ကျွန်တော့မှာ ဝန်ခံစရာတစ်ခု ရှိတယ်။
အမှိုက်တွေမှ တစ်ဆင့် လူတွေကို
ကြည့်ရတာ နှစ်သက်ပါတယ်။
ကဲ ဒါက ကျောချမ်းစရာ မဟုတ်ပါဘူး။
ကျွန်တော်က အမြဲ အီလက်တရွန်နစ်
ဟောင်းတွေရှာတယ်၊
အလုပ်ရုံကို ယူပြီး ဟက်လုပ်နိုင်တဲ့
ပစ္စည်းတွေပေါ့။
CD-ROM စက်တွေဆို အသည်းစွဲပေါ့။
တစ်ခုစီမှာ မတူတဲ့ မော်တာ သုံးခုပါတယ်။
ဒီတော့ ရွေ့ရှားတဲအရာတွေ ဆောက်နိုင်တယ်။
ခလုတ်တွေပါတော့
အဖွင့်၊အပိတ် လုပ်နိုင်တာပေါ့။
ထူးဆန်းတဲ့ လေဆာတောင်ပါတယ်၊
ဒီတော့ သားနားတဲ့ စက်ရုပ်ကို အံဩ
ဖွယ် စက်ရုပ်အဖြစ် လုပ်နိုင်တာပေါ့။
ကဲ အမှိုက်ကနေ ပစ္စည်းတွေ
အများကြီး ဆောက်ထားပြီး
တစ်ချို့အရာတွေက အသုံးဝင်
သလိုမျိုးတောင် ဖြစ်နေတယ်။
ဒါပေမဲ့ ဆိုချင်တာက၊
ကျွန်တော့အတွက် အမှိုက်ဟာ
ကစားဖို့ အခွင့်အလမ်းနဲ့
ဆန်းသစ်ပြီး ကိုယ့်ဘာသာ ရွင်မြူးဖို့ပါ။
ကျွန်တော် ကြိုက်တာဆိုတော့ ကိုယ်ရဲ့
တစ်နေ့တာ လုပ်စရာ တစ်ပိုင်း လုပ်လိုက်တယ်။
အားလုံးထက် သိလိုမှုနဲ့
စူစမ်းမှုကို တန်ဖိုးထားတဲ့
တက္ကသိုလ် အခြေပြု ဇီဝ သုသေသန
လက်တွေ့ခန်းကို ဦးဆောင်ပါတယ်။
ထွေထွေထူးထူး ပြဿနာကို အာရုံမစိုက်ဘူး၊
ထွေထွေထူးထူး ရောဂါကို
အဖြေရှာဖို့ မကြိုးပမ်းပါဘူး။
ဒါက လူတွေလာကြ၊ စိတ်ဝင်စားစရာ
မေးခွန်းတွေမေးပြီး
အဖြေတွေရှာတဲ့ နေရာသက်သက်ပါ။
အတော်ကြာက ကျွန်တော် သဘောပေါက်ခဲ့တာက
လူတွေကို ကျွန်တော်တွေ့တဲ့ အမှိုက်ကနေ
သူတို့လိုတဲ့ ကရိယာဆောက်ဖို့
စိန်ခေါ်လိုက်ရင်
ဒါဟာ ဖန်တီးမှုကို မြှင့်တင်ဖို့
နည်းလမ်းကြီးတစ်ခု လို့ပါ။
ဖြစ်သွားခဲ့တာက
ကမ္ဘာတစ်ဝှမ်းက အနုပညာရှင်တွေနဲ့
သိပ္ပံပညာရှင်တွေ
ကျွန်တော့ လက်တွေ့ခန်းကို ရောက်ချလာတာပါ။
ဒါက သမားရိုးကျမဟုတ်တဲ့ စိတ်ကူးတွေကို
တန်ဘိုးထားတာကြောင့် မဟုတ်ပဲ
ဒါတွေကို စမ်းသပ်ပြီး သိပ္ပံဆိုင်ရာ
တင်းကျပ်မှုနဲ့ သက်သေပြလို့ပါ။
ဒါနဲ့ တစ်နေ့မှာ တစ်ခုခုကို
ခုတ်ထစ်ပြီး၊ ခွဲထုတ်နေတုန်း
ရုတ်တရက် စိတ်ကူးရခဲ့တယ်။
ငါ ဇီဝဗေဒကို ကုန်ပစ္စည်းလို
ပြုပြင်နိုင်မလားပေါ့။
ဇီဝဆိုင်ရာ စနစ်တစ်ခုကို တစ်စစီဖြုတ်ပြီး
အပိုင်းတွေကို ရောစပ်၊
ယှဉ်တွဲကာ ဆန်းသစ်တဲ့
နည်းတစ်ခုမှာ ပြန်ဆင်နိုင်မလားပေါ့။
ကျွန်တော့ လက်တွေ့ခန်းက ဒါကို စလုပ်ခဲ့ပြီး
ရလဒ်ကို ခင်ဗျားတို့ကို
ပြသချင်ပါတယ်။
ဒါ ဘာအသီးများလဲဆိုတာ
ကိုယ့်လူတို့ ပြောနိုင်လား။
ပရိတ်သတ်။ ပန်းသီးပါ။
Andrew Pelling:
မှန်ပါတယ်၊ ပန်းသီးတစ်လုံးပါ။
ကဲ ခင်ဗျားတို့ကို သတိလည်း ထားစေချင်တာက
ဒါက ပန်းသီးအများစုထက် အများကြီး ပိုနီတာပါ။
အကြောင်းက အထဲမှာ
လူသားဆဲလ်တွေ ပျိုးထားလို့ပါ။
အကြွင်းမဲ့ ရိုးစင်းတဲ့ မိုးရေခံ
ပန်းသီးတစ်လုံးကို ယူပါတယ်၊
ပြီးတော့ ပန်းသီးဆဲလ်တွေတဲ့
DNA ကိုဖယ်လိုက်ပြီး
လူသားဆဲလ်တွေ ထည့်သွင်းပါတယ်။
ပန်းသီးဆဲလ်တွေ အကုန်ထုတ်ပြီးတော့
ကျန်ခဲ့တာက
ဒီသစ်စေးငြမ်းပါပဲ။
ဒါက အပင်တွေကို ၎င်းတို့ရဲ့ ပုံစံနဲ့
အသားကို ပေးတဲ့ ပစ္စည်းပါ။
ဒီီမှာ မြင်ကြရတဲ့ အပေါက်လေးတွေက
ပန်းသီးဆဲလ်တွေ ရှိခဲ့ဖူးတဲ့ နေရာပါ။
ဒါနဲ့ ရှေ့ဆက်လိုက်တယ်၊
အပြာထဲမှာ မြင်ရတဲ့ နို့တိုက်သတ္တဝါ
ဆဲလ်တွေ ထည့်လိုက်တယ်။
ဖြစ်သွားတာက ဒီကောင်တွေ စပြီး ပွားလာပြီး
ငြမ်းတစ်ခုလုံး ပြည့်သွားတာပါ။
ဒါက ဆန်းနေတာက
ကျွန်တော်တို့ ကိုယ်ပိုင် တစ်ရှူး
ဖွဲ့စည်းထားပုံနဲ့ တကယ် ဆင်တူတာပါ။
မစမ်းသပ်ခင် လက်ရာမှာ တွေ့ရှိတာက
ဒီငြမ်းတွေကို ကိုယ်ခန္ဓာထဲကို
ထည့်သွင်းနိုင်ပြီး
ကိုယ်ခန္ဓာက ဆဲလ်တွေနဲ့
သွေးပံ့ပိုးမှုကို ပို့ပေးပြီး
ဒီအရာတွေကို တကယ်ပဲ
အသက်ဆက် စေတာပါ။
လူတွေ ကျွန်တော့ကို စမေးတာက ဒီအချက်ပါ။
"Andrew မင်းက ပန်းသီးတွေကနေ ကိုယ်ခန္ဓာ
အစိတ်အပိုင်းတွေ လုပ်နိုင်လို့လား။"
ကျွန်တော်က "ခင်ဗျား နေရာမှန်
ရောက်လာပြီဗျ။"
(ရယ်သံများ)
ဒါကကျွန်တော့ ဇနီးနဲ့ တင်ပြခဲ့တာပါ။
သူမက တူရိယာပစ္စည်း လုပ်သူပါ။
အသက်မွေးမှုအတွက် သစ်သား
ပန်းပုတွေ အတော်လုပ်တယ်။
ဒီတော့ သူမကို မေးလိုက်တယ်၊
"မင်း ငါတို့အတွက် ပြောရရင်ကွာ
ပန်းသီးတစ်လုံးကနေ
နားရွက်တစ်ခု ထွင်းပေးနိုင်မလား။"
သူမ လုပ်ပေးခဲ့တယ်။
ဒါနဲ့ သူမလုပ်တဲ့ နားရွက်တွေကို
လက်တွေ့ခန်းကို ယူခဲ့တယ်။
နောက် ဒါတွေကို စပြင်ဆင်တယ်၊
ဟုတ်တယ်၊ သိပါတယ်ဗျ။
(ရယ်သံများ)
ကောင်းလိုက်တဲ့ လက်တွေ့ခန်းနော်။
(ရယ်သံများ)
နောက် ဒါတွေပေါ်မှာ ဆဲလ်တွေပျိုးတယ်၊
ဒါကတော့ ရလဒ်ပါ။
ဒါနဲ့ ကျွန်တော့ လက်တွေ့ခန်းက နားရွက်
ထုတ်တဲ့ လုပ်ငန်းတော့ မဟုတ်ဘူးနော်။
တကယ်တော့ လူတွေ ဒါကိုလုပ်နေတာ
ဆယ်စုနှစ်ချီနေပါပြီ။
ဟောဒီမှာ တစ်ရှူးပါ။
စီးပွားရေးဆန်တဲ့ ငြမ်းတွေက တကယ်
စျေးကြီးပြီး ခက်ရာခဲဆစ်နိုင်ပါတယ်၊
အကြောင်းက ၎င်းတို့ဟာ
သင့်တင့်တဲ့ ထုတ်ကုန်တွေ၊
တိရိစ္ဆာန်တွေ၊ လူသေ
ကောင်တွေက အရင်းခံလို့ပါ။
ကျွန်တော်တို့က ပန်းသီးကိုသုံးပြီး
စျေးပေါပါတယ်။
ဒီမှာ မိုက်သေးတာက
ဒီအရာတွေလုပ်ဖို့ ဒီလောက် မခက်ခဲတာပါ။
လိုအပ်တဲ့ ကိရိယာကို
အမှိုက်ကနေ တည်ဆောက်နိုင်ပြီး
အဓိက လုပ်ဆောင်တဲ့ အဆင့်က
ဆပ်ပြာနဲ့ ရေပဲလိုတာပါ။
ကျွန်တော်တို့ လုပ်တာက လမ်းညွှန်အားလုံးကို
အခမဲ့ ရင်းမြစ်အဖြစ် အွန်လိုင်းတင်တာပါ။
နောက် တာဝန် အရင်းခံတဲ့
ကုမ္ပဏီတစ်ခု ထောင်ကာ
လက်ဆေးကန်နဲ့ ဂေါက်တံရှိသူ ဘယ်သူမဆို
ဒီအရာတွေကို အိမ်မှာ လုပ်ဖို့
လုပ်ရ ပိုလွယ်အောင်
ကိရိယာတွေ တည်ဆောက်နေပါတယ်။
ကျွန်တော် တကယ့်ကို သိချင်တာက
တစ်နေ့မှာ မီးဖိုချောင်က လုပ်တဲ့
ပစ္စည်းတွေနဲ့ ကိုယ်ခန္ဓာ အစိတ်
အပိုင်းတွေကို ပြင်ဆင်ဖို့၊ ပြန်ဆောက်ဖို့
တိုးပွားအောင်လုပ်ဖို့ ဖြစ်နိုင်မလားလို့ပါ။
မီးဖိုချောင်ဆိုလို့
ဒီမှာ ကညွှတ်တွေပါ။
ဒါတွေက အရသာရှိပြီး ဆီးနံ့ကို
မအီမသာဖြစ်စေတယ်။
(ရယ်သံများ)
အခု ကျွန်တော် မီးဖိုချောင်ထဲမှာပါ၊
ဘာမှတော့ မဟုတ်ပါဘူး၊
ဒီကညွှတ်ရိုးတဲတွေကို ငုံ့ကြည့်လိုက်ရင်
ခင်ဗျားတို့ မြင်ရမှာက ဒီ သွေးကြောလေးတွေပါ။
လက်တွေ့ခန်းမှာ ပုံဖော်ကြည့်တော့
သစ်စေးက ဒီဖွဲ့စည်းမှုတွေကို
ပုံသွင်းပုံကို မြင်နိုင်ပါတယ်။
ဒီရုပ်ပုံက အရာနှစ်ခုကို သတိပေးပါတယ်။
ကျွန်တော်တို့ရဲ့ သွေးကြောတွေနဲ့
အာရုံကြောနဲ့ ကျောရိုး နာ့ဗ်ကြောရဲ့
တည်ဆောက်ပုံနဲ့ ဖွဲ့စည်းပုံပါ။
ဒီတော့ မေးခွန်းရှိတာက
ကျွန်တော်တို့ နာ့ဗ်ဆဲလ်မျှင်နဲ့ နာ့ဗ်ဆဲလ်
တွေကို ဒီမြောင်းတွေမှာ ပျိုးလို့ရလားပေါ့။
အကြောင်းက ပျိုးနိုင်တယ်ဆိုရင်
ဖြစ်နိုင်တာက ကညွှတ်ကို ပျက်စီး၊
ပြတ်တောက်နေတဲ့ အာရုံကြောတွေ
အစွန်းတွေကြားမှာ ဆက်သွယ်မှု
အသစ်တွေ ဖြစ်ဖို့ သုံးနိုင်ပါတယ်။
(သို့) ကျောရိုးနဗ်ကြောတစ်ခုပေါ့။
တလွဲ မထင်လိုက်ပါနဲဦး၊
ဒါက ထူးထူးခြားခြား စိန်ခေါ်ခြင်းဖြစ်ပြီး
လုပ်ဖို့ တကယ် ခက်ခဲပါတယ်၊
ပြီးတော့ ဒါလုပ်နေတာ
ကျွန်တော်တို့ချည်း မဟုတ်ပါဘူး။
ဒါပေမဲ့ ကညွှတ်နဲ့လုပ်တာက
ကျွန်တော်တို့ပဲ ရှိတာပါ။
(ရယ်သံများ)
အခုတော့၊ တကယ့်ကို အလားအလာရှိတဲ့
ရှေ့ပြေး ဒေတာတွေ ရထားပါတယ်။
တကယ့် ဖြစ်နိုင်ခြေကို သိရဖို့
တစ်ရှူး အင်ဂျင်နီယာတွေ၊
အာရုံကြော အထူးကုတွေနဲ့ တွဲလုပ်နေပါတယ်။
ဒီတော့ နားထောင်ပါ၊
ခင်ဗျားတို့ကို ပြခဲ့တာအားလုံး
ဒီစင်ပေါ်က ကျွန်တော့နားက
ဆောက်ထားတဲ့ ပစ္စည်းတွေနဲ့
လက်တွေ့ခန်းက အခြား ပရော
ဂျက်တွေဟာ အမှိုက်တွေနဲ့
ကျွန်တော် ကစားတဲ့တာ အားလုံးရဲ့
တိုက်ရိုက်ရလဒ်နဲ့ ပတ်သက်ပါတယ်။
ကစားတာ..ကစားတာဟာ ကျွန်တော့ရဲ့ သိပ္ပံ
ဆိုင်ရာ လက်တွေ့မှုမှာ အဓိက အပိုင်းပါ။
ဒါက ကျွန်တော့ ဦးနှောက်ကို သမရိုးကျ
မဟုတ်ပဲ ဆန်းသစ်အောင်နဲ့
လူသား ပန်းသီး နားရွက်တွေလုပ်ဖို့
ဆုံးဖြတ်ဖို့ လေ့ကျင့်ပုံပါ။
ဒီတော့ နောက်တစ်ခါ ခင်ဗျားတို့
တစ်ဦးဦး ဟောင်းနွမ်း ကျိုးပျက်ပြီး
အလုပ်မလုပ်တဲ့ နည်းပညာ အစုတ်
ပလုတ်တစ်ခုကို ကြည်နေမိတဲ့အခါ
ကျွန်တော့ကို တွေးမိစေချင်ပါတယ်။
ကျွန်တော် လိုချင်လို့ပါ။
(ရယ်သံများ)
တကယ်ပါ၊ ကျွန်တော်နဲ့ ဆက်သွယ်ဖို့
တစ်နည်းနည်းရှာပြီး
ကျွန်တော်တို့ လုပ်ယူနိုင်တာ ကြည့်ရအောင်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)