Ebony Roberts အဖေက အမေ့ခေါင်းကို
သေနတ်နဲ့ ထောက်ထားတာ
မှတ်မိတယ်။
အမေက သေနတ်ကိုအောက်ချဖို့ တောင်းပန်ပေမဲ့
အဖေက လက်မခံဘူး
အမေက ချက်ချထားတဲ တံခါးဆီပြေးသွားတော့
အဖေက ကပ်လိုက်သွားတယ်။
အပြင်ဘက် ရောက်တာနဲ့
တစ်ချက်တည်း ပစ်ချလိုက်တယ်။
ကျွန်မက ၁၂နှစ်အရွယ်ပေါ့h
အဲဒီအချိန်ကို အသေအချာ မှတ်မိတယ်။
ကျွန်မ ကြက်သေသေသွားတာ မှတ်မိတယ်။
အထီးကျန်သွားတာ မှတ်မိတယ်။
ကံကောင်းစွာ အမေ့ကိုကျည်ဆန်မမှန်ခဲ့ပေမဲ့
ကျွန်မတို့မိသားစုက အရင်လိုမဟုတ်တော့ဘူး။
ကျွန်မလည်း မရင်လို မဟုတ်တော့ဘူး။
အဲဒီအချိန်က မိဘတွေရဲ့ တည့်လိုက်၊
မတည့်လိုက် ဆက်ဆံရေးကကျွန်မကို
ဘယ်လိုသက်ရောက်နိုင်လဲမသိခဲ့ပေမဲ့
သူတို့လို အချစ်မျိုးမလိုချင်ဘူး။
ကျွန်မဇာတ်လမ်းက လုံးဝ ခြားနားစေရမယ်။
နှစ်တွေကြာတော့ သူ့ကို ကျွန်မတွေ့ခဲ့တယ်
ရူးရူးမူးမူး ချစ်မိခဲ့တယ်
ကျွန်မတို့ဆက်နွယ်မှုက
ဆိုစရာမရှိလောက်အောင်ပါ။
သူက ကျွန်မအတွက်သီးသန့် ဖန်းဆင်ထားခဲ့သလိုပဲ
ကျွန်မတို့ အမြဲအတူရှိမယ်လို့ထင်ခဲ့မိတယ်
ဒါပေမဲ့ ကျွန်မမိဘတွေလို ပြဿနာတွေနဲ့
ကျွန်တို့ ရုန်းကန်ခဲ့ရတယ်။
ကိုးနှစ်နီးပါးကြာပြီးနောက် ကျွန်မတို့
လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်
အဲဒီအချိန်က သားလေး Sekou ရှိတယ်။၏
သုံးနှစ်အရွယ်ပဲ ရှိသေးတာပါ။
သားလေးက ဘာတွေဖြစ်နေလဲ
ဆိုတာ နားလည်ဖို့ ငယ်ပေမဲ့
သူ့အဖေနဲh အမဟော
တစ်အိမ်တည်းမှာ
အတူမနေတော့တာကို သိနိုင်တဲ့အရွယ်ပါ။
လမ်းခွဲမှုကကျွန်မကို
အလွန်ထိခိုက်ခံစားစေတယ်
ဒါပေမ့့ ကျွန်မရဲ့ အသည်းကွဲမှုက
သားလေ Sekou ကို အတားအဆီးမဖြစ်အောင်
အကောင်းဆုံး လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
အစတော့ ကလေးကို ပူးတွဲ
မိဘတွေအဖြစ် ဒီနေရာသစ်ကို ပုံဖော်ဖို့
ရုန်းကန်ခဲ့ရတယ်။
ကိုယ့်ကိုယ်ကိုယ် မေးမိတယ်
စုံတွဲအဖြစ်နဲ့ မအောင်မြင်ပေမဲ့ အံ့သြစရာ၊
အလားအလာတွေနဲ့ ပြည့်နေပြီး
ဒီလောက် သန်စွမ်းတဲ့ ကလေးကို
ဘယ်လိုအတူပြုစုပျိုးထောင်မလဲပေါ့။
ကျွန်မ အတွက် အဖြေကတော့ ရှင်းပါတယ်
ကြောက်စ်တ်(သို့)
အထိီးကျန်ရတာ
ကြောက်စိတ်(သို့)
မသိတာကို
ကြောက်စိတ်ကို ရွေးတာနဲ့
အချစ်ကို aရွးတာပါ။
ကျွန်မ အချစ်ကိုရွေးခဲ့တယ်။
ဆိုလိုတာက သားလေးအတွက်
အဖေေကာင်းတစ်ယောက်အနေနဲ့ မြင်တာပါ.
သားလေးအတွက်
အဖေေကာင်းတစ်ယောက်အနေနဲ့ မြင်ပြီး
ကံခေတဲ့ လက်တွဲဖော် အနေနဲh မဟုတ်ဘူး။
အစစအရာရာ သားလေးကိုပဲ ဦးစားပေးခဲ့တယ်
ကျွန်မအတွက်ထည့်မတွက်ခဲ့ဘူးဆိုတာတောင်ပါ။
ကျွန်မ မိဘတွေက
ကျွန်မတို့မောင်နှမအတွက်
ဆက်ဆံရေးကို အကြိမ်ကြိမ်ပြန်
ကြိုးစား တည်တောက်ခဲ့တာ ကျွန်မ သိတယ်။
သူတို့ရဲ့အားထုတ်မှုကို လေးစားပေမဲ့
သူတိုကို မလုပ်ခဲ့စေချင်ဘူး။
မြင်ရကြားရတာတွေ ကျွန်မအတွက် လုံလောက်ပါပြီ။
သားလေးကို ကျွန်မလိုမခံစားစေချင်ဘူး
သားကို သိစေမြင်စေချင်တာက
မိဘတွေ ဘယ်လ်ိုလက်တွဲညီညီပူးပေါင်းကြလဲ၊
မိဘတွေ အသင်းတစ်ခုလို အတူတူ လုပ်ခဲ့တာကိုပါ။
အစp်အမှန်ဆုံး ပုံစံမှာ
အချစ်ဟာ ဘယ်လိုဆိုတာ သူ့ကို သိစေချင်တာပါ။
အချစ်ဟာ သည်းခံတယ်။ အချစ်ဟာ ကြင်နာတယ်။
အချစ်ဟာ လွယ်လွယ်နဲ့ စိတ်မတိုဘူး။
အငြိုးအတေးမှတ်ထားတာမျိုးမရှိဘူး
အချစ်က အမြဲကာကွယ်ပေးတယ်
အမြဲ ယုံကြည် အမြဲ မျှော်လင့်ပြီး
အမြဲ လုံ့လစိုက်တယ်။
Shaka Senghor ၁၉၈၃ ခုနှစ်ကပါ။
ကျွန်တော် ၁၁နှစ်သားအရွယ်
Dstroit အရှေ့ဘက်ခြမ်းမှာရှိတဲ့
ကျွန်တော်တို့ အိမ်ရဲ့ မြေအောက်ခန်းမှာ
အဖေနဲ့ အတူရှိနေတာကို မှတ်မိတယ်။
အဖေ မျက်ရည်တွေ စီးကျနေရင်း
ဓာတ်ပုံအယ်ဘမ်တွေကို အပြာနဲ့ လိမ္မော်ရောင်
စက္ကူပုံးထဲထည့်တာကို ကြည့်နေမိတယ်။
ဒီချိန်မတိုင်ခင် ကတော့
အဖေနှင့်အမေက တရားဝင်ကွာရှင်းတော့မယ်လို့
ကျွန်တော်မောင်နှမတွေကို ပြောပြီးချိန်
အသိပေးပြီးချိန်ပေါ့ဗျာ။
နှစ်သုံးဆယ်အကြာ
နောက် နှစ်သုံးဆယ်အကြာ
ကျွန်တော်လည်း အဖေ့လို မျက်ရည်တွေနဲ့
အထုပ်သိမ်းနေရတဲ့ အဖြစ်မျိုး ကြုံခဲ့ရတယ်။
Ebony နှင့်တွေ့ချိန်မှာ
ကျွန်တော်က ၁၉နှစ်ကြာ ထောင်မှာ
အပြစ်ဒဏ်ကိုခံယူရနေရဆဲပါ။
နောက်လေးနှစ်အကြာမှာ
ခိုင်မြဲတဲ့ နှောင်ကြိုးလို့ စိတ်ကူးယဉ်
ထားခဲ့တာကို တည်ဆောက်ဖို့
ဖုန်း၊စာနှင့် လာရောက်တွေ့ဆုံခြင်းတွေကို
အသုံးပြုခဲ့တယ်။
စနစ်ကို အတူတကွ တိုက်ဖျက်ပြီး
မိဘတွေရဲ့ အမှားတွေတွေ မှန်အောင်
လုပ်နိုင်မယ် ကျွန်တော်တို့ ထင်ခဲ့တယ်။
သူမက ကဗျာဆရာမ
ကျွန်တော်က စာရေးဆရာ
သူမက ခမ်းနားတဲ့ ပါရဂူဘွဲ့ရ
ကျွန်တော်လည်း ခပ်ချောချော
အထက်တန်းအောင်လက်မှတ်ရဗျ။
(ရယ်သံများ)
ဆန်းကြယ်တဲ့အရာကိုအတူတည်ဆောက်ခဲ့တယ်
တည်တံမယ်လို့ ထင်တဲ့ အရာလို့
တည်ဆောက်ခဲ့တယ်။
ဒါပေမဲ့ ကံမကောင်းစွာပဲ
ထောင်ထွက်ချိန်မှာ ကျွန်တော်တို့
ဆက်ဆံရေး ယိမ်းယိုင်လာခဲ့တယ်။
စိတ်ဖိစီးမှုရဲ့အကျိုးဆက်ပေါ့ဗျာ
ထောင်ထဲမဝင်ခင်ကတည်းက ရခဲ့တဲ့စိတ်ဒဏ်ရာ၊
ဆက်ဆံရေးတည်ဆောက်ရင်း
ရလာတဲ့ဝန်ထုပ်၊
ဆက်ဆံရေးမှာ အတွေ့အကြုံမရှိမှုက
တံတိုင်းတွေ နောက်ကွယ်မှာ တည်ဆောက်ခဲ့တဲ့
မှော်ဆန်မှုကို မပြုပြင်ပေးခဲ့ဘူး။
ဒါအာလုံးရဲ့ ဗဟိုချက်က
ကျွန်တော်တို့ရဲ့ သားလှလေး ပါ။
သားကိုအိမ် စခေါ်လာတဲ့နေ့ကို မှတ်မိသေးတယ်။
စိတ်လှုပ်ရှားစရာ၊ အံ့ဖွယ်ရာပါ။
ကျွန်တော်တို့ လက်တွဲညီညီဆောင်ရွက်ကြတယ်
အချင်းချင်းဖေးမကြတယ်
သူမ ညဘက်တာဝန်ယူရင် ကျွန်တော်က မနက်ဘက်
အရမ်းအဆင်ပြေခဲ့တယ်
ဒီနောက် အားလုံးပြောင်းလဲသွားတယ်
တကယ်ကို စိတ်လှုပ်ရှားပြီး သူ ရောက်လာတဲ့
မနက်က ပြောင်းလဲသွားတယ်။ သူက
"ငါအလုပ်သွားတော့မယ်
နင်စိတ်မလှုပ်ရှားဘူးလား"တဲ့။
ကျွန်တော် ပြေုာလိုက်တာက
"ငါ အခု သိပ်ကို ပျော်နေတာနော်"
(ရယ်သံများ)
ဒီထက်ဝမ်းသာစရာ မရှိနိုင်တော့ဘူး။
ရင်ထဲမှာတော့ ထိတ်လန့်နေမိတယ်။
ဒါပေမဲ့ ကျွန်တော် ထုတ်မပြောခဲ့ဘူး
ဒီအစား ပြောလိုက်တာက
"သွားပါ၊ နေ့ရက်ကောင်းလေးပိုင်ဆိုင်ပါစေ
သူ ထွက်သွားတော့
ကျွန်တော်နဲ့သားလေးပဲအိမ်မှာကျန်ခဲ့တယ်။
အဲဒီအခိုက်မှာ ကျွန်တော်နားလည်သွားတာက
မိဘနှစ်ပါးအတူနေထိုင်ရန်လိုအပ်တယ်ဆိုတဲ့
ယုံကြည်မှုတစ်ခုကို ကျွန်တော်တို့
တည်ဆောက်နေတယ်ဆိုတာပါ။
ကျွန်တော်တို့ရဲ့ အဖိုးတန်ဆုံး လက်ဆောင်နဲ့
သူက ကျွန်တော့ကို ယုံနေတယ်။
မိဘဖြစ်မှုဆိုတဲ့ ဒီမုခ်ဦးအတွက်
အရေးကြီးတဲ့အုတ်မြစ်နဲ့ အောက်ခံတုံးတွေကို
သူက တည်ဆောက်နေတယ်။
ER: မိဘတွေရဲ့ ကွဲကွာမှုက
ကျွန်မတို့ကို ထိခိုက်စေတာကို သိတာကြောင့်
ကျွန်မတို့ရဲ့ ကွဲကွာမှုက သားကို
ထိခိုက်စေမှာကို ကျွန်မတို့ စာနာမိခဲ့တယ်။
ကျွန်မတို့ ရုန်းကန်ခဲ့ရပေမဲ့
နည်းလမ်းတစ်ခုတွေ့ခဲ့တယ်။
ဒါကို Sekou ကို ပြောခိုင်းတော့
ကျွန်မတို့ဟာ ကမ္ဘာမှာ အကောင်းဆုံး
မိဘတွေတဲ့။
အဲဒီလိုမြင်တာကို သဘောကျတယ်။
ရန်ဘက်တွေအဖြစ်မဟုတ်ဘဲ မိတ်ဘက်တွေအဖြစ်
အတူပြုစုပျိုးထောင်ဖို့ အစမှာ
ရွေးချယ်မှုတစ်ခု ကျွန်မတို့ လုပ်ခဲ့တယ်။
အရေးအကြီးဆုံးဖြစ်တဲ့ ကလေးတွေကို
မိဘတွေ အာရုံစိုက်မှု ပျက်ယွင်းတဲ့အခါ
ကြိမ်ဖန်များစွာ ဖြစ်ဖြစ်နေတယ်လို့
ကျွန်မတို့ မြင်တဲ့ ဒီထိခိုက်နစ်နာတဲ့
ပုံစံကို ချိုးဖျက်ဖို့ပါ။
ဒါတွေက သူတို့ ဆက်ဆံရေးကို နာကျင်တဲ့
နည်းလမ်းမှာဖြစ်ခွင့်ပေးတယ်။
ဒါပေမဲ့ အဆုံးမှာတော့
ကျွန်မတို့ဟာ တစ်သင်းတည်းမှာပါ။
ဒါက Sekou ရဲ့ အသင်းပါ။
ကျွန်မမှာ ဝန်ခံစရာရှိတယ်။
ကျွန်မတို့မှာ အတော်များများ နားမလည်တဲ့
သမားရိုကျမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုရှိတာပါ။
ကျွန်မတို့နှစ်ယောက်လုံးဟာ မိဘတွေ(သို့)
လူတွေအနေနဲ့ ခြောက်ပစ်ကင်းမဟုတ်ပေမဲ့
သားလေးရဲ့ ဘဝထဲက တစ်ယောက်စီရဲ့
ကဏ္ဍကို အပြန်အလှန်လေးစားတယ်။
ကျွန်မတို့မိဘတွေ လုပ်ခွင့်မပြုခဲ့တာတွေကို
သားလေးကို လုပ်ခွင့်ပေးခဲ့တယ်
သူ့ကို ကန့်သတ်ချုပ်ချယ်တာတွေလုပ်ဖို့
ကျွန်မတို့ ကြောက်စိတ်တွေ ဖြစ်ခွင့်မပေးဘူး။
စကြာဝဠာနဲ့ ပတ်သက်တဲ့
သူရဲ့ သဘာဝ စူးစမ်းလိုစိတ်နဲ့
ကမ္ဘာကြီးနဲ့ သူ့ဆက်ဆံရေးကို
ပျိုးထောင်ပေးခဲ့တယ်။
တစ်ရက် ကျွန်မတို့ ရှည်လျားတဲ့ တစ်နေ့တာ
အလုပ်ကနေ ပြန်လာတာကို မှတ်မိသေးတယ်။
သားလေးကို အပြင်ဘက်က
အိုင်တစ်အိုင်မှာတွေ့ရတယ်။
ဗွက်အိုင်တစ်အိုင်ပါ။
သားတစ်ကိုယ်လုံးဝတ်ထားက
နာမည်ကြီးတံဆိပ်တွေပါ။
သားက ရွှံ့အိုင်ကိုတွေ့ပြီး
ဒီကို ရောက်လာခဲ့တာပါ။
သူက ရွှံ့မြေတွေကို ထိကြည့်ချင်တော့
သူ့ကို ထိခွင့်ပေးခဲ့တယ်။
မလုပ်ဖို့ ပြောချင်စိတ်ကို အောင့်ပြီး
ကျွန်မတို့ တူရွှင်းပြားသွားယူပေးခဲ့တယ်။
မြေကြီးရဲ့ ဂုဏ်သတ္တိကို ထိခွင့်ပေးခဲ့ပြီး
သူကြိုက်သလောာက် လေ့လာခွင့်ပေးတော့
သူကစားခဲ့တယ်။
ရွှဲ့ထဲက ဝက်တစ်ကောင်လို သူပျော်ခဲ့တယ်။
(ရယ်သံများ)
ကျွန်မတို့သိလိုက်တာက
ဝတ်စုံကို ပြန်လျှော်လို့ရပြီး
ရေချိုးတာက အညစ်အကြေးအားလုံးကို
သန့်စင်ပေးမှာဖြစ်ပေမဲ့
သူ အရင်က မတွေ့ရှိဖူးခဲ့တဲ့အရာကို
ထိလိုက်ရပြီး
အံဩနေတဲ့ အဲဒီကာလက စိတ်လှုပ်ရှားမှုဟာ
အဝတ်အစားတွေထက် ပိုတန်ဖိုးကြီးတာ၊
အညစ်အကြေးက လျှော်ပစ်လို့ရတယ်ဆိုတာပါ။
မိဘအုပ်ထိန်းခြင်းနဲ့ဆိုင်တဲ့ အမှန်နဲ့
အမှားကိုကျွန်မတို့ ဆက်လက် သုံးသပ်ခဲ့တယ်။
သားလေးက နေ့တိုင်း စိန်ခေါ်ခဲ့တယ်။
သားလေးအိပ်ရာပေါ်တွယ်တက်တာ၊
သားလေးအိပ်ရာပေါ်တွယ်တက်တာ
သူ့အဝတ်တွေ၊ ဖိနပ်တွေ ဆွဲတာကို
ခွင့်ပြုပေးခဲ့တယ်။
စတိုးဆိုင်မှာပတ်ပြေးတာ ခွင့်ပြုတယ်။
ဘာဖြစ်ဖြစ် ကျွန်မ ပေးလုပ်တယ်။
ကလေးဆိုတာ လူအများရှေ့မှာ ငြိမ်ပြီး
ကောင်းစွာပြုမူရမယ်လို့ ခံယူတဲ့
အခြားအမေတွေရဲ့ အကြည်စိမ်းတွေကို ခံခဲ့ရတယ်။
ကျွန်မကို စီရင်ချက်နဲ့တူတဲ့
မေးခွန်းတွေလည်း အမေးခဲ့ရပေမဲ့
ကျွန်မ ဂရုမစိုက်ခဲ့ဘူး။
ဘာလို့လဲဆိုတော့ အဆုံးမှာတော့
ကျွန်မတို့အလုပ်က သားလေးကို
သူ့ဘဝခရီးမှာ လမ်းညွှန်ပေးဖို့ဖြစ်ပြီး
ထိန်းချုပ်ဖို့ မဟုတ်လို့ပါ။
ဒီမှာ ကျွန်မတို့က လောကကြီးထဲက
သူ့နေရာကို ကူညီမှန်းဆပေးဖို့၊
သူ့ရဲ့ အကြီးမြတ်ဆုံး လက်ဆောင်တွေကို
ဖော်ထုတ်ပေးဖို့၊
သူဘာကြောင့် မွေးဖွားခဲ့လဲဆိုတာ
ရှာဖွေပေးဖို့ပါ။
လူမည်းပျော်ရွှင်မှုကိုစက်ဆုပ်တဲ့ လောကမှာ
လွပ်လပ်တဲ့ လူမည်းကလေး
တစ်ယောက်ကို ပျိုးထောင်နေပြီး
လောကမှာ ရှိပြီးဖြစ်တဲ့ သူ့အပေါ်မှာ
အကန့်အသတ်တွေထားတာကို ငြင်းဆန်တယ်။
SS: ကျွန်တော်တို့ ကလေးကို
ပြုစုပျိုးထောင်ခြင်းက ဘက်နှစ်ဘက်ရှိတဲ့
ဒင်္ဂါးပြားတစ်ခုရဲ့ဖြစ်နိုင်ခြေတွေရဲ့
ပုံပမာတစ်ခုလို မြင်နိုင်တယ်။
တစ်ဘက်မှာက
လူ့အဖွဲ့အစည်းမှာ လူမည်းကလေးတစ်ယောက်
ပျိုးထောင်ခြင်းရဲ့ လက်တွေ့ကျမှုပါ။
ဆိုလိုတာက လူမည်းကောင်လေးတွေ၊
လူမည်းကိုယ်တွေနဲ့ လူမည်း အသက်တွေကို
လိုသုံးသာသာအဖြစ် မြင်ကြတာပါ။
အခြားတစ်ဘက် ရှိပါသေးတယ်။
အတူမနေကြတော့တဲ့ မိနှစ်ပါးရဲ့
ဖြစ်ခြေနိုင်ပါ။
အတူယှဉ်တွဲရင်၊ အချင်းချင်ပံ့ပိုးရင်း
တစ်ဦးကို တစ်ဦးချစ်ခင်ရင်း၊
လူသိရှက်ကြား ချစ်ခင်မှုကိုပြသရင်း
ကျွန်တော်တို့သားလေးနဲ့ ဆက်ဆံရေးကို
ဂုဏ်ယူတဲ့နည်းနဲ့အတိုင်းပါ။
ပိုပြီတောင် အရေးကြီးတာက
ဒီအားငယ်နေတဲ့အချိန်တွေမှာ
အချင်းချင်း ဖေးမကူညီဖို့ပါ။
တစ်ချိန်တော့ ရှိခဲ့တယ်။
ကျွန်တော်က သားလေးကျောင်းကြိုရတဲ့
အလှည့်၊ ဒီအချိန်ကို မှတ်မိလား။
ကျွန်တော် သွားကြိုတယ်၊
သားလေးက ပထမတန်းမှာပါ။
ကျွန်တော်လမ်းလျှောက်နေစဉ်
မိဘတစ်ဦးက လျှောက်လာပြီး ပြောတာက
"ဟေး Shaka ၊
မနေ့ညက CNNမှာ
ချီးကျူးဂုဏ်ပြုသွားတာကို
ငါတွေ့လိုက်တယ်"တဲ့။
သူက အတော်ကြီး စိတ်လှုပ်ရှားနေပြီး
ရွှင်မြူးလို့တောင်နေတယ်။
ကျွန်တော် အရှက်ရသွားတာပေါ့။
အကြောင်းကတော့ တွေးမိတာက သူက
အခြားမိဘတစ်ဦးကိုပြောရင်၊
သူတို့ကအခြားမိဘကို ပြောရင်၊
နောက်တော့ ကျွန်တော့ဆီလာပြီး ကြည့်၊
နောက် ကျွန်တော်က
ဒုတိယအဆင့် လူသတ်သမားဆိုတာ
သိသွားပြီး သူတို့ရဲ့ကလေးက
ဒီအကြောင်း ကြားသွားရင် ဘာဖြစ်မလဲဆိုတာပါ။
သူတို့ ကျောင်းကို လာပြီး
သားလေးကို ပြောကြမယ်။
"မင်းရဲ့အဖေက လူတစ်ယောက်ကို
သတ်လို့ ထောင်ကျခဲ့တာ။"
သားလေး ကျွန်တော့ဆီ ပြေးလာတာကို
အမှတ်ရမိတယ်။
Ebony ကိုဖုန်းဆက်ရမယ်ဆိုတာ သိလိုက်တယ်။
သူ့ကို ဖုန်းဆက်တဲ့အခါ
အကြောင်းစုံ ရှင်းပြလိုက်တယ်။
Ebony က"ရှင်တို့ စကားပြောဖို့လိုတယ်"
တဲ့။
ဒါနဲ့ သားကို အိမ်ခေါ်သွားတယ်။
သူ့အတွက် အိပ်ရာဝင်ပြင်ပေးပြီး
ကျွန်တော်တို့ နာရီဝက်ကြာ စကားပြောခဲ့တယ်။
ဘာကြောင့် ကျွန်တော် ထောင်ကျခဲ့တာကို
သားကို ပြောခဲ့တယ်။
သားရဲ့တုံပြန်စကားတွေကို
နားထောင်ပေးခဲ့တယ်။
နောက်သားလေးရဲ့ အမေကို
ညဝတ်ပြုဆုတောင်းဖို့ခေါ်တယ်။
သူက ဆက်ကပ် ဆုတောင်းပြီး
ကျွန်တော်က ကတိသစ္စာပြုခဲ့တယ်။
ကျွန်တော်က ခွန်အားဖြစ်စေတဲ့စကားပြောခဲ့တယ်
သားလေးကို တင်းကျပ်စွာ
ဖက်ထားခဲ့တာကို မှတ်မိတယ်။
အဲဒီညက ကပြုလုပ်ခဲ့တဲ့ ကတိသစ္စာပြုခြင်းရဲ့
အရေးပါမှုကို သဘောပေါက်ခဲ့တယ်။
ဒါတွေကို မိဘတွေအတွက် သူတို့ကလေးကလေးတွေကို
ကာကွယ်ဖို့၊ ခွန်အားပေးဖို့
လမ်းပြမြေပုံတစ်ချပ်၊ လမ်းညွှန်တစ်ခု၊
မှတ်ကျောက်တစ်တုံးအဖြစ်
ကျွန်တော် မြင်လိုက်တယ်။
အထူးသဖြင့် အင်မတန်ခက်ခဲတဲ့
ကမ္ဘာကြီးတစ်ခုထဲမှာပါ။
ကျွန်တော်တို့အတွက် အတူပျိုးထောင်ပြုစုတာက
အချိန်ဇယားနဲ့ အလှည့်ကျ အကြိုအပို့လုပ်တာ၊
ကစားချိန်တွေ၊ ၊ဘာဝတ်မယ်၊ ဘာစားမယ်ဆိုတာ
ဆုံးဖြတ်ပေးတာတို့ထက် အများကြီးပိုပါတယ်။
ဝန်ထုပ်ကို ဖြေပြီး ဝန်ကို မျှထမ်းဖို့
အချင်းချင်း ကူညီခြင်းပါ။
မျှထမ်းကာ သားလေးအပေါ်ထားတဲ့
သားလေးရဲ့ လှပမှုကို ဂုဏ်ပြုတဲ့
နည်းလမ်းတစ်နဲ့ လောကထဲမှာ
ဖော်ပြဖို့ပါ။
ကျွန်တော်တို့ ကတိသစ္စာတွေ ပြုလိုက်တဲ့
ဒီအကြောင်းရင်းတွေအတွက်ပါ။
ကျွန်မတို့ ဒီအခြေအနေရောက်မယ်
လို့ လုံးဝ မထင်ခဲ့ဘူး။
ဒါပေမဲ့ အခုရောက်ခဲ့ပြီ။
ကျွန်မတို့ရဲ့ သားလေးနဲ့ အချင်းချင်းအပေါ်
ကျွန်မတို့ ပြသတဲ့ နည်းလမ်းဟာ
အောင်မြင်တဲ့ မိဘနှစ်ဦးအတူ
အုပ်ထိန်းခြင်းဟာ ဘယ်ပုံပေါက်တယ်
ဆိုတာရဲ့ စံနမူနာတစ်ခုလို့ မျှော်လင့်ပါတယ်။
အားလုံးကို သားလေးနဲ့သူ့အဖေ
ညအိပ်ရာဝင်ချိန်တိုင်း
ညစဉ်ပြုနေကျ ကတိသစ္စာပြုပုံကို
မျှဝေချင်တယ်။
SS: ဟေး
(လက်ခုပ်သံများ)
SS ငါ ကြီးမြတ်တယ်
Sekou ကြီးမြတ်တယ်
SS: ငါက အံသြစရာ။
Sekou ငါက အံသြစရာ။
SS: ငါက ထူးခြားတယ်
Sekou ထူးခြားတယ်။
SS: ငါက ဆင်ခြင်တတ်တယ်
Sekou ဆင်ခြင်တတ်တယ်။
SS: ကြင်နာတယ်
Sekou ကြင်နာတယ်။
SS: ချစ်စရာပါ။
Sekou ချစ်စရာပါ။
SS:ငါ ဂရုစိုက်တယ်
Sekou ဂရုစိုက်တယ်။
SS: ငါက ပျော်စရာ
Sekou ပျော်စရာ။
SS: ထက်မြက်တယ်
Sekou ထက်မြက်တယ်။
SS: ကလေးကြီး
Sekou ကလေးကြီးပါ။
SS: ငါက စစ်သား။
Sekou စစ်သားပါ။
SS: ငါက စစ်သူကြီး
Sekou စစ်သူကြီး။
SS: ငါက Sekou။
Sekou ငါက Sekou။
(ချီးကျူးလက်ခုပ်သံများ)
တော်လိုက်တဲ့ ငါ့သားလေး