0:00:00.705,0:00:03.355 ကိုင်း သင်ဟာ ကုန်ပဒေသာတိုက်ကြီးထဲမှာ ရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ 0:00:03.355,0:00:04.936 သင်ဟာ စားသောက်ကုန်တွေကိုဝယ်နေတာဖြစ်ပြီး 0:00:04.936,0:00:06.561 သင့်ကို ပလပ်စတစ် ဒါမှမဟုတ် စက္ကူနဲ့ လုပ်ထားတဲ့ 0:00:06.561,0:00:10.196 ထည့်စရာအိတ် တစ်ခုခုကို ရွေးချယ်ခွင့်ပေးထားပါတယ်။ 0:00:10.196,0:00:12.386 သင့်အနေနဲ့ ပတ်ဝန်းကျင်အတွက် မှန်ကန်တာကို လုပ်ချင်တယ်ဆိုရင် 0:00:12.386,0:00:14.802 သင် ဘယ်ဟာကို ရွေးမလဲ။ 0:00:14.802,0:00:16.683 လူအများစုကတော့ စက္ကူ အိတ်ကိုပဲ ရွေးကြမှာ ပါသေချာပါတယ်။ 0:00:16.683,0:00:17.911 ကောင်းပြီ။ ဘာကြောင့်လဲ စဉ်းစားကြည့်ရအောင်။ 0:00:17.911,0:00:19.604 ပထမအချက်အနေနဲ့ကတော့ အဲဒါက အညိုရောင်ဖြစ်နေလို့ပါ။ 0:00:19.604,0:00:21.080 ဒါက ပတ်ဝန်းကျင်အတွက် ကောင်းလိမ့်မယ်ပေါ့။ 0:00:21.080,0:00:23.598 ဒါက ဇီဝနည်းဆွေးမြေ့ပျက်စီးစေနိူင်တယ်။ ထပ်သုံးလို့ရတယ်။ 0:00:23.598,0:00:25.548 တစ်ချို့ အခြေအနေတွေမှာဆိုရင် အသစ်ပြန်လုပ်လို့ရတယ်လေ။ 0:00:25.548,0:00:28.342 ဒါကြောင့် လူတွေဟာ ပလပ်စတစ်အိတ်ကို ကြည့်လိုက်တဲ့အခါ 0:00:28.342,0:00:31.272 ဒီလိုမျိုးပဲ တွေးမိနေဖို့ ဖြစ်နိူင်ချေရှိပါတယ်။ 0:00:31.272,0:00:33.655 ကျွန်မတို့အားလုံး သိထားတာတွေက လုံးလုံးကြီးကို ဆိုးဝါးလှပါတယ်။ 0:00:33.655,0:00:35.871 နောက်ပြီးတော့လည်း ပတ်ဝန်းကျင်အား အဲဒီလို ထိခိုက်မှုမျိုးတွေကို 0:00:35.871,0:00:38.226 ဘယ်လောက်ပဲကုန်ကုန် ရှောင်ရှားသင့်တယ်လို့ ထင်ကြလိမ့်မယ်။ 0:00:38.226,0:00:40.439 ဒါပေမယ့် လူတွေဟာ အဲဒါနဲ့ပတ်သက်ပြီး 0:00:40.439,0:00:42.457 နောက်တစ်ဖက်မှ ကြည့်ကြည့်ရန်ကို 0:00:42.457,0:00:45.035 ရံဖန်ရံခါမှာ စိတ်ကူးတောင် မရကြပါဘူး။ 0:00:45.035,0:00:47.802 ကျွန်မတို့တွေ ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ 0:00:47.802,0:00:49.432 ဒါတွေကို ပတ်ဝန်းကျင်ကနေ ထုတ်ယူကြရပါတယ်။ 0:00:49.432,0:00:53.336 အဲဒါကြောင့်မို့လို့ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု တစ်ပြုံလုံးကို ကျွန်မတို့ သိရန်လိုအပ်တာပါ။ 0:00:53.336,0:00:55.512 ကျွန်မတို့တွေ ရှုပ်ထွေးတဲ့ ရွေးချယ်မှုတွေကိုလုပ်ဖို့လိုအပ်တဲ့အခါတွေမှာ 0:00:55.512,0:00:57.489 ဘာဖြစ်တတ်တယ် ဆိုတာကို အားလုံးသိပါတယ်။ 0:00:57.489,0:00:59.910 ကျွန်မတို့လူသားတွေဟာ ရိုးရှင်းတဲ့ ဖြေရှင်းနည်းတွေကိုပဲ နှစ်သက်ကြတာပါ။ 0:00:59.910,0:01:02.526 ရိုးရှင်းတဲ့ ဖြေရှင်းနည်းတွေကိုပဲ မကြာခဏ တောင်းခံလေ့ရှိတာပါ။ 0:01:02.526,0:01:03.999 ဒါနဲ့ ကျွန်မက ဒီဇိုင်းလုပ်ငန်း လုပ်ပါတယ်။ 0:01:03.999,0:01:05.510 ဒီဇိုင်းပညာရှင်တွေ နဲ့ ဆန်းသစ်တီထွင်သူတွေကို 0:01:05.510,0:01:07.775 ကျွန်မက ပတ်လည် ရည်ရှည်အသုံးခံရေးကို အကြံဥာဏ် ပေးတတ်ပါတယ်။ 0:01:07.775,0:01:09.329 ဒီအခါမှာ လူတိုင်းက ကျွန်မကို အမြဲတမ်းပြောပြောလာတာက " အိုး လေးလာ 0:01:09.329,0:01:11.251 ငါက ပတ်ဝန်းကျင်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ပစ္စည်းတွေပဲ လိုချင်တာနော်"တဲ့။ 0:01:11.251,0:01:13.535 ဒါနဲ့ပဲ ကျွန်မကပြောရတယ်။ "ကောင်းပါပြီ၊ ဒီကိစ္စက ခက်ခဲရှုပ်ထွေးတယ်။ 0:01:13.535,0:01:15.364 ပတ်ဝန်းကျင်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ပစ္စည်းက ဘာလဲ ဆိုတာကို တိတိကျကျ သတ်မှတ်ဖို့ဆိုရင် 0:01:15.364,0:01:17.279 (၄) နာရီလောက်ကြာကြာ ဆွေးနွေးဖို့လိုလိမ့်မယ်၊ 0:01:17.279,0:01:19.199 ဘာဖြစ်လို့လဲဆိုတော့ အရာရာတိုင်းဟာ အဆင့်တစ်ခုခုမှာတော့ 0:01:19.199,0:01:21.144 သဘာဝကနေ လာကြတာချည်းပါ၊ 0:01:21.144,0:01:23.239 တကယ်ကျတော့ ပစ္စည်းတစ်ခုကို သင်ဘယ်လို အသုံးပြုလဲဆိုတာကသာ 0:01:23.239,0:01:26.280 ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဆုံးဖြတ်ပေးတာပါ။ 0:01:26.280,0:01:28.069 ဒါကြောင့် ဘာဖြစ်လဲဆိုတော့ တို့တွေဆုံးဖြတ်ချက်တွေချတဲ့ အခါမှာ 0:01:28.069,0:01:30.127 အလိုလိုသိတတ်တဲ့ ဗီဇစိတ်ရဲ့ ကန်သတ်ချက်ဘောင်လိုဟာမျိုး 0:01:30.127,0:01:31.702 တစ်ခုခုကို အားကိုးဖို့ လိုပါတယ်။ 0:01:31.702,0:01:34.032 ဒါကြောင့် ဒါကို ဗီဇစိတ်လာ အဲဒီလို အကန့်အသတ်ဘောင်ကို 0:01:34.032,0:01:36.627 ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အထ လို့ဆိုချင်ပါတယ်။ 0:01:36.627,0:01:39.384 ဒါဟာ သင်တို့ရဲ့ ဦးခေါင်းရဲ့ နောက်ဖက်မှ လာတဲ့ စေ့ဆော်သံ တစ်ခု 0:01:39.384,0:01:41.656 ဒါမှမဟုတ်လည်း သင့်အနေနဲ့ သင့်မြတ်မှန်ကန်တဲ့ အရာတစ်ခုကို 0:01:41.656,0:01:43.236 လုပ်လိုက်တဲ့ အခါများမှာ ဆိုပါစို့ စက္ကူအိတ်ကို ရွေးချယ်မိတဲ့ အခါဖြစ်ဖြစ် 0:01:43.236,0:01:44.784 ဒါမှမဟုတ်လည်း ဆီစားသက်သာတဲ့ ကားကိုဝယ်မိတဲ့ အခါဖြစ်ဖြစ်ပေါ့လေ၊ 0:01:44.784,0:01:47.899 ပေါ်ပေါက်လာတတ်တဲ့ အူလှိုက် အသည်းလှိုက် ခံစားရမှုမျိုး ဖြစ်ချင်ဖြစ်မှာပေါ့။ 0:01:47.899,0:01:50.858 နောက်ပြီးတော့ ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အထ ဆိုတာဟာ ကျွန်မတို့ဟာ သင့် မြတ်မှန်ကန်တာကို 0:01:50.858,0:01:53.306 လုပ်ဆောင်ဖို့ ကြိုးစာနေတာမို့လို့ တကယ့်ကို အရေးပါတဲ့ ကိစ္စတစ်ခုပဲပေါ့။ 0:01:53.306,0:01:55.650 ဒါပေမယ့် ကျွန်မတို့ဟာ တကယ်ကိုပဲ ပတ်ဝန်းကျင်ဆိုင်ရာ စုစုပေါင်း ထိခိုက်မှုကို 0:01:55.650,0:01:57.973 လျှော့ချနိူင်တာကို ကျွန်မတို့ဘယ်လိုလုပ်သိနိူင်မှာလဲ။ 0:01:57.973,0:02:01.314 တကယ်တော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ကျွန်မတို့တွေဟာ 0:02:01.314,0:02:03.482 တစ်ဦးချင်းစီအနေနဲ့ရော၊ ကျွမ်းကျင်သူတွေအနေနဲ့ ရော 0:02:03.482,0:02:06.187 လူ့အဖွဲ့အစည်း အနေနဲ့ပါ သဘာဝပတ်ဝန်းကျင် အပေါ်လက်တွေ့ အကျိုးသက်ရောက်လျက် ရှိနေပါတယ်။ 0:02:06.187,0:02:08.030 ဒါကြောင့် ပတ်ဝန်ကျင်ဆိုင်ရာ အလေ့ဆိုတဲ့ အရာဟာ 0:02:08.030,0:02:10.085 ကျွန်မတို့ရဲ့ တွေ့ကြုံခံစားမှုတွေပေါ်မှာ အခြေခံရမှာ ဖြစ်သလို 0:02:10.085,0:02:11.816 အခြားသူတွေဆီက ကြားဖူးထားတဲ့ အရာတွေကိုလည်း အခြေံရမှာပေါ့။ 0:02:11.816,0:02:14.456 ဒါက သိပ္ပံနည်းကျ ကန့်သတ်မှုဘောင် တစ်ခုခုကို အခြေခံလေ့ မရှိကြဘူး။ 0:02:14.456,0:02:16.123 ဒါက တော်တော်ကိုခက်ခဲပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ 0:02:16.123,0:02:18.143 ကျွန်မတို့တွေဟာ အလွန့် အလွန်ကို ခက်ခဲရှုပ်ထွေးတဲ့ စနစ်ထဲမှာ နေထိုင်ကြပါတယ်။ 0:02:18.143,0:02:19.863 ကျွန်မတို့ဆီမှာက အချင်းချင်းဆက်သွယ်ရေး နဲ့ အပြန်အလှန်ဆက်နွယ်ရေး 0:02:19.863,0:02:21.629 လူသားဆိုင်ရာ စနစ်တွေရှိကာ 0:02:21.629,0:02:24.144 တပေါင်းတစည်းတည်း တည်ဆောက်ထားတဲ့လူအဖွဲ့အစည်းရှိတယ်။ 0:02:24.144,0:02:28.037 စီးပွားရေးတစ်ခုလုံးအတွက် ပဓာနကျတဲ့ စက်မှုလုပ်ငန်း စနစ်တွေရှိတယ်။ 0:02:28.037,0:02:29.890 ပြီးတော့ အဲဒါတွေ အားလုံးဟာ အကြီးမာဆုံး စနစ်ကြီးရဲ့ အတွင်းမှာ 0:02:29.890,0:02:31.415 ကျွန်မကတော့ အရေးကြီးဆုံးလို့တောင် အခိုင်အမာ ထောက်ပြချင်တဲ့ 0:02:31.415,0:02:33.507 ဂေဟစနစ်ရဲ့ ဘောင်အတွင်းမှာ လည်ပတ်လုပ်ကိုင်ရတာပါ။ 0:02:33.507,0:02:35.163 အားလုံး မြင်နိုင်ကြတဲ့ အတိုင်းပဲလေ၊ 0:02:35.163,0:02:37.025 ကျွန်မတို့ တစ်ဦးချင်းစီအနေနဲ့ ပြုလုပ်တဲ့ ရွေးချယ်မှုတွေ၊ 0:02:37.025,0:02:38.458 ကျွန်မတို့မှာရှိတဲ့ အလုပ်တစ်ခုစီတိုင်းအတွက် ပြုလုပ်ခဲ့တဲ့ 0:02:38.458,0:02:39.769 ရွေးချယ်မှုတွေအပါအဝင် သင်ဟာ ဝါစဉ် အရ 0:02:39.769,0:02:41.928 နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ၊ 0:02:41.928,0:02:44.548 ဒါတွေဟာ ခုနက စနစ်တွေအားလုံးကို 0:02:44.548,0:02:47.599 သက်ရောက်မှု တစ်ခုတော့ ရှိပါတယ်။ 0:02:47.599,0:02:49.934 ကျွန်မတို့ဟာ တကယ်ပဲ ဒီဆက်နွယ်နေကာ ရှုပ်ထွေးလွန်းတဲ့ စနစ်တွေ 0:02:49.934,0:02:51.873 အပြန်အလှန် ချိတ်ဆက် လည်ပတ်မှု ရေရှည် တည်တံ့လာရေးကို 0:02:51.873,0:02:55.021 တကယ့်ကို လုပ်ဆောင်ချင်ကြတယ်၊ 0:02:55.021,0:02:57.965 ပြီးတော့ ပတ်ဝန်းကျင်အတွက် စုစုပေါင်း ရလဒ်ကောင်းကို ရရှိလိုကြတယ်ဆိုရင် 0:02:57.965,0:03:00.549 ကျွန်မတို့ဟာ နည်းလမ်းတွေကို ရှာကြံဖို့ လိုပါတယ်။ 0:03:00.549,0:03:02.197 ကျွန်မတို့လုပ်ဖို့လိုအပ်တာကတော့ နည်းနည်းနဲ့ 0:03:02.197,0:03:04.273 ကျဲကျဲဝိုင်းတတ်အောင် သင်ယူဖို့ပါပဲ။ 0:03:04.273,0:03:06.164 ကျွန်မတို့မှာ လူဦးရေက တိုးပွားလာနေပါတယ်။ 0:03:06.164,0:03:07.998 လူတိုင်းကလည်း သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကို နှစ်သက်ကြပါတယ်။ 0:03:07.998,0:03:10.113 အထူးသဖြင့် ဒီအခြေအနေမျိုးမှာပေါ့။ 0:03:10.113,0:03:14.168 ဒါကြောင့် ကျွန်မတို့ရင်ဆိုင်နေရတဲ့ ပြဿနာ တချို့ကို ဖြေရှင်းဖို့ ဆန်းသစ်တဲ့ နည်းလမ်းတွေ ရှာဖို့ လိုအပ်ပါတယ်။ 0:03:14.168,0:03:17.363 ဒါနဲ့ ဇီဝ သံသရာ တွေးခေါ်မှု ဆိုတဲ့ လုပ်ငန်းစဉ် ပေါ်ပေါက်လာခဲ့ရတာပါ။ 0:03:17.366,0:03:20.053 ဒါကြောင့် အခြေခံအားဖြင့်တော့ ပြုလုပ်ဖန်တီးလိုက်တဲ့ အရာမှန်သမျှဟာ 0:03:20.053,0:03:22.564 ဇီဝ သံသရာ အဆင့်တွေကို ဖြတ်သန်းရပါတယ်။ 0:03:22.564,0:03:24.426 ဒီလိုနေရာမှာ ကျွန်မတို့ သိပ္ပံနည်းကျ လုပ်ကိုင်ကြတာကို 0:03:24.426,0:03:26.150 ဇီ၀ သံသရာကို အကဲခတ်မှု လို့ ခေါ်ပါတယ်၊ ကျွန်မတို့လုပ်သမျှအရာတွေဟာ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှု 0:03:26.150,0:03:28.891 ဒီအမေရိကမှာရှိတဲ့ လူတွေကတော့ "ဇီဝ သံသရာ ဆန်းစစ်မှု"လို့ ပြောကြတာပေါ့၊ 0:03:28.891,0:03:32.438 ကျွန်မတို့ အထက်မှာ ပြောဆိုခဲ့ကြတဲ့ စနစ်များဆိုင်ရာ နည်းပညာပိုင်းထဲတွင် 0:03:32.438,0:03:36.244 ကျွန်မတို့ လုပ်ကိုင်ကြတဲ့ အရာတိုင်းက သဘာ၀ ပတ်ဝန်းကျင်အပေါ် ဘယ်လို အကျိုးသက်ရောက်နေကြောင်းကို 0:03:36.244,0:03:38.025 ပြတ်သားစွာ မြင်ရနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ 0:03:38.025,0:03:39.995 ဒါကြောင့် ကျွန်မတို့တွေဟာ နောက်ကြောင်းကို ပြန်သွားရပါတယ်၊ 0:03:39.995,0:03:42.198 ကုန်ကြမ်းပစ္စည်းတွေ ထုတ်ယူပုံကအစ ပြန်ကြည့်ရပါတယ်။ 0:03:42.198,0:03:44.015 နောက်ပြီးတော့ ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း၊ 0:03:44.015,0:03:45.874 အသုံးပြုပုံ နဲ့ ဘဝသံသရာ အဆုံးပိုင်းအထိ ဆန်းစစ်ကြည့်ပါတယ်။ 0:03:45.874,0:03:47.524 ပြီးတော့ အဲဒီလို အဆင့်တွေထဲက အဆင့်တစ်ဆင့်ချင်းဆီမှာ 0:03:47.524,0:03:50.441 ကျွန်မတို့ လုပ်ကိုင်ကြတဲ့ အရာများဟာ 0:03:50.441,0:03:51.960 သဘာဝ ပတ်ဝန်းကျင်နဲ့ အပြန်အလှန်အကျိုးပြုမှု ရှိနေရာ 0:03:51.960,0:03:53.791 အဲဒီ အပြန်အလှန်အကျိုးပြုမှုဟာ 0:03:53.791,0:03:56.279 ကမ္ဘာမြေပေါ်မှာ သက်ရှိတွေနေထိုင်လို့ရလာစေတဲ့ 0:03:56.279,0:04:00.009 နည်းစနစ်တွေ နဲ့ ဝန်ဆောင်မှုတွေကို တကယ်လက်တွေ့မှာ 0:04:00.009,0:04:01.924 ဘယ်လို ဘယ်ပုံများ အကျိုးသက်ရောက်နေတာလဲ ဆိုတာကို စောင့် ကြည့်မှတ်သားနိူင်ပါတယ်။ 0:04:01.924,0:04:03.560 နောက်ပြီး ဒီလိုလုပ်ဆာင်ခြင်း ပြီးမြောက်သွားတဲ့ အခါမှာတော့ 0:04:03.560,0:04:07.850 ကျွန်မတို့တွေဟာ အလွန်တရာမှ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတချို့ကို သိလာရတယ်။ 0:04:07.850,0:04:09.563 ပြီးတော့ မှားယွင်းယုံကြည်မှု တသီကြီးကိုလည်း ကျွန်မတို့ အဆုံးသတ်လိုက်နိုင်ပါပြီ။ 0:04:09.563,0:04:14.551 ကဲ ပထမအနေနဲ့က အတော်ကို အသုံးတွင်နေတဲ့ စကားလုံး တစ်လုံးရှိပါတယ်။ 0:04:14.551,0:04:16.284 ဒီစာလုံးကို ဈေးကွက်ဖော်ဆောင်ရေးမှာ တော်တော်သုံးပါတယ်။ 0:04:16.284,0:04:18.284 တော်တော်ကြီးကို သုံးခဲ့ကြတာက ကျွန်မတို့ရဲ့ ဒီစကားဝိုင်းထဲမှာ၊ 0:04:18.284,0:04:20.216 ရေရှည်တည်တံ့မှုဆိုတဲ့ အကြောင်းကို ဆွေးနွေးတဲ့အခါတွေမှာပေါ့။ 0:04:20.216,0:04:22.663 ဒီစာလုံးက "ဇီ၀ဆွေးမြေ့ပျက်စီးစေနိူင်မှု"ဆိုတဲ့ စကားလုံးပါ။ 0:04:22.663,0:04:27.611 အခုအချိန်မှာတော့ "ဇီ၀ဆွေးမြေ့ပျက်စီးစေနိူင်မှု" ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ တစ်ခုပါ။ 0:04:27.611,0:04:30.859 ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးတွေအတွက် အဓိပ္ပါယ်သတ်မှတ်ချက် တစ်ခုမဟုတ်ပါဘူး။ 0:04:30.859,0:04:32.762 ကျွန်မရှင်းပြပါရစေ။ 0:04:32.762,0:04:34.454 သဘာဝပစ္စည်း တစ်ခုခုဟာ 0:04:34.454,0:04:36.415 ပေါင်မုန့်၊ ဒါမှမဟုတ်လည်း စွန်ပစ်ထားတဲ့ စားစရာတစ်ခုခုလိုမျိုး ၊ 0:04:36.415,0:04:39.943 ဒါမှမဟုတ် စက္ကူစလိုမျိုး သဘာ၀ အမျှင်တစ်ခုခုကနေ ထုတ်လုပ်ထားတဲ့ 0:04:39.943,0:04:42.231 သဘာ၀ အရာတစ်ခုဟာ နောက်ဆုံးမှာ 0:04:42.231,0:04:44.045 သဘာဝပတ်ဝန်းကျင်ထဲမှာ အဆုံးသတ်တဲ့ အခါတွင် 0:04:44.045,0:04:46.668 အဲဒါဟာ ရိုးရိုးတမ်းတမ်း ဆွေးမြေ့ ပျက်သုဉ်း သွားတတ်ပါတယ်။ 0:04:46.668,0:04:48.532 အဲဒီအရာတွေ ကြီးထွားလာစဉ် ရယူသိုလှောင်ထားခဲ့တဲ့ ကာဗွန်မော်လီကျူးတွေကို 0:04:48.532,0:04:50.669 ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် လေထုထဲကို 0:04:50.669,0:04:53.249 သဘာဝအတိုင်းပဲ ပြန်လည်ထုတ်လွတ် ပေးလိုက်ပါတယ်။ 0:04:53.249,0:04:55.223 ဒါပေမယ့် ဒါက အသားတင် ကျန်ရစ်ခဲ့တဲ့ အနေအထားတစ်ခုပါ။ 0:04:55.223,0:04:56.588 လက်တွေ့မှာ သဘာဝပစ္စည်း အများစုကတော့ 0:04:56.588,0:04:58.195 သဘာဝထဲမှာ အဆုံးသတ်ကြရတာတော့ မဟုတ်ပါဘူး။ 0:04:58.195,0:05:01.606 အရာဝတ္ထုအများစုပေါ့ ၊ကျွန်မတို့ထုတ်လုပ်တဲ့ စွန့်ပစ်ပစ္စည်းတွေဟာ မြေဖို့ အမှိုက်သရိုက်တွေ အဖြစ် အဆုံးသတ်သွားကြပါတယ်။ 0:05:01.609,0:05:04.008 အဲဒီလို မြေဖို့လိုက်တော့ ပတ်ဝန်းကျင် တစ်မျိုးပါ။ 0:05:04.008,0:05:06.451 မြေဖို့ခြင်းမှာ ဆိုခဲ့တဲ့ ကာဗွန်မော်လီကျူးတွေဟာ 0:05:06.451,0:05:07.969 ဒီ့ပြင် နည်းလမ်းတစ်ခုနဲ့ ပျက်စီးသွားကြရပါတယ်။ 0:05:07.969,0:05:09.881 ဘာဖြစ်လို့လဲဆိုတော့ မြေဖို့လိုက်တဲ့ နေရာထဲမှာ အောက်စီဂျင် ပါဝင်ခြင်းမရှိလို့ပါ။ 0:05:09.881,0:05:13.299 အဲဒီမှာ အောက်စီဂျင်မရှိပါဘူး။ သိပ်သည်းကျပ်ညပ်နေပြီး အိုက်လှောင်နေပါတယ်။ 0:05:13.299,0:05:15.647 ခုနကမော်လီကျူးတွေဟာ မီသိန်းဓာတ်ငွေ့ ဖြစ်လာပါတယ်။ 0:05:15.647,0:05:18.565 မီသိန်းဓာတ်ငွေ့ ဆိုတာက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထက် 0:05:18.565,0:05:21.418 (၂၅) ဆ ပိုပြီးပြင်းထန်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ တစ်မျိုးပါ။ 0:05:21.418,0:05:24.171 ဒါကြောင့် ဘက်တီရီးယာပိုးနဲ့ ဆွေးမြေ့ပျက်စီးစေနိူင်တဲ့ 0:05:24.171,0:05:25.750 ပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ ကျွန်မတို့ စွန့်ပစ်ထားတဲ့ ဆလပ်ရွက်နဲ့ 0:05:25.750,0:05:27.320 ကုန်ပစ္စည်း ဟောင်းတွေဟာ 0:05:27.320,0:05:29.055 မြေဖို့ခြင်းနည်းနဲ့ အဆုံးသတ်သွားမယ် ဆိုရင်တော့ 0:05:29.055,0:05:31.081 ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိူင်ပါတယ်။ 0:05:31.081,0:05:32.473 အားလုံးမြင်တဲ့အတိုင်းပါပဲလေ။ အခုအခါမှာတော့ 0:05:32.473,0:05:34.177 ရုပ်ကြွင်း လောင်စာစွမ်းအင် လိုအပ်မှုကို အစားထိုးနိုင်တဲ့ 0:05:34.177,0:05:35.615 မီသိန်းဓာတ်ငွေ့ကို ထိန်းချုပ်ပြီး စွမ်းအင်ထုတ်လုပ်တဲ့ 0:05:35.615,0:05:38.406 နည်းစနစ် လုပ်ငန်းတွေ ရှိလာပါတယ်။ 0:05:38.406,0:05:39.871 ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ပါးနပ်ဖို့တော့လိုတာပေါ့လေ။ 0:05:39.871,0:05:43.036 ကျွန်မတို့တွေဟာ ဖြစ်ပျက်နှင့်ပြီးဖြစ်တဲ့ 0:05:43.036,0:05:45.340 အကြောင်းအရာ အမျိုးအစားတွေကို ဘယ်လို စတင်ပြီး အကောင်ဆုံး မြှင့်တင်ပေးနိူင်မလဲ ဆိုတာကို 0:05:45.340,0:05:47.208 ရှာဖွေဖေါ်ထုတ်ဖို့ လိုပါတယ်။ ဒီပြဿနာတွေကို သက်သာလာစေမယ့် နည်းစနစ်တွေနဲ့ 0:05:47.208,0:05:49.091 ကူညီထောက်မမှုတွေကိုလည်း စတင်စီမံဖို့လည်းလိုအပ်ပါတယ်။ 0:05:49.091,0:05:52.336 ဘာဖြစ်လို့လဲဆိုတော့ အခုအခါမှာ လူတွေက ဘာလုပ်တတ်ကြလဲဆိုတော့ ကောက်ခါငင်ခါ နဲ့ ထတဲ့ပြီး 0:05:52.336,0:05:54.895 "ပလပ်စတစ်အိတ်တွေကို တားမြစ်ကြပါစို့၊ ကျွန်မတို့ လူတွေကို စက္ကူအိတ်တွေပေးမှာပါ။ 0:05:54.895,0:05:56.822 ဘာဖြစ်လို့လဲဆိုတော့ ဒါက ပတ်ဝန်းကျင်ကျင်အတွက် ပိုကောင်းပါတယ်။"လို့ ပြောတတ်ကြတာပဲ။ 0:05:56.822,0:05:58.240 ဒါပေမယ့် ဒါကို အမှိုက်ပုံးထဲကို ပစ်လိုက်မယ်၊ 0:05:58.240,0:05:59.703 သင်တို့ ဒေသမှာ အမှိုက်သရိုက်တွေကို မြေဖို့ခြင်းဟာ 0:05:59.703,0:06:02.124 သာမန် လုပ်ကိုင်နည်း တစ်ခုပဲဆိုရင်တော့ 0:06:02.124,0:06:07.030 ကျွန်မတို့တွေဟာ ဒုက္ခနှစ်ထပ်ကွမ်း ဆိုတာမျိုးကို ကြုံရတော့မှာပါ။ 0:06:07.030,0:06:10.194 ကျွန်မဟာ လုပ်ငန်းသဘာဝအားဖြင့် ထုတ်ကုန်ပစ္စည်း ဒီဇိုင်းပညာရှင်တစ်ယောက်ပါ။ 0:06:10.194,0:06:11.386 ဒီနောက်မှာတော့ လူမှုရေးသိပ္ပံကို ထပ်ဖြည့်လေ့လာခဲ့ပါတယ်။ 0:06:11.386,0:06:12.803 ဒီလိုနဲ့ လူသုံးကုန်တွေရယ်၊ ကျွန်မတို့အတွက် မရှိရင်ကို နေထိုင်မရနိုင်တာမျိုးဖြစ်လာတဲ့ 0:06:12.803,0:06:14.802 ကျွန်မတို့ဘဝတွေကိုဖြည့်ဆည်းပေးလာကြတဲ့ 0:06:14.802,0:06:16.924 လူသုံးကုန်တွေဟာ သဘာဝပတ်ဝန်းကျင်ကို 0:06:16.924,0:06:18.162 ဘယ်လိုမျိုး အကျိုးသက်ရောက်စေတယ် ဆိုတာကို 0:06:18.162,0:06:19.970 ကျွန်မ အရမ်းကို စိတ်ဝင်စားသွားပါတယ်။ 0:06:19.970,0:06:22.583 အဲဒီအရာတွေဟာ ဆက်တိုက်ပြစ်မှု ကျူးလွန်သူတွေလိုပါပဲ။ 0:06:22.583,0:06:24.446 ဒီအခန်းထဲမှာရှိတဲ့ လူတိုင်းမှာ ရေခဲသေတ္တာတစ်လုံးစီ ရှိကြတယ်ဆိုတာတော့ 0:06:24.446,0:06:26.076 ကျွန်မအတတ်ပြောရဲတယ်။ 0:06:26.076,0:06:27.708 ကျွန်မသိကြသလို အမေရိကမှာ ရေခဲသေတ္တာတွေ 0:06:27.708,0:06:29.717 တချိန်လုံး တိုးပွားလာနေခြင်းဟာ အံ့ဩရာကောင်းပါတယ်။ 0:06:29.717,0:06:31.695 လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ရေခဲသေတ္တာတစ်လုံးရဲ့ 0:06:31.695,0:06:33.543 ပုံမှန် အရွယ်အစားဟာ ပျမ်မျှအားဖြင့် 0:06:33.543,0:06:35.172 ထုထည်အားဖြင့် တစ်ကုဗပေ ပိုလို့ကိုကြီးလာပါပြီ။ 0:06:35.172,0:06:37.631 ပြဿနာက ရေခဲ့သေတ္တာတွေ အခုအခါမှာ အရမ်းကိုကြီးလာလို့ 0:06:37.631,0:06:39.825 ကျွန်မတို့ စားလို့မနိူင်တဲ့ ဒါမှမဟုတ် ရှာမတွေ့နိူင်တဲ့ အစားအသောက်တွေ 0:06:39.825,0:06:41.816 အလွယ်တကူနဲ့ ပိုပိုဝယ်လာကြပါတယ်။ 0:06:41.816,0:06:43.442 ကျွန်မဆိုလိုတာက ကျွန်မဆီမှာ နှစ်နဲ့ချီပြီးရှိနေတဲ့ 0:06:43.442,0:06:45.652 ရေခဲသေတ္တာနောက်ဘက်ပိုင်းက ပစ္စည်းတွေကိုပါ။ ဟုတ်ပါတယ်နော်။ 0:06:45.652,0:06:48.288 ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကျွန်မတို့တွေဟာ အစားအသောက်တွေကို ပိုဖြုန်းတီးမိတာပေါ့။ 0:06:48.288,0:06:51.633 ကျွန်မ အခုလေးတင် ရှင်းပြနေသလိုပဲ အစားအသောက်ဖြုန်းတီးမှုဟာ ပြဿနာတစ်ခုပဲပေါ့။ 0:06:51.633,0:06:54.995 တကယ်ဆိုရင် ဒီအမေရိကမှာ အိမ်အတွက် ဝယ်ယူလိုက်တဲ့ 0:06:54.995,0:06:57.570 အစားအသောက် (၄၀) ရာခိုင်နှုန်းဟာ အလဟဿ ဖြစ်သွားတာပါ။ 0:06:57.570,0:07:01.905 ကမ္ဘာ့ အစားအသောက်ထုတ်လုပ်မှုရဲ့ထက်ဝက်ဟာ အလဟဿ ဖြစ်သွားပါတယ်။ 0:07:01.905,0:07:04.558 ကမ္ဘာ့ကုလသမဂ္ဂကထုတ်ပြန်တဲ့ နောက်ဆုံး စာရင်းအင်တွေပါ။ အစားအသောက်တွေရဲ့ တစ်ဝက်အထိနော်။ 0:07:04.558,0:07:09.095 ဒါက ရူးနှမ်းမှုပဲပေါ့။ တစ်နှစ်ကို တန်ချိန် ၁.၃ ဘီလီယံလေ။ 0:07:09.095,0:07:11.099 ကျွန်မကတော့ ရေခဲသေတ္တာတွေကို အပြစ်ဖို့တယ်။ 0:07:11.099,0:07:12.627 အင်း အထူးသဖြင့်တော့ အနောက်တိုင်း နိုင်ငံများထဲကပေါ့။ 0:07:12.627,0:07:14.477 ဘာဖြစ်လို့လဲဆိုတော့ ဒါက ပိုလွယ်တယ်လေ။ 0:07:14.477,0:07:16.869 ပြောချင်တာက အများကြီးကို ရှုပ်ထွေးတဲ့ စနစ်တွေ အဲဒီထဲမှာ ပါဝင်ဖြစ်ပျက်နေတာကိုး။ 0:07:16.869,0:07:18.807 ကျွန်မအနေနဲ့ သိပ်ပြီးတော့ ခပ်ပေါ့ပျက်ပျက် မဖြစ်စေချင်ဘူး။ 0:07:18.807,0:07:21.757 ဒါပေမယ့် ဒါကိုဖြစ်စေတဲ့ အဓိကလက်သည်ကတော့ ရေခဲသေတ္တာဖြစ်ပြီးတော့ 0:07:21.757,0:07:23.615 အဲဒီထဲကမှ တစ်ခုသော အစိတ်အပိုင်းကတော့ သူရဲ့အောက်ဘက်မှာရှိတဲ့ 0:07:23.615,0:07:25.577 အအေးခန်း အကန့်လေးပဲပေါ့။ 0:07:25.577,0:07:27.078 သင်တို့အားလုံးမှာ အဲဒီ အကန့်လေးတွေ ရှိတယ်မဟုတ်လား။ 0:07:27.078,0:07:29.013 သင်တို့ ဆလတ်ရွက်တွေ ထည့်တဲ့ အကန့်လေးလေ။ 0:07:29.013,0:07:30.933 ဆလတ်ရွက်တွေက အကန့်လေးတွေထဲမှာ 0:07:30.933,0:07:32.729 နူးအိပျော့ဖတ်သွားတတ်တယ်၊ မဟုတ်လား။ 0:07:32.729,0:07:34.139 ဟုတ်တာပေါ့။ပျော့ပျော့၊ အိအိ ဆလပ်ရွက်တွေပေါ့။ 0:07:34.139,0:07:36.139 U.K မှာဆိုရင်တော့ ဒါဟာ ဘယ်လောက်တောင် ပြဿနာ ဖြစ်လာသလဲဆိုတော့ 0:07:36.139,0:07:37.837 လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် အစိုးရထုတ်ပြန်ချက် တစ်ခုမှာတော့ 0:07:37.837,0:07:40.857 U.K မှာ ဖြုန်းတီး စွန့်ပစ်ခံရတဲ့ စားစရာတွေ အထဲမှာ 0:07:40.857,0:07:43.274 နူးအိနေတဲ့ဆလပ်ရွက်တွေဟာ ဒုတိယအများဆုံး လို့တောင်ဆိုထားတယ်။ 0:07:43.274,0:07:45.692 ဒါကို "နူးအိနေသော ဆလပ်ရွက် အစီရင်ခံစာ"လို့တောင် အမည်ပေးထားတယ်။ 0:07:45.692,0:07:47.905 ကောင်းပြီ။ ဒါဆို ဒါဟာပြဿနာတစ်ခုပဲပေါ့၊ လူတွေလေ။ 0:07:47.905,0:07:50.015 သနားစရာ ဆလပ်ရွက်ကလေးတွေဟာ ဘယ်ဘက်၊ ညာဘက်၊ အလယ်ဘက် 0:07:50.015,0:07:51.887 ပစ်ထုတ်ခံနေရရှာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအအေးခန်းအကန့်ဟာ တကယ်တမ်းကျတော့ 0:07:51.887,0:07:54.646 ပစ္စည်းတွေကို ကြွပ်ပြီး လတ်ဆတ်နေအောင် လုပ်ဖို့ စီမံထုတ်လုပ်ထားတာ မဟုတ်လို့ပါ။ 0:07:54.646,0:07:56.855 ကောင်းပါပြီ။ သင်လိုအပ်တာက ကျပ်ညပ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ 0:07:56.855,0:07:58.985 သင်လိုအပ်တာက သဘာဝအတိုင်းဖြစ်လာမယ့် ဆွေးမြေ့ပျက်စီးခြင်းကို 0:07:58.985,0:08:01.710 ဟန့်တားမယ့် လေဝင်လေထွက်မရှိတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ 0:08:01.710,0:08:03.662 ဒါပေမယ့် အအေးခန်းအကန့်မှာရှိတဲ့ အံဆွဲတွေကတော့ 0:08:03.662,0:08:05.370 နည်းနည်းလေးပိုကောင်းအောင် လေလုံစွာ ပိတ်ထားတဲ့ အံဆွဲတစ်ခုပါပဲ။ 0:08:05.370,0:08:07.457 ကျွန်မ အရမ်းအဖြစ်သည်းနေတာ သိသာနေပါပြီ။ 0:08:07.457,0:08:10.182 ကျွန်မကို အိမ်ကိုလာလည်ဖို့ မဖိတ်ကြပါနဲ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဟာ 0:08:10.182,0:08:11.700 ရှင်တို့ရဲ့ ရေခဲသေတ္တာထဲကိုမွှေနှောက်ပြီး အခုလိုမျိုး လျှောက်ကြည့်နေတော့မှာလေ။ 0:08:11.700,0:08:13.619 ဒါပေမယ့် တကယ့်တကယ်မှာ ဒါဟာပြဿနာတစ်ခုပါ။ 0:08:13.619,0:08:16.578 ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့တွေဟာ စနစ်ထဲကနေ ဆလပ်ရွက်လို တစ်ခုခုကို ဆုံးရှုံးသွားတဲ့အခါမှာ 0:08:16.578,0:08:20.114 ကျွန်မ ခုနကရှင်းပြခဲ့တဲ့ ဇီဝဓာတ်ချုပ်ငြိမ်းလို့ ရရှိတဲ့ အကျိုးသက်ရောက်မှုကိုသာမကပဲ 0:08:20.114,0:08:22.770 တကယ်တော့ အဲဒီဆလပ်ရွက်ကိုပါ စိုက်ပျိုးဖို့လိုတော့တာပေါ့။ 0:08:22.770,0:08:26.041 ဆလပ်ရွက်ရဲ့ ဇီဝသံသရာ အကျိုးသက်ရောက်မှုဟာ အင်မတန်ကြီးမားပါတယ်။ 0:08:26.041,0:08:27.459 ကျွန်မတို့တွေဟာ မြေကြီးကို ခုတ်ထွင်ရှင်းလင်းဖို့ လိုလာပါပြီ။ 0:08:27.459,0:08:29.616 မျိုးစေ့တွေကို ပျိုးဖို့ မီးစုန်ဓာတ်တွေ၊ 0:08:29.616,0:08:31.740 မြေဩဇာတွေ၊ အဟာရဓာတ်တွေ၊ ရေဓာတ်၊ နေရောင်ခြည်ဓာတ်တွေ လိုလာပါပြီ။ 0:08:31.740,0:08:33.828 ဆလပ်ရွက်ထဲမှာ စုစည်းပေါင်းစပ်ပါဝင်တဲ့ 0:08:33.828,0:08:35.539 အကျိုးသက်ရောက်မှုတွေ အားလုံးဟာ စနစ်ထဲကနေ ဆုံးရှုံသွားပါတယ်။ 0:08:35.539,0:08:38.150 ဒါဟာဆိုရင် ရေခဲသေတ္တာထဲက စွမ်းအင် ဆုံးရှုံးမှုထက် 0:08:38.150,0:08:41.835 ပတ်ဝန်းကျင်ကို အရမ်းကိုပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပါတယ်။ 0:08:41.835,0:08:45.100 ဒါကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ လေးနက်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတော့ မယ်ဆိုရင် 0:08:45.100,0:08:48.281 ဒီလိုအရာမျိုးကို အပြတ်အသတ် ပိုပြီး ကေင်းမွန်အောင် စီမံဖို့တော့ လိုပါတယ်။ 0:08:48.281,0:08:49.932 ရေခဲသေတ္တာထဲမှာပါတဲ့ အအေးခန်းအကန့် နဲ့ အရွယ်အစားက စတင်နိူင်ပါတယ်။ 0:08:49.932,0:08:51.684 ဒီခန်းမထဲမှာ ရေခဲသေတ္တာဒီဇိုင်းထုတ်တဲ့ သူတွေ ရှိနေရင် 0:08:51.684,0:08:53.177 ဒါဟာ သူတို့အတွက် ကြီးကျယ်တဲ့ အရာပါပဲ။ 0:08:53.177,0:08:56.275 ပြဿနာကတော့ ပစ္စည်းတွေ ထုတ်လုပ်ပုံနဲ့ ပတ်သက်ပြီး ကျွန်မတို့တကယ်ပဲ 0:08:56.275,0:08:58.925 ပြန်လည်သုံးသပ်ဖို့ စတင်ကြတော့မယ်လို့ စိတ်ကူးမြင်ယောင်ကြည့်ကြပါစို့။ 0:08:58.925,0:09:02.532 ဒါကြောင့်ကျွန်မ ရေခဲသေတ္တာကို ခေတ်မှီခြင်းရဲ့ သင်္ကေတအဖြစ် ကြည့်လိုက်မိတယ်။ 0:09:02.532,0:09:04.630 ဒါပေမယ့် တကယ်တမ်းကျတော့ ရေခဲသေတ္တာတွေရဲ့ ပုံစံက 0:09:04.630,0:09:07.301 ၁၉၅၀ နှစ်တွေကတည်းက သိပ်အများကြီး ပြောင်းလည်းသွားခြင်း မရှိပါဘူး။ 0:09:07.301,0:09:10.526 မဆိုစလောက်ကလေးပါ။ အခြေခံအားဖြင့်တော့ သူတို့ဟာ ပုံးအကြီးကြီးတွေ၊ 0:09:10.526,0:09:12.448 ကျွန်မတို့ ပစ္စည်းတွေ သိုလှောင်တဲ့ အအေးဓာတ်ပေးတဲ့ ပုံးတွေအဖြစ်နဲ့သာ ရှိနေဆဲပါ။ 0:09:12.448,0:09:14.268 ကျွန်မတို့တကယ်ကိုပဲ ဒီပြဿနာတွေကိုရှာဖွေဖေါ်ထုတ်ပြီး၊ 0:09:14.268,0:09:17.013 အဲဒါတွေကို ဖြေရှင်းနိူင်မယ့် ဆန်းသစ်ပြီး၊ အံဝင်ခွင်ကျဖြစ်မယ့် 0:09:17.013,0:09:20.950 ဒီဇိုင်းဆိုင်ရာ ဖြေရှင်းနည်းတွေရှာဖို့ အတွက် 0:09:20.950,0:09:24.303 စတင်ပြီး အသုံးပြုကြတော့မယ်လို့ စိတ်ကူးမြင်ယောင်ကြည့်ကြပါစို့။ 0:09:24.303,0:09:26.528 ဒါဟာဆိုရင် ဒီဇိုင်းက ဦးဆောင်တဲ့ ပြောင်းလဲခြင်းပါ။ 0:09:26.528,0:09:30.238 အရမ်းကို ပိုပြီး ရေရှည်တည်တံ့ နိူင်တဲ့ စနစ်မျိုးကို 0:09:30.238,0:09:33.003 ဒီဇိုင်းကနေပြီး အဆုံးအဖြတ်ပေးသွားမှာပါ။ 0:09:33.003,0:09:35.097 အစားအစာတွေ (၄၀) ရာခိုင်နှုန်း ဖြုန်တီးခံရမှုဟာ အဓိကပြဿနာတစ်ခုပါ။ 0:09:35.097,0:09:39.162 ဒီပမာဏကို ထက်ဝက်လျှော့ချပေးနိူင်တဲ့ ရေခဲသေတ္တာကို ကျွန်မတို့ ပုံစံထုတ်နိုင်ရင်ရော... 0:09:39.162,0:09:41.513 ကျွန်မ စိတ်ဝင်စားတဲ့ နောက် ပစ္စည်းတစ်ခုကတော့ 0:09:41.513,0:09:42.766 လျှပ်စစ် ရေနွေးကရားပါ။ 0:09:42.766,0:09:44.159 ကျွန်မသိရသလောက် 0:09:44.159,0:09:47.410 ဒီနိူင်ငံကလူတွေ ရေနွေးကရား မသုံးကြဘူးဆိုတာပါပဲ။ အဲဒါ တကယ် အဟုတ်ပဲလား။ 0:09:47.410,0:09:49.498 ဒါပေမယ့် U.K မှာတော့ တော်တော်ကြီးကိုသုံးပါတယ်။ 0:09:49.498,0:09:51.731 U.K မှာရှိတဲ့ အိမ်ထောင်စု (၉၇) ရာခိုင်နှုန်းကတော့ 0:09:51.731,0:09:54.663 လျှပ်စစ်ရေနွေးကရား တစ်လုံးစီတော့ ပိုင်ဆိုင်ကြပါတယ်။ 0:09:54.663,0:09:56.270 ဒါကြောင့် ဒါတွေကို လူကြိုက်များကြတယ်။ 0:09:56.270,0:09:59.070 ကျွန်မပြောချင်တာက ကျွန်မသာ ဒီဇိုင်းထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ တွဲလုပ်တာပဲဖြစ်ဖြစ် 0:09:59.070,0:10:01.322 ဒါမှမဟုတ်လည်း ဒီဇိုင်းပညာရှင် အနေနဲ့ဖြစ်ဖြစ်ပေါ့၊ 0:10:01.322,0:10:02.561 နောက်ပြီးတော့လည်း ဂေဟစနစ်နဲ့လည်း သဟဇာတဖြစ်တာမျိုး ထုတ်လုပ်ချင်သေးတယ်ဆိုပါစို့။ 0:10:02.561,0:10:04.479 သူတို့ဟာ ထုံးစံအတိုင်း ကျွန်မကိုအကြောင်းအရာ (၂) ခုကို မေးပါလိမ့် မယ်။ 0:10:04.479,0:10:07.523 သူတို့မေးကြမှာက "လေးလာ၊ ငါတို့ ဒါကို နည်းပညာပိုင်းအအရ ထိရောက်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ" ဆိုတာမျိုးပေါ့။ 0:10:07.523,0:10:10.811 ဘာဖြစ်လို့လဲဆိုတော့ ဒီထုတ်ကုန်အတွက် စွမ်းအင်က ပြဿနာတစ်ခုဖြစ်နေတာ သိသာထင်ရှားနေလို့ပါ။ 0:10:10.811,0:10:13.876 ဒီလိုမဟုတ်လည်း "ဒါကို စိမ်းလန်း ပစ္စည်းမျိုး ဖြစ်လာအောင် ကျွန်ုပ်တို့ဘယ်လိုပြုလုပ်ရမလဲ။" 0:10:13.876,0:10:16.786 " ဒီပစ္စည်းတွေ ထုတ်လုပ်တဲ့ နေရာမှာ ပတ်ဝန်ကျင် မထိခိုက်အောင် 0:10:16.786,0:10:18.608 ဘယ်လိုများထုတ်လုပ်ရမလဲ။" ဆိုတာမျိုးတွေပေါ့။ 0:10:18.608,0:10:20.411 ဒီကလူတွေကော ဒိလိုမျိုးမေခွန်းတွေ ကျွန်မကို မေးကြဦးမှာလားရှင်။ 0:10:20.411,0:10:23.210 သူတို့မေးတာက သဘာဝကျပုံရပါတယ်။ ဟုတ်တယ်မို့လား။ 0:10:23.210,0:10:25.769 ဟုတ်တာပေါ့။ ကောင်းပြီ၊ ကျွန်မအနေနဲ့ ပြောမိမှာက "ရှင်တို့တွေက မဆိုင်တဲ့ ပြဿနာတွေကို အာရုံစိုက်နေတယ်"လို့ပေါ့။ 0:10:25.769,0:10:27.927 ဘာဖြစ်လို့လဲဆိုတော့ ပြဿနာက အသုံးပြုတာနဲ့ ဆိုင်တာပါ။ 0:10:27.927,0:10:30.602 ဒီကုန်ပစ္စည်းကို လူတွေဘယ်လို အသုံးပြုကြသလဲ ဆိုတာနဲ့သာဆိုင်တာပါ။ 0:10:30.602,0:10:32.437 (၆၅) ရာခိုင်နှုန်းသော ဗြိတိန်မှာရှိတဲ့ လူတွေက 0:10:32.437,0:10:34.781 သူတို့တွေ လက်ဖက်ရည် တစ်ခွက်ပဲဖျော်ဖို့လိုတဲ့ အခါမှာ ရေနွေးကရာအိုးကို 0:10:34.781,0:10:37.367 ပြည့်လျှံနေအောင် ဖြည့်မိတတ်ကြတယ် ဆိုတာကို ဖွင့်ဟဝန်ခံကြပါတယ်။ 0:10:37.367,0:10:40.110 ဒီအပိုဖြည့်လိုက်မိတဲ့ ရေအကုန်လုံးကို ကျိုချက်ရာမှာ 0:10:40.110,0:10:44.078 စွမ်းအင်လိုအပ်ပါတယ်။ ရေနွေးကရာအိုးတွေကို တစ်နေ့တာ 0:10:44.078,0:10:47.116 ကျိုချက်ဖို့ အသုံးပြုရတဲ့ အပိုစွမ်းအင် ပမာဏဟာ 0:10:47.116,0:10:48.659 အင်္ဂလန်မှာရှိတဲ့ လမ်းမီးတိုင်တွေ 0:10:48.659,0:10:51.301 တစ်ညတာ မီးထွန်းဖို့အတွက် လုံလောက်တယ်လို့ 0:10:51.301,0:10:53.924 တွက်ချက်ခန့် မှန်းထားကြတယ်။ 0:10:53.924,0:10:56.042 ဒါပေမယ့် တတယ့် ကိစ္စကို ပြောချင်ပါတယ်။ 0:10:56.042,0:10:57.956 ဒါကို ကျွန်မက "ကုန်ပစ္စည်း ထုတ်လုပ်သူရဲ့ ပျက်ကွက်ခြင်း"လို့ခေါ်ပါတယ်။ 0:10:57.956,0:11:00.702 ထုတ်ကုန်စနစ် ဆုံးရှုံးမှု တစ်ခုက ရှိနေပေမဲ့ ကျွန်မတို့ဆီမှာက ဒီငနဲလေးတွေနဲ့ ဆက်ပြီးစခန်းသွားနေရမှာပါ 0:11:00.702,0:11:03.612 သူတို့ဟာ နေရာအနှံ့ မှာရှိနေတတ်ပြီး၊ သူတို့ရှိနေမှန်းကို သင်တို့ သတိတောင်ထားမိမှာ မဟုတ်ဘူး။ 0:11:03.612,0:11:06.825 ဟောဟိုမှာ ငနဲကတစ်ကောင်၊ သတိထားမိပါတယ်။ သူ့နာမည်က ဆိုင်မွန်ပါ။ 0:11:06.825,0:11:10.132 U.K မှာရှိတဲ့ အမျိုးသား လျှပ်စစ်ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ပါတယ်။ 0:11:10.132,0:11:12.274 သူ့အလုပ်က လူတိုင်းရဲ့အိမ်တွေကို စွမ်းအင် အလုံအလောက်ရစေဖို့ 0:11:12.274,0:11:14.713 ပင်မစနစ်ထဲကို ဝင်လာတဲ့ လျှပ်စစ်ဓာတ်အားတွေကို 0:11:14.713,0:11:16.126 စောင့် ကြည့်စစ်ဆေးရတဲ့ အလုပ်ဆိုတော့ 0:11:16.126,0:11:18.054 အတော့်ကို အရေးပါတဲ့ အလုပ်ပါ။ 0:11:18.054,0:11:20.158 သူရောပဲ ရုပ်မြင်သံကြား ကြည့်နေတယ်လေ။ 0:11:20.158,0:11:22.131 အကြောင်းရင်းကတော့ တစ်မူထူးခြားတဲ့ 0:11:22.131,0:11:23.949 ဖြစ်ရပ်တစ်ခု U.K မှာဖြစ်နေပါတယ်။ 0:11:23.949,0:11:27.987 အရမ်းကို လူကြိုက်များတဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ ပြီးဆုံးချိန်မှာပေါ့။ 0:11:27.987,0:11:30.225 စီးပွားရေးကြော်ငြာတွေ ဝင်လာတဲ့ မိနစ်ပိုင်းမှာပေါ့။ 0:11:30.225,0:11:32.062 ဒီလူက ပြင်သစ်ကနေ နျူးကလီယားစွမ်းအင်ကို 0:11:32.062,0:11:35.118 အပြေးအလွှား လိုက်ဝယ်ရသေးတယ်။ 0:11:35.118,0:11:38.007 ဘာဖြစ်လို့ လဲဆိုတော့ တစ်ချိန်တည်းမှာပဲ 0:11:38.007,0:11:40.072 လူတိုင်းက သူတို့ရဲ့ ရေနွေးအိုးတွေကို တည်နေကြတာမို့လို့ပါ။ 0:11:40.072,0:11:42.318 (ရယ်သံများ) 0:11:42.318,0:11:48.303 တစ်သန်းခွဲမျှရှိတဲ့ ရေနွေးအိုးတွေလေ၊ စိုးရိမ်ရတဲ့ ပြဿနာပေါ့။ 0:11:48.303,0:11:51.872 ဒီတော့ သင်တို့ဟာ ရေနွေအိုးတွေကို ပုံစံထုတ်တော့မယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ 0:11:51.872,0:11:54.612 ဒီစနစ် ချွတ်ယွင်းမှု အားလုံးကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုတော့ သင်တို့ တကယ်ကို တွေ့ မှာပါ။ 0:11:54.612,0:11:57.277 ဘာဖြစ်လို့လဲဆိုတော့ ဒါက စနစ်အပေါ်ကို 0:11:57.277,0:11:58.668 သက်ရောက်နေတဲ့ ကြီးမားတဲ့ ဖိအားပမာဏ တစ်ခုဖြစ်နေလို့ပါ။ 0:11:58.668,0:12:02.104 ဘာဖြစ်လို့လဲဆိုတော့ ထုတ်ကုန်တစ်ခုဟာ ကမ္ဘာပေါ်မှာတည်ရှိလာတဲ့အခါ 0:12:02.104,0:12:03.967 ရှိလာမယ့် ပြဿနာကို မတွေးမိခဲ့ကြလို့ပါပဲ။ 0:12:03.967,0:12:06.635 အခု ကျွန်မက ဈေးကွက်ထဲက ရေနွေးကရား အမျိုးမျိုးကို လေ့လာလျက် 0:12:06.635,0:12:08.657 အနည်းဆုံးဖြည့်ရမယ့် အမှတ်အသားလိုင်းတွေကို လိုက်ကြည့်ပါတယ်။ 0:12:08.657,0:12:10.423 လက်ဖက်ရည်တစ်ခွက် ဖျော်ဖို့ ရေပမာဏ အတွက် 0:12:10.423,0:12:11.980 ရေဘယ်လောက်ဖြည့်ဖို့ လိုမယ်ဆိုတာနဲ့ ပတ်သက်ပြီး 0:12:11.980,0:12:14.899 (၂) ခွက်နဲ့ (၅) ခွက်ခွဲ အကြားလောက် ပဲလိုတဲ့ အကြောင်းကို 0:12:14.899,0:12:18.332 ဖေါ်ပြပေးထားတဲ့ အချက်အလက် ကလေးပါ။ 0:12:18.332,0:12:20.617 ဒီမှာတွေ့ရတဲ့ ရေနွေးကရားကတော့ 0:12:20.617,0:12:23.153 ထည့်စရာ နေရာ နှစ်ခုပါတဲ့ နမူနာတစ်ခုပါ။ 0:12:23.155,0:12:25.340 တစ်ခုက ကျိုချက်တဲ့ အခန်းကလေးဖြစ်ပြီး[br]နောက်တစ်ခုကတော့ ရေထည့်စရာဆိုပါတော့။ 0:12:25.340,0:12:27.665 အမှန်တကယ်တော့ အသုံးပြုသူဟာ ဒီခလုပ်ကလေးကိုနှိပ်ပြီးတော့ 0:12:27.665,0:12:29.233 ရေနွေးကို ကျိုချက်ရတာပေါ့။ 0:12:29.233,0:12:30.999 ဆိုလိုတာက ကျွန်မတို့အားလုံးဟာ ပျင်းရိတဲ့အတွက်ကြောင့်ပါ။ 0:12:30.999,0:12:32.841 သင့်အနေနဲ့က လိုအပ်တဲ့ ပမာဏကို တိတိကျကျ ဖြည့်ရုံသက်သက်ပါ။ 0:12:32.841,0:12:35.165 ဒါကို ကျွန်မကတော့ "အအလေ့အထ ပြောင်းလဲရေး ထုတ်ကုန်" လို့ခေါ်ပါတယ်။ 0:12:35.165,0:12:37.277 ပြဿနာတွေကို ကြားဝင်ပြီး ကြိုတင်ဖြေရှင်းတဲ့ 0:12:37.277,0:12:41.136 ထုတ်ကုန်တွေ၊ စနစ်တွေ၊ ဝန်ဆောင်မှုတွေပေါ့။ 0:12:41.136,0:12:43.786 ကဲကဲ ဒါကတော့ နည်းပညာ ပွဲခင်းတစ်ခုပေါ့။ 0:12:43.786,0:12:45.847 ဒိပစ္စည်းတွေဟာ တော်တော်လေး လူကြိုက်များတာ အသိသာကြီးပါ။ 0:12:45.847,0:12:47.815 ဒါပေမယ့် ကျွန်မ စဉ်းစားမိတာက လောလောဆယ် 0:12:47.815,0:12:50.401 ကျွန်မတို့ အခုလို လုပ်နေကျ အဆမတန်မြင့်မားတဲ့ 0:12:50.401,0:12:52.313 နှုန်းအတိုင်း ဒီပစ္စည်းမျိုးတွေကို ဆက်လက်ပြီး 0:12:52.313,0:12:54.562 ဒီဇိုင်းထုတ်လိုက်၊ ဝယ်လိုက်၊ လွင့်ပစ်လိုက် လုပ်နေကြဦးမှာလားဆိုတာကိုပါ။ 0:12:54.562,0:12:56.396 လက်ရှိလောလောဆယ် ကမ္ဘာကြီးပေါ်မှာ 0:12:56.396,0:12:57.806 နေထိုင်နေကြတာက လူဦးရေသန်းပေါင်း (၇) ထောင်ရှိပါတယ်။ 0:12:57.806,0:12:59.993 မနှစ်ကအတိုင်းဆိုရင် မိုဘိုင်းဖုန်း သုံးသူ စာရင်းက 0:12:59.993,0:13:03.659 သန်းပေါင်း (၆) ထောင်ရှိပါတယ်။ 0:13:03.659,0:13:07.181 နှစ်စဉ်နှစ်တိုင်း ထုတ်လုပ်ထွက်ရှိလာတဲ့ 0:13:07.181,0:13:08.434 မိုဘိုင်းဖုန်း အရေအတွက်က သန်း (၁၅၀၀) ရှိပြီးတော့ 0:13:08.434,0:13:10.505 တစ်ချို့ကုမ္ပဏီတွေက ထုတ်ပြန်ကြေညာတာက သူတို့ထုတ်လုပ်တဲ့ 0:13:10.505,0:13:12.855 ဖုန်းအရေအတွက်က လူတွေရဲ့ မွေးဖွားနှုန်း ထက်တောင် ပိုများနေပါတယ်။ 0:13:12.855,0:13:15.985 မနှစ်တုန်းကဆိုရင် အမေရိကန်ပြည်ထောင်စုမှာ စွန့်ပစ်လိုက်တဲ့ ဖုန်းတွေ (၁၅၂) သန်းရှိပါတယ်။ 0:13:15.985,0:13:17.869 အဲဒီအထဲက (၁၁) ရာခိုင်နှုန်းကိုပဲ ပြန်ပြီး အသစ်ပြန်ထုတ်လုပ်ခဲ့တာပါ။ 0:13:17.869,0:13:21.227 ကျွန်မက ဩစတြေးလျကပါ။ ကျွန်မတို့ဆီမှာ လူဦးရေ (၂၂)သန်းရှိပါတယ်။ မရယ်နဲ့နော်။ 0:13:21.227,0:13:24.300 ပြီးတော့ ဖုန်းအလုံးရေ (၂၂) သန်းဟာ 0:13:24.300,0:13:26.907 လူတွေရဲ့ အံဆွဲတွေထဲမှာ ရှိနေကြတယ်လို့ သိရပါတယ်။ 0:13:26.907,0:13:30.628 ဒါနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းရေး နည်းလမ်းတွေ ကျွန်မတို့ ရှာဖို့ လိုပါတယ်။ 0:13:30.628,0:13:33.525 ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စတွေက တော်တော်ရှုပ်ထွေးလွန်းပါတယ်။ 0:13:33.525,0:13:36.831 သူတို့ အထဲမှာကိုက မြုွပ်နှံထားတာတွေ အများကြီးပါ။ 0:13:36.831,0:13:40.594 ရွှေပဲပေါ့။ အခုအခါမှာ တန်နဲ့ချီတဲ့ ရွှေရိုင်းတွေထက် 0:13:40.594,0:13:44.211 တန်နဲ့ချီပြီးရှိနေတဲ့ မိုဘိုင်းဖုန်းအဟောင်း ကနေ ရွှေကို ရယူရတာ 0:13:44.211,0:13:47.439 တကယ်ပဲ အရမ်းကြီးကို ပိုပြီးဈေးပေါတယ်ဆိုတာ သင်တို့သိကြရဲ့လား။ 0:13:47.439,0:13:49.829 ဒီအရာတွေထဲမှာ အလွန်အမင်းကို ရှုပ်ထွေးပြီး၊ တန်ဖိုးကြီးမားတဲ့ 0:13:49.829,0:13:51.430 ပစ္စည်းတွေ ပါဝင်လျက် ရှိနေပါတယ်။ 0:13:51.430,0:13:53.888 ဒါကြောင့် တစ်စစီ ပြန်လည်ဖြုတ်ထုတ်ရေးကို အားပေးဖို့ နည်းလမ်းတွေ ရှာဖွေဖို့လိုပါတယ်။ 0:13:53.888,0:13:56.052 အဲဒီလို မဟုတ်ရင် ဒါက ဒီလို ဖြစ်ပျက်နေတာမို့လို့ပါ။ 0:13:56.052,0:13:57.726 ဂါနာမှာရှိတဲ့ အသိုက်အဝန်း တစ်ခုကို ဖေါ်ပြနိုင်ပါတယ်။ 0:13:57.726,0:13:59.984 ကုလသမဂ္ဂက အစီရင်ခံစာအရ 0:13:59.984,0:14:01.960 e-waste ဒါမှဟုတ် လျှပ်စစ် စွန့်ပစ်ပစ္စည်းနဲ့ ပတ်သက်ပြီး 0:14:01.960,0:14:04.992 တန်ပေါင်း သန်း(၅၀) အထိ တရားမဝင် ကုန်ကူးမှုရှိနေတာကြောင့်ပါ။ 0:14:04.992,0:14:06.306 ဒါကတော့ သူတို့တွေ ရွှေ နဲ့ 0:14:06.306,0:14:07.840 တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ရယူပုံပါ။ 0:14:07.840,0:14:09.778 သူတို့တွေဟာ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေကို လေဟာပြင်ထဲမှာ 0:14:09.778,0:14:11.809 မီရှို့လိုက်ပါတယ်။ 0:14:11.809,0:14:14.944 ဒါတွေကတော့ လူ့ အသိုက်အဝန်းတွေပါ။ ဒါမျိုးက ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပျက်နေတာပါ။ 0:14:14.944,0:14:17.491 ကျွန်မတို့တွေဟာ ဒီဇိုင်းပညာရှင်များ အဖြစ်၊ စီးပွားရေးသမားတွေအဖြစ်၊ 0:14:17.491,0:14:19.320 စားသုံးသူတွေအဖြစ်နဲ့ ကိုယ်ရွေးချယ်လိုက်တာတွေရဲ့ 0:14:19.320,0:14:21.790 အကျိုးဆက်တွေကို နားမလည်တာကြောင့် 0:14:21.790,0:14:23.403 ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွားနေပြီးတော့ 0:14:23.403,0:14:25.705 အဲဒီလို လူတွေက နေထိုင်နေကြတာပါ။ 0:14:25.705,0:14:30.153 ဒါကြောင့် ကျွန်မတို့ဟာ ဒီကမ္ဘာကြီးမှာ ရေရှည် နေထိုင်ဖို့လိုကြရင်တော့ 0:14:30.153,0:14:33.069 ပိုပြီး ပါးနပ်တဲ့၊ နည်းစနစ်ကို ပိုပြီး အခြေခံတဲ့၊ 0:14:33.069,0:14:36.845 ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖို့လိုအပ်ပါတယ်။ 0:14:36.845,0:14:40.818 ဒါကြောင့် သင် ဖုန်းအသစ ္ဝယ်တဲ့ အကြောင်းကို စိတ်ကူးကြည့်ရအောင်။ 0:14:40.818,0:14:42.508 သင့်ရဲ့ ဖုန်းအဟောင်းကို အစားထိုး လဲလှယ်လိုက်တဲ့ အတွက်ကြောင့် 0:14:42.508,0:14:44.883 လူတွေဟာ ပျမ်းမျှအားဖြင့် သူတို့ ရဲ့ဖုန်းတွေကို 0:14:44.883,0:14:46.987 တစ်နှစ်ကျော် တစ်နှစ်ခွဲလောက်အကြာမှာ လဲလှယ်ကြတယ်ဆိုတော့၊ 0:14:46.987,0:14:49.972 ဒီလိုပဲ ကျွန်မတို့ဟာ မိုဘိုင်ဖုန်းလဲလှယ်မှုကို မြင့်မားတဲ့နှုန်းနဲ့ 0:14:49.972,0:14:52.210 ဆက်လက်ပြီး လုပ်နေဦးမယ်ဆိုရင် ဒီစနစ်ကိုယ်နှိုက်ကို 0:14:52.210,0:14:54.259 အစအဆုံး ကွင်းဆက်ပုံစံ ပိတ်ဖို့ ကြိုးပမ်းသင့်ပါတယ်။ 0:14:54.259,0:14:56.170 ဒီဖုန်းတွေကို ထုတ်လုပ်သူတွေ အနေနဲ့၊ 0:14:56.170,0:14:57.999 ဒီအခန်းထဲမှာကို တစ်ချို့ရှိနေတယ် ဆိုတာကိုလည်း ကျွန်မ သေချာပါတယ်၊ 0:14:57.999,0:15:00.677 သူတို့တွေဟာ ပတ်လည်ကွင်းဆက် စနစ်များလို့ ကျွန်မတို့ ခေါ်တာကို 0:15:00.677,0:15:02.245 ဒါမှမဟုတ် ထုတ်ကုန် စနစ် ဝန်ဆောင်မှုတွေကို ကြည့်ရှုစစ်ဆေးဖို့ လိုနေပါတယ်။ 0:15:02.245,0:15:04.507 ဒီလိုနဲ့ ဈေးကွက်ရဲ့ တောင်းဆိုမှု တစ်ခုရှိနေတာကိုရယ်၊ ပြီးတော့ 0:15:04.507,0:15:06.324 ဒီ ဈေးကွက်ရဲ့ တောင်းဆိုမှုက သူဘာသာသူ ပျောက်သွားမှာ မဟုတ်တာမို့လို့ 0:15:06.324,0:15:09.377 ကျွန်မတို့ဟာ ဒီပြဿနာကို ဖြေရှင်းပေးမယ့် ထုတ်ကုန်မျိုးကို ဒီဇိုင်းဆွဲရပါမယ်။ 0:15:09.377,0:15:11.716 တစ်စစီ ဖြုတ်ပစနိုင်ဖို့ ဒီဇိုင်းဆွဲဖို့၊ ပေါ့ပါးဖို့အတွက် ဒီဇိုင်းဆွဲရပါမယ်။ 0:15:11.716,0:15:14.082 အခုအခါမှာ ဒီလိုမျိုး မဟာဗျူဟာ တစ်ချို့ ကို 0:15:14.082,0:15:16.941 Tesla Motors ရဲ့ ကားတွေမှာ သုံးနေတယ်လို့ ကျွန်မ ကြားရပါတယ်။ 0:15:16.941,0:15:19.053 ဒီလိုမျိုး ချဉ်းကပ်မှုတွေဟာ မခက်လှပေမယ့် 0:15:19.053,0:15:20.911 စနစ်ကို နားလည်လျက် 0:15:20.911,0:15:24.442 အလားအလာရှိကာ ဈေးကွက်က မောင်းနှင်ပေးမယ့် 0:15:24.442,0:15:26.425 စားသုံးသူ လိုအပ်ချက်ဆိုင်ရာ အခြားရွေးပိုင်ခွင့်တွေကို ရှာကြံကြမှသာ 0:15:26.425,0:15:28.976 ကျွန်မတို့ဟာ ရေရှည် တည်တံ့ ရပ်တည်ရေး အစီအစဉ်ကို 0:15:28.976,0:15:30.783 အခြေခံကျကျ ပြောင်းလဲမှုကို စတင်နိူင်ကြမှာပါ။ 0:15:30.783,0:15:32.654 ကျွန်မဟာ သင်တို့ အားလုံးအား ဒါတွေကို အသေးစိတ် ထောက်ပြရတာကို မုန်းပါတယ်။ 0:15:32.654,0:15:35.457 စားသုံးမှုဟာ အကြီးမားဆုံး ပြဿနာပါ။ 0:15:35.457,0:15:40.719 ဒါပေမယ့် ဒီဇိုင်းကတော့ အကောင်းဆုံး ဖြေရှင်းနည်းတွေထဲက တစ်ခုပါ။ 0:15:40.719,0:15:42.903 ဒီပစ္စည်းမျိုးတွေက နေရာတိုင်းမှာ ရှိကြပါတယ်။ 0:15:42.903,0:15:45.571 ဒါတွေကို ထုတ်လုပ်ပုံ အခြားရွေးစရာ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ခြင်းအားဖြင့် 0:15:45.571,0:15:47.166 ကျွန်မတို့တွေ တကယ့်ကိုပဲ ဆန်းသစ်တီထွင်မှုကို စတင်နိူင်ပါတယ်။ 0:15:47.166,0:15:48.559 ကျွန်မပြောတာ တကယ့်ကိုပဲ ဆန်းသစ်တီထွင်မှု စတင်ဖို့ကို ပြောနေတာနော်။ 0:15:48.559,0:15:51.044 ဒီခန်းမထဲက လူတွေဟာ အရမ်းကို ဆန်းသစ်တီထွင်လိုကြမှန်း ကျွန်မ သေချာပါတယ်။ 0:15:51.044,0:15:53.398 ဒါပေမယ့် ရေရှည်တည်တံ့မှု ဆိုတာကို 0:15:53.398,0:15:56.085 ကန့်သတ်ဘောင်တစ်ခုအဖြစ် အသုံးပြုလျက်၊ နည်းစနစ်ကို အခြေခံတဲ့ 0:15:56.085,0:16:00.302 ဖြေရှင်းနည်းတွေကို ရှာကြံမှုကို အားပေး လုပ်ဆောင်ရာဖို့ လိုတာပါ၊ 0:16:00.302,0:16:03.207 ကျွန်မ ဒီရိုးရှင်းတဲ့ ပစ္စည်းတွေရဲ့ သာဓကများဖြင့် ပြသခဲ့သလို 0:16:03.207,0:16:06.598 ခုနက အချက်တွေအားလုံးဟာ ဒီ အဓိကပြဿနာတွေထဲမှာ ပါဝင်ပတ်သက်နေလို့ပါပဲ။ 0:16:06.598,0:16:08.753 ဒီတော့ ကျွန်မတို့အနေနဲ့ ကျွန်မတို့ ထုတ်လုပ်ပေးလိုက်တဲ့ ပစ္စည်းတွေရဲ့ 0:16:08.753,0:16:10.375 သက်တမ်း တစ်လျှောက်လုံးကို ပိုင်းခြား ကြည့်ဖို့တော့ လိုအပ်တာပေါ့။ 0:16:10.375,0:16:12.090 သင်ဟာ ရွေးစရာဆိုလို့ စက္ကူ ဒါမှမဟုတ် ပလပ်စတစ် ရှိခဲ့ရင်၊ 0:16:12.090,0:16:14.854 ပြန်ပြီး အသုံးပြုလိုရတာက ပိုမိုပြီး အကျိုးရှိတာ ထင်ရှားလှတာတောင်၊ 0:16:14.854,0:16:18.325 စက္ကူက ပိုဆိုးတယ်လို့ ပြောချင်တာပေါ့။ 0:16:18.325,0:16:20.371 စက္ကူက ပိုဆိုးတယ်လို့ ဆိုရတာက 0:16:20.371,0:16:22.475 အဲဒါက ပလပ်စတစ်နဲ့စာရင် (၄) ဆကနေ (၁၀) ဆအထိ ပိုလေးတယ်။ 0:16:22.475,0:16:24.842 တကယ်တမ်း ပလပ်စတစ် (၁) ကီလိုနဲ့ စက္ကူ (၁) ကီလိုကို 0:16:24.842,0:16:27.532 ဇီဝ သံသရာ အမြင်ကနေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ 0:16:27.532,0:16:29.178 စက္ကူ (၁) ကီလိုက အပြတ်အသတ် ပိုကောင်းတာပေါ့။ 0:16:29.178,0:16:31.718 ဒါပေမယ့် ပလပ်စတစ်အိတ် ဒါမှမဟုတ် စက္ကူအိတ် တစ်အိတ်စီရဲ့ အသုံးဝင်ပုံအရ 0:16:31.718,0:16:35.333 စားသောက်ကုန်တွေကို အိမ်ကို သယ်ယူဖို့ကျတော့ ခုနကလို ပစ္စည်းတစ်ခုစီရဲ့ (၁)ကီလိုနဲ့ မပြီးနိုင်ပါဘူး။ 0:16:35.333,0:16:37.302 အဲဒါ့အတွက် အရမ်းကို နည်းပါးတဲ့ ပလပ်စတစ်နဲ့ လုပ်ရနိုင်ပေမဲ့ 0:16:37.302,0:16:38.995 စက္ကူကျတော့ တော်တော်လေးကို ပိုပြီးသုံးဖို့ လိုတယ်။ 0:16:38.995,0:16:41.953 အသုံးဝင်မှုကသာ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်ကို သတ်မှတ်ပြဋ္ဌာန်းပေးတာ မို့လို့ပါ။ 0:16:41.953,0:16:44.786 နောက်ပြီးတော့ စောစောပိုင်းက ကျွန်မပြောခဲ့သလို ဒီဇိုင်းပညာရှင်တွေက ပတ်ဝန်းကျင်အတွက် ကောင်းတဲ့ ပစ္စည်းတွေကိုပဲ တောင်းခံလေ့ ရှိကြပါတယ်။ 0:16:44.786,0:16:47.810 သင်တို့ အနေနဲ့ လုံး၀ ရှောင်ကြဉ်ရမယ့် ပစ္စည်းဆိုလို့ အနည်းအကျဉ်းလောက်ပဲရှိတာကို ကျွန်မပြောလိုပါတယ်။ 0:16:47.831,0:16:49.730 ကျန်တာတွေကတော့ အသုံးပြုပုံပေါ် မူတည်တာပါ။ 0:16:49.730,0:16:52.749 နောက်ဆုံးမှာတော့ စီးပွားရေး စနစ်ကြီး တစ်ခုထဲမှာ ကျွန်မတို့ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်လိုက်သမျှ အားလုံးဟာ 0:16:52.749,0:16:55.089 စားသုံးသူအနေနဲ့ဝယ်ယူတာတွေဟာ၊ အသုံးပြုရန် အတွက်ပဲ ဖြစ်တာကိုး။ 0:16:55.089,0:16:57.206 ကျွန်မတို့တွေ တစ်ခုခုကိုလိုချင်ကြတာမို့လို့ ကျွန်မတို့ အဲဒါကို ဝယ်ကြတယ်။ 0:16:57.206,0:17:00.362 ဒါကြောင့် အရာတွေ အားလုံးကို ခွဲခြမ်း ဆန်းစစ်လျက်၊ 0:17:00.362,0:17:04.361 နောက်ပြီး သပ်သပ်ရပ်ရပ်၊ကျကျနန အိမ်တိုင်ရာရောက်ပို့ပေးတာတို့၊ 0:17:04.361,0:17:07.157 စနစ် တစ်ခုလုံး နဲ့ အရာဝတ္ထုရဲ့ သက်တမ်း တစ်ခုလုံးကို အရာရာတိုင်းကို 0:17:07.157,0:17:10.252 ထုတ်ယူပုံမှအစ သက်တမ်းအဆုံးအထိ ခြေရာပြန်ကောက်ယူကာ ထည့်စဉ်းစားထားတဲ့ 0:17:10.252,0:17:13.089 ကျော့ရှင်း လှပတဲ့ ထုတ်လုပ် ဖြန့်ဖြူးရေး နည်းလမ်းတွေကို ရှာကြံကြမှသာ 0:17:13.089,0:17:15.891 ကျွန်မတို့တွေ အမှန်တကယ်ကို ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို စပြီး တွေ့လာနိူင်တော့မှာပါ။ 0:17:15.891,0:17:17.961 တစ်လောက ကျွန်မနဲ့ တွဲလုပ်ခဲ့တဲ့ ဝါရင့် ဒီဇိုင်းပညာရှင် တစ်ယောက်က 0:17:17.961,0:17:21.818 ကျွန်မကို ပြောခဲ့တာလေးတစ်ခုကို သင်တို့အား တိုတိုလေးနဲ့ ပြောပြရင်း အဆုံးသတ်ပါတော့မယ်။ 0:17:21.818,0:17:24.915 "ဘယ်လိုဖြစ်လို့ ရှင်က ရေရှည်တည်တံ့မှုဆိုတာကို မလုပ်တာလဲ။ အဲဒါကို ရှင်သိတာ ကျွန်မ သိတာပေါ့။" ကျွန်မ မေးကြည့်ခဲ့တယ်။ 0:17:24.915,0:17:28.928 သူဖြေလိုက်တာက "ကောင်းပြီ၊ မကြာသေးခင်တုန်းက၊ ဖောက်သည်တစ်ယောက်အား ရေရှည်တည်တံ့မှုဆိုင်ရာ ပရောချက်ဂျက်တစ်ခုကို ဝယ်ဖို့ ကျွန်တော် ဆော်ဩခဲ့တယ်။ 0:17:28.928,0:17:30.869 သူက ကျွန်တော့်ကို ပြန်ပြောလာတာက 0:17:30.869,0:17:32.634 ဒါဟာ အကုန်အကျ ပိုပြီး နည်းမယ်ဆိုတာကို ကျွန်တော် သိပါတယ်၊ 0:17:32.634,0:17:34.252 ပိုပြီး ရောင်းကောင်းမယ် ဆိုတာလည်း ကျွန်တော် သိပါတယ်၊ 0:17:34.252,0:17:38.725 ဒါပေမဲ့ ကျွန်တော်တို့ဟာ ရှေ့ဆောင်တီထွင်သူတွေ မဟုတ်ကြပါဘူး။ ရှေ့ဆောင်တီထွင်သူတွေရဲ့ ကျောတွေမှာ မျှားတွေစိုက်လျှက်ကြီးနဲ့ မို့လို့ပါ။ " တဲ့လေ။ 0:17:38.725,0:17:40.942 ကျွန်မ အထင်အရ ကျွန်မတို့ ဆီမှာ ရှေ့ဆောင်တီထွင်သူတွေ တစ်ခန်းလုံး အပြည့်ရှိပါတယ်။ 0:17:40.942,0:17:43.996 အပြင်မှာလည်း နောက်ထပ် အများကြီး ရှိကြသေးတယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မတို့ လိုအပ်နေလို့ပါ။ 0:17:44.027,0:17:45.434 ကျေးဇူးတင်ပါတယ်။ 0:17:45.434,0:17:50.210 (လက်ခုပ်သံများ)