သျှီဝနတ်မင်း အာဒိကပ္ပ မကောင််းမှု
ဖျက်ဆီးသူ၊ နတ်ဆိုးတွေကို သတ်ဖြတ်သူ၊
ကာကွယ်သူနဲ့ စကြာဝဠာရဲ့
သိမြင်နှံ့စပ်တဲ့စောင့်ကြည့်သူဟာ
သူ့ဇနီးရဲ့ ခန္တီပါရမီကို စမ်းသပ်နေခဲ့တယ်။
သမိုင်းကြောင်းအရ သျှီဝနဲ့ ပါဗတ္တိ ကြားက
ပေါင်းဖော်ခြင်ဟာ မွန်မြတ်တဲ့တစ်ခုပါ။
သူတို့ဟာ အတွေးနဲ့လုပ်ရပ်ကြားက
ဟန်ချက်ညီမှုကို ထိန်းပေးတယ်။
လောကရဲ့ ကောင်းကျိုး သုခက ဒီအပေါ်မှာ
တည်မှီနေပါတယ်။
ကမ္ဘာမြေပေါ်က စွမ်းအင်၊ ကြီးထွားမှုနဲ့
ပြောင်းလဲမှုရဲ့ဖန်တီးသူအဖြစ် ပါဗတ္တိမပါရင်
သျှီဝဟာဟာ အစွဲမရှိတဲ့ စောင့်ကြည့်သူ
ဖြစ်လာမှာမဟုတ်ဘဲ လောကကြီးဟာ ငြိမ်နေမှာပါ။
ဒါပေမဲ့ အတူတူဆို နှစ်ဦးဟာ "အာဒန္ဒာသျှိဗာရ"
လို့သိတဲ့ နတ် ပေါင်းဖော်မှု ဖြစ်ပေါ်တယ်။
သက်ရှိသတ္တဝါအားလုံးဆီ ဩဇာဓာတ်နဲ့
ဆက်သွယ်မှုကို ဆောင်ကြဉ်းပေးခဲ့တဲ့ အလေး
အမြတ်ထားအပ်တဲ့ ပေါင်းစည်းခြင်းတစ်ခုပါ။
ဒီအကြောင်းရင်းတွေကြောင့် ပါဗတ္တိကို
သဘာဝ လောကရဲ့ မိခင်အဖြစ်နဲ့
သျှီဝရဲ့ အရိုင်းသဘာဝ ဖန်ဆင်းမှု
အစွမ်းအတွက်ပါ
အရေးပါတဲ့ အဆင့်တူပုဂ္ဂိုလ်အဖြစ်
အနှံ့အပြားမှာ ကိုးကွယ်ကြတယ်။
သူဟာ လူသားရဲ့ ရုပ်ပိုင်း ဇိမ်ခံမှုတွေကို
ကွပ်ကဲပြီး
ကမ္ဘာမြေရဲ့ မှီတင်းနေထိုင်သူတွေကို
ရုပ်ပိုင်း၊ စိတ်ပိုင်း၊ နာမ်ပိုင်းအရ
အချင်းချင်း ဆက်နွယ်မိတာကို သေချာစေတယ်။
သို့ပေမယ့် အင်အားစုကြီ။နှစ်ခုကြားမှာ ကြီး
ထွားလာတဲ့ စိတ်ဝမ်းကွဲမှုတစ်ခုတော့ ရှိတယ်။
ပါဗတ္တိဟာ နေ့စဉ် ဘဝကို ဂရုစိုက်၊
ထိန်းချုပ်မှုနဲ့ အားဖြည့်ပေးပေမဲ့
သျှီဝကတော့ သူ့ဇနီးရဲ့ အရေးပါတဲ့ လုပ်ရပ်ကို
သေးသိမ်အောင် စလုပ်လာပြီး
စကြာဝဠာထဲကသူတို့ရဲ့ကဏ္ဍနဲ့
ပတ်သက်ပြီး အပြင်းအထန် ငြင်းခုံခဲ့တယ်။
လောကရဲ့ဖန်ဆင်းရှင် ဗြာဟ္မာဟာ
သူ့ကိုယ်ပိုင် စိတ်ကူးသက်သက်အတွက်
ရုပ်ဝတ္ထုဘုံကို စိတ်ကူး
ရခဲ့တာလို့ သျှီဝယုံကြည်ထားတယ်။
ဒါကြောင့် ရုပ်ဝတ္ထုအားလုံးဟာ
စကြာဝဠာ စိတ်လှည့်စားမှုသာဖြစ်တဲ့
မာရ်နတ်လို့ ခေါ်တဲ့ စိတ်ပျံ့လွင့်
မှုတွေ သက်သက်ပါ။
သျှီဝက သူ ပျိုးထောင်ထားတဲ့ အရာတွေကို
ဖယ်ပစ်လိက်စဉ်မှာ
ထောင်စုနှစ်ချီကာ ပါဗတ္တိဟာ သိလေဟန်နဲ့
ပြံးရုံသာ ပြုံးနေခဲ့တယ်။
ဒါပေမဲ့ သူ့ရဲ့နောက်ဆုံး ပြစ်တင်မှုမှာတော့
နောက်ဆုံးအကြိမ်အဖြစ် သူ့ရဲ့လုပ်ရပ်
အရေးပါမှုကို သက်သေပြုဖို့လိုတာ
သိလိုက်တယ်။
လောကကြီးကနေ ရှောင်ထွက်ရင်း
ကမ္ဘာမြေကို ဆက်လည်ပတ်စေတဲ့ သူ့ရဲ့
စကြဝဠာ စွမ်းအား တစ်ဝက်ကိုရုတ်သိမ်းခဲ့တယ်။
သူပျောက်ကွယ်တာနဲ့ ရုတ်တရက်၊ ထိတ်လန့်
စရာ၊ အားလုံး လွှမ်းခြုံနေတဲ့ ရှားပါးမှုက
ကမ္ဘာကို ချောက်ခြားဖွယ်
တိတ်ဆိတ်မှုနဲ့ ရုံလိုက်တယ်။
ပါဗတ္တိမရှိရင် မြေဟာ ခြောက်သွေ့ပြီး
ကျတ်တီးမြေဖြစ်လာတယ်။
မြစ်တွေ ကျုံ့သွားကာ သီးနှံတွေက
လယ်ကွင်းတွေမှာရှုံ့သွားတယ်။
ငတ်မွတ်မှုဟာ လူ့လောကအပေါ် သက်ဆင်းလာတယ်။
မိဘတွေဟာ ငတ်နေတဲ့ သူတို့ကလေးတွေကို
နှစ်သိမ့်ဖို့ ရုန်းကန်စဉ်မှာ
သူတို့ရဲ့ ဗိုက်တွေက တဂွီဂွီမြည်နေတယ်။
စားစရာမရှိရင် လူတွေဟာ ပုံထားတဲ့
ထမင်းဇလုံတွေပေါ်မှာ စုရုံးမနေတော့ပေမဲ့
မှောင်မိုက်လာနေတဲ့ လောကကနေ
ဆုတ်ခွာ၊ နောက်တွန့်သွားခဲ့တယ်။
ထိတ်လန့် အဲ့ဩမှုနဲ့အတူ
သျှီဝလည်း သူ့ဇနီးမရှိမှုကြောင့် ကျန်ခဲ့တဲ့
နက်ရှိုင်းတဲ့ လစ်ဟာမှုကို ခံစားရတယ်။
အထွတ်အထိပ် အာဏာရှိပေမဲ့
သူလည်း သဘောပေါက်သွားတာက
သူဟာ အဟာရ လိုအပ်မှုကို ခံနိုင်ရည်မရှိတာနဲ့
သူ့ရဲ့အလွမ်းဟာ အဆုံးမရှိ၊ မခံမရပ်နိုင်
ခံစားရတယ်ဆိုတာပါ။
တိတ်ဆိတ်ခြောက်ကပ်တဲ့ ကမ္ဘာမြေအပေါ်
သျှီဝ စိတ်ပျက်နေစဉ်
သူ သဘောပေါက်လာတာက
ရုပ်လောကကို ဒီလောက် အလွယ်တကူ
ပလပ်လို့ မရနိုင်တာကိုပါ။
သူ့ခင်ပွန်းရဲ့ ကိုယ်ထင်ပြမှုမှာ
ဂရုဏာကြီးမားတဲ့ ပါဗတ္တိဟာ
သူ့ကို ကိုးကွယ်သူတွေချုံးကျသွားတာကို
လက်ပိုက်ပြီး ကြည့်မနေနိုင်တော့ဘူး။
သူတို့ကြားမှာ သွားပြီး
ကျန်းမာရေးကို ပြန်ယူပေးဖို့
ရွေရောင် ယာဂုခွက်ကို သယ်ဆောင်ပြီး
ရတနာ ဆင်ယင်ထားတဲ့ ယောက်မ
ကိုင်ထားတဲ့ နတ်ဒေဝတာ အသစ်
တစ်ပါး အသွင်ယူခဲ့တယ်။
ဒီမျှော်လင့်ဖွယ် သဏ္ဌာန်ရဲ့ စကားဟာ
ပျံ့နှံ့သွားတာကြောင့်
သူဟာ အန်နာပူရ်နာ အစားအစာ နတ်သမီး
အဖြစ် ကိုးကွယ်ခံရတယ်။
အန်နာပူရ်နာ ရောက်လာမှုနဲ့အတူ
လောကဟာ တစ်ဖန် ဖွံ့ဖြိုးဝေဆာလာတယ်။
လူတွေဟာ မြေဩဇာနဲ့ အစားအစာမှာ ဝမ်းမြောက်ကာ
ကျေးဇူးတင်ဖို အတူ လက်ပွန်းတတီးဖြစ်ခဲ့တယ်။
တစ်ချို့ယူံကြည်တာက အန်နာပူရ်နာဟာ အလေးအမြတ်
ထားတဲ့ Kashi မြို့မှာ ပထမဆုံး ပေါ်လာတယ်၊
(သို့) ထပ်မစားနိုင်တော့တဲ့အထိ
လူတွေရဲ့ ဗိုက်တွေကို ဖြည့်ပေးဖို့
သူ မီးဖိုချောင်တစ်ခု ဖွင့်ခဲ့တဲ့
ဂင်္ဂါမြစ်ကမ်းတွပေါ်က
လွတ်လပ်မှု နယ်မြေမှာပါ။
ဒါပေမဲ့ ဒါက သူ့ရဲ့စားပွဲမှာ
ကျွေးမွေးခံရတဲ့ သေမျိုးတွေချည်း မဟုတ်ပါ။
သူ့ပတ်လည်မှာ ပွင့်လန်းနေတဲ့ လောကီ
သာယာမှု ဖြစ်အင်တွေမှာ မာန်စွယ်ကျိုးနေတဲ့
သျှိဝနတ်မင်းကိုယ်တိုင် နတ်သမီးဆီကို
ခွက်အလွတ်တစ်လုံးနဲ့ ချဉ်းကပ်လာကာ
စားစရာနဲ့ ခွင့်လွှတ်မှုကို တောင်းခံတယ်။
ဒီအကြောင်းကြောင့် အန်နာပူရ်နာရဲ့ ကရုဏာမှာ
အထွတ်အထိပ် နတ်ကို တစ်ခါတစ်ရံ ဆင်းရဲတဲ့
သူဖုန်းစားအဖြစ် ပုံဖော်တယ်။
ဘယ်လက်မှာ ရွှေခွက်တစ်လုံး ကိုင်ထားပြီး
ညာလက်က အဘယ မုဒြာ ပုံဖော်ထားတယ်။
ဘေးကင်းပြီး ယုံကြည်စိတ်ချရတဲ့ လက်ဟန်ပါ
ဒီသင်္ကေတတွေနဲ့အတူ
ဒီအစွမ်းရှိတဲ့ နတ်ဒေဝတာက ရုပ်လောကဟာ
စိတ်လှည့်စားမှု သက်သက်ဆိုတာကို
ရှင်းလင်းစေတယ်။
တကယ်တမ်းတော့ ဒါက တည်တံ့
နေရမယ့် ဘဝ သံသရာတစ်ခုဆိုတာပါ။
ပွင့်နေတဲ့ ပါးစပ်တွေနဲ့ မြည်ဟည်း
နေတဲ့ ဗိုက်တွေကို ကျွေးမွေးခြင်းကနေ
ကမ္ဘာမြေရဲ့ ဟန်ချက်ညီမှုအထိပါ။