦးစားပေး
အနေနဲ့ ဘယ်လိုရှိနေမလဲ။
Dave Clark: ဒီနွေရာသီမှာ US ရဲ့
West Coast ကို လွှမ်းခြုံခဲ့တဲ့
မီးတွေ အားလုံးကြောင့်
ခမ်းနားတဲ့ Pacific Northwest ကို
ခံစားနိင်စွမ်းမရှိတဲ့ မီးခိုးပြည့်နေတဲ့
Seattle မှာ နွေရာသီရဲ့ အဆုံးပိုင်း
အတော်များများကို ကုန်ဆုံးခဲ့တယ်။
ရာသီဥတုက ကျွန်တော်တို့ အားလုံးအတွက် တကယ့်
စိန်ခေါ်မှုတစ်ခုပါ၊ Amazon မှာသာ မဟုတ်ဘဲ
ဒီနေရာက နေ့စဉ်ဘဝတွေမှာရောပါ။
ဒါကို အသင်းနဲ့ Kara နဲ့အတူ
အာရုံစိုက်ခဲ့တာ အခုဆို နှစ်တွေချီနေပါပြီ။
တကယ်တော့ ကုမ္ပဏီရဲ့ သီးခြား
အပိုင်းဖြစ်နေတာကို ဆန့်ကျင်တာအဖြစ်
လုပ်ဆောင်ရေး အသင်းတွေအတွင်းမှာ
ရေရှည်ခံနိင်ေရး အသင်းတွေ
ထည့်သွင်းထားပါတယ်။
အကြောင်းက ပြောင်းလဲမှုကို
တကယ် ဖန်တီးနိင်တဲ့ အုပ်စုတွေနဲ့
ဒီအသင်းတွေကို ဆက်သွယ်စေချင်တာကြောင့်ပါ။
LL: Kara ရှင် ရင်ဆိုင်ရတဲ့ အကြီးဆုံး
အတားအဆီးတခို့ကို ဖော်ပြနိင်လား။
Amazon လို ကုမ္ပဏီရဲ့
ကာဗွန်ခြေရာကို
လျှော့ဖို့ လုပ်လို့ပါ
Kara Hurst: Amazon နဲ့ပတ်သက်ပြီး
တကယ့် စိတ်လှုပ်ရှားစရာဆိုပေမဲ့
ရှုပ်လည်းရှုပ်တာတစ်ခုက
လုပ်ငန်း စုံလင်မှုပါ။
ဝန်ဆောင်မှုနဲ့ ထုတ်လုပ်မှုမျိုးစုံ၊
စက်မှုလုပ်ငန်းမျိုးစုံ၊ အဆောက်အအုံတွေနဲ့
ဆိုင်တွေ မျိုးစုံ၊
ဖြည့်ဆည်းရေး ဗဟိုတွေနဲ့
တကယ်တမ်းက အွန်လိုင်း အခြေခံ
အဆောက်အအုံတွေ လုပ်ငန်းတွေရောပါ။
ကျွန်မတို့ဟာ အကြွင်း သုည ထုတ်လွှတ်မှုတွေဆီ
ရောက်ဖို့ ရည်စူးထားတယ်။
ကျွန်မတို့ရဲ့ အရွယ်အစားနဲ့ ပမာဏက
တကယ့် ဧရာမ အကျိုးကျေးဇူးတစ်ခုဖြစ်နိုင်တယ်။
ဒါက လုပ်ငန်းတွေ လုပ်ဆောင်မှုတွေ၊
နည်းပညာတွေ၊
ဝန်ဆောင်မှုတွေ၊ထုတ်ကုန်တွေ
အားလုံးမှာကာဗွန်ခြေရာအကြောင်း
စဉ်းစားဖို့ ကျွန်မတို့ကို တွန်းအားပေးတယ်။
အဆုံးတစ်ခုမှာ
၂၀၂၅ မှာ ပြည့်ဖြိုးမြဲစွမ်းအင် ရာနှုန်း
ပြည့်အထိ လုပ်ဆောင်မှုတွေကို လည်ပတ်ချင်တယ်။
ဒါပေမဲ့ ပို့ဆောင်မှုတစ်ခု ရရှိတဲ့အခါ
လုပ်ဆောင်မှုတွေ တစ်လျှောက်
ကာဗွန် အကြွင်းမဲ့ဖြစ်တယ်ဆိုတာ
သေချာအောင်လည်း လုပ်နေပါတယ်။
ဒါကို Amazonian နည်းတစ်ခုနဲ့
လုပ်ချင်ပါတယ်၊
ဒီတော့ "a carbon system of record" ဆိုတာ
ဆောက်ဖို့ နှစ်များစွာ အချိန်ယူခဲ့တယ်။
ကုမ္ပဏီတစ်ခုလုံး ဒါကို ခြုံငုံစဉ်းစားဖို့
ကျွန်မတို့ကို ဖြစ်ခွင့်ပေးတဲ့
ကိရိယာတွေရှိပါတယ်။
LL: Dave ရေ၊ Amazon က ကတိပြုထားတယ်။
"Climate Pledge" လို့ ခေါ်တာလေ။
၂၀၄၀ မှာ လုပ်ငန်းအနှံ့မှာ
အကြွင်းမဲ့ သုညဖြစ်စေဖို့ပါ။
ဒါက Paris Agreement ထက်
၁၀ နှစ် ရှေ့ကျပါတယ်။
ရှင်တို့လုပ်ငန်းတွေ အနှံ့မှာ တောင်းဆိုတဲ့
ပြောင်းလဲခြင်း အတိုင်းအတာ
သဘောကို ပေးပါဦး။
DC: ဒါက အတော် လန့်စရာကြီးပါ။
ဒီလုပ်ငန်းစဉ်ကို စတင်တော့
သိပ္ပံရဲ့ အနေအထားကနေ စတင်ခဲ့တယ်၊
လုပ်ငန်းရဲ့ ဖြည့်သွင်းမှု အားလုံးကို
တူးဖေါ်ခြင်းနဲ့ နားလည်ခြင်း အနေအထားပါ၊
လုပ်ငန်းရဲ့ ဘယ်အပိုင်းတွေက ကာဗွန်ကို
ဖန်တီးပြီး ပတ်ဝန်းကျင်ထဲကို ထုတ်လွှတ်တာ၊
ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်ပိုင်းတစ်ခုစီ
အင်အားစုတွေက ဘာဆိုတာ၊
ဒါတွေကို တိုးတက်အောင်လုပ်ပုံပါ။
အဲဒီမှာ ကျွန်တောိတို့ စလုပ်စဉ်မှာ
ပြောတာက "ဒီရည်မှန်းချက်တွေကို
ဘယ်လို ဖြည့်ဆည်းမှာလဲ" ပါ။
ဒါက လုပ်ငန်းရဲ့ ကဏ္ဍနီးပါးတိုင်း အနှံ့မှာ
ဆန်းသစ်တီထွင်မှု လိုအပ်တယ်။
ပြည့်ဖြိုးမြဲ စွမ်းအင် နေရာလပ်မှာဖြစ်စေ၊
ယာဉ်တွေရဲ့ လျှပ်စစ်ဓာတ်အားစနစ်
ပြောင်းသုံးတာဖြစ်ဖြစ်
ထုတ်ပိုးခြင်းနဲ့
လုပ်ငန်းစဉ်တွေမှာ ဖြစ်ဖြစ်
ထုတ်လုပ်သူတွေနဲ့ တွဲလုပ်ရာမှာဖြစ်ဖြစ်ပါ။
အခြေခံအားဖြင့် ဒီအချိန်ပို
ရည်မှန်းချက်တွေကို ဖြည်ဆည်းရန်
မွမ်းမံဖို့ ထောက်ပံ့ရေး ကွင်းဆက်ရဲ့
သက်တမ်းတစ်ခုလုံးကို လိုအပ်တယ်။
ဒါကြောင့်ပဲ Climate Pledge ဟာ
သိပ် အရေးကြီးတာပါ။
LL: Kara ရေ၊ Climate Pledge က
Amazon ပဲ မဟုတ်ဘူး။
ပူးပေါင်းဖို့ အခြားကုမ္ပဏီတွေကို
ဖိတ်ကြားနေတယ်။
KH: Climate Pledge နဲ့အတူ ဒါကို
ကျွန်မတို့ချည်း မလုပ်နိုင်တာသိတယ်
ကုမ္ပဏီတွေ လိုအပ်မှာဆိုပေမဲ့
အစိုးရတွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့
ဖြေရှင်းနည်းတွေ၊ နည်းပညာသစ်တွေ
ရရှိလာကြမယ့်
တစ်ဦးချင်းတွေနဲ့ပါ ပူးပေါင်းမှုပါ။
ကျွန်မတို့က အခြားကုမ္ပဏီတွေအပါအဝင်
ထောက်ပံ့ရေး ကွင်းဆက်
အပြည့်အဝကို ချိတ်ဆက်ချင်ပြီး
ကျွန်မတို့နဲ့အတွက် အဓိက အဖွဲ့အစည်း
၁၁ ခုက Climate Pledge မှာ
လက်မှတ်ထိုးထားတာကို
တကယ် စိတ်လှုပ်ရှားမိတယ်။
ဆန်းသစ်မှုကို အရှိန်မြှင့်ချင်တယ်၊
နိမ့်တဲ့ ကာဗွန် စီးပွားရေးတစ်ခုဆီ
ပြောင်းလဲမှုကို လွယ်ကူချောမောေစမယ့်
ထုတ်ကုန်တွေနဲ့ ဖြေရှင်းနည်းတွေရှိတဲ့
ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံဖို့
ဒေါ်လာ နှစ်ဘီလီယံ
Climate Pledge Fund ကို ထူထောင်တယ်။
ဒီတော့ ရည်မှန်းချက်ကြီးတဲ့
စိန်ခေါ်မှုဆိုတာ သိပေမဲ့
ဖြစ်နိုင်သမျှ အတိုဆုံး အချိန်မျဉ်းထဲမှာ
အကြီးမားဆုံး သက်ရောက်မှုကို ဖန်တီးချင်ပြီး
Amazon မှာ ဒီအကြောင်း တွေးခေါ်ပုံရဲ့ ရှုပ်
ထွေးမှုကို အခြားကုမ္ပဏီတွေနဲ့မျှဝေဖို့
ကျွန်မတို့နဲ့အတူ ပါဖို့
သူတို့ကို ဖိတ်ဖို့က စိတ်လှုပ်ရှားစရာပါ။
LL:Dave၊ Amazon လို
ကုမ္ပဏီခုက လှုပ်ရှားတဲ့အခါ
ထောက်ပံ့ရေး ကွင်းဆက်တွေမှာ
ဧရာမ သက်ရောက်မှု ရှိနိုင်တယ်
ရှင်တို့ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုက
ဒီကဏ္ဍတစ်လျောက်မှာ
ဆန်းသစ်မှုကို ဖြစ်နေစေပုံရဲ့
ဥပမာ တစ်ခု၊ နှစ်ခု ပေးပါဦး။
DC: Rivian ရဲ့ နမူနာတစ်ခုကိုတော့
ကျွန်တော် ပြောနိုင်ပါတယ်။
Rivian က လျှပ်စစ် ယာဉ်တွေ ထုတ်လုပ်သူပါ။
၎င်းက ကျွန်တော်တို့ရဲ ပို့ဆောင်ရေး
ယာဉ်စုအတွက် လျှပ်စစ်ပို့ဆောင်ရေး
ယာဉ် ၁၀၀၀၀၀ ဆောက်မယ်။
ကျွန်တော်တို့ သွားပြီးရင်းနှီးမြုပ်နှံတော့
Rivian ကို ထောက်ပံတာနဲ့ဆိုင်တဲ့
ကုမ္ပဏီသစ် အရေအတွက်ဟာ
လျှပ်စစ် ပို့ဆောင်ရေး
ယာဉ် အသစ်တွေအဖြစ်
ပေါက်ပွားလာခဲ့တယ်၊ သမားရိုးကျမဟုတ်တဲ့
လောင်စာတွေအထိတောင်ပါ။
Rivian မှာ ကြေညာချက် ထည့်တဲ့ နေ့မှာပဲ
သမားရိုးကျမဟုတ်တဲ့
ဂျက်လောင်စာနဲ့ ပတ်သက်တဲ့
ခေါ်ဆိုမှုတွေ စရလာတယ်။
ဒီတော့ လုပ်ဆောင်မှုတွေရဲ့ ထိရောက်တဲ့
ဝေစုတွေအတွက် တကယ့် ငွေအလုံးအရင်း
မြှုပ်နှံတော့မယ်ဆိုတာကို
လူတွေ မြင်သွားတာနဲ့
ဒါတွေက ဝါသနာတွေ မဟုတ်ဘူး၊
ဒါပေမဲ့ လုပ်ဆောင်မှုတွေရဲ့ အပိုင်းကြီး
တွေမှာ တကယ့်ငွေကို ထည့်တာပါ၊
စထွက်လာတဲ့ ကုမ္ပဏီတွေရဲ့ ပမာဏက
အံ့ဩစရာပါ။
ဒီနေရာမှာ ပေါ်ထွန်းစ နည်းပညာတစ်ခု
(သို့)စိတိကူးကြီး တစ်ခုရှိတဲ့၊ထုတ်လုပ်မှု
စတင်စေဖို့ အကူအညီ လိုအပ်တာတွေပေါ့။
ဒါတွေရဲ့ ဥပမာတွေ တစ်ခုပြီး
တစ်ခုရှိခဲ့တယ်။
LL: Dave, Kara, ရှင်တို့နဲ့
ရှိရတာအတွက် ကျေးဇူးပါ။
Climate Pledge နဲ့
အောင်မြင်မှုတိုင်း ရစေချင်ပြီး
ရှငိတို့တွေ ဖန်တီးမယ့် တိုးတက်မှုတွေကို
တကယ့်ကို မြင်ချင်လှပါပြီ။
DC: ကျေးဇူးပါ၊ ဒီမှာ၊ ဒီလိုအံ့ဩဖွယ်
ပွဲမှာ ပါဝင်ရတာ ဂုဏ်ယူပါတယ်
KH: ကျေးဇူးပါ။