ကျွန်တော်တို့ ဒီနေအဖွဲ့အစည်း အြပင်ဘက်က အရာတွေအကြောင်း မပြောခင် အနောက်ခဏ ဆုတ်ချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် နေရဲ့ ပုံကောင်းကောင်း တစ်ပုံ ကို ရလို့ပါ။ အဲဒီပုံက ကျွန်တော့် ကို တော်တော် အံ့အားသင့်သွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အရွယ်ပမာဏ မှာတောင် နေ ဆိုတာ တော်တော်ကြီးတဲ့ အရာဝတ္ထုကြီး တစ်ခုပါပဲ။ ဒီအရွယ်ပမာဏမှာ ဆိုရင်လည်း ခန့်မှန်းခြေအရ ကမ္ဘာဂြိုဟ်က၊ အဲဒီလောက်ကြီးပါတယ်။ ကျွန်တော့် အတွက်တော့ ဒါဟာ တော်တော် အံ့ဩဖို့ ကောင်းတဲ့ဟာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ကြီး တစ်ခုလုံးကို နေ ကနေ ထွက်လာတဲ့ လှိုင်းတစ်ခုထဲမှာ ဝင်ဆံ့ နိုင်လို့ ဖြစ်ပါတယ်။ ပြီးတော့ ဒါကို တွေးကြည့်လို့ပဲ ရပါမယ်။ ကျွန်တော်တို့ သွားကြည့်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သင်က အကာအကွယ်ရမယ့် အလုံပိတ်ထားမယ့် ယာဉ် နဲ့ ဆိုရင် ဒီလို အခြေအနေမျိုးမှာဆို ဘယ်လိုနေမလဲ ကျွန်တော်ကတော့ ဒါက ဆန်းကြယ်တဲ့ အရာလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဟာ ပြောပြီးသွားပြီဆိုတော့ နေအဖွဲ့အစည်းရဲ့ အစွန်းဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုတာ စဉ်းစားကြည့်ကြရအောင်။ နောက်ဆုံး ဗွီဒီယိုမှာ ကျွန်တော်တို့ အော့်(ဒ်) ခါးပတ် အကြောင်းကို ရှာဖွေကြည့်ကြပြီးပြီ။ အဲဒါက နေ ကနေ အလင်းနှစ် ၁ နှစ် မပြည့်တပြည့် မှာ ရှိတယ်။ ဒါပေမယ့် အစွန်းဆိုတဲ့ နေရာကို မြင်တဲ့ပုံပေါ်မူတည်ပြီး နေအဖွဲ့အစည်းရဲ့ အစွန်းဟာ ဟိုး အထဲဘက် ဒါမှ မဟုတ် အြပင်ဘက် အော့်(ဒ်) တိမ် တွေအထိ ဖြစ်နိုင်ပါတယ်။ ဒီတော့ နေကနေ ထွက်တဲ့ အရာတွေ၊ ကျွန်တော်တို့ မြင်ရတာတွေ ရော မမြင်ရတဲ့ အမှုန်တွေ၊ အလွန်မြင့်တဲ့ အလက်ထရွန် နှင့် ပရိုတွန် တွေရော အားလုံးက နေ ကနေ အရမ်းပြင်းတဲ့ အရှိန်နဲ့ လွင့်ထွက်နေပါတယ်။ 400 km/s နေဉီး။ ချရေးလိုက်ဦးမယ်။ တစ်စက္ကန့်ကို ၄၀၀ ကီလိုမီတာ ပြီးတော့ ကမ္ဘာပေါ်မှာ ကျွန်တော်တို့က အဲဒီ အရာတွေကနေ ကမ္ဘာရဲ့ သံလိုက်စက်ဝန်းကြောင့် အကာကွယ် ရနေတာပါ။ ဒါပေမယ့် သင်ဟာ လကမ္ဘာပေါ်မှာ ရပ်နေမယ်ဆိုရင်၊ ပြီးတော့ သင်ရပ်နေတဲ့နေရာက နေ ရောင်တည့်တည့်ကျ တဲ့ နေရာမှာ ဆိုရင်တော့ အဲဒီနေရာက ကြာကြာနေလို့ မကောင်းဘူးဆိုတာ တွေးကြည့်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီအကြောင်းပြောနေတယ် ဆိုတာ ဒီ ဓာတ်ပြုထားတဲ့ အမှုန် တွေက နေ ဆီကနေ အလွန်ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ ထွက်လာတာပါ။ ဒါတွေကို solar wind လို့ ခေါ်ပါတယ်။ ဒါတွေက Solar Wind တွေပါ။ ကျွန်တော် "Wind" ကို အထူးပြု ရေးထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ကျွန်တော်တို့ ပုံမှန် သိနေတဲ့ လေတွေနဲ့ လုံးဝ မတူပါဘူး ဒါတွေက နေ ဆီက အဟုန်ပြင်းစွာ ထွက်လာတဲ့ ဓာတ်ပြုထားတဲ့ အမှုန်တွေ ပါ။ ပြီးတော့ ကျွန်တော် ဒီ အကြောင်းပြောနေတယ် ဆိုတာ သူတို့ က နေအဖွဲ့အစည်းရဲ့ ဘောင်တွေကို သတ်မှတ်ဖို့ အတိုင်းအတာတစ်ခု အထိ ထိရောက်နိုင်ပါတယ်။ ပြီးတော့ အဲဒါက solar wind က ကြယ်တွေ ကြားက နေရာကို မရောက်ခင် ဘယ်အထိ ရောက်နိုင်သလဲ ဆိုတာကို သတ်မှတ်နိုင်ပါတယ်။ ဒီမှာ အဲဒီပုံကို ပြထားပါတယ်။ ဒီတော့ အော့ဒ် တိမ်တိုက်က အနည်းဆုံးတော့ အထူဆုံးအပိုင်းက ဒီနေရာရဲ့ ဟိုး အြပင်ဘက် မှာ ရှိပါတယ်။ ကျွန်တော် တို့ မြင်ခဲ့ သလိုပဲ။ Voyager I နဲ့ Voyager II