0:00:15.456,0:00:16.856 (စပိန်လို) မင်္ဂလာညနေပါ။ 0:00:17.566,0:00:19.950 သင်္ချာ သင်တန်းမှ ကြိုဆိုပါတယ်! 0:00:19.950,0:00:24.444 လာမယ့် စက္ကန့် ၉၀၀၀ အတွင်းမှာ [br]ခင်ဗျားတို့ကို ကျွန်တော် ပိုင်ဆိုင်ထားမယ်။ 0:00:24.444,0:00:25.428 (ရယ်မောသံများ) 0:00:25.428,0:00:26.996 အိုကေ၊ အဲဒါ နောက်တာပါ။ 0:00:26.996,0:00:29.571 ခင်ဗျားတို့ဟာ သင်္ချာကို ကြိုက်တယ်ဆိုရင်[br]လက်မြှောက်ြပပါ။ 0:00:30.541,0:00:33.162 အို၊ အများကြီးပါလား။ အင်း (ရယ်မောသံများ) 0:00:33.909,0:00:36.620 အင်၊ ကြည့်ရတာ တော်တော့ကို ကြိုးစားရမယ်။ [br](ရယ်မောသံများ) 0:00:39.894,0:00:46.659 ခင်ဗျားတို့နဲ့အတူ ဘီစီ ၂၆၀၀၊ [br]Mesopotamia ဆီကို သွားကြရအောင်။ 0:00:46.659,0:00:49.787 ဗာဗုလုံ ပြည်သူတွေဟာ ဂန္တဝင်လက်ရာဖြစ်တဲ့[br]Gilgamesh လို ပထမဦးဆုံး 0:00:49.787,0:00:53.601 စာပေလက်ရာတွေကို ပြုစုရာမှာတင် 0:00:53.601,0:00:55.191 တော်ခဲ့ကြတာ မဟုတ်ပါဘူး၊ 0:00:55.191,0:00:57.651 သူတို့ဟာ သင်္ချာပညာမှာလည်း[br]အတော်ကလေး တော်ခဲ့ကြတယ်။ 0:00:59.098,0:01:02.713 အဲဒီ ဂန္တဝင်လက်ရာ Gilgamesh ကို[br]ရွှံဇယားပေါ်က နှိပ်ရာများဖြင့် ရေးခဲ့တာပါ၊ 0:01:03.643,0:01:07.241 သူတို့ဟာ ကျွန်တော် ပြောသလို သင်္ချာပညာမှာ[br]တော်ခဲ့ကြတာ ဘယ်လောက် အထိလဲဆိုတော့၊ 0:01:07.241,0:01:10.445 သူတို့ ပိုက်သဂိုရပ် သီအိုရမ်ကို [br]သိနှင့်နေခဲ့ကြပြီလေ၊ 0:01:10.445,0:01:12.882 ပိုက်သာဂိုရပ် မမွေးခင်မှာကို [br]သိနေခဲ့ကြပြီဆိုတော့ 0:01:12.882,0:01:15.731 သိပ်ကို မှတ်သားစရာ ကောင်းတဲ့ အချက်ပေါ့လေ။ 0:01:15.731,0:01:17.157 (ရယ်မောသံများ) 0:01:17.892,0:01:21.315 ပြီးတော့ သူတို့ဟာ နှစ်ထပ်ကိန်းပါ [br]ညီမျှခြင်းကိုလည်း ကိုင်တွယ်နိုင်ခဲ့ကြကာ 0:01:21.315,0:01:22.410 ဖြေရှင်းနိုင်ခဲ့ကြတယ်၊ 0:01:22.410,0:01:25.880 သူတိုဆီမှာ နှစ်ထပ်ကိန်း ညီမျှခြင်းများအတွက်[br]အထွေထွေ ဖေါ်မြူလာရှိခဲ့တယ်။ 0:01:25.880,0:01:29.202 သူတို့ဟာ သုံးထပ်ကိန်း ညီမျှခြင်းအချို့ကို[br]တောင် ဖြေရှင်းနိုင်ခဲ့ကြပါသေးတယ်။ 0:01:30.576,0:01:35.744 ဒီနေ့ ကျွန်ုပ်တို့ဟာ ညီမျှခြင်းတွေကို [br]ဖြေရှင်းရာမှာ အနုတ်လက္ခဏာ အဖြေ ရတတ်ကြတယ်၊ 0:01:35.744,0:01:39.835 အဲဒီ အနုတ်လက္ခဏာ ကိန်းတွေဟာ မလွယ်ကြပါဘူး။ 0:01:39.835,0:01:41.561 ဥပမာ တခုနဲ့ ရှင်းပြပါရစေ။ 0:01:42.286,0:01:46.924 ကျွန်တော့ဆီမှာ ရှိနေတဲ့ တင်းနစ် ဘောလုံး [br]နှစ်လုံးထဲက သုံးလုံးကို ပေးဖို့ ရှိနေရင်၊ 0:01:46.924,0:01:51.691 ကျွန်တော်က တစ်လုံး၊ နှစ်လုံး စသဖြင့် [br]ပေးလာရင်းကနေ... 0:01:51.691,0:01:53.099 ဆက်ပြီး ဖြစ်လာမလဲ။ 0:01:54.647,0:01:58.950 စိတ်ကူးထဲ ဘောလုံးတလုံးကို ဖန်တီးနိုင်တယ်၊[br]- ဟောဒါက စိတ်ကူးဘောလုံး ဆိုပါစို့ - 0:01:58.950,0:02:02.594 အဲဒါကို ကျွန်တော်ဟာ သူများကို ပေးလိုက်ရင်၊[br]ကျွန်တော်ဆီမှာ ဘာကျန်ခဲ့မလဲ။ 0:02:03.864,0:02:06.028 အနှုတ်လက္ခဏာပါတဲ့ စိတ်ကူးယဉ် ဘောလုံးပေါ့။ 0:02:06.028,0:02:07.490 (ရယ်မောသံများ) 0:02:08.631,0:02:10.580 ကောင်းပြီ ဂရိ သင်္ချာပညာရှင်တွေကျတော့ 0:02:10.580,0:02:14.167 အလျား၊ ဧရိယာ နှင့် ထုထယ်တို့ဖြင့်[br]လုပ်ကိုင်တတ်ခဲ့ကြပါတယ်၊ 0:02:14.167,0:02:18.852 အဒါကြောင့် သူတို့ဆီမှာ အနှုတ်လက္ခဏာ ဂဏန်းတွေ[br]မရှိဘဲ အားလုံး အပေါင်းလက္ခဏာတွေပါ။ 0:02:18.852,0:02:22.525 သူတို့ဟာ အနှုတ်လက္ခဏာ ဂဏန်းတွေကို[br]နှုတ်ထုတ်ပစ်ခဲ့ကြပါတယ်။ 0:02:23.115,0:02:26.360 တကယ်တော့ ပြဿနာကို ဖြေရှင်းဖို အဲဒါဟာ [br]သိပ်ကို ကောင်းတဲ့ နည်းလမ်းပဲ မဟုတ်လား။ 0:02:26.360,0:02:30.023 ခင်ဗျားတို့ရဲ့ ဘဏ်ငွေစာရင်းထဲ[br]ရှိနေတဲ့ ငွေပမာဏကို စဉ်းစားကြည့်ရင် 0:02:30.023,0:02:32.438 ကျွန်တော်တို့ကသာ ... 0:02:32.438,0:02:36.110 အနှုတ်လက္ခဏာ ဂဏန်းတွေကို ဖယ်ပစ်နိုင်မယ်[br]ဆိုရင် ဘယ်လောက် ကောင်းမလဲ။ 0:02:36.712,0:02:37.664 ဟုတ်တယ်နော်။ 0:02:39.900,0:02:44.718 အနှုတ်လက္ခဏာ ဂဏန်းတွေဟာ ဥရောပတိုက်ထဲမှာ[br]၁၅ ရာစု အစပိုင်းတွင်သာ ပေါ်လာကြပါတယ်။ 0:02:45.583,0:02:49.618 ပညာတတ်တွေက အစ္စလာမ် နဲ့ Byzantine [br]ကျမ်းတွေကို လေ့လာရင်း 0:02:49.618,0:02:51.871 ဘာသာပြန်ပေးခဲ့ကြစဉ် သိလာခဲ့ရတာပါ။ 0:02:52.388,0:02:57.286 e ဆိုတဲ့ ကိန်းအပြင် နောက်ထပ် အများကြီးကို[br]တီထွင်ခဲ့သူ နာမည်ကြီး Euler တောင်၊ 0:02:57.286,0:02:58.886 ပါရမီရှင် Euler တောင်မှ 0:02:58.886,0:03:03.201 ကျွန်တော်တို့ ဒီနေ့ နားလည်ကြသလို[br]အနှုတ်လက္ခဏာ ဂဏန်းတွေကို နားမလည်ခဲ့ပါ။ 0:03:05.572,0:03:10.211 နောက်ဆုံးအနေနဲ့၊ အင်္ဂလိပ် သင်္ချာပညာရှင်[br]John Wallis ဆိုပါစို့၊ 0:03:10.211,0:03:11.961 သိပ်ကို အံ့အားသင့်စရာ စိတ်ကူး ရှိခဲ့တယ်။ 0:03:12.496,0:03:17.281 သူဟာ ကိန်းဂဏန်းလိုင်းကို[br]လက်ဝဲဘက်ကို တိုးချဲ့ဆွဲပေးလိုက်ပါတယ်။ 0:03:19.251,0:03:20.902 လွယ်လွယ်လေးပါ။ 0:03:20.902,0:03:23.890 အဲဒါဟာ အနှုတ်လက္ခဏာ ဂဏန်းနဲ့[br]အတော်ကလေး နီးစပ်လာခဲ့တယ်၊ 0:03:23.890,0:03:27.283 ခင်ဗျားဆီမှာ နှစ်ရှိတယ်၊ အဲဒီထဲကနေပြီး[br]သုံးကို နှုတ်ယူမယ်ဆိုရင်၊ 0:03:28.293,0:03:30.291 အနှုတ်လက္ခဏာ တစ်ကို ရရှိပါမယ်။ 0:03:31.096,0:03:32.772 အဲဒါဟာ အတော်ကလေး မြင်သာလာပါတယ်။ 0:03:32.772,0:03:35.438 ခက်ခဲရှုပ်ထွေးတဲ့ ဂဏန်းတွေဆိုရင်ကော။ 0:03:35.438,0:03:39.190 ကောင်းပြီ၊ ဂရိ သင်္ချပညာရှင် တဦးရှိခဲ့တယ်၊[br]Alexandria မြို့မှ Heron ဆိုသူပါ။ 0:03:39.190,0:03:40.735 သူ့ဆီမှာ သိပ်ကောင်းတဲ့ စိတ်ကူးရှိခဲ့တယ် 0:03:40.735,0:03:46.800 သူ့လက်ရာတခုထဲမှာ နှစ်ထပ်ကိန်းရင်း[br]တခုဟာ အနှုတ်လက္ခဏာ ၆၃ ဆိုပြီး ပေါ်လာခဲ့တယ်၊ 0:03:46.800,0:03:51.480 သူဟာ အဲဒီရလဒ်ကို ယူပြီး ၆၃ ရဲ့[br]နှစ်ထပ်ကိန်းရင်းဖြင့် အစားထိုးလိုက်တယ်။ 0:03:52.007,0:03:56.108 တနည်းအားဖြင့် အနုတ်ကို အပေါင်း လက္ခဏာဖြင့်[br]သူအစားထိုးလိုက်တာ ပို့ကောင်းလာတာပေါ့နော်? 0:03:56.108,0:03:58.859 အခုတော့ ခင်ဗျားတို့ရဲ့ ဘဏ်ငွေစာရင်းဆီကို[br]ပြန်စဉ်းစားကြမယ်၊ 0:03:58.859,0:04:01.960 အဲဒီမှာပါ ကျွန်ုတို့ဟာ အနှုတ်ကို[br]အပေါင်းလက္ခဏာနဲ့ အစားထိုးနိုင်မယ်ဆိုရင်ကော! 0:04:03.400,0:04:06.342 ဟုတ်တယ်၊ ဂရိတွေက ကိန်းဂဏန်းနဲ့[br]ပတ်သက်ရင် သိပ်ကို ထွင်တတ်ကြတာ။ 0:04:07.112,0:04:10.228 (ရယ်မောသံများ) 0:04:10.228,0:04:11.408 သူတို့ အခုထိ တော်ကြတုန်းပဲ။ 0:04:11.408,0:04:13.578 (လက်ခုပ်တီးသံများ) 0:04:13.588,0:04:16.238 ဟုတ်တယ်၊ ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တယ်... 0:04:16.238,0:04:20.623 အဲဒါကြောင့်များ သူတို့ဆီမှာ လက်ရှိ[br]ဘဏ္ဍာရေး ပြဿနာတွေ ပေါ်လာတာများလား၊ 0:04:20.623,0:04:22.272 ကျွန်တော် ပြောရခက်တယ်။ 0:04:24.942,0:04:27.734 ဒါပေမဲ့ ရှုပ်ထွေးတဲ့ ကိန်းဂဏန်းတွေ အကြောင်း[br]ဆက်ကြမယ်ဆိုရင်၊ 0:04:27.734,0:04:31.645 ကျွန်တော်တို့ဟာ ဆန်းသစ်ရေးခေတ် ၁၆ ရာစု[br]အီတလီနိုင်ငံ Bologna မြို့ကို သွားကြရမယ်။ 0:04:31.645,0:04:34.872 အဲဒီမှာ Tartaglia ဆိုသူ ရှိခဲ့ရာ 0:04:34.872,0:04:37.815 သူဟာ သင်္ချာပြိုင်ပွဲ တခုမှာ အနိုင်ရခဲ့တယ်။ 0:04:39.262,0:04:42.850 သူဟာ သုံးထပ်ကိန်း ညီမျှခြင်းအတွက်[br]အဖြေကို ချပေးခဲ့ရာ၊ 0:04:42.850,0:04:44.106 အံ့အားသင့်စရာ ဖြစ်ခဲ့တယ်၊ 0:04:44.106,0:04:48.651 ဘယ်သင်္ချာဆရာတွေကမှ အဲဒါကို အဲဒီတုန်းက[br]မဖြေရှင်းနိုင်ခဲ့ကြလို့ပါ၊ 0:04:48.651,0:04:53.492 ထပ်ကိန်းရဲ့ ကိန်းရင်းဟာ အနှုတ်လက္ခဏာ[br]ဂဏန်းဖြစ်နိုင်တာ နားလည်ရန် လိုခဲ့လို့ပါ။ 0:04:54.814,0:04:58.713 သူဟာ အဲဒီဖြေရှင်းနည်းကို ကဗျာနဲ့တောင်[br]လျှို့ဝှက်ဖို့ ရေးဖွဲ့ခဲ့လိုက်ပါသေးတယ်၊ 0:04:59.903,0:05:04.174 ကျွန်တော်ဟာ အီတလီလို သိပ်မတော်ပေမဲ့[br]ပထမ နှစ်ကြောင်းကို ဖတ်ြပချင်ပါတယ်။ 0:05:04.993,0:05:06.815 ဒီလို ခပ်ဆန်ဆန်ပါဘဲ၊ 0:05:06.815,0:05:10.085 (အီတလီလို) "Quando chel cubo[br]con le cose appresso, 0:05:10.085,0:05:13.405 se agguaglia à qualche numero discreto." 0:05:14.337,0:05:16.645 အဲဒီကဗျာဟာ အရှည်ကြီးပါ၊ 0:05:16.645,0:05:19.131 အခြားသော သင်္ချာဆရာတွေက သူ့အဖြေကို[br]ခိုးမရနိုင်အောင် 0:05:19.131,0:05:22.600 အဲဒီလို ပုံစံမျိုးဖြင့် ရေးဖွဲ့ခဲ့တာပါ။ 0:05:23.732,0:05:29.512 ဒါပေမဲ့၊ ကံဆိုးချင်တော့၊ အဲဒါဟာ နောက် ငနဲ[br]တယောက် Cardano ဆီကို ပေါက်ကြားသွားခဲ့လို့၊ 0:05:29.512,0:05:35.080 သူဟာ ၁၅၄၅ ခုနှစ်မှာ သူရဲ့ စာအုပ်[br]"Ars magna"ထဲမှာ ထုတ်ဝေခဲ့တယ်။ 0:05:35.640,0:05:37.713 ဒါပေမဲ့ သူဟာ အဲဒီလို မလုပ်ဖို့ [br]ကတိပေးခဲ့တယ်။ 0:05:39.593,0:05:42.967 Tartaglia ရဲ့ အမည်ကို စာအုပ်ထဲမှာ[br]အသိအမှတ်ပြု ဖေါ်ပြခဲ့ပါတယ်။ 0:05:42.967,0:05:44.850 ဒါပေမဲ့ သူက သဘောမတူခဲ့ဘူး ဆိုတော့... 0:05:46.240,0:05:49.921 Tartaglia ဟာ Cardano ကို[br]အဲဒီလို ရေးသားထုတ်ဝေခဲ့မှုအတွက် 0:05:49.921,0:05:52.024 ဆယ်နှစ်ကြာကို တိုက်ပွဲ ဝင်နေခဲ့ပါတယ်၊ 0:05:52.024,0:05:54.840 တကယ့်ပြဿနာကြီးက၊ အဲဒီ Cardano ဆိုတဲ့ ငနဲဟာ 0:05:54.840,0:05:58.447 သူ့စာအုပ်ထဲ သူရေးလိုက်တာဟာ ဘာလဲဆိုတာကို[br]နားမလည်ခဲ့ဘူး၊ 0:05:58.447,0:06:02.232 သူဟာ စိတ်ကူးလို့သာ ရနိုင်တဲ့ အဲဒီဂဏန်းတွေကို[br]'စိတ်ကို နှိပ်စက်တဲ့ ဂဏန်းများ' ခေါ်ခဲ့တယ်။ 0:06:04.976,0:06:09.600 နောက်ပိုင်းမှာကျတော့၊ နောက်ငနဲ တယောက်[br]Bombelli ဆိုတာ ပေါ်လာခဲ့ရာ၊ 0:06:09.600,0:06:11.314 ရှုပ်ထွေးတဲ့ ဂဏန်းတွေအကြောင်းကို 0:06:11.314,0:06:13.762 တကယ့်ကို နားလည်သူ ဖြစ်နေခဲ့ပါတယ်။ 0:06:13.762,0:06:15.872 သူဟာ တကယ့် ရိုးရိုး [br]ကိန်းဂဏန်းများ ဖြစ်ကြတဲ့ 0:06:15.872,0:06:17.745 - ပုံမှန် ဂဏန်းများ ၁၊ ၂၊ ၃၊ ၄ တို့နဲ့ - 0:06:17.745,0:06:21.526 စိတ်ကူးလာသို့ ရနိုင်တဲ့ ရှုပ်ထွေးတဲ့ [br]နံပါတ်တွေကို ချိတ်ဆက်ပေးနိုင်ခဲ့သူပါ။ 0:06:21.526,0:06:23.000 သူကမှ ပထမဦးဆုံး ပုဂ္ဂိုလ်ကြီးပါ။ 0:06:24.000,0:06:28.000 သူကမှ ကျွန်တော်တို့ ဒီနေ့အထိ အသုံးပြုနေကြတဲ့[br]i ဆိုတဲ့ သင်္ကေတကို မိတ်ဆက်ပေးလိုက်ကာ၊ 0:06:28.000,0:06:31.073 တွက်ချက်မှုဆိုင်ရာ စည်းကမ်းအချို့တို့ကိုပါ[br]ချမှတ်ပေးခဲ့ပါတယ်။ 0:06:31.741,0:06:34.695 ၁၇ နဲ့ ၁၈ ရာစုထဲမှာ ရှုပ်ထွေးတဲ့ [br]ကိန်းဂဏန်းတွေနဲ့ 0:06:34.695,0:06:39.235 အလုပ်များနေခဲ့ကြတဲ့[br]သင်္ချာပညာရှင်တွေ အများကြီး ရှိခဲ့ကြပေမဲ့ 0:06:39.235,0:06:42.056 ဘာတွေ ဖြစ်ပျက်နေကြောင်း တကယ် နားလည်ခဲ့သူ[br]မရှိခဲ့ပါ။ 0:06:42.816,0:06:45.472 အဲဒါနဲ့ နောက်ငနဲ တယောက် လာခဲ့ပြန်ကာ 0:06:45.472,0:06:49.875 အဲဒီ ရှုပ်ထွေးကြတဲ့ ကိန်းတွေကို[br]ဂြီဩမေထြီပုံစံမျိုးဖြင့် တင်ပြနိုင်ခဲ့တယ်။ 0:06:49.875,0:06:54.010 ကျွန်တော်ဟာ ခင်ဗျားတို့အတွက် အသေးစိတ်[br]အချက်တွေကို မျှပေးပါမယ်၊ 0:06:54.010,0:06:55.711 အိမ်စာအဖြစ် ကျွန်တော် ယူလာခဲ့တာပါ၊ 0:06:55.711,0:07:00.422 ခင်ဗျားတို့ အိမ်ကို ပြန်ရောက်လို့ ဒီည [br]ဒါမှမဟုတ် နက်ဖြန်မှာ စမ်းကြည့်ကြတာပေါ့။ 0:07:00.422,0:07:01.490 (ရယ်မောသံများ) 0:07:02.236,0:07:08.114 သူလုပ်ြပခဲ့တာက၊ အဲဒါကို ဂြီဩမေထြီဖြင့်[br]ထင်ရှားစွာ ပြပေးခဲ့တာပါ၊ 0:07:08.114,0:07:13.773 သူဟာ စိတ်ကူးယူရန် လိုတဲ့ ဘောလုံးကို မဟုတ်ဘဲ[br]စိတ်ကူးယဉ် ဝင်ရိုးကို ဖန်တီးလိုက်တာပါ၊ 0:07:13.773,0:07:18.745 အဲဒီလိုနည်းဖြင့် ဒီထောင်လိုက် ဝင်ရိုးကမှ[br]အဲဒီစိတ်ကူးယဉ် ဝင်ရိုးပါ။ 0:07:21.760,0:07:23.785 အဲဒီလို မြင်လိုက်ရတော့မှ လုံးဝ [br]ရှင်းလာပါတော့တယ်။ 0:07:23.785,0:07:29.482 ရှုပ်ထွေးတဲ့ ကိန်းဆိုတာဟာ အတိုင်းအတာပြ[br]ကိန်းဂဏန်းတွေ: a နဲ့ i b ပဲ ဖြစ်ကြပါတယ်။ 0:07:29.572,0:07:32.210 အဲဒီနောက် ဖြစ်ပျက်နေတာကို လူတိုင်း [br]နားလည်မြင်လာတယ်။ 0:07:32.210,0:07:35.326 စဉ်းစားကြည့်ရင်၊ တယောက်ယောက်က[br]ဂြီဩမေထြီကို သုံးပြီး မတင်ပြသရွေ့၊ 0:07:35.326,0:07:38.544 အဲဒီ ရှုပ်ထွေးကြတဲ့ ကိန်းတွေဟာ [br]ရှုပ်ထွေးခဲ့ကြရုံသာမက 0:07:38.544,0:07:41.560 ဘယ်လိုမှ အဓိပ္ပါယ် မရှိဘူးလို့ ထင်စရာ[br]ဖြစ်ခဲ့ပါတယ်။ 0:07:43.836,0:07:47.256 အခုတော့၊ ကျွန်တော်ဟာ သင်္ချာဆရာ သာမက[br]စာရေးဆရာ ဖြစ်နေပါပြီ၊ 0:07:47.256,0:07:52.112 အဲဒါကြုံခဲ့ပြီး နားလည်မရနိုင်ဘူးလို့ ထင်စရာ[br]ရှိပေမဲ့ တကယ်တမ်းမှာ အကျိုးရှိခဲ့တယ်။ 0:07:52.112,0:07:55.412 ကျွန်တော်ဟာ ပုံပြင်တွေကို ကြိုက်တယ်၊[br]ပုံပြင်ရေးရတာကို ဝါသနာပါတယ်၊ 0:07:55.412,0:07:59.711 ကျွန်တော်ဟာ သင်္ချာကို တွက်နေရတာကို၊[br]စိတ်ကူးယဉ်စရာ စိတ်ကူးယဉ်တာကို ကြိုက်တယ်။ 0:08:00.911,0:08:03.555 ကျွန်တော်ဟာ ခုနက ကဗျာကို[br]လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက 0:08:03.555,0:08:07.174 ဖတ်လိုက်ရတယ်၊ အဲဒီကဗျာ လှတယ်နော်? 0:08:07.174,0:08:10.210 အဲဒါကို အသံကျယ်ကျယ်ဖြင့် ဖတ်မယ်ဆိုရင်[br]စည်းချက်သံကို တကယ် ခံစားရမှာပါ၊ 0:08:10.210,0:08:12.038 ပြီးတော့ စာရေးသူဟာ ကဗျာကို ရေးဖွဲ့ဖို့ကို 0:08:12.038,0:08:15.720 ခက်ရာခက်ဆစ် စဉ်းစားကြည့်ခဲ့တာ[br]ကျွန်တော် သေချာပါတယ်။ 0:08:15.720,0:08:21.210 အဲဒီထဲက စကားလုံးတိုင်းကို၊ သင်္ကေတတိုင်းကို[br]သိပ်ကို ဂရုစိုက် ရေးခဲ့တာပါ။ 0:08:22.528,0:08:26.526 အဲဒါကို ကျွန်တော်ဟာ ၂၀ ရာစုအစပိုင်းက်[br]"Principia Mathematica" ထဲမှ ယူခဲ့တာပါ။ 0:08:26.526,0:08:29.345 အဲဒါကို Alfred North Whitehead[br]နဲ့ Bertrand Russell တို့ရေးခဲ့ကြရာ 0:08:29.345,0:08:31.931 နာမည်ကြီး စာပေဆိုင်ရာ နိုဘယ်ဆုရှင်တွေပါ။ 0:08:33.246,0:08:36.756 သူတို့ဟာ စာမျက်နှာ ၃၆၀ ကို သုံးပြီး 0:08:36.756,0:08:40.924 တစ်အပေါင်းတစ်ဟာ နှစ်နဲ့ ညီမျှကြောင်းကို[br]သက်သေထူပြခဲ့ခြင်းပါ။ 0:08:42.888,0:08:45.187 ဒီအလုပ်ဟာ သိပ်တော့ မလွယ်ပါဘူး။ 0:08:46.375,0:08:49.765 အခုတော့၊ သင်္ချာ နဲ့ စာပေတို့ထဲမှာ[br]တူတဲ့အရာတချို့ ရှိလာပါပြီ။ 0:08:49.765,0:08:53.882 ၎င်းတို့ဟာ နှစ်ပေါင်း ထောင်နဲ့ချီ[br]လူ့ယဉ်ကျေးမှုထဲက အစိတ်အပိုင်းတွေပါ။ 0:08:53.882,0:08:57.675 ၎င်းတို့ဟာ ခင်ဗျားတို့ ထင်နိုင်တာထက်ကို[br]ပိုပြီးတော့ အပြန်အလှန် ဆက်စပ်နေကြတယ်၊ 0:08:57.675,0:09:01.332 ပြီးတော့ သင်္ချာဆရာတွေဟာ စာပေထဲကနေပြီး [br]သင်ယူနိုင်တာတွေ ရှိတယ်လို့ ထင်ပါတယ်။ 0:09:02.222,0:09:05.854 ခင်ဗျားတို့ကို ရှုပ်ထွေးတဲ့ ကိန်းတွေရဲ့[br]အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောကာ 0:09:05.854,0:09:08.337 တွက်ချက်ရန် စည်းကမ်းချက် တချို့ကို[br]ပေးရမယ့်အစား 0:09:08.337,0:09:10.464 ကျွန်တော်ဟာ ပုံပြင် တခုကို ပြောပြခဲ့တယ်။ 0:09:13.051,0:09:18.308 ကျွန်တော်ဟာ အက္ခရာသင်္ချာ လေ့ကျင့်မယ်အစား[br]သင်္ချာပို့ချရေး 0:09:18.308,0:09:21.107 ပုံပြင်တွေကို ပြောပြတတ်တယ်။ 0:09:22.024,0:09:23.781 ပုံပြင်တွေ မပါဘဲနဲ့ဆိုရင် 0:09:23.781,0:09:26.600 သင်္ချာဟာ ငြီးငွေ့စရာ ဖြစ်လာနိုင်တယ်၊ 0:09:26.600,0:09:28.908 ပြီးတော့ ပုံပြင်တွေ မရှိဘဲနဲ့ 0:09:28.908,0:09:33.108 သင်္ချာဆိုင်ရာ အရေးကြီးတဲ့ အချက်တချို့[br]သင်ရိုးညွှန်တမ်း အပြင်မှာ ကျန်ရစ်ခဲ့မှာပါ။ 0:09:33.108,0:09:37.580 သင်္ချာရဲ့ သမိုင်းအကြောင်းကို၊[br]သင်္ချာရဲ့ ဒဿနိက အကြောင်းကို၊ 0:09:37.580,0:09:40.781 ပြီးတော့ သင်္ချာရဲ့ လက်တွေ့အသုံးချမှု[br]အကြောင်းကို စဉ်းစားကြပါ။ 0:09:42.395,0:09:46.384 ကျွန်တော်တို့က သင်္ချာကို သင်ပေး[br]လိုက်ပုံကြောင့် သင်္ချာကို မလိုက်နာကြတဲ့ 0:09:46.384,0:09:49.099 ကျောင်းသားတွေ အများကြီးကို [br]ကျွန်တော် မြင်တွေ့ခဲ့ဘူးပါတယ်။ 0:09:49.189,0:09:51.752 အဲဒီအခြေအနေကို၊ လူကြီးမင်းတို့ကို [br]ပြောချင်တာက၊ 0:09:51.752,0:09:55.176 အဲဒီလို ပုံပြင်တွေကို ပြောပြခြင်းဖြင့်သာ[br]မြှင့်တင်ပေးနိုင်မှာပါ။ 0:09:55.176,0:09:56.293 ကျေးဇူးတင်ပါတယ်။ 0:09:56.293,0:09:57.736 (လက်ခုပ်တီးသံများ)