ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ပထမဗီဒီယိုတုန်းက ကျွန်တော် Ape ပုံဆိုပြီးဆွဲပြတယ်။ ပြီးတော့ အမြှီးလေးဆွဲပြခဲ့သေးတယ်။ ပြီးတော့ အခုဒီဗီဒီယိုမှာကျွန်တော်လုပ်ချင်တာက အဲဒါတွေအကုန်မှားကြောင်းကိုရှင်းပြချင်တာပါ။ Apes- Apes တွေမှာအမြှီးမရှိပါဘူး။ ပြီးတော့ ဒီအချက်က Apes တွေကိုအဓိကကွဲပြားစေပါတယ်။ တခြားအမြှီးမရှိတဲ့ ပရိုင်းမိတ် တွေရှိတယ်ဆိုပေမယ့် apes တွေကတော့လုံး၀အမြှီးမရှိကြပါဘူး။ ပြီးတော့ apes အမျိုးအစားနှစ်မျိုးရှိကြောင်းကိုပြောပြပါမယ်။ အဲဒါကတော့ "the lesser apes" နဲ့ "the great apes" ဆိုပြီးဖြစ်ပါတယ်။ Lesser apes က မျောက်လွှဲကျော် တို့လိုမျိုးပါ။ Great apes ကတော့ ချင်ပင်ဇီတို့၊ ဂေါ်ရီလာတို့ ပြီးတော့ ကျွန်တော်တို့လို လူတွေပါ။ ဒီတော့ ဒီမှာရှိတဲ့ပုံတွေက great apes ပုံတွေပါ။ ဒါတွေက great apes တွေပါ။ ပြီးတော့ ဒီ great ape က 1994 ခုနှစ်က စတိုင်သိပ်မမိပါဘူး။ ပြီးတော့ ဆံပင်လည်းညှပ်ဖို့လိုနေတယ်။