အနားပြိုင်စတုဂံဆိုတာဟာမျဉ်းပြိုင်နှစ်စုံနှင့်-------ဖြစ်တယ်
ရွေးစရာအဖြေတွေကဘာလဲဆိုတာကြည့်ရအောင်
ပထမတစ်ခုက စတုဂံဖြစ်တယ်
အနားပြိုင်စတုဂံဆိုတာဟာ စတုဂံပဲပေါ့
စတုဂံဆိုတာ အနားလေးဘက်ပါတဲ့ပုံဖြစ်တယ်
ပြီးတော့ဒါကအမှန်ပဲအနားလေးဘက်ပါတဲ့ပုံဖြစ်တယ်
အနားပြိုင်စတုဂံဟာအမြဲတမ်းရွမ်းဗတ်ဖြစ်မနေပါဘူး
ရွမ်းဗတ်ဆိုတာက ထူးခြားတဲ့အနားပြိုင်စတုဂံတစ်ခုပါ
ဒါမဲ့ရွမ်းဗက်ရဲ့အနားနှစ်စုံဟာ
မျဉ်းပြိုင်တွေဖြစ်ရုံသာမက
အနားအရှည်လည်းတူညီပါတယ်
နောက် စတုရန်းကတော့ ထူးခြားတဲ့ရွမ်းဗက်တစ်မျိုးပါ
ထောင့်အားလုံးက ၉၀ံ ရှိပါတယ်
ဒါဆို ဒီမှာ ကျွန်တော်တို့ပြောနိုင်တာက
အနားပြိုင်စတုဂံဆိုတာက စတုဂံပဲဆိုတာပေါ့
အဖြေတိုက်ကြည့်ရအောင်
အရိပ်အမြွက်ကိုကြည့်ခြင်းက ကောင်းတဲ့အကြံပါပဲ
ဒီမှာကျွန်တော်တို့ပြောထားသလိုပဲရှင်းထားပါတယ်
ဒါမဲ့ သင်ရှာနေတဲ့ အဖြေကို
တိတိကျကျပြောထားပါလိမ့်မယ်
နောက်ဆက်ကြည့်ရအောင်
Suzanne က စကြ၀ဠာကိုကာကွယ်တဲ့စစ်ဆင်ရေးမှာပါ
လက်တွေ့ကျတဲ့စစ်ဆင်ရေးပါ
သူမအတွက်နောက်ဆုံးစိန်ခေါ်မှုကတော့
Find the Rhombuses ဆိုတဲ့ကစားပွဲပါပဲ
မှော်ဆရာက သူမမှာ စတုရန်း၊ စတုဂံ နဲ့
အနားပြိုင်စတုဂံရှိမယ် ပြီးတော့ဘယ်ပုံဟာ
ရွမ်းဗက်ပုံတွေလဲဆိုတာသတ်မှတ်ရမယ်လို့ပြောတယ်
စကြ၀ဠာကိုကယ်နိုင်ဖို့သူမဘယ်ပုံရွေးမလဲ
ဒါဆို စတုရန်းဆိုတာက ထူးခြားတဲ့ရွမ်းဗတ်တစ်ခုဖြစ်တယ်
သတိထားရမှာက ရွမ်းဗက်ရဲ့ မျက်နှာချင်းဆိုင်အနားတွေက
တစ်ခုနဲ့တစ်ခုပြိုင်နေတယ်ဆိုတာပါပဲ
ဒါဆိုသင့်မှာမျဉ်းပြိုင်နှစ်စုံရှိလိမ့်မယ်
စတုရန်းမှာ မျဉ်းပြိုင်နှစ်စုံရှိပါတယ်
နောက်ပိုတာတစ်ခုကတော့ သူ့ရဲ့ထောင့်အားလုံးက
ထောင့်မှန်တွေဆိုတာပါပဲ
ဒါဆို စတုရန်းဟာ ရွမ်းဗတ်ပဲဖြစ်တာပေါ့
အခု ရွမ်းဗတ်အားလုံးမှာအနားလေးဘက်ရှိတယ်
ဒါဆိုရွမ်းဗတ်အားလုံးက စတုဂံတွေပဲပေါ့
ဒါမဲ့ စတုဂံအားလုံးက ရွမ်းဗတ်မဟုတ်ပါဘူး
စတုဂံမှာ အနားတွေတစ်ခုနဲ့တစ်ခု
မပြိုင်တာလဲဖြစ်နိုင်ပါတယ်
ဒါဆို ဒီတစ်ခုကိုမရွေးပါဘူး
နောက် အနားပြိုင်စတုဂံ
ဒါဆိုရွမ်းဗက်အားလုံးက အနားပြိုင်စတုဂံဖြစ်တယ်
သူတို့မှာမျဉ်းပြိုင်အနားနှစ်စုံရှိတယ်
မျဉ်းပြိုင်အနားနှစ်စုံဟာ
သူတို့အနားနှစ်ဘက်ဖြစ်တယ်
ဒါပေမဲ့ အနားပြိုင်စတုဂံအားလုံးကတော့ ရွန်းဗက်မဟုတ်ပါဘူး
ဒါဆိုသင့်ကိုစတုရန်းပေးထားရင်
အဲ့စတုရန်းကိုရွမ်းဗက်လို့မြင်နိုင်တယ်
စတုဂံဆိုတာဟာအမြဲတမ်းရွမ်းဗက်မဖြစ်နိုင်ပါဘူး
(သို့)အနားပြိုင်စတုဂံဆိုတာအမြဲတမ်းရွမ်းဗက်မဖြစ်နိုင်ပါဘူး
ကျွန်တော်တို့အဖြေမှန်ပါတယ်