29/100 ကို ဒဿမကိန်းနဲ့ ရေးကြရအောင်၊ ဒီတော့ ကျွန်တော်တို့ 29 ပုံ 100 ပုံ ကို စပြီး ခွဲထုတ်လိုက်ကြရအောင် နေရာတန်ဖိုးတွေ ရနိုင်တဲ့ အထိ။ နေရာတန်ဖိုးများသည် ပြောင်းလဲရန် ငါတို့ကိုကူညီပေးပါလိမ့်မယ် ဒဿမကိန်း အဖြစ် ရေးဖို့ရန်။ 29/100ကို ငါတို့ ခွဲနိုင်တယ် 20/100 အပေါင်း 9/100 ၊ 20/100 အပေါင်း တစ်ရာ နေရာက ကိုး ဟာ 29/100 နှင့် ညီမျှတယ်၊၊ ဒီတော့ ငါတို့က အဲဒါကို ခွဲကြည့်မယ် ဆိုရင် ဒါဟာ 29/100 နှင့် ညီမျှနေသေးတယ်။ ငါတို့က အဲဒါကို နေရာတန်ဖိုးတွေ ရအောင် ခွဲရုံပဲ။ အဲဒီကနေ ငါတို့စမယ်ဆိုရင် ပိုလို့တောင် ရိုးရှင်းနိုင်ပါတယ်။ 20/100 ကို ရှင်းသွားအောင် လုပ်နိုင်ပါတယ်။ 20 နဲ့ 100 မှာ 10 ကိုချေလိုက်မယ်။ ဒီတော့ 2/10 အပေါင်း 9/100 လို့ ရလာမယ်။ ပြောရမယ် ဆိုရင် ဆယ်ဂဏန်း၊ ရာဂဏန်း၊ ဒီအရာများသည် ငါတို့အသိအမှတ်ပြုရမဲ့ ဒဿမကိန်း နေရာတန်ဖိုးများဖြစ်သည်။ ဒီတော့ ဒီမှာပြထားတဲ့ 29/100 က ဆယ်ပုံနှစ်ပုံ အပေါင်း တစ်ရာပုံကိုးပုံ နှင့် ညီမျှသည်။ ဒီတေ့ ဆယ်ပုံနှစ်ပုံ ဟာ 2/10 နှင့် ညီသလို တစ်ရာပုံကိုးပုံ ဟာ 9/100 ‌ဖြစ်တယ်။ ဒါကိုယူပြီး နေရာတန်ဖိုးတွေကို တွေးကြည့်လို့ရတယ်။ ငါတို့မှာ ဒဿမ ရှိရင်၊ ဒဿမကို အရင်ထည့်ကြည့်ရအောင်။ ဒဿမ၏ဘယ်ဘက်က ဒီနေရာမှာ ခုတန်ဖိုးတစ်ခု ရှိတယ်။ ငါတို့မှာ ထည့်စရာ မရှိတေ့ာ သုညကို ထားမယ်။ သုည ပြီးတေ့ာ နောက်က တစ်ဆယ်နေရာ တစ်ဆယ်နေရာအတွက် ငါတို့မှာ 2 ရှိတယ်။ ပြီးရင်၊ နောက် နေရာတန်ဖိုးက ရာဂဏန်း၊ ဒီတေ့ာ ငါတို့မှာ ရှိတာက ရာဂဏန်း ကိုး။ ဒါကြောင့် ကိုး ကို ရာဂဏန်းနေရာမှာ ထားမယ် ။ ဒါကြောင့် ဒီမှာ၊ 0.29 သို့မဟုတ် တစ်ရာပုံ 29 ပုံ။ အပိုင်းကိန်း 29/100 နှင့် ညီမျှသည်။ ပြီးတော့ ဒါတွေက ဘယ်လိုပြောလဲ နားထောင်ကြည့်လိုက်ပါ။ ဒါဟာ ငါတို့ ကောင်းကောင်းလုပ်ခဲ့တဲ့ သဲလွန်စ တစ်ခုပါပဲ။ တစ်ရာပုံ29ပုံ သည် 29/100 နှင့် ညီမျှသည်။ အပိုင်းကိန်းနှင့် ဒဿမကိန်း နှစ်ခုလုံးကို တူညီသောနည်းဖြင့် ဖတ်သည်။ ဒါ တော်တော်ကောင်းတဲ့ သဲလွန်စပဲ၊ ဒါတွေကို မှန်အောင် ပြန်ရေးနိုင်မှ ဖြစ်မယ်။ ဒီတော့ 0.29 က 29/100 နဲ့ ညီတယ်။ နောက်တစ်ခု စမ်းကြည့်ရအောင်၊ တစ်ခုခု ပေ့ါ 53/10 ဆိုပါစို့။ ဒါကို ထပ်ပြီး ခွဲမယ်။ 50/10 အပေါင်း ဆယ်ပုံဘယ်နှစ်ပုံ ကျန်မလဲ၊ နောက်ထပ် ဆယ်ပုံသုံးပုံ ကျန်သေးတယ်။ နောက်တခေါက် ရှင်းသွားအောင်၊ ငါတို့ ဒါကို ထပ်ရှင်းမယ်။ 50/10 မှာ 10 ကိုချေလိုက်မယ်။ ဒီတော့ 50/10 အစား 5/1 ရလာမယ် ဒ့ါအပြင်၊ ငါတို့မှာ 3/10 ရှိပါသေးတယ်။ ယခု ငါတို့ ဒီနေရာရဲ့ တန်ဖိုး ရရှိလာပြီ။ တစ်ပုံငါးပုံက ၅/၁၊ အပေါင်း 3/10 က ဆယ်ပုံသုံးပုံ။ ဒီတော့ ဒဿမကိန်းကို တွက်ကြည့်ရအောင်၊ ဒီနေရာက ဒဿမ၏ ဘယ်ဘက် ငါတို့မှာ ခုနေရာ ငါးရှိတယ်။ ဒဿမ၏ ညာဘက် တစ်ဆယ်နေရာမှာ သုံး ရှိတယ်။ ဒီတော့ 5.3 သို့မဟုတ် ငါး ဒသမ သုံး သည် 53/10 နှင့် ညီမျှသည်။ 53/10 ကို ဒဿမနဲ့ ရေးရင်၊ 5.3 ဆိုတော့ ငါး ဒသမ သုံး ရမယ် ၊ ငါတို့ဒီမှာပြထားသလို ခုနေရာငါးနှင့် ဆယ်နေရာ သုံး ပါ။