ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ပထမဗီဒီယိုတုန်းက
ကျွန်တော် Ape ပုံဆိုပြီးဆွဲပြတယ်။ ပြီးတော့ အမြှီးလေးဆွဲပြခဲ့သေးတယ်။
ပြီးတော့ အခုဒီဗီဒီယိုမှာကျွန်တော်လုပ်ချင်တာက အဲဒါတွေအကုန်မှားကြောင်းကိုရှင်းပြချင်တာပါ။
Apes- Apes တွေမှာအမြှီးမရှိပါဘူး။
ပြီးတော့ ဒီအချက်က Apes တွေကိုအဓိကကွဲပြားစေပါတယ်။
တခြားအမြှီးမရှိတဲ့ ပရိုင်းမိတ် တွေရှိတယ်ဆိုပေမယ့်
apes တွေကတော့လုံး၀အမြှီးမရှိကြပါဘူး။
ပြီးတော့ apes အမျိုးအစားနှစ်မျိုးရှိကြောင်းကိုပြောပြပါမယ်။ အဲဒါကတော့ "the lesser apes" နဲ့
"the great apes" ဆိုပြီးဖြစ်ပါတယ်။
Lesser apes က မျောက်လွှဲကျော် တို့လိုမျိုးပါ။
Great apes ကတော့ ချင်ပင်ဇီတို့၊ ဂေါ်ရီလာတို့ ပြီးတော့
ကျွန်တော်တို့လို လူတွေပါ။
ဒီတော့ ဒီမှာရှိတဲ့ပုံတွေက great apes ပုံတွေပါ။
ဒါတွေက great apes တွေပါ။
ပြီးတော့ ဒီ great ape က 1994 ခုနှစ်က
စတိုင်သိပ်မမိပါဘူး။
ပြီးတော့ ဆံပင်လည်းညှပ်ဖို့လိုနေတယ်။