လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စိတ်ဝင်စားစရာ
ကောလဟလတစ်ခု ကြားခဲ့တယ်။
သိရတာ အိမ်မွေးတိရိစ္ဆာန်အစာ
ကုမ္ပဏီကြီးရဲ့ ဦးစီးဟာ
အစုရှင်တွေရဲ့ နှစ်ပတ်လည် အစည်းအဝေးကို
ခွေးစာဘူးနဲ့ တက်ခဲ့မယ်။
ပြီးတော့ ခွေးစာဘူးကို သူစားခဲ့မယ်ပေါ့။
ဒါက သူ့အတွက် ကောင်းတယ်ဆို
သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေအတွက်
ကောင်းတယ်လို့ သိမ်းသွင်းတဲ့နည်းပါ။
ဒီနည်းဗျူဟာကို "ခွေးစာစားခြင်း"လို့
အခုသိကြပြီး
စီးပွားရေးလောကမှာ တွေ့နေကျ
နည်းဗျူဟာတစ်ခုပါ။
လူတိုင်း ဝင်ပြီး ခွေးစာစားတယ်လို့
မဆိုလိုပေမဲ့
စီးပွားရေးသမားတွေဟာ
ထုတ်ကုန်တေွကို ယုံကြည်တာ
ပြသဖို့ သူတို့ ကိုယ်ပိုင်
ထုတ်ကုန်တွေကို သုံးကြလိမ့်မယ်။
အခု ဒါက ကျယ်ပြန့်တဲ့ အလေ့အထတစ်ခုဆိုပေမဲ့
တကယ် စိတ်ဝင်စားစရာကောင်းလို့
ထင်မိတာက ဒီစည်းမျဉ်းရဲ့
ခြွင်းချက်တွေတွေ့တဲ့အခါ
ကိုယ်ပိုင် ထုတ်ကုန်တွေကိုမသုံးကြတဲ့
လုပ်ငန်းတွေ (သို့)
ဒီထဲကလူတွေရဲ့ ကိစ္စတွေတွေ့တော့ပါ။
ဖြစ်သွားတာက တွေ့နေကျ ပုံစံ၊
အတော် ပုံမှန်ဖြစ်တဲ့နည်းတစ်ခုမှာ
ဒီလိုဖြစ်တဲ့ လုပ်ငန်းက
ဖန်ပြင်ကို အခြေပြု နည်းပညာ လုပ်ငန်းပါ။
ဒါနဲ့ ၂၀၁၀ မှာ Steve Jobs က
iPad ကို ဖြန့်ချီနေတုန်းက
iPad ကို "ထူးခြားတဲ့’’ ကိရိယာလို့
ဖော်ပြခဲ့တယ်။
"သင်ရဖူးခဲ့တာရဲ့ အကောင်းဆုံး
ရှာဖွေခြင်း အတွေ့အကြုံ"
လက်ပ်တော့ထက် ပိုကောင်းတာ
စမတ်ဖုန်းထက် ပိုကောင်းတာ၊
မယုံနိုင်စရာ အတွေ့အကြုံတစ်ခုပါ။"
တစ်လ၊ နှစ်လကြာတော့
New York Times မှ သတင်းစာသမားက
သူ့ကို ချဉ်းကပ်ခဲ့ကာ
သူတို့ ဖုန်းအကြာကြီး ပြောခဲ့တယ်
ဖုန်းပြောတဲ့အဆုံးမှာ
သတင်းစာသမားက ဘောလုံးပျော့လိုမျိုး
မေးခွန်းတစ်ခု ပစ်မေးလိုက်တယ်။
သူပြောတာက "မင်းတို့ကလေးတွေ
iPad ကို ချစ်ရမှာပေါ့ကွ"တဲ့။
ဒီအတွက် သိသာတဲ့ အဖြေရှိပါတယ်။
ဒါပေမဲ့ Jobs ပြောတာက
သတင်းစာသမားကို အံဩစေခဲ့တယ်။
သူအရမ်း အံ့ဩသွားတယ်။
အကြောင်းက သူပြောတာက
"သူတို့ ဒါကို မသုံးဖူးဘူး၊
အိမ်မှာ ကလေးတွေသုံးတဲ့ နည်းပညာ
ပမာဏကို ငါတို့ ကန့်သတ်တယ်။"
ဒါက နည်းပညာလောကမှာ တွေ့နေကျပါ။
တကယ်က Silicon Valley နဲ့ အတော်နီးနီးလေးက
Peninsula က Waldorf School
ဆိုတဲ့ ကျောင်းရှိပြီး
အဌမတန်းမှပဲ ဖန်ပြင်တွေကို မိတ်ဆက်ပေးတယ်။
ဒီကျောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာက
ဒီမှာတက်တဲ့ ကလေးတွေရဲ ၇၅% ရဲ့ မိဘတွေဟာ
Silicon Valley ရဲ့ အလုပ်အမှုဆောင်အဆင့်
တွေဖြစ်တာပါ။
ကျွန်တော် ဒီအကြောင်းကြားတော့
ဒါစိတ်ဝင်စားစရာ၊ အံ့ဩစရာလို့ တွေးမိပြီး
ဖန်ပြင်တွေက ကျွန်တော်၊ ကိုယ့် မိသားစု၊
ကိုယ်ချစ်တဲ့လူတွေနဲ့
များပြားတဲ့ လူတွေကို ကို ဘာလုပ်နေလဲဆိုတာ
စဉ်းစားဖို့ တွန်းပို့တယ်။
ဒါနဲ့ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး
စီးပွားရေးနဲ့ စိတ်ပညာ ပါမောက္ခအနေနဲ့
ဘဝအပေါ် ဖန်ပြင်တွေရဲ့
သက်ရောက်မှုတွေကို လေ့လာနေခဲ့တယ်။
ကျွန်တော်တို့ဆီက အချိန်ဘယ်လောက်
ယူတယ်ဆိုတာကို အာရုံစိုက်တာနဲ့ပဲ စချင်တယ်၊
ဒီနောက် အချိန်က ဘယ်လိုဆိုတဲ့အကြောင်း
ပြောနိုင်တာပေါ့။
ဒီမှာ ပြနေတာက သမိုင်းထဲက မတူညီတဲ့
အမှတ် သုံးခုက
ပျမ်းမျှ ၂၄ နာရီ အလုပ်လုပ်ရက်ပါ။
၂၀၀၇ ၊ လွန်ခဲ့တဲ့ ၁၀ နှစ်
၂၀၁၅
ပြီးတော့ ပြီးခဲ့တဲ့ အပတ်ကပဲ
ကောက်ယူခဲ့တဲ့ ဒေတာပါ။
အားလုံး အဲဒီလောက်ကြီး အများကြီး
ပြောင်းလဲမသွားခဲ့ပါဘူး။
တစ်ရက် ခုနှစ်နာရီခွဲက ရှစ်နာရီလောက်
အကြမ်းဖျင်း အိပ်ကြတယ်၊
နည်းနည်း ကျသွားတယ်လို့ တစ်ချို့ပြောပေမဲ့
အများကြီး မပြောင်းလဲပါဘူး။
တစ်ရက်ကို ရှစ်နာရီကနေ ကိုးနာရီ
အလုပ်လုပ်တယ်။
အသက်ဆက်ရေး လုပ်ဆောင်မှုတွေမှာ
ပါတယ်၊
စားတာ၊ ရေချိုးတာ၊ ကလေးတွေကို
စောင့်ရှောက်တာတို့မှာ
တစ်ရက် သုံးနာရီလောက်ပေါ့
ဒါက ဒီအဖြူကွက်လပ် ကျန်နေတယ်၊
ကျွန်တော်တို့ ကိုယ်ပိုင်အချိန်ပါ။
ဒီကွက်လပ်က ကျွန်တော်တို့အတွက်
မယုံနိုင်အောင် အရေးပါတယ်။
ဒါက ကျွန်တော်တို့ကို သီးခြားဖြစ်စေတဲ့
လုပ်ရာ ကွက်လပ်ပါ၊
ဒါက ဝါသနာတွေ ဖြစ်ပေါ်ရာ၊
ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိရာ၊
ကိုယ့်ဘဝအကြောင်း တွေးမိရာ၊
ဖန်တီးမှုဖြစ်စေရာ၊
ကိုယ့်ဘဝ အဓိပ္ပါယ်ရှိ၊မရှိ အနီးကပ်
ပြန်ဆွဲပြီး ဖြေရှင်းဖို့ကြိုးစားရာပါ။
ဒါတစ်ချို့ကို အလုပ်ကနေလည်းရပေမဲ့
လူတွေ သူတို့ဘဝတွေကို ပြန်ကြည့်တဲ့အခါ
သူတို့ ဘဝအဆုံးမှာ ဒီလိုဖြစ်ခဲ့ပါလားလို
အံ့ဩကြတယ်၊
သူတို့ ပြောတဲ့ နောက်ဆုံးအရာတွေ ကြည့်တယ်
သူတို့က ဒီကိုယ်ပိုင် အဖြူရောင်ကွက်လပ်မှာ
ဖြစ်ပျက်တဲ့ ကာလတွေကို ပြောနေတယ်။
ဒီတော့ အလေးထားအပ်ရာ၊ အရေးကြီးပါတယ်။
ကဲ အခုပြသမှာက ကာလအသီးသီးမှာ
ဖန်ပြင်တွေကနေ ယူသွားတဲ့ ဒီနေရာလပ်က
ဘယ်လောက်ရှိတာကိုပါ။
၂၀၀၇ ခုနှစ်မှာ
ဒီလောက်များပါတယ်။
ဒါက Apple ကနေပြီး
iPhone ကို မိတ်ဆက်တဲ့နှစ်ပါ။
နောက်ရှစ်နှစ်အကြာမှာ
ဒီလောက်များပါတယ်။
အခု ဒီလောက်ပါ။
ဒါက ဖန်ပြင်တွေရှေ့မှာ ကျွန်တော်တို့
သုံးကြတဲ့ အားလပ်ချိန်ပမာဏပါ။
ဒီအဝါရောင်ဧရိယာ၊ ဒီငွေရောင်မျှင်မျှင်လေးက
အံ့ဖွယ်ဖြစ်ပေါ်ရာပါ။
ဒါက သင့်ရဲ့ လူသားဆန်တဲ့ ဘဝတွေပါ။
အခုတော့ ဒါက အရမ်းသေးတဲ့ အကွက်ထဲမှာပါ။
ဒီတော့ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ကြလဲ။
ကဲ ပထမ မေးခွန်းက
ဒီအနီရောင်ကွက်လပ်က ဘာနဲ့တူလဲ။
ကဲ တကယ်တော့ ဖန်ပြင်တွေဟာ
နည်းလမ်းများစွာမှာ
အံ့ဖွယ်ရာပါ။
ကျွန်တော် New York မှာနေတာ
မိသားစုဝင်အများအပြားက Australia မှာနေပြီး
ကျွန်တော့မှာ တစ်နှစ်သားရှိတယ်
သူတို့ကို သူနဲ့မတ်ဆက်ပေးဖို့ နည်းလမ်းက
ဖန်ပြင်တွေနဲ့ပါ။
လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ ကဆို ဒီအတိုင်း
လုပ်နိုင်စရာမရှိဘူး။
ဒီတော့ ဒါတွေကလာတဲ့ ကောင်းတာတွေ
အများကြီးပါ။
သင်လုပ်နိုင်တာက သင့်ကိုယ်သင်မေးတာပါ။
ဒီအချိန်အတွင်း ဘာတွေဆက်ဖြစ်နေလဲ။
သုံးနေတဲ့ အက်ပ်တွေဟာ
ဘယ်လိုတန်ဖိုးတက်စေလို့လဲ။
တချို့က တန်ဖိုးတက်စေပါတယ်။
ဒါတွေသုံးနေတဲ့ လူတွေကို ရပ်ခိုင်းပြီး
"အခု ဘယ်လိုခံစားရလဲ" လို့မေးရင်
ဒီ အက်ပ်တွေက အတော်လေးကောင်းတယ်လို့
သူတို့ပြောကြတယ်၊
အပန်းဖြေမှု၊ လေ့ကျင့်ခန်း၊ မိုးလေဝသ၊
စာဖတ်ခြင်းတွေ၊ ပညာရေးနဲ့
ကျန်းမာရေးကို အလေးပေးတာတွေပေါ့။
ဒါတွေ တစ်ခုစီအပေါ်မှာ တစ်နေ့
ပျှမ်းမျှ ကိုးမိနစ် အချိန်ကုန်ခံတယ်။
ဒါတွေက သူတို့ကို
ပျော်ရွှင်မှု နည်းအောင်လုပ်တယ်။
လူတွေတစ်ဝက်လောက်ကို ကြားဖြတ်ပြီး
"ဘယ်လို ခံစားရလဲ" မေးရင်
ဒါတွေသုံးရတာ မကောင်းဘူးလို့ ပြောကြတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာက
ချိန်းဆို၊ လူမှုကွန်ရက်၊ ဂိမ်းကစား၊
ဖျော်ဖြေရေး၊ သတင်း၊ ဝက်ရှာဖွေခြင်း
အက်ပ်တွေမှာ
တစ်ခုချင်းကို တစ်နေ့ကို ၂၇ မိနစ်
အချိန်ကုန်ခံသူတွေပါ။
ကိုယ့်ကို မပျော်အောင်လုပ်တဲ့ အက်ပ်တွေမှာ
အချိန် သုံးဆ ပိုကုန်ကြတယ်။
ဒါက သိပ်ဉာဏ်မရှိရာကျပါတယ်။
ဒီအက်ပ်တွေမှာ ဒီလောက်အချိန်အများကြီး
ကုန်တဲ့အကြောင်းက
ကိုယ့်ကို မပျော်စေတာက
ရပ်ဖို့ အချက်ပြတာတွေကို လုယူတာပါ
၂၀ ရာစုမှာ ရပ်တဲ့အချက်ပြမှုတွေ
နေရာတိုင်းမှာပါ။
ကိုယ် လုပ်ခဲ့တာတိုင်းမှာ
ထည့်ဖုတ်ထားတယ်။
ရပ်တဲ့အချက်ပြမှုက အခြေခံအားဖြင့်
ဆက်လုပ်ဖို့
အသစ်တစ်ခု၊ မတူတာတစ်ခုခု
လုပ်ဖို့အချက်ပြတာပါ။
သတင်းစာတွေအကြောင်း တွေးကြည့်ပါ၊
နောက်ဆုံးမှာ အဆုံးသတ်ရောက်လာတယ်၊
သတင်းစာကို ခေါက်ထားပြီး
ဘေးဖယ်ထားလိုက်တယ်။
မဂ္ဂဇင်းတွေ၊ စာအုပ်တွေလည်း အတူတူပဲ၊
နောက်ဆုံးအခန်းရောက်လာတယ်၊
ဆက်ဖတ်ချင်လားလို့ စဉ်းစားဖို့
သင့်ကို စေ့ဆော်တယ်။
တီဗီမှာ ပြပွဲတစ်ပွဲကြည့်တယ်၊
နောက်ဆုံး ပြပွဲပြီးသွားမယ်
နောက်တစ်ပွဲမလာမချင်း
တစ်ပတ် သင့်မှာ ရှိမယ်။
ရပ်တဲ့ အချက်ပြမှုတွေ နေရာတိုင်းမှာပါ
ဒါပေမဲ့ ဒီနေ့ မီဒီယာကို သုံးစွဲကြပုံက
ရပ်တဲ့အချက်ပြမှုတွေ မရှိသလိုဖြစ်နေတယ်။
သတင်းစီးဝင်မှုက လှိမ့်ဝင်လာပြီး
အရာတိုင်းဟာ မကုန်နိုင်အောင်ပဲလေ၊
Twitter Facebook Instagram
အီးမေးလ်၊ စာတိုပို့ခြင်း၊ သတင်းတွေ၊
အြခားရင်းမြစ်အစုံစုံကို စစ်တဲ့အခါ
သင်ဟာ ဆက်ကာ၊ဆက်ကာ သွားနိုင်တာပဲ။
ဒီတော့ အနောက်ဥရောပကနေ ဘာလုပ်ရမယ်
ဆိုတာ အချက်ပြမှုရနိုင်တယ်။
အဲဒီမှာ အလုပ်ခွင်ထဲက အတော်များတဲ့
စိတ်ကူးကောင်းတွေ သူတို့မှာ ရှိပုံရတယ်
ဟောဒီမှာ နမူနာတစ်ခုပါ။
ဒါ ဒတ်ခ်ျဒီဇိုင်းကုမ္ပဏီပါ
သူတို့လုပ်ခဲ့တာက
မျက်နှာကြက်ထိ ဆင်ထားတဲ့ စာရေးခုံတွေပါ
နေ့စဉ် ညနေ ၆ နာရီမှာပါ၊
သင် ဘယ်သူ့ကို အီးမေလ်ပို့နေနေ၊
ဘာလုပ်နေနေပါ၊
ခုံတွေက မျက်နှာကြက်ထိ မြင့်တယ်။
(ရယ်သံများ)
(လက်ခုပ်သံများ)
တစ်ပတ်ကို လေးရက်၊ ကွက်လပ်ဟာ
ယောဂအခန်းအဖြစ် ပြောင်းသွားတယ်၊
တစ်ပတ်တစ်ရက် အကအသင်းဖြစ်သွားတယ်။
ဘယ်ဟာကို စွဲလုပ်တာက
သင့်အပေါ်မူတည်ပါတယ်။
ဒါပေမဲ့ ရပ်တဲ့စည်းမျဉ်းကောင်းပါ။
အကြောင်းက ဒါက အဆုံးမှာ
အရာရာ ရပ်သွားတယ်။
အလုပ်လုပ်ဖို့ မရှိလို့ ဆိုလိုတာကြောင့်ပါ။
Daimler ဂျာမန် ကားကုမ္ပဏီမှာ
နောက်ထပ် ပြောင်မြောက်တဲ့ နည်းဗျူဟာရှိတယ်။
အားလပ်ရက်ခရီးထွက်တဲ့အခါ
"ဒီလူ အားလပ်ရက်ခရီး ထွက်နေတယ်၊ နောက်ဆုံး
သင့်ဆီ စာပြန်လာမယ်"လို့ ပြောမယ့်အစား
ပြောတာက "ဒီလူက အနားယူနေတယ်၊
ဒါကြောင့် သင့်အီးမေးလ်ကို ဖျက်လိုက်ပြီ၊
ဒီလူ သင်ပို့တဲ့ အီးမေးလ်ကို ဘယ်တော့မှ
မတွေ့တော့ဘူး"
(ရယ်သံများ)
"တစ်ပတ်နှစ်ပတ်အတွင်း သင်အီးမေးလ်
ပြန်ပို့နိုင်တယ်၊
(သို့) အခြားလူဆီ ပို့နိုင်တယ်"
(ရယ်သံများ)
ဒီလိုနဲ့
(လက်ခုပ်သံများ)
ဘယ်လိုဆိုတာ စိတ်ကူးကြည့်နိုင်တယ်။
သင် အားလပ်ရက်ခရီးထွက်နေတယ်၊
တကယ် အားလပ်ရက်ခရီးမှာပါ။
ဒီကုမ္ပဏီမှာ အလုပ်လုပ်တဲ့ လူတွေဟာ တကယ်ပဲ
အလုပ်ကနေ အနားရတယ်လို့ ခံစားရတယ်။
ဒါပေမဲ့ တကယ်က ဒါက ကိုယ်ပိုင်ဘဝမှာ
အိမ်မှာ ဘာလုပ်သင့်တဲ့အကြောင်း
သိပ်မပြောပြတော့
အကြံပေးချင်ပါတယ်။
ပြောဖို့ လွယ်ပါတယ်။ ညနေ ၅ နာရီနဲ့
၆ နာရီကြား ဖုန်းမသုံးတော့ဘူးလို့ပါ။
ပြဿနာက ညနေ ၅ နာရီ၊ ၆ နာရီဟာ
နေ့အမျိုးမျိုးမှာ အမျိုးမျိုးဖြစ်နေပုံရတာ။
ပြောဖို့ ပိုကောင်းတဲ့ နည်းဗျူဟာလို့ထင်တာက
တစ်ချို့ကို နေ့တိုင်းလုပ်တယ်၊
နေ့စဉ်ဖြစ်တဲ့ အကြောင်းတရားတစ်ချို့ပါ၊
ဥပမာ ညစာစားတာပေါ့။
တစ်ခါတစ်လေ တစ်ယောက်တည်း
တစ်ခါတစ်လေတော့ အခြားသူတွေနဲ့၊
တစ်ခါတစ်လေ စားသောက်ဆိုင်၊
တစ်ခါတစ်လေ အိမ်မှာပေါ့၊
ဒါပေမဲ့ ကျွန်တော်ကျင့်သုံးတဲ့နည်းက
ဖုန်းကို စားပွဲမှာ ဘယ်တော့မှမသုံးဘူး။
အဝေးမှာ၊
ဖြစ်နိုင်မျှ အဝေးမှာပါ။
ဆွဲဆောင်မှုကို ခုခံရာမှာ အတော်ညံ့လို့ပါ။
ဒါပေမဲ့ ရပ်တဲ့အချက်ပြမှုရတဲ့ခါ
ညစာ စစားတိုင်း
ဖုန်းက အဝေးရောက်နေတယ်၊
ဆွဲဆောင်မှုကို တစ်ပါတည်း ရှောင်တာပါ
အစမှာတော့ နာကျင်တာပေါ့၊
ပွဲကောင်းတွေလွဲပြီလို့ပေါ့။
(ရယ်သံများ)
ကျွန်တော် ရုန်းကန်ခဲ့တယ်
ဒါပေမဲ့ ကြုံရတာက၊ သင် ကျင့်သားရသွားတယ်၊
မူယစ်ဆေးဖြတ်တာလိုအလားတူ
သင်ကျော်လွှားတာပါ။
ကြုံရတာက ဘဝဟာ ပိုပြီး
အရောင်စုံ၊ ပိုကြွယ်ဝ၊
ပိုစိတ်ဝင်စားစရာကောင်းလာ
စကားပြောဆိုတာတွေပိုကောင်းလာတာပါ။
သင်ဟာ တကယ်ပဲ သင်နဲ့အတူရှိနေကြတဲ့
လူတွေနဲ့ဆက်သွယ်တာပါ၊
စိတ်ဝင်စားစရာနည်းဗျူဟာ လို့ထင်ပြီး
ဒါ အလုပ်ဖြစ်တာသိတယ်၊
အကြောင်းက လူတွေဒါကို လုပ်တဲ့အခါ
စမ်းလုပ်ခဲ့ကြတဲ့ လူအတော်များများကို
ခြေရာခံကြည့်တော့
ဒါက ကျယ်ပြန့်သွားတယ်။
သူတို့ အတော်နေလို့ကောင်းတယ်
ဒါကို မနက်ပိုင်း တစ်နေ့တာရဲ့
ပထမနာရီ စလုပ်ကြတယ်။
စနေ၊တနင်္ဂနွေမှာ သူတို့ဖုန်းတွေကို
လေယာဉ်စနစ်စထားတယ်။
ဒီနည်းက သင်ဖုန်းမှာ ကင်မရရှိသေးပေမဲ့
ဖုန်းတော့ မဟုတ်တော့ဘူး။
ဒါဟာ တကယ် စွမ်းတဲ့စိတ်ကူးပါ။
ဒါကိုလုပ်တဲ့အခါ သူတို့ဘဝနဲ့ပတ်သက်ပြီး
အများကြီး နေလို့ကောင်းကြတာ သိပါတယ်။
ဒီတော့ ဒီကနေ မှတ်သားစရာက ဘာလဲ။
ဖန်ပြင်တွေဟာ အံ့ဖွယ်ရာပါ၊
ဒါကို ပြောပြီးပါပြီ၊
မှန်တယ်လို့ ခံစားမိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ သုံးပုံက တကယ့်ကို
မြန်ပြီး ရှည်တဲ့လမ်းထဲကို မောင်းနေပြီး
လီဗာကို ကြမ်းပြင်မှာ နင်းထားတဲ့
ကားထဲမှာရှိတာမျိုးနဲ့ အရမ်းဆင်တယ်
ဘရိတ်ခြေနင်းဆီရောက်ဖို့
ခက်တာမျိုးပါ။
သင့်မှာ ရွေးချယ်မှုတစ်ခုရှိတယ်။
ပြောမယ်ဆို လှပတဲ့ သမုဒ္ဒရာရှုခင်းတွေကို
စုန်မျှောကာ
ပြတင်းပေါက်ကနေ လျှပ်တစ်ပြက်
ဓာတ်ပုံရိုက်နိုင်တယ်၊ ဒါကအလွယ်လေးပါ၊
(သို့) လမ်းဘေးကို ကားကိုရွှေ့ဖို့
ဘရိတ်ခြေနင်းကို တွန်းဖို့
အပြင်ထွက်ဖို့
တမင်ထွက်လိုက်လို့ရတယ်၊
ဖိနပ်နဲ့ ခြေအိတ်တွေချွတ်ပါ
သဲပေါ်ကို ခြေတစ်လှမ်းနှစ်လှမ်းပါ
ခြေဖဝါးအောက်က သဲဟာ
ဘယ်လိုဆိုတာ ခံစားပါ
သမုဒ္ဒရာဆီ လမ်းလျှောက်ပါ
သမုဒ္ဒရာက သင့်ခြေချင်းဝတ်တွေကို
ရိုက်ခတ်ပါစေ၊
သင့်ဘဝဟာ ပိုကြွယ်ဝပြီး
ပိုအဓိပ္ပါယ်ပြည့်ဝလာမယ်
အကြောင်းက ဒီအတွေ့အကြုံကို
ရှုသွင်းလိုက်ပြီး
ကားထဲမှာ သင့်ဖုန်းကျန်ခဲ့လို့ပါ။
ကျေးဇူးပါ။
(လက်ခုပ်သံများ)