0:00:08.159,0:00:13.699 သျှီဝနတ်မင်း အာဒိကပ္ပ မကောင််းမှု [br]ဖျက်ဆီးသူ၊ နတ်ဆိုးတွေကို သတ်ဖြတ်သူ၊ 0:00:13.699,0:00:17.209 ကာကွယ်သူနဲ့ စကြာဝဠာရဲ့ [br]သိမြင်နှံ့စပ်တဲ့စောင့်ကြည်​့သူဟာ 0:00:17.209,0:00:19.969 သူ့ဇနီးရဲ့ ခန္တီပါရမီကို စမ်းသပ်နေခဲ့တယ်။ 0:00:19.969,0:00:25.284 သမိုင်းကြောင်းအရ သျှီဝနဲ့ ပါဗတ္တိ ကြားက[br]ပေါင်းဖော်ခြင်ဟာ မွန်မြတ်တဲ့တစ်ခုပါ။ 0:00:25.284,0:00:29.004 သူတို့ဟာ အတွေးနဲ့လုပ်ရပ်ကြားက[br]ဟန်ချက်ညီမှုကို ထိန်းပေးတယ်။ 0:00:29.004,0:00:31.865 လောကရဲ့ ကောင်းကျိုး သုခက ဒီအပေါ်မှာ [br]တည်မှီနေပါတယ်။ 0:00:31.865,0:00:37.525 ကမ္ဘာမြေပေါ်က စွမ်းအင်၊ ကြီးထွားမှုနဲ့[br]ပြောင်းလဲမှုရဲ့ဖန်တီးသူအဖြစ် ပါဗတ္တိမပါရင် 0:00:37.525,0:00:42.914 သျှီဝဟာဟာ အစွဲမရှိတဲ့ စောင့်ကြည့်သူ[br]ဖြစ်လာမှာမဟုတ်ဘဲ လောကကြီးဟာ ငြိမ်နေမှာပါ။ 0:00:42.914,0:00:48.092 ဒါပေမဲ့ အတူတူဆို နှစ်ဦးဟာ "အာဒန္ဒာသျှိဗာရ"[br]လို့သိတဲ့ နတ် ပေါင်းဖော်မှု ဖြစ်ပေါ်တယ်။ 0:00:48.092,0:00:49.842 သက်ရှိသတ္တဝါအားလုံးဆီ ဩဇာဓာတ်နဲ့ 0:00:49.842,0:00:54.121 ဆက်သွယ်မှုကို ဆောင်ကြဉ်းပေးခဲ့တဲ့ အလေး[br]အမြတ်ထားအပ်တဲ့ ပေါင်းစည်းခြင်းတစ်ခုပါ။ 0:00:54.121,0:00:57.781 ဒီအကြောင်းရင်းတွေကြောင့် ပါဗတ္တိကို[br]သဘာဝ လောကရဲ့ မိခင်အဖြစ်နဲ့ 0:00:57.781,0:00:59.992 သျှီဝရဲ့ အရိုင်းသဘာဝ ဖန်ဆင်းမှု[br]အစွမ်းအတွက်ပါ 0:00:59.992,0:01:04.768 အရေးပါတဲ့ အဆင့်တူပုဂ္ဂိုလ်အဖြစ်[br]အနှံ့အပြားမှာ ကိုးကွယ်ကြတယ်။ 0:01:04.768,0:01:07.948 သူဟာ လူသားရဲ့ ရုပ်ပိုင်း ဇိမ်ခံမှုတွေကို[br]ကွပ်ကဲပြီး 0:01:07.948,0:01:12.176 ကမ္ဘာမြေရဲ့ မှီတင်းနေထိုင်သူတွေကို[br]ရုပ်ပိုင်း၊ စိတ်ပိုင်း၊ နာမ်ပိုင်းအရ 0:01:12.176,0:01:15.682 အချင်းချင်း ဆက်နွယ်မိတာကို သေချာစေတယ်။ 0:01:15.682,0:01:19.886 သို့ပေမယ့် အင်အားစုကြီ။နှစ်ခုကြားမှာ ကြီး[br]ထွားလာတဲ့ စိတ်ဝမ်းကွဲမှုတစ်ခုတော့ ရှိတယ်။ 0:01:19.886,0:01:24.497 ပါဗတ္တိဟာ နေ့စဉ် ဘဝကို ဂရုစိုက်၊ [br]ထိန်းချုပ်မှုနဲ့ အားဖြည့်ပေးပေမဲ့ 0:01:24.497,0:01:28.497 သျှီဝကတော့ သူ့ဇနီးရဲ့ အရေးပါတဲ့ လုပ်ရပ်ကို[br]သေးသိမ်အောင် စလုပ်လာပြီး 0:01:28.497,0:01:32.497 စကြာဝဠာထဲကသူတို့ရဲ့ကဏ္ဍနဲ့[br]ပတ်သက်ပြီး အပြင်းအထန် ငြင်းခုံခဲ့တယ်။ 0:01:32.497,0:01:35.417 လောကရဲ့ဖန်ဆင်းရှင် ဗြာဟ္မာဟာ[br]သူ့ကိုယ်ပိုင် စိတ်ကူးသက်သက်အတွက် 0:01:35.417,0:01:40.106 ရုပ်ဝတ္ထုဘုံကို စိတ်ကူး[br]ရခဲ့တာလို့ သျှီဝယုံကြည်ထားတယ်။ 0:01:40.106,0:01:44.766 ဒါကြောင့် ရုပ်ဝတ္ထုအားလုံးဟာ [br]စကြာဝဠာ စိတ်လှည့်စားမှုသာဖြစ်တဲ့ 0:01:44.766,0:01:47.416 မာရ်နတ်လို့ ခေါ်တဲ့ စိတ်ပျံ့လွင့်[br]မှုတွေ သက်သက်ပါ။ 0:01:47.416,0:01:51.076 သျှီဝက သူ ပျိုးထောင်ထားတဲ့ အရာတွေကို[br]ဖယ်ပစ်လိက်စဉ်မှာ 0:01:51.076,0:01:54.196 ထောင်စုနှစ်ချီကာ ပါဗတ္တိဟာ သိလေဟန်နဲ့[br]ပြံးရုံသာ ပြုံးနေခဲ့တယ်။ 0:01:54.196,0:01:56.186 ဒါပေမဲ့ သူ့ရဲ့နောက်ဆုံး ပြစ်တင်မှုမှာတော့ 0:01:56.186,0:01:59.660 နောက်ဆုံးအကြိမ်အဖြစ် သူ့ရဲ့လုပ်ရပ် [br]အရေးပါမှုကို သက်သေပြုဖို့လိုတာ 0:01:59.660,0:02:01.051 သိလိုက်တယ်။ 0:02:01.051,0:02:03.281 လောကကြီးကနေ ရှောင်ထွက်ရင်း 0:02:03.281,0:02:07.537 ကမ္ဘာမြေကို ဆက်လည်ပတ်စေတဲ့ သူ့ရဲ့[br]စကြဝဠာ စွမ်းအား တစ်ဝက်ကိုရုတ်သိမ်းခဲ့တယ်။ 0:02:07.537,0:02:13.177 သူပျောက်ကွယ်တာနဲ့ ရုတ်တရက်၊ ထိတ်လန့်[br]စရာ၊ အားလုံး လွှမ်းခြုံနေတဲ့ ရှားပါးမှုက 0:02:13.177,0:02:16.238 ကမ္ဘာကို ချောက်ခြားဖွယ် [br]တိတ်ဆိတ်မှုနဲ့ ရုံလိုက်တယ်။ 0:02:16.238,0:02:19.798 ပါဗတ္တိမရှိရင် မြေဟာ ခြောက်သွေ့ပြီး [br]ကျတ်တီးမြေဖြစ်လာတယ်။ 0:02:19.798,0:02:22.720 မြစ်တွေ ကျုံ့သွားကာ သီးနှံတွေက [br]လယ်ကွင်းတွေမှာရှုံ့သွားတယ်။ 0:02:22.720,0:02:25.160 ငတ်မွတ်မှုဟာ လူ့လောကအပေါ် သက်ဆင်းလာတယ်။ 0:02:25.161,0:02:28.261 မိဘတွေဟာ ငတ်နေတဲ့ သူတို့ကလေးတွေကို [br]နှစ်သိမ့်ဖို့ ရုန်းကန်စဉ်မှာ[br] 0:02:28.261,0:02:30.171 သူတို့ရဲ့ ဗိုက်တွေက တဂွီဂွီမြည်နေတယ်။ 0:02:30.171,0:02:34.498 စားစရာမရှိရင် လူတွေဟာ ပုံထားတဲ့ [br]ထမင်းဇလုံတွေပေါ်မှာ စုရုံးမနေတော့ပေမဲ့ 0:02:34.498,0:02:37.808 မှောင်မိုက်လာနေတဲ့ လောကကနေ[br]ဆုတ်ခွာ၊ နောက်တွန့်သွားခဲ့တယ်။ 0:02:37.808,0:02:39.538 ထိတ်လန့် အဲ့ဩမှုနဲ့အတူ 0:02:39.538,0:02:44.746 သျှီဝလည်း သူ့ဇနီးမရှိမှုကြောင့် ကျန်ခဲ့တဲ့[br]နက်ရှိုင်းတဲ့ လစ်ဟာမှုကို ခံစားရတယ်။ 0:02:44.746,0:02:46.896 အထွတ်အထိပ် အာဏာရှိပေမဲ့ 0:02:46.896,0:02:51.183 သူလည်း သဘောပေါက်သွားတာက[br]သူဟာ အဟာရ လိုအပ်မှုကို ခံနိုင်ရည်မရှိတာနဲ့ 0:02:51.183,0:02:54.924 သူ့ရဲ့အလွမ်းဟာ အဆုံးမရှိ၊ မခံမရပ်နိုင်[br]ခံစားရတယ်ဆိုတာပါ။ 0:02:54.924,0:02:57.804 တိတ်ဆိတ်ခြောက်ကပ်တဲ့ ကမ္ဘာမြေအပေါ်[br]သျှီဝ စိတ်ပျက်နေစဉ် 0:02:57.804,0:03:00.184 သူ သဘောပေါက်လာတာက[br]ရုပ်လောကကို ဒီလောက် အလွယ်တကူ 0:03:00.184,0:03:03.294 ပလပ်လို့ မရနိုင်တာကိုပါ။ 0:03:03.294,0:03:05.063 သူ့ခင်ပွန်းရဲ့ ကိုယ်ထင်ပြမှုမှာ 0:03:05.063,0:03:08.262 ဂရုဏာကြီးမားတဲ့ ပါဗတ္တိဟာ[br]သူ့ကို ကိုးကွယ်သူတွေချုံးကျသွားတာကို 0:03:08.262,0:03:11.122 လက်ပိုက်ပြီး ကြည့်မနေနိုင်တော့ဘူး။ 0:03:11.122,0:03:13.702 သူတို့ကြားမှာ သွားပြီး[br]ကျန်းမာရေးကို ပြန်ယူပေးဖို့ 0:03:13.702,0:03:16.432 ရွေရောင် ယာဂုခွက်ကို သယ်ဆောင်ပြီး[br]ရတနာ ဆင်ယင်ထားတဲ့ ယောက်မ 0:03:16.432,0:03:22.155 ကိုင်ထားတဲ့ နတ်ဒေဝတာ အသစ်[br]တစ်ပါး အသွင်ယူခဲ့တယ်။ 0:03:22.155,0:03:24.905 ဒီမျှော်လင့်ဖွယ် သဏ္ဌာန်ရဲ့ စကားဟာ [br]ပျံ့နှံ့သွားတာကြောင့် 0:03:24.905,0:03:29.189 သူဟာ အန်နာပူရ်နာ အစားအစာ နတ်သမီး[br]အဖြစ် ကိုးကွယ်ခံရတယ်။ 0:03:29.189,0:03:33.610 အန်နာပူရ်နာ ရောက်လာမှုနဲ့အတူ[br]လောကဟာ တစ်ဖန် ဖွံ့ဖြိုးဝေဆာလာတယ်။ 0:03:33.610,0:03:39.000 လူတွေဟာ မြေဩဇာနဲ့ အစားအစာမှာ ဝမ်းမြောက်ကာ [br]ကျေးဇူးတင်ဖို အတူ လက်ပွန်းတတီးဖြစ်ခဲ့တယ်။ 0:03:39.000,0:03:43.629 တစ်ချို့ယူံကြည်တာက အန်နာပူရ်နာဟာ အလေးအမြတ်[br]ထားတဲ့ Kashi မြို့မှာ ပထမဆုံး ပေါ်လာတယ်၊ 0:03:43.629,0:03:46.729 (သို့) ထပ်မစားနိုင်တော့တဲ့အထိ [br]လူတွေရဲ့ ဗိုက်တွေကို ဖြည့်ပေးဖို့ 0:03:46.729,0:03:50.034 သူ မီးဖိုချောင်တစ်ခု ဖွင့်ခဲ့တဲ့ [br]ဂင်္ဂါမြစ်ကမ်းတွပေါ်က 0:03:50.034,0:03:52.124 လွတ်လပ်မှု နယ်မြ​ေမှာပါ။ 0:03:52.124,0:03:56.124 ဒါပေမဲ့ ဒါက သူ့ရဲ့စားပွဲမှာ [br]ကျွေးမွေးခံရတဲ့ သေမျိုးတွေချည်း မဟုတ်ပါ။ 0:03:56.124,0:04:00.733 သူ့ပတ်လည်မှာ ပွင့်လန်းနေတဲ့ လောကီ[br]သာယာမှု ဖြစ်အင်တွေမှာ မာန်စွယ်ကျိုးနေတဲ့ 0:04:00.733,0:04:04.733 သျှိဝနတ်မင်းကိုယ်တိုင် နတ်သမီးဆီကို[br]ခွက်အလွတ်တစ်လုံးနဲ့ ချဉ်းကပ်လာကာ 0:04:04.733,0:04:07.393 စားစရာနဲ့ ခွင့်လွှတ်မှုကို တောင်းခံတယ်။ 0:04:07.393,0:04:12.013 ဒီအကြောင်းကြောင့် အန်နာပူရ်နာရဲ့ ကရုဏာမှာ[br]အထွတ်အထိပ် နတ်ကို တစ်ခါတစ်ရံ ဆင်းရဲတဲ့ 0:04:12.013,0:04:14.143 သူဖုန်းစားအဖြစ် ပုံဖော်တယ်။ 0:04:14.143,0:04:19.406 ဘယ်လက်မှာ ရွှေခွက်တစ်လုံး ကိုင်ထားပြီး[br]ညာလက်က အဘယ မုဒြာ ပုံဖော်ထားတယ်။ 0:04:19.406,0:04:22.296 ဘေးကင်းပြီး ယုံကြည်စိတ်ချရတဲ့ လက်ဟန်ပါ 0:04:22.296,0:04:26.180 ဒီသင်္ကေတတွေနဲ့အတူ[br]ဒီအစွမ်းရှိတဲ့ နတ်ဒေဝတာက ရုပ်လောကဟာ 0:04:26.180,0:04:29.830 စိတ်လှည့်စားမှု သက်သက်ဆိုတာကို[br]ရှင်းလင်းစေတယ်။ 0:04:29.830,0:04:33.010 တကယ်တမ်းတော့ ဒါက တည်တံ့ [br]နေရမယ့် ဘဝ သံသရာတစ်ခုဆိုတာပါ။ 0:04:33.010,0:04:36.320 ပွင့်နေတဲ့ ပါးစပ်တွေနဲ့ မြည်ဟည်း[br]နေတဲ့ ဗိုက်တွေကို ကျွေးမွေးခြင်းကနေ 0:04:36.320,0:04:39.520 ကမ္ဘာမြေရဲ့ ဟန်ချက်ညီမှုအထိပါ။