0:00:00.440,0:00:06.498 0.15 ကို အပိုင်းကိန်းလို ရေးကြည့်ရအောင်။ 0:00:06.498,0:00:08.343 ဒီနေရာမှာ အရေးကြီးတဲ့အရာကို ကြည့်ရမှာကတော့ 0:00:08.343,0:00:10.709 ဒီ ကိန်းဂဏန်းတွေ ဘယ်နေရာမှာ ရှိသလဲ။ 0:00:10.709,0:00:13.440 ဒီ ၁ ဂဏန်းက ဆယ်နေရာမှာ ရှိတယ်။ 0:00:13.440,0:00:16.792 အဲဒီတော့ ၁၀ပိုင်း ၁ပိုင်း လို့ မြင်နိုင်တယ်။ 0:00:16.792,0:00:20.830 ဒီ ၅ကတော့ ရာ ဂဏန်း နေရာမှာ ရှိတယ်။ 0:00:20.830,0:00:23.800 အဲဒီတော့ ၅ အမြောက် ၁၀၀ပိုင်း၁ပိုင်း လို့ မြင်ရမယ်။ 0:00:23.800,0:00:25.498 အဲဒါကို ပြန်ပြီး ရေးရင် 0:00:25.498,0:00:27.551 ပေါင်းလဒ်မှာ 0:00:27.551,0:00:30.003 ၁ က ၁ အမြောက် ၁၀ပိုင်း ၁ပိုင်းကို ကိုယ်စားပြုတော့ 0:00:30.003,0:00:33.300 အမှန်တကယ်ဆိုရင် ၁၀ပိုင်း၁ပိုင်း အပေါင်း 0:00:33.300,0:00:37.107 ပြီးတော့ 5 က ကိုယ်စားပြုတဲ့ 5 အမြောက် ၁၀၀ပိုင်း၁ပိုင်း က 0:00:37.107,0:00:40.649 အပေါင်း ၁၀၀ပိုင်း၅ပိုင်း 0:00:40.649,0:00:41.929 အဲဒါတွေကို ပေါင်းလိုက်မယ်ဆိုရင်.. 0:00:41.929,0:00:43.914 ဘုံပိုင်းခြေ တစ်ခုကို ရှာရမယ် 0:00:43.914,0:00:46.086 ဘုံပိုင်းခြေက ၁၀၀ 0:00:46.086,0:00:47.841 ၁၀ နဲ့ 0:00:47.841,0:00:50.561 ၁၀၀တို့ရဲ့ အငယ်ဆုံး ဘုံမြောက်လဒ်ဟာ.. 0:00:50.561,0:00:52.780 ၁၀၀ ပဲ ဖြစ်မယ် 0:00:52.780,0:00:59.592 အဲလိုဆိုရင် ပိုင်းခြေတူအောင် ၁၀၀ လို့ ပြင်ရအောင် 0:00:59.592,0:01:02.730 ဒီဟာကတော့ မပြောင်းပါဘူး။ ၁၀၀ပိုင်း၅ပိုင်းပဲ 0:01:02.730,0:01:05.340 ဒီပိုင်းခြေကို ၁၀ နဲ့ မြှောက်လိုက်မယ်ဆိုရင် 0:01:05.340,0:01:08.180 ဟုတ်တယ်.. ၁၀ နဲ့ မြှောက်လိုက်တာပါ။ 0:01:08.180,0:01:10.763 ပြီးတော့ ပိုင်းဝေကိုလည်း ၁၀ နဲ့ မြှောက်ရမယ် 0:01:10.763,0:01:12.807 အဲဒီတော့ ၁၀၀ပိုင်း ၁၀ပိုင်းနဲ့ အတူတူပဲပေါ့ 0:01:12.807,0:01:13.880 ဒါဆိုရင် ပေါင်းလို့ရပြီ 0:01:13.880,0:01:20.690 ၁၀အပေါင်း၅ ဆိုတော့ ၁၀၀ပိုင်း၁၅ပိုင်း ပေါ့။ 0:01:20.690,0:01:21.982 နောက်တစ်နည်းကတော့ 0:01:21.982,0:01:23.840 ဒါကို ကြည့်လိုက်ရင် နဲနဲပိုမြန်တဲ့နည်း.. 0:01:23.840,0:01:24.556 ကြည့်.. 0:01:24.556,0:01:27.200 အသေးဆုံးနေရာက ရာဂဏန်းနေရာ 0:01:27.200,0:01:30.760 ၁၀ပိုင်း၁ပိုင်း လို့ ပြောမယ့်အစား ၁၀၀ပိုင်း၁ဝိုင်း လို့ ပြောလို့ရတယ် 0:01:30.760,0:01:35.490 ဒါမှမဟုတ် တစ်ခုလုံးကို ၁၀၀ပိုင်း၁၅ပိုင်းလို့ပြောလို့ရတယ် 0:01:35.490,0:01:37.770 ကဲ အခု အငယ်ဆုံးထိ လျှော့မယ်ဆိုရင် 0:01:37.770,0:01:39.146 ရတယ်.. ကြည့်ရအောင် 0:01:39.146,0:01:41.810 ပိုင်းခြေရော ပိုင်းဝေပါ ၅ နဲ့ စားလို့ရတယ် 0:01:41.810,0:01:44.898 အဲဒီတော့ နှစ်ခုစလုံးကို ၅ နဲ့ စားလိုက် 0:01:44.898,0:01:48.602 ပိုင်းေ၀ ၁၅ ကို ၅ နဲ့စားလိုက်တော့ အဖြေက ၃ 0:01:48.602,0:01:51.836 ပိုင်းခြေ ၁၀၀ ကို ၅ နဲ့စားလိုက်တော့ အဖြေက ၂၀ 0:01:51.836,0:01:55.658 အဲဒါက အရှင်းလင်းဆုံး လုပ်လို့ရနိုင်တာပဲ။