ကိုင်း သင်ဟာ ကုန်ပဒေသာတိုက်ကြီးထဲမှာ ရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်စမ်းပါ။
သင်ဟာ စားသောက်ကုန်တွေကိုဝယ်နေတာဖြစ်ပြီး
သင့်ကို ပလပ်စတစ် ဒါမှမဟုတ် စက္ကူနဲ့ လုပ်ထားတဲ့
ထည့်စရာအိတ် တစ်ခုခုကို ရွေးချယ်ခွင့်ပေးထားပါတယ်။
သင့်အနေနဲ့ ပတ်ဝန်းကျင်အတွက် မှန်ကန်တာကို လုပ်ချင်တယ်ဆိုရင်
သင် ဘယ်ဟာကို ရွေးမလဲ။
လူအများစုကတော့ စက္ကူ အိတ်ကိုပဲ ရွေးကြမှာ ပါသေချာပါတယ်။
ကောင်းပြီ။ ဘာကြောင့်လဲ စဉ်းစားကြည့်ရအောင်။
ပထမအချက်အနေနဲ့ကတော့ အဲဒါက အညိုရောင်ဖြစ်နေလို့ပါ။
ဒါက ပတ်ဝန်းကျင်အတွက် ကောင်းလိမ့်မယ်ပေါ့။
ဒါက ဇီဝနည်းဆွေးမြေ့ပျက်စီးစေနိူင်တယ်။ ထပ်သုံးလို့ရတယ်။
တစ်ချို့ အခြေအနေတွေမှာဆိုရင် အသစ်ပြန်လုပ်လို့ရတယ်လေ။
ဒါကြောင့် လူတွေဟာ ပလပ်စတစ်အိတ်ကို ကြည့်လိုက်တဲ့အခါ
ဒီလိုမျိုးပဲ တွေးမိနေဖို့ ဖြစ်နိူင်ချေရှိပါတယ်။
ကျွန်မတို့အားလုံး သိထားတာတွေက လုံးလုံးကြီးကို ဆိုးဝါးလှပါတယ်။
နောက်ပြီးတော့လည်း ပတ်ဝန်းကျင်အား အဲဒီလို ထိခိုက်မှုမျိုးတွေကို
ဘယ်လောက်ပဲကုန်ကုန် ရှောင်ရှားသင့်တယ်လို့ ထင်ကြလိမ့်မယ်။
ဒါပေမယ့် လူတွေဟာ အဲဒါနဲ့ပတ်သက်ပြီး
နောက်တစ်ဖက်မှ ကြည့်ကြည့်ရန်ကို
ရံဖန်ရံခါမှာ စိတ်ကူးတောင် မရကြပါဘူး။
ကျွန်မတို့တွေ ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ
ဒါတွေကို ပတ်ဝန်းကျင်ကနေ ထုတ်ယူကြရပါတယ်။
အဲဒါကြောင့်မို့လို့ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု တစ်ပြုံလုံးကို ကျွန်မတို့ သိရန်လိုအပ်တာပါ။
ကျွန်မတို့တွေ ရှုပ်ထွေးတဲ့ ရွေးချယ်မှုတွေကိုလုပ်ဖို့လိုအပ်တဲ့အခါတွေမှာ
ဘာဖြစ်တတ်တယ် ဆိုတာကို အားလုံးသိပါတယ်။
ကျွန်မတို့လူသားတွေဟာ ရိုးရှင်းတဲ့ ဖြေရှင်းနည်းတွေကိုပဲ နှစ်သက်ကြတာပါ။
ရိုးရှင်းတဲ့ ဖြေရှင်းနည်းတွေကိုပဲ မကြာခဏ တောင်းခံလေ့ရှိတာပါ။
ဒါနဲ့ ကျွန်မက ဒီဇိုင်းလုပ်ငန်း လုပ်ပါတယ်။
ဒီဇိုင်းပညာရှင်တွေ နဲ့ ဆန်းသစ်တီထွင်သူတွေကို
ကျွန်မက ပတ်လည် ရည်ရှည်အသုံးခံရေးကို အကြံဥာဏ် ပေးတတ်ပါတယ်။
ဒီအခါမှာ လူတိုင်းက ကျွန်မကို အမြဲတမ်းပြောပြောလာတာက " အိုး လေးလာ
ငါက ပတ်ဝန်းကျင်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ပစ္စည်းတွေပဲ လိုချင်တာနော်"တဲ့။
ဒါနဲ့ပဲ ကျွန်မကပြောရတယ်။ "ကောင်းပါပြီ၊ ဒီကိစ္စက ခက်ခဲရှုပ်ထွေးတယ်။
ပတ်ဝန်းကျင်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ပစ္စည်းက ဘာလဲ ဆိုတာကို တိတိကျကျ သတ်မှတ်ဖို့ဆိုရင်
(၄) နာရီလောက်ကြာကြာ ဆွေးနွေးဖို့လိုလိမ့်မယ်၊
ဘာဖြစ်လို့လဲဆိုတော့ အရာရာတိုင်းဟာ အဆင့်တစ်ခုခုမှာတော့
သဘာဝကနေ လာကြတာချည်းပါ၊
တကယ်ကျတော့ ပစ္စည်းတစ်ခုကို သင်ဘယ်လို အသုံးပြုလဲဆိုတာကသာ
ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဆုံးဖြတ်ပေးတာပါ။
ဒါကြောင့် ဘာဖြစ်လဲဆိုတော့ တို့တွေဆုံးဖြတ်ချက်တွေချတဲ့ အခါမှာ
အလိုလိုသိတတ်တဲ့ ဗီဇစိတ်ရဲ့ ကန်သတ်ချက်ဘောင်လိုဟာမျိုး
တစ်ခုခုကို အားကိုးဖို့ လိုပါတယ်။
ဒါကြောင့် ဒါကို ဗီဇစိတ်လာ အဲဒီလို အကန့်အသတ်ဘောင်ကို
ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အထ လို့ဆိုချင်ပါတယ်။
ဒါဟာ သင်တို့ရဲ့ ဦးခေါင်းရဲ့ နောက်ဖက်မှ လာတဲ့ စေ့ဆော်သံ တစ်ခု
ဒါမှမဟုတ်လည်း သင့်အနေနဲ့ သင့်မြတ်မှန်ကန်တဲ့ အရာတစ်ခုကို
လုပ်လိုက်တဲ့ အခါများမှာ ဆိုပါစို့ စက္ကူအိတ်ကို ရွေးချယ်မိတဲ့ အခါဖြစ်ဖြစ်
ဒါမှမဟုတ်လည်း ဆီစားသက်သာတဲ့ ကားကိုဝယ်မိတဲ့ အခါဖြစ်ဖြစ်ပေါ့လေ၊
ပေါ်ပေါက်လာတတ်တဲ့ အူလှိုက် အသည်းလှိုက် ခံစားရမှုမျိုး ဖြစ်ချင်ဖြစ်မှာပေါ့။
နောက်ပြီးတော့ ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အထ ဆိုတာဟာ ကျွန်မတို့ဟာ သင့် မြတ်မှန်ကန်တာကို
လုပ်ဆောင်ဖို့ ကြိုးစာနေတာမို့လို့ တကယ့်ကို အရေးပါတဲ့ ကိစ္စတစ်ခုပဲပေါ့။
ဒါပေမယ့် ကျွန်မတို့ဟာ တကယ်ကိုပဲ ပတ်ဝန်းကျင်ဆိုင်ရာ စုစုပေါင်း ထိခိုက်မှုကို
လျှော့ချနိူင်တာကို ကျွန်မတို့ဘယ်လိုလုပ်သိနိူင်မှာလဲ။
တကယ်တော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ကျွန်မတို့တွေဟာ
တစ်ဦးချင်းစီအနေနဲ့ရော၊ ကျွမ်းကျင်သူတွေအနေနဲ့ ရော
လူ့အဖွဲ့အစည်း အနေနဲ့ပါ သဘာဝပတ်ဝန်းကျင် အပေါ်လက်တွေ့ အကျိုးသက်ရောက်လျက် ရှိနေပါတယ်။
ဒါကြောင့် ပတ်ဝန်ကျင်ဆိုင်ရာ အလေ့ဆိုတဲ့ အရာဟာ
ကျွန်မတို့ရဲ့ တွေ့ကြုံခံစားမှုတွေပေါ်မှာ အခြေခံရမှာ ဖြစ်သလို
အခြားသူတွေဆီက ကြားဖူးထားတဲ့ အရာတွေကိုလည်း အခြေံရမှာပေါ့။
ဒါက သိပ္ပံနည်းကျ ကန့်သတ်မှုဘောင် တစ်ခုခုကို အခြေခံလေ့ မရှိကြဘူး။
ဒါက တော်တော်ကိုခက်ခဲပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့
ကျွန်မတို့တွေဟာ အလွန့် အလွန်ကို ခက်ခဲရှုပ်ထွေးတဲ့ စနစ်ထဲမှာ နေထိုင်ကြပါတယ်။
ကျွန်မတို့ဆီမှာက အချင်းချင်းဆက်သွယ်ရေး နဲ့ အပြန်အလှန်ဆက်နွယ်ရေး
လူသားဆိုင်ရာ စနစ်တွေရှိကာ
တပေါင်းတစည်းတည်း တည်ဆောက်ထားတဲ့လူအဖွဲ့အစည်းရှိတယ်။
စီးပွားရေးတစ်ခုလုံးအတွက် ပဓာနကျတဲ့ စက်မှုလုပ်ငန်း စနစ်တွေရှိတယ်။
ပြီးတော့ အဲဒါတွေ အားလုံးဟာ အကြီးမာဆုံး စနစ်ကြီးရဲ့ အတွင်းမှာ
ကျွန်မကတော့ အရေးကြီးဆုံးလို့တောင် အခိုင်အမာ ထောက်ပြချင်တဲ့
ဂေဟစနစ်ရဲ့ ဘောင်အတွင်းမှာ လည်ပတ်လုပ်ကိုင်ရတာပါ။
အားလုံး မြင်နိုင်ကြတဲ့ အတိုင်းပဲလေ၊
ကျွန်မတို့ တစ်ဦးချင်းစီအနေနဲ့ ပြုလုပ်တဲ့ ရွေးချယ်မှုတွေ၊
ကျွန်မတို့မှာရှိတဲ့ အလုပ်တစ်ခုစီတိုင်းအတွက် ပြုလုပ်ခဲ့တဲ့
ရွေးချယ်မှုတွေအပါအဝင် သင်ဟာ ဝါစဉ် အရ
နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ၊
ဒါတွေဟာ ခုနက စနစ်တွေအားလုံးကို
သက်ရောက်မှု တစ်ခုတော့ ရှိပါတယ်။
ကျွန်မတို့ဟာ တကယ်ပဲ ဒီဆက်နွယ်နေကာ ရှုပ်ထွေးလွန်းတဲ့ စနစ်တွေ
အပြန်အလှန် ချိတ်ဆက် လည်ပတ်မှု ရေရှည် တည်တံ့လာရေးကို
တကယ့်ကို လုပ်ဆောင်ချင်ကြတယ်၊
ပြီးတော့ ပတ်ဝန်းကျင်အတွက် စုစုပေါင်း ရလဒ်ကောင်းကို ရရှိလိုကြတယ်ဆိုရင်
ကျွန်မတို့ဟာ နည်းလမ်းတွေကို ရှာကြံဖို့ လိုပါတယ်။
ကျွန်မတို့လုပ်ဖို့လိုအပ်တာကတော့ နည်းနည်းနဲ့
ကျဲကျဲဝိုင်းတတ်အောင် သင်ယူဖို့ပါပဲ။
ကျွန်မတို့မှာ လူဦးရေက တိုးပွားလာနေပါတယ်။
လူတိုင်းကလည်း သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကို နှစ်သက်ကြပါတယ်။
အထူးသဖြင့် ဒီအခြေအနေမျိုးမှာပေါ့။
ဒါကြောင့် ကျွန်မတို့ရင်ဆိုင်နေရတဲ့ ပြဿနာ တချို့ကို ဖြေရှင်းဖို့ ဆန်းသစ်တဲ့ နည်းလမ်းတွေ ရှာဖို့ လိုအပ်ပါတယ်။
ဒါနဲ့ ဇီဝ သံသရာ တွေးခေါ်မှု ဆိုတဲ့ လုပ်ငန်းစဉ် ပေါ်ပေါက်လာခဲ့ရတာပါ။
ဒါကြောင့် အခြေခံအားဖြင့်တော့ ပြုလုပ်ဖန်တီးလိုက်တဲ့ အရာမှန်သမျှဟာ
ဇီဝ သံသရာ အဆင့်တွေကို ဖြတ်သန်းရပါတယ်။
ဒီလိုနေရာမှာ ကျွန်မတို့ သိပ္ပံနည်းကျ လုပ်ကိုင်ကြတာကို
ဇီ၀ သံသရာကို အကဲခတ်မှု လို့ ခေါ်ပါတယ်၊ ကျွန်မတို့လုပ်သမျှအရာတွေဟာ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှု
ဒီအမေရိကမှာရှိတဲ့ လူတွေကတော့ "ဇီဝ သံသရာ ဆန်းစစ်မှု"လို့ ပြောကြတာပေါ့၊
ကျွန်မတို့ အထက်မှာ ပြောဆိုခဲ့ကြတဲ့ စနစ်များဆိုင်ရာ နည်းပညာပိုင်းထဲတွင်
ကျွန်မတို့ လုပ်ကိုင်ကြတဲ့ အရာတိုင်းက သဘာ၀ ပတ်ဝန်းကျင်အပေါ် ဘယ်လို အကျိုးသက်ရောက်နေကြောင်းကို
ပြတ်သားစွာ မြင်ရနိုင်ဖို့ အတွက် ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့တွေဟာ နောက်ကြောင်းကို ပြန်သွားရပါတယ်၊
ကုန်ကြမ်းပစ္စည်းတွေ ထုတ်ယူပုံကအစ ပြန်ကြည့်ရပါတယ်။
နောက်ပြီးတော့ ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း၊
အသုံးပြုပုံ နဲ့ ဘဝသံသရာ အဆုံးပိုင်းအထိ ဆန်းစစ်ကြည့်ပါတယ်။
ပြီးတော့ အဲဒီလို အဆင့်တွေထဲက အဆင့်တစ်ဆင့်ချင်းဆီမှာ
ကျွန်မတို့ လုပ်ကိုင်ကြတဲ့ အရာများဟာ
သဘာဝ ပတ်ဝန်းကျင်နဲ့ အပြန်အလှန်အကျိုးပြုမှု ရှိနေရာ
အဲဒီ အပြန်အလှန်အကျိုးပြုမှုဟာ
ကမ္ဘာမြေပေါ်မှာ သက်ရှိတွေနေထိုင်လို့ရလာစေတဲ့
နည်းစနစ်တွေ နဲ့ ဝန်ဆောင်မှုတွေကို တကယ်လက်တွေ့မှာ
ဘယ်လို ဘယ်ပုံများ အကျိုးသက်ရောက်နေတာလဲ ဆိုတာကို စောင့် ကြည့်မှတ်သားနိူင်ပါတယ်။
နောက်ပြီး ဒီလိုလုပ်ဆာင်ခြင်း ပြီးမြောက်သွားတဲ့ အခါမှာတော့
ကျွန်မတို့တွေဟာ အလွန်တရာမှ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတချို့ကို သိလာရတယ်။
ပြီးတော့ မှားယွင်းယုံကြည်မှု တသီကြီးကိုလည်း ကျွန်မတို့ အဆုံးသတ်လိုက်နိုင်ပါပြီ။
ကဲ ပထမအနေနဲ့က အတော်ကို အသုံးတွင်နေတဲ့ စကားလုံး တစ်လုံးရှိပါတယ်။
ဒီစာလုံးကို ဈေးကွက်ဖော်ဆောင်ရေးမှာ တော်တော်သုံးပါတယ်။
တော်တော်ကြီးကို သုံးခဲ့ကြတာက ကျွန်မတို့ရဲ့ ဒီစကားဝိုင်းထဲမှာ၊
ရေရှည်တည်တံ့မှုဆိုတဲ့ အကြောင်းကို ဆွေးနွေးတဲ့အခါတွေမှာပေါ့။
ဒီစာလုံးက "ဇီ၀ဆွေးမြေ့ပျက်စီးစေနိူင်မှု"ဆိုတဲ့ စကားလုံးပါ။
အခုအချိန်မှာတော့ "ဇီ၀ဆွေးမြေ့ပျက်စီးစေနိူင်မှု" ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ တစ်ခုပါ။
ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးတွေအတွက် အဓိပ္ပါယ်သတ်မှတ်ချက် တစ်ခုမဟုတ်ပါဘူး။
ကျွန်မရှင်းပြပါရစေ။
သဘာဝပစ္စည်း တစ်ခုခုဟာ
ပေါင်မုန့်၊ ဒါမှမဟုတ်လည်း စွန်ပစ်ထားတဲ့ စားစရာတစ်ခုခုလိုမျိုး ၊
ဒါမှမဟုတ် စက္ကူစလိုမျိုး သဘာ၀ အမျှင်တစ်ခုခုကနေ ထုတ်လုပ်ထားတဲ့
သဘာ၀ အရာတစ်ခုဟာ နောက်ဆုံးမှာ
သဘာဝပတ်ဝန်းကျင်ထဲမှာ အဆုံးသတ်တဲ့ အခါတွင်
အဲဒါဟာ ရိုးရိုးတမ်းတမ်း ဆွေးမြေ့ ပျက်သုဉ်း သွားတတ်ပါတယ်။
အဲဒီအရာတွေ ကြီးထွားလာစဉ် ရယူသိုလှောင်ထားခဲ့တဲ့ ကာဗွန်မော်လီကျူးတွေကို
ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် လေထုထဲကို
သဘာဝအတိုင်းပဲ ပြန်လည်ထုတ်လွတ် ပေးလိုက်ပါတယ်။
ဒါပေမယ့် ဒါက အသားတင် ကျန်ရစ်ခဲ့တဲ့ အနေအထားတစ်ခုပါ။
လက်တွေ့မှာ သဘာဝပစ္စည်း အများစုကတော့
သဘာဝထဲမှာ အဆုံးသတ်ကြရတာတော့ မဟုတ်ပါဘူး။
အရာဝတ္ထုအများစုပေါ့ ၊ကျွန်မတို့ထုတ်လုပ်တဲ့ စွန့်ပစ်ပစ္စည်းတွေဟာ မြေဖို့ အမှိုက်သရိုက်တွေ အဖြစ် အဆုံးသတ်သွားကြပါတယ်။
အဲဒီလို မြေဖို့လိုက်တော့ ပတ်ဝန်းကျင် တစ်မျိုးပါ။
မြေဖို့ခြင်းမှာ ဆိုခဲ့တဲ့ ကာဗွန်မော်လီကျူးတွေဟာ
ဒီ့ပြင် နည်းလမ်းတစ်ခုနဲ့ ပျက်စီးသွားကြရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြေဖို့လိုက်တဲ့ နေရာထဲမှာ အောက်စီဂျင် ပါဝင်ခြင်းမရှိလို့ပါ။
အဲဒီမှာ အောက်စီဂျင်မရှိပါဘူး။ သိပ်သည်းကျပ်ညပ်နေပြီး အိုက်လှောင်နေပါတယ်။
ခုနကမော်လီကျူးတွေဟာ မီသိန်းဓာတ်ငွေ့ ဖြစ်လာပါတယ်။
မီသိန်းဓာတ်ငွေ့ ဆိုတာက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထက်
(၂၅) ဆ ပိုပြီးပြင်းထန်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ တစ်မျိုးပါ။
ဒါကြောင့် ဘက်တီရီးယာပိုးနဲ့ ဆွေးမြေ့ပျက်စီးစေနိူင်တဲ့
ပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ ကျွန်မတို့ စွန့်ပစ်ထားတဲ့ ဆလပ်ရွက်နဲ့
ကုန်ပစ္စည်း ဟောင်းတွေဟာ
မြေဖို့ခြင်းနည်းနဲ့ အဆုံးသတ်သွားမယ် ဆိုရင်တော့
ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိူင်ပါတယ်။
အားလုံးမြင်တဲ့အတိုင်းပါပဲလေ။ အခုအခါမှာတော့
ရုပ်ကြွင်း လောင်စာစွမ်းအင် လိုအပ်မှုကို အစားထိုးနိုင်တဲ့
မီသိန်းဓာတ်ငွေ့ကို ထိန်းချုပ်ပြီး စွမ်းအင်ထုတ်လုပ်တဲ့
နည်းစနစ် လုပ်ငန်းတွေ ရှိလာပါတယ်။
ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ပါးနပ်ဖို့တော့လိုတာပေါ့လေ။
ကျွန်မတို့တွေဟာ ဖြစ်ပျက်နှင့်ပြီးဖြစ်တဲ့
အကြောင်းအရာ အမျိုးအစားတွေကို ဘယ်လို စတင်ပြီး အကောင်ဆုံး မြှင့်တင်ပေးနိူင်မလဲ ဆိုတာကို
ရှာဖွေဖေါ်ထုတ်ဖို့ လိုပါတယ်။ ဒီပြဿနာတွေကို သက်သာလာစေမယ့် နည်းစနစ်တွေနဲ့
ကူညီထောက်မမှုတွေကိုလည်း စတင်စီမံဖို့လည်းလိုအပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခုအခါမှာ လူတွေက ဘာလုပ်တတ်ကြလဲဆိုတော့ ကောက်ခါငင်ခါ နဲ့ ထတဲ့ပြီး
"ပလပ်စတစ်အိတ်တွေကို တားမြစ်ကြပါစို့၊ ကျွန်မတို့ လူတွေကို စက္ကူအိတ်တွေပေးမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ ဒါက ပတ်ဝန်းကျင်ကျင်အတွက် ပိုကောင်းပါတယ်။"လို့ ပြောတတ်ကြတာပဲ။
ဒါပေမယ့် ဒါကို အမှိုက်ပုံးထဲကို ပစ်လိုက်မယ်၊
သင်တို့ ဒေသမှာ အမှိုက်သရိုက်တွေကို မြေဖို့ခြင်းဟာ
သာမန် လုပ်ကိုင်နည်း တစ်ခုပဲဆိုရင်တော့
ကျွန်မတို့တွေဟာ ဒုက္ခနှစ်ထပ်ကွမ်း ဆိုတာမျိုးကို ကြုံရတော့မှာပါ။
ကျွန်မဟာ လုပ်ငန်းသဘာဝအားဖြင့် ထုတ်ကုန်ပစ္စည်း ဒီဇိုင်းပညာရှင်တစ်ယောက်ပါ။
ဒီနောက်မှာတော့ လူမှုရေးသိပ္ပံကို ထပ်ဖြည့်လေ့လာခဲ့ပါတယ်။
ဒီလိုနဲ့ လူသုံးကုန်တွေရယ်၊ ကျွန်မတို့အတွက် မရှိရင်ကို နေထိုင်မရနိုင်တာမျိုးဖြစ်လာတဲ့
ကျွန်မတို့ဘဝတွေကိုဖြည့်ဆည်းပေးလာကြတဲ့
လူသုံးကုန်တွေဟာ သဘာဝပတ်ဝန်းကျင်ကို
ဘယ်လိုမျိုး အကျိုးသက်ရောက်စေတယ် ဆိုတာကို
ကျွန်မ အရမ်းကို စိတ်ဝင်စားသွားပါတယ်။
အဲဒီအရာတွေဟာ ဆက်တိုက်ပြစ်မှု ကျူးလွန်သူတွေလိုပါပဲ။
ဒီအခန်းထဲမှာရှိတဲ့ လူတိုင်းမှာ ရေခဲသေတ္တာတစ်လုံးစီ ရှိကြတယ်ဆိုတာတော့
ကျွန်မအတတ်ပြောရဲတယ်။
ကျွန်မသိကြသလို အမေရိကမှာ ရေခဲသေတ္တာတွေ
တချိန်လုံး တိုးပွားလာနေခြင်းဟာ အံ့ဩရာကောင်းပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ရေခဲသေတ္တာတစ်လုံးရဲ့
ပုံမှန် အရွယ်အစားဟာ ပျမ်မျှအားဖြင့်
ထုထည်အားဖြင့် တစ်ကုဗပေ ပိုလို့ကိုကြီးလာပါပြီ။
ပြဿနာက ရေခဲ့သေတ္တာတွေ အခုအခါမှာ အရမ်းကိုကြီးလာလို့
ကျွန်မတို့ စားလို့မနိူင်တဲ့ ဒါမှမဟုတ် ရှာမတွေ့နိူင်တဲ့ အစားအသောက်တွေ
အလွယ်တကူနဲ့ ပိုပိုဝယ်လာကြပါတယ်။
ကျွန်မဆိုလိုတာက ကျွန်မဆီမှာ နှစ်နဲ့ချီပြီးရှိနေတဲ့
ရေခဲသေတ္တာနောက်ဘက်ပိုင်းက ပစ္စည်းတွေကိုပါ။ ဟုတ်ပါတယ်နော်။
ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကျွန်မတို့တွေဟာ အစားအသောက်တွေကို ပိုဖြုန်းတီးမိတာပေါ့။
ကျွန်မ အခုလေးတင် ရှင်းပြနေသလိုပဲ အစားအသောက်ဖြုန်းတီးမှုဟာ ပြဿနာတစ်ခုပဲပေါ့။
တကယ်ဆိုရင် ဒီအမေရိကမှာ အိမ်အတွက် ဝယ်ယူလိုက်တဲ့
အစားအသောက် (၄၀) ရာခိုင်နှုန်းဟာ အလဟဿ ဖြစ်သွားတာပါ။
ကမ္ဘာ့ အစားအသောက်ထုတ်လုပ်မှုရဲ့ထက်ဝက်ဟာ အလဟဿ ဖြစ်သွားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂကထုတ်ပြန်တဲ့ နောက်ဆုံး စာရင်းအင်တွေပါ။ အစားအသောက်တွေရဲ့ တစ်ဝက်အထိနော်။
ဒါက ရူးနှမ်းမှုပဲပေါ့။ တစ်နှစ်ကို တန်ချိန် ၁.၃ ဘီလီယံလေ။
ကျွန်မကတော့ ရေခဲသေတ္တာတွေကို အပြစ်ဖို့တယ်။
အင်း အထူးသဖြင့်တော့ အနောက်တိုင်း နိုင်ငံများထဲကပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ဒါက ပိုလွယ်တယ်လေ။
ပြောချင်တာက အများကြီးကို ရှုပ်ထွေးတဲ့ စနစ်တွေ အဲဒီထဲမှာ ပါဝင်ဖြစ်ပျက်နေတာကိုး။
ကျွန်မအနေနဲ့ သိပ်ပြီးတော့ ခပ်ပေါ့ပျက်ပျက် မဖြစ်စေချင်ဘူး။
ဒါပေမယ့် ဒါကိုဖြစ်စေတဲ့ အဓိကလက်သည်ကတော့ ရေခဲသေတ္တာဖြစ်ပြီးတော့
အဲဒီထဲကမှ တစ်ခုသော အစိတ်အပိုင်းကတော့ သူရဲ့အောက်ဘက်မှာရှိတဲ့
အအေးခန်း အကန့်လေးပဲပေါ့။
သင်တို့အားလုံးမှာ အဲဒီ အကန့်လေးတွေ ရှိတယ်မဟုတ်လား။
သင်တို့ ဆလတ်ရွက်တွေ ထည့်တဲ့ အကန့်လေးလေ။
ဆလတ်ရွက်တွေက အကန့်လေးတွေထဲမှာ
နူးအိပျော့ဖတ်သွားတတ်တယ်၊ မဟုတ်လား။
ဟုတ်တာပေါ့။ပျော့ပျော့၊ အိအိ ဆလပ်ရွက်တွေပေါ့။
U.K မှာဆိုရင်တော့ ဒါဟာ ဘယ်လောက်တောင် ပြဿနာ ဖြစ်လာသလဲဆိုတော့
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် အစိုးရထုတ်ပြန်ချက် တစ်ခုမှာတော့
U.K မှာ ဖြုန်းတီး စွန့်ပစ်ခံရတဲ့ စားစရာတွေ အထဲမှာ
နူးအိနေတဲ့ဆလပ်ရွက်တွေဟာ ဒုတိယအများဆုံး လို့တောင်ဆိုထားတယ်။
ဒါကို "နူးအိနေသော ဆလပ်ရွက် အစီရင်ခံစာ"လို့တောင် အမည်ပေးထားတယ်။
ကောင်းပြီ။ ဒါဆို ဒါဟာပြဿနာတစ်ခုပဲပေါ့၊ လူတွေလေ။
သနားစရာ ဆလပ်ရွက်ကလေးတွေဟာ ဘယ်ဘက်၊ ညာဘက်၊ အလယ်ဘက်
ပစ်ထုတ်ခံနေရရှာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအအေးခန်းအကန့်ဟာ တကယ်တမ်းကျတော့
ပစ္စည်းတွေကို ကြွပ်ပြီး လတ်ဆတ်နေအောင် လုပ်ဖို့ စီမံထုတ်လုပ်ထားတာ မဟုတ်လို့ပါ။
ကောင်းပါပြီ။ သင်လိုအပ်တာက ကျပ်ညပ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။
သင်လိုအပ်တာက သဘာဝအတိုင်းဖြစ်လာမယ့် ဆွေးမြေ့ပျက်စီးခြင်းကို
ဟန့်တားမယ့် လေဝင်လေထွက်မရှိတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။
ဒါပေမယ့် အအေးခန်းအကန့်မှာရှိတဲ့ အံဆွဲတွေကတော့
နည်းနည်းလေးပိုကောင်းအောင် လေလုံစွာ ပိတ်ထားတဲ့ အံဆွဲတစ်ခုပါပဲ။
ကျွန်မ အရမ်းအဖြစ်သည်းနေတာ သိသာနေပါပြီ။
ကျွန်မကို အိမ်ကိုလာလည်ဖို့ မဖိတ်ကြပါနဲ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဟာ
ရှင်တို့ရဲ့ ရေခဲသေတ္တာထဲကိုမွှေနှောက်ပြီး အခုလိုမျိုး လျှောက်ကြည့်နေတော့မှာလေ။
ဒါပေမယ့် တကယ့်တကယ်မှာ ဒါဟာပြဿနာတစ်ခုပါ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့တွေဟာ စနစ်ထဲကနေ ဆလပ်ရွက်လို တစ်ခုခုကို ဆုံးရှုံးသွားတဲ့အခါမှာ
ကျွန်မ ခုနကရှင်းပြခဲ့တဲ့ ဇီဝဓာတ်ချုပ်ငြိမ်းလို့ ရရှိတဲ့ အကျိုးသက်ရောက်မှုကိုသာမကပဲ
တကယ်တော့ အဲဒီဆလပ်ရွက်ကိုပါ စိုက်ပျိုးဖို့လိုတော့တာပေါ့။
ဆလပ်ရွက်ရဲ့ ဇီဝသံသရာ အကျိုးသက်ရောက်မှုဟာ အင်မတန်ကြီးမားပါတယ်။
ကျွန်မတို့တွေဟာ မြေကြီးကို ခုတ်ထွင်ရှင်းလင်းဖို့ လိုလာပါပြီ။
မျိုးစေ့တွေကို ပျိုးဖို့ မီးစုန်ဓာတ်တွေ၊
မြေဩဇာတွေ၊ အဟာရဓာတ်တွေ၊ ရေဓာတ်၊ နေရောင်ခြည်ဓာတ်တွေ လိုလာပါပြီ။
ဆလပ်ရွက်ထဲမှာ စုစည်းပေါင်းစပ်ပါဝင်တဲ့
အကျိုးသက်ရောက်မှုတွေ အားလုံးဟာ စနစ်ထဲကနေ ဆုံးရှုံသွားပါတယ်။
ဒါဟာဆိုရင် ရေခဲသေတ္တာထဲက စွမ်းအင် ဆုံးရှုံးမှုထက်
ပတ်ဝန်းကျင်ကို အရမ်းကိုပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ လေးနက်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတော့ မယ်ဆိုရင်
ဒီလိုအရာမျိုးကို အပြတ်အသတ် ပိုပြီး ကေင်းမွန်အောင် စီမံဖို့တော့ လိုပါတယ်။
ရေခဲသေတ္တာထဲမှာပါတဲ့ အအေးခန်းအကန့် နဲ့ အရွယ်အစားက စတင်နိူင်ပါတယ်။
ဒီခန်းမထဲမှာ ရေခဲသေတ္တာဒီဇိုင်းထုတ်တဲ့ သူတွေ ရှိနေရင်
ဒါဟာ သူတို့အတွက် ကြီးကျယ်တဲ့ အရာပါပဲ။
ပြဿနာကတော့ ပစ္စည်းတွေ ထုတ်လုပ်ပုံနဲ့ ပတ်သက်ပြီး ကျွန်မတို့တကယ်ပဲ
ပြန်လည်သုံးသပ်ဖို့ စတင်ကြတော့မယ်လို့ စိတ်ကူးမြင်ယောင်ကြည့်ကြပါစို့။
ဒါကြောင့်ကျွန်မ ရေခဲသေတ္တာကို ခေတ်မှီခြင်းရဲ့ သင်္ကေတအဖြစ် ကြည့်လိုက်မိတယ်။
ဒါပေမယ့် တကယ်တမ်းကျတော့ ရေခဲသေတ္တာတွေရဲ့ ပုံစံက
၁၉၅၀ နှစ်တွေကတည်းက သိပ်အများကြီး ပြောင်းလည်းသွားခြင်း မရှိပါဘူး။
မဆိုစလောက်ကလေးပါ။ အခြေခံအားဖြင့်တော့ သူတို့ဟာ ပုံးအကြီးကြီးတွေ၊
ကျွန်မတို့ ပစ္စည်းတွေ သိုလှောင်တဲ့ အအေးဓာတ်ပေးတဲ့ ပုံးတွေအဖြစ်နဲ့သာ ရှိနေဆဲပါ။
ကျွန်မတို့တကယ်ကိုပဲ ဒီပြဿနာတွေကိုရှာဖွေဖေါ်ထုတ်ပြီး၊
အဲဒါတွေကို ဖြေရှင်းနိူင်မယ့် ဆန်းသစ်ပြီး၊ အံဝင်ခွင်ကျဖြစ်မယ့်
ဒီဇိုင်းဆိုင်ရာ ဖြေရှင်းနည်းတွေရှာဖို့ အတွက်
စတင်ပြီး အသုံးပြုကြတော့မယ်လို့ စိတ်ကူးမြင်ယောင်ကြည့်ကြပါစို့။
ဒါဟာဆိုရင် ဒီဇိုင်းက ဦးဆောင်တဲ့ ပြောင်းလဲခြင်းပါ။
အရမ်းကို ပိုပြီး ရေရှည်တည်တံ့ နိူင်တဲ့ စနစ်မျိုးကို
ဒီဇိုင်းကနေပြီး အဆုံးအဖြတ်ပေးသွားမှာပါ။
အစားအစာတွေ (၄၀) ရာခိုင်နှုန်း ဖြုန်တီးခံရမှုဟာ အဓိကပြဿနာတစ်ခုပါ။
ဒီပမာဏကို ထက်ဝက်လျှော့ချပေးနိူင်တဲ့ ရေခဲသေတ္တာကို ကျွန်မတို့ ပုံစံထုတ်နိုင်ရင်ရော...
ကျွန်မ စိတ်ဝင်စားတဲ့ နောက် ပစ္စည်းတစ်ခုကတော့
လျှပ်စစ် ရေနွေးကရားပါ။
ကျွန်မသိရသလောက်
ဒီနိူင်ငံကလူတွေ ရေနွေးကရား မသုံးကြဘူးဆိုတာပါပဲ။ အဲဒါ တကယ် အဟုတ်ပဲလား။
ဒါပေမယ့် U.K မှာတော့ တော်တော်ကြီးကိုသုံးပါတယ်။
U.K မှာရှိတဲ့ အိမ်ထောင်စု (၉၇) ရာခိုင်နှုန်းကတော့
လျှပ်စစ်ရေနွေးကရား တစ်လုံးစီတော့ ပိုင်ဆိုင်ကြပါတယ်။
ဒါကြောင့် ဒါတွေကို လူကြိုက်များကြတယ်။
ကျွန်မပြောချင်တာက ကျွန်မသာ ဒီဇိုင်းထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ တွဲလုပ်တာပဲဖြစ်ဖြစ်
ဒါမှမဟုတ်လည်း ဒီဇိုင်းပညာရှင် အနေနဲ့ဖြစ်ဖြစ်ပေါ့၊
နောက်ပြီးတော့လည်း ဂေဟစနစ်နဲ့လည်း သဟဇာတဖြစ်တာမျိုး ထုတ်လုပ်ချင်သေးတယ်ဆိုပါစို့။
သူတို့ဟာ ထုံးစံအတိုင်း ကျွန်မကိုအကြောင်းအရာ (၂) ခုကို မေးပါလိမ့် မယ်။
သူတို့မေးကြမှာက "လေးလာ၊ ငါတို့ ဒါကို နည်းပညာပိုင်းအအရ ထိရောက်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ" ဆိုတာမျိုးပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ဒီထုတ်ကုန်အတွက် စွမ်းအင်က ပြဿနာတစ်ခုဖြစ်နေတာ သိသာထင်ရှားနေလို့ပါ။
ဒီလိုမဟုတ်လည်း "ဒါကို စိမ်းလန်း ပစ္စည်းမျိုး ဖြစ်လာအောင် ကျွန်ုပ်တို့ဘယ်လိုပြုလုပ်ရမလဲ။"
" ဒီပစ္စည်းတွေ ထုတ်လုပ်တဲ့ နေရာမှာ ပတ်ဝန်ကျင် မထိခိုက်အောင်
ဘယ်လိုများထုတ်လုပ်ရမလဲ။" ဆိုတာမျိုးတွေပေါ့။
ဒီကလူတွေကော ဒိလိုမျိုးမေခွန်းတွေ ကျွန်မကို မေးကြဦးမှာလားရှင်။
သူတို့မေးတာက သဘာဝကျပုံရပါတယ်။ ဟုတ်တယ်မို့လား။
ဟုတ်တာပေါ့။ ကောင်းပြီ၊ ကျွန်မအနေနဲ့ ပြောမိမှာက "ရှင်တို့တွေက မဆိုင်တဲ့ ပြဿနာတွေကို အာရုံစိုက်နေတယ်"လို့ပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ပြဿနာက အသုံးပြုတာနဲ့ ဆိုင်တာပါ။
ဒီကုန်ပစ္စည်းကို လူတွေဘယ်လို အသုံးပြုကြသလဲ ဆိုတာနဲ့သာဆိုင်တာပါ။
(၆၅) ရာခိုင်နှုန်းသော ဗြိတိန်မှာရှိတဲ့ လူတွေက
သူတို့တွေ လက်ဖက်ရည် တစ်ခွက်ပဲဖျော်ဖို့လိုတဲ့ အခါမှာ ရေနွေးကရာအိုးကို
ပြည့်လျှံနေအောင် ဖြည့်မိတတ်ကြတယ် ဆိုတာကို ဖွင့်ဟဝန်ခံကြပါတယ်။
ဒီအပိုဖြည့်လိုက်မိတဲ့ ရေအကုန်လုံးကို ကျိုချက်ရာမှာ
စွမ်းအင်လိုအပ်ပါတယ်။ ရေနွေးကရာအိုးတွေကို တစ်နေ့တာ
ကျိုချက်ဖို့ အသုံးပြုရတဲ့ အပိုစွမ်းအင် ပမာဏဟာ
အင်္ဂလန်မှာရှိတဲ့ လမ်းမီးတိုင်တွေ
တစ်ညတာ မီးထွန်းဖို့အတွက် လုံလောက်တယ်လို့
တွက်ချက်ခန့် မှန်းထားကြတယ်။
ဒါပေမယ့် တတယ့် ကိစ္စကို ပြောချင်ပါတယ်။
ဒါကို ကျွန်မက "ကုန်ပစ္စည်း ထုတ်လုပ်သူရဲ့ ပျက်ကွက်ခြင်း"လို့ခေါ်ပါတယ်။
ထုတ်ကုန်စနစ် ဆုံးရှုံးမှု တစ်ခုက ရှိနေပေမဲ့ ကျွန်မတို့ဆီမှာက ဒီငနဲလေးတွေနဲ့ ဆက်ပြီးစခန်းသွားနေရမှာပါ
သူတို့ဟာ နေရာအနှံ့ မှာရှိနေတတ်ပြီး၊ သူတို့ရှိနေမှန်းကို သင်တို့ သတိတောင်ထားမိမှာ မဟုတ်ဘူး။
ဟောဟိုမှာ ငနဲကတစ်ကောင်၊ သတိထားမိပါတယ်။ သူ့နာမည်က ဆိုင်မွန်ပါ။
U.K မှာရှိတဲ့ အမျိုးသား လျှပ်စစ်ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ပါတယ်။
သူ့အလုပ်က လူတိုင်းရဲ့အိမ်တွေကို စွမ်းအင် အလုံအလောက်ရစေဖို့
ပင်မစနစ်ထဲကို ဝင်လာတဲ့ လျှပ်စစ်ဓာတ်အားတွေကို
စောင့် ကြည့်စစ်ဆေးရတဲ့ အလုပ်ဆိုတော့
အတော့်ကို အရေးပါတဲ့ အလုပ်ပါ။
သူရောပဲ ရုပ်မြင်သံကြား ကြည့်နေတယ်လေ။
အကြောင်းရင်းကတော့ တစ်မူထူးခြားတဲ့
ဖြစ်ရပ်တစ်ခု U.K မှာဖြစ်နေပါတယ်။
အရမ်းကို လူကြိုက်များတဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ ပြီးဆုံးချိန်မှာပေါ့။
စီးပွားရေးကြော်ငြာတွေ ဝင်လာတဲ့ မိနစ်ပိုင်းမှာပေါ့။
ဒီလူက ပြင်သစ်ကနေ နျူးကလီယားစွမ်းအင်ကို
အပြေးအလွှား လိုက်ဝယ်ရသေးတယ်။
ဘာဖြစ်လို့ လဲဆိုတော့ တစ်ချိန်တည်းမှာပဲ
လူတိုင်းက သူတို့ရဲ့ ရေနွေးအိုးတွေကို တည်နေကြတာမို့လို့ပါ။
(ရယ်သံများ)
တစ်သန်းခွဲမျှရှိတဲ့ ရေနွေးအိုးတွေလေ၊ စိုးရိမ်ရတဲ့ ပြဿနာပေါ့။
ဒီတော့ သင်တို့ဟာ ရေနွေအိုးတွေကို ပုံစံထုတ်တော့မယ်လို့ စိတ်ကူးကြည့်လိုက်ပါ။
ဒီစနစ် ချွတ်ယွင်းမှု အားလုံးကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုတော့ သင်တို့ တကယ်ကို တွေ့ မှာပါ။
ဘာဖြစ်လို့လဲဆိုတော့ ဒါက စနစ်အပေါ်ကို
သက်ရောက်နေတဲ့ ကြီးမားတဲ့ ဖိအားပမာဏ တစ်ခုဖြစ်နေလို့ပါ။
ဘာဖြစ်လို့လဲဆိုတော့ ထုတ်ကုန်တစ်ခုဟာ ကမ္ဘာပေါ်မှာတည်ရှိလာတဲ့အခါ
ရှိလာမယ့် ပြဿနာကို မတွေးမိခဲ့ကြလို့ပါပဲ။
အခု ကျွန်မက ဈေးကွက်ထဲက ရေနွေးကရား အမျိုးမျိုးကို လေ့လာလျက်
အနည်းဆုံးဖြည့်ရမယ့် အမှတ်အသားလိုင်းတွေကို လိုက်ကြည့်ပါတယ်။
လက်ဖက်ရည်တစ်ခွက် ဖျော်ဖို့ ရေပမာဏ အတွက်
ရေဘယ်လောက်ဖြည့်ဖို့ လိုမယ်ဆိုတာနဲ့ ပတ်သက်ပြီး
(၂) ခွက်နဲ့ (၅) ခွက်ခွဲ အကြားလောက် ပဲလိုတဲ့ အကြောင်းကို
ဖေါ်ပြပေးထားတဲ့ အချက်အလက် ကလေးပါ။
ဒီမှာတွေ့ရတဲ့ ရေနွေးကရားကတော့
ထည့်စရာ နေရာ နှစ်ခုပါတဲ့ နမူနာတစ်ခုပါ။
တစ်ခုက ကျိုချက်တဲ့ အခန်းကလေးဖြစ်ပြီး
နောက်တစ်ခုကတော့ ရေထည့်စရာဆိုပါတော့။
အမှန်တကယ်တော့ အသုံးပြုသူဟာ ဒီခလုပ်ကလေးကိုနှိပ်ပြီးတော့
ရေနွေးကို ကျိုချက်ရတာပေါ့။
ဆိုလိုတာက ကျွန်မတို့အားလုံးဟာ ပျင်းရိတဲ့အတွက်ကြောင့်ပါ။
သင့်အနေနဲ့က လိုအပ်တဲ့ ပမာဏကို တိတိကျကျ ဖြည့်ရုံသက်သက်ပါ။
ဒါကို ကျွန်မကတော့ "အအလေ့အထ ပြောင်းလဲရေး ထုတ်ကုန်" လို့ခေါ်ပါတယ်။
ပြဿနာတွေကို ကြားဝင်ပြီး ကြိုတင်ဖြေရှင်းတဲ့
ထုတ်ကုန်တွေ၊ စနစ်တွေ၊ ဝန်ဆောင်မှုတွေပေါ့။
ကဲကဲ ဒါကတော့ နည်းပညာ ပွဲခင်းတစ်ခုပေါ့။
ဒိပစ္စည်းတွေဟာ တော်တော်လေး လူကြိုက်များတာ အသိသာကြီးပါ။
ဒါပေမယ့် ကျွန်မ စဉ်းစားမိတာက လောလောဆယ်
ကျွန်မတို့ အခုလို လုပ်နေကျ အဆမတန်မြင့်မားတဲ့
နှုန်းအတိုင်း ဒီပစ္စည်းမျိုးတွေကို ဆက်လက်ပြီး
ဒီဇိုင်းထုတ်လိုက်၊ ဝယ်လိုက်၊ လွင့်ပစ်လိုက် လုပ်နေကြဦးမှာလားဆိုတာကိုပါ။
လက်ရှိလောလောဆယ် ကမ္ဘာကြီးပေါ်မှာ
နေထိုင်နေကြတာက လူဦးရေသန်းပေါင်း (၇) ထောင်ရှိပါတယ်။
မနှစ်ကအတိုင်းဆိုရင် မိုဘိုင်းဖုန်း သုံးသူ စာရင်းက
သန်းပေါင်း (၆) ထောင်ရှိပါတယ်။
နှစ်စဉ်နှစ်တိုင်း ထုတ်လုပ်ထွက်ရှိလာတဲ့
မိုဘိုင်းဖုန်း အရေအတွက်က သန်း (၁၅၀၀) ရှိပြီးတော့
တစ်ချို့ကုမ္ပဏီတွေက ထုတ်ပြန်ကြေညာတာက သူတို့ထုတ်လုပ်တဲ့
ဖုန်းအရေအတွက်က လူတွေရဲ့ မွေးဖွားနှုန်း ထက်တောင် ပိုများနေပါတယ်။
မနှစ်တုန်းကဆိုရင် အမေရိကန်ပြည်ထောင်စုမှာ စွန့်ပစ်လိုက်တဲ့ ဖုန်းတွေ (၁၅၂) သန်းရှိပါတယ်။
အဲဒီအထဲက (၁၁) ရာခိုင်နှုန်းကိုပဲ ပြန်ပြီး အသစ်ပြန်ထုတ်လုပ်ခဲ့တာပါ။
ကျွန်မက ဩစတြေးလျကပါ။ ကျွန်မတို့ဆီမှာ လူဦးရေ (၂၂)သန်းရှိပါတယ်။ မရယ်နဲ့နော်။
ပြီးတော့ ဖုန်းအလုံးရေ (၂၂) သန်းဟာ
လူတွေရဲ့ အံဆွဲတွေထဲမှာ ရှိနေကြတယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းရေး နည်းလမ်းတွေ ကျွန်မတို့ ရှာဖို့ လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စတွေက တော်တော်ရှုပ်ထွေးလွန်းပါတယ်။
သူတို့ အထဲမှာကိုက မြုွပ်နှံထားတာတွေ အများကြီးပါ။
ရွှေပဲပေါ့။ အခုအခါမှာ တန်နဲ့ချီတဲ့ ရွှေရိုင်းတွေထက်
တန်နဲ့ချီပြီးရှိနေတဲ့ မိုဘိုင်းဖုန်းအဟောင်း ကနေ ရွှေကို ရယူရတာ
တကယ်ပဲ အရမ်းကြီးကို ပိုပြီးဈေးပေါတယ်ဆိုတာ သင်တို့သိကြရဲ့လား။
ဒီအရာတွေထဲမှာ အလွန်အမင်းကို ရှုပ်ထွေးပြီး၊ တန်ဖိုးကြီးမားတဲ့
ပစ္စည်းတွေ ပါဝင်လျက် ရှိနေပါတယ်။
ဒါကြောင့် တစ်စစီ ပြန်လည်ဖြုတ်ထုတ်ရေးကို အားပေးဖို့ နည်းလမ်းတွေ ရှာဖွေဖို့လိုပါတယ်။
အဲဒီလို မဟုတ်ရင် ဒါက ဒီလို ဖြစ်ပျက်နေတာမို့လို့ပါ။
ဂါနာမှာရှိတဲ့ အသိုက်အဝန်း တစ်ခုကို ဖေါ်ပြနိုင်ပါတယ်။
ကုလသမဂ္ဂက အစီရင်ခံစာအရ
e-waste ဒါမှဟုတ် လျှပ်စစ် စွန့်ပစ်ပစ္စည်းနဲ့ ပတ်သက်ပြီး
တန်ပေါင်း သန်း(၅၀) အထိ တရားမဝင် ကုန်ကူးမှုရှိနေတာကြောင့်ပါ။
ဒါကတော့ သူတို့တွေ ရွှေ နဲ့
တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ရယူပုံပါ။
သူတို့တွေဟာ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေကို လေဟာပြင်ထဲမှာ
မီရှို့လိုက်ပါတယ်။
ဒါတွေကတော့ လူ့ အသိုက်အဝန်းတွေပါ။ ဒါမျိုးက ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပျက်နေတာပါ။
ကျွန်မတို့တွေဟာ ဒီဇိုင်းပညာရှင်များ အဖြစ်၊ စီးပွားရေးသမားတွေအဖြစ်၊
စားသုံးသူတွေအဖြစ်နဲ့ ကိုယ်ရွေးချယ်လိုက်တာတွေရဲ့
အကျိုးဆက်တွေကို နားမလည်တာကြောင့်
ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွားနေပြီးတော့
အဲဒီလို လူတွေက နေထိုင်နေကြတာပါ။
ဒါကြောင့် ကျွန်မတို့ဟာ ဒီကမ္ဘာကြီးမှာ ရေရှည် နေထိုင်ဖို့လိုကြရင်တော့
ပိုပြီး ပါးနပ်တဲ့၊ နည်းစနစ်ကို ပိုပြီး အခြေခံတဲ့၊
ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖို့လိုအပ်ပါတယ်။
ဒါကြောင့် သင် ဖုန်းအသစ ္ဝယ်တဲ့ အကြောင်းကို စိတ်ကူးကြည့်ရအောင်။
သင့်ရဲ့ ဖုန်းအဟောင်းကို အစားထိုး လဲလှယ်လိုက်တဲ့ အတွက်ကြောင့်
လူတွေဟာ ပျမ်းမျှအားဖြင့် သူတို့ ရဲ့ဖုန်းတွေကို
တစ်နှစ်ကျော် တစ်နှစ်ခွဲလောက်အကြာမှာ လဲလှယ်ကြတယ်ဆိုတော့၊
ဒီလိုပဲ ကျွန်မတို့ဟာ မိုဘိုင်ဖုန်းလဲလှယ်မှုကို မြင့်မားတဲ့နှုန်းနဲ့
ဆက်လက်ပြီး လုပ်နေဦးမယ်ဆိုရင် ဒီစနစ်ကိုယ်နှိုက်ကို
အစအဆုံး ကွင်းဆက်ပုံစံ ပိတ်ဖို့ ကြိုးပမ်းသင့်ပါတယ်။
ဒီဖုန်းတွေကို ထုတ်လုပ်သူတွေ အနေနဲ့၊
ဒီအခန်းထဲမှာကို တစ်ချို့ရှိနေတယ် ဆိုတာကိုလည်း ကျွန်မ သေချာပါတယ်၊
သူတို့တွေဟာ ပတ်လည်ကွင်းဆက် စနစ်များလို့ ကျွန်မတို့ ခေါ်တာကို
ဒါမှမဟုတ် ထုတ်ကုန် စနစ် ဝန်ဆောင်မှုတွေကို ကြည့်ရှုစစ်ဆေးဖို့ လိုနေပါတယ်။
ဒီလိုနဲ့ ဈေးကွက်ရဲ့ တောင်းဆိုမှု တစ်ခုရှိနေတာကိုရယ်၊ ပြီးတော့
ဒီ ဈေးကွက်ရဲ့ တောင်းဆိုမှုက သူဘာသာသူ ပျောက်သွားမှာ မဟုတ်တာမို့လို့
ကျွန်မတို့ဟာ ဒီပြဿနာကို ဖြေရှင်းပေးမယ့် ထုတ်ကုန်မျိုးကို ဒီဇိုင်းဆွဲရပါမယ်။
တစ်စစီ ဖြုတ်ပစနိုင်ဖို့ ဒီဇိုင်းဆွဲဖို့၊ ပေါ့ပါးဖို့အတွက် ဒီဇိုင်းဆွဲရပါမယ်။
အခုအခါမှာ ဒီလိုမျိုး မဟာဗျူဟာ တစ်ချို့ ကို
Tesla Motors ရဲ့ ကားတွေမှာ သုံးနေတယ်လို့ ကျွန်မ ကြားရပါတယ်။
ဒီလိုမျိုး ချဉ်းကပ်မှုတွေဟာ မခက်လှပေမယ့်
စနစ်ကို နားလည်လျက်
အလားအလာရှိကာ ဈေးကွက်က မောင်းနှင်ပေးမယ့်
စားသုံးသူ လိုအပ်ချက်ဆိုင်ရာ အခြားရွေးပိုင်ခွင့်တွေကို ရှာကြံကြမှသာ
ကျွန်မတို့ဟာ ရေရှည် တည်တံ့ ရပ်တည်ရေး အစီအစဉ်ကို
အခြေခံကျကျ ပြောင်းလဲမှုကို စတင်နိူင်ကြမှာပါ။
ကျွန်မဟာ သင်တို့ အားလုံးအား ဒါတွေကို အသေးစိတ် ထောက်ပြရတာကို မုန်းပါတယ်။
စားသုံးမှုဟာ အကြီးမားဆုံး ပြဿနာပါ။
ဒါပေမယ့် ဒီဇိုင်းကတော့ အကောင်းဆုံး ဖြေရှင်းနည်းတွေထဲက တစ်ခုပါ။
ဒီပစ္စည်းမျိုးတွေက နေရာတိုင်းမှာ ရှိကြပါတယ်။
ဒါတွေကို ထုတ်လုပ်ပုံ အခြားရွေးစရာ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ခြင်းအားဖြင့်
ကျွန်မတို့တွေ တကယ့်ကိုပဲ ဆန်းသစ်တီထွင်မှုကို စတင်နိူင်ပါတယ်။
ကျွန်မပြောတာ တကယ့်ကိုပဲ ဆန်းသစ်တီထွင်မှု စတင်ဖို့ကို ပြောနေတာနော်။
ဒီခန်းမထဲက လူတွေဟာ အရမ်းကို ဆန်းသစ်တီထွင်လိုကြမှန်း ကျွန်မ သေချာပါတယ်။
ဒါပေမယ့် ရေရှည်တည်တံ့မှု ဆိုတာကို
ကန့်သတ်ဘောင်တစ်ခုအဖြစ် အသုံးပြုလျက်၊ နည်းစနစ်ကို အခြေခံတဲ့
ဖြေရှင်းနည်းတွေကို ရှာကြံမှုကို အားပေး လုပ်ဆောင်ရာဖို့ လိုတာပါ၊
ကျွန်မ ဒီရိုးရှင်းတဲ့ ပစ္စည်းတွေရဲ့ သာဓကများဖြင့် ပြသခဲ့သလို
ခုနက အချက်တွေအားလုံးဟာ ဒီ အဓိကပြဿနာတွေထဲမှာ ပါဝင်ပတ်သက်နေလို့ပါပဲ။
ဒီတော့ ကျွန်မတို့အနေနဲ့ ကျွန်မတို့ ထုတ်လုပ်ပေးလိုက်တဲ့ ပစ္စည်းတွေရဲ့
သက်တမ်း တစ်လျှောက်လုံးကို ပိုင်းခြား ကြည့်ဖို့တော့ လိုအပ်တာပေါ့။
သင်ဟာ ရွေးစရာဆိုလို့ စက္ကူ ဒါမှမဟုတ် ပလပ်စတစ် ရှိခဲ့ရင်၊
ပြန်ပြီး အသုံးပြုလိုရတာက ပိုမိုပြီး အကျိုးရှိတာ ထင်ရှားလှတာတောင်၊
စက္ကူက ပိုဆိုးတယ်လို့ ပြောချင်တာပေါ့။
စက္ကူက ပိုဆိုးတယ်လို့ ဆိုရတာက
အဲဒါက ပလပ်စတစ်နဲ့စာရင် (၄) ဆကနေ (၁၀) ဆအထိ ပိုလေးတယ်။
တကယ်တမ်း ပလပ်စတစ် (၁) ကီလိုနဲ့ စက္ကူ (၁) ကီလိုကို
ဇီဝ သံသရာ အမြင်ကနေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊
စက္ကူ (၁) ကီလိုက အပြတ်အသတ် ပိုကောင်းတာပေါ့။
ဒါပေမယ့် ပလပ်စတစ်အိတ် ဒါမှမဟုတ် စက္ကူအိတ် တစ်အိတ်စီရဲ့ အသုံးဝင်ပုံအရ
စားသောက်ကုန်တွေကို အိမ်ကို သယ်ယူဖို့ကျတော့ ခုနကလို ပစ္စည်းတစ်ခုစီရဲ့ (၁)ကီလိုနဲ့ မပြီးနိုင်ပါဘူး။
အဲဒါ့အတွက် အရမ်းကို နည်းပါးတဲ့ ပလပ်စတစ်နဲ့ လုပ်ရနိုင်ပေမဲ့
စက္ကူကျတော့ တော်တော်လေးကို ပိုပြီးသုံးဖို့ လိုတယ်။
အသုံးဝင်မှုကသာ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်ကို သတ်မှတ်ပြဋ္ဌာန်းပေးတာ မို့လို့ပါ။
နောက်ပြီးတော့ စောစောပိုင်းက ကျွန်မပြောခဲ့သလို ဒီဇိုင်းပညာရှင်တွေက ပတ်ဝန်းကျင်အတွက် ကောင်းတဲ့ ပစ္စည်းတွေကိုပဲ တောင်းခံလေ့ ရှိကြပါတယ်။
သင်တို့ အနေနဲ့ လုံး၀ ရှောင်ကြဉ်ရမယ့် ပစ္စည်းဆိုလို့ အနည်းအကျဉ်းလောက်ပဲရှိတာကို ကျွန်မပြောလိုပါတယ်။
ကျန်တာတွေကတော့ အသုံးပြုပုံပေါ် မူတည်တာပါ။
နောက်ဆုံးမှာတော့ စီးပွားရေး စနစ်ကြီး တစ်ခုထဲမှာ ကျွန်မတို့ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်လိုက်သမျှ အားလုံးဟာ
စားသုံးသူအနေနဲ့ဝယ်ယူတာတွေဟာ၊ အသုံးပြုရန် အတွက်ပဲ ဖြစ်တာကိုး။
ကျွန်မတို့တွေ တစ်ခုခုကိုလိုချင်ကြတာမို့လို့ ကျွန်မတို့ အဲဒါကို ဝယ်ကြတယ်။
ဒါကြောင့် အရာတွေ အားလုံးကို ခွဲခြမ်း ဆန်းစစ်လျက်၊
နောက်ပြီး သပ်သပ်ရပ်ရပ်၊ကျကျနန အိမ်တိုင်ရာရောက်ပို့ပေးတာတို့၊
စနစ် တစ်ခုလုံး နဲ့ အရာဝတ္ထုရဲ့ သက်တမ်း တစ်ခုလုံးကို အရာရာတိုင်းကို
ထုတ်ယူပုံမှအစ သက်တမ်းအဆုံးအထိ ခြေရာပြန်ကောက်ယူကာ ထည့်စဉ်းစားထားတဲ့
ကျော့ရှင်း လှပတဲ့ ထုတ်လုပ် ဖြန့်ဖြူးရေး နည်းလမ်းတွေကို ရှာကြံကြမှသာ
ကျွန်မတို့တွေ အမှန်တကယ်ကို ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို စပြီး တွေ့လာနိူင်တော့မှာပါ။
တစ်လောက ကျွန်မနဲ့ တွဲလုပ်ခဲ့တဲ့ ဝါရင့် ဒီဇိုင်းပညာရှင် တစ်ယောက်က
ကျွန်မကို ပြောခဲ့တာလေးတစ်ခုကို သင်တို့အား တိုတိုလေးနဲ့ ပြောပြရင်း အဆုံးသတ်ပါတော့မယ်။
"ဘယ်လိုဖြစ်လို့ ရှင်က ရေရှည်တည်တံ့မှုဆိုတာကို မလုပ်တာလဲ။ အဲဒါကို ရှင်သိတာ ကျွန်မ သိတာပေါ့။" ကျွန်မ မေးကြည့်ခဲ့တယ်။
သူဖြေလိုက်တာက "ကောင်းပြီ၊ မကြာသေးခင်တုန်းက၊ ဖောက်သည်တစ်ယောက်အား ရေရှည်တည်တံ့မှုဆိုင်ရာ ပရောချက်ဂျက်တစ်ခုကို ဝယ်ဖို့ ကျွန်တော် ဆော်ဩခဲ့တယ်။
သူက ကျွန်တော့်ကို ပြန်ပြောလာတာက
ဒါဟာ အကုန်အကျ ပိုပြီး နည်းမယ်ဆိုတာကို ကျွန်တော် သိပါတယ်၊
ပိုပြီး ရောင်းကောင်းမယ် ဆိုတာလည်း ကျွန်တော် သိပါတယ်၊
ဒါပေမဲ့ ကျွန်တော်တို့ဟာ ရှေ့ဆောင်တီထွင်သူတွေ မဟုတ်ကြပါဘူး။ ရှေ့ဆောင်တီထွင်သူတွေရဲ့ ကျောတွေမှာ မျှားတွေစိုက်လျှက်ကြီးနဲ့ မို့လို့ပါ။ " တဲ့လေ။
ကျွန်မ အထင်အရ ကျွန်မတို့ ဆီမှာ ရှေ့ဆောင်တီထွင်သူတွေ တစ်ခန်းလုံး အပြည့်ရှိပါတယ်။
အပြင်မှာလည်း နောက်ထပ် အများကြီး ရှိကြသေးတယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မတို့ လိုအပ်နေလို့ပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)