0.15 ကို အပိုင်းကိန်းလို ရေးကြည့်ရအောင်။
ဒီနေရာမှာ အရေးကြီးတဲ့အရာကို ကြည့်ရမှာကတော့
ဒီ ကိန်းဂဏန်းတွေ ဘယ်နေရာမှာ ရှိသလဲ။
ဒီ ၁ ဂဏန်းက ဆယ်နေရာမှာ ရှိတယ်။
အဲဒီတော့ ၁၀ပိုင်း ၁ပိုင်း လို့ မြင်နိုင်တယ်။
ဒီ ၅ကတော့ ရာ ဂဏန်း နေရာမှာ ရှိတယ်။
အဲဒီတော့ ၅ အမြောက် ၁၀၀ပိုင်း၁ပိုင်း လို့ မြင်ရမယ်။
အဲဒါကို ပြန်ပြီး ရေးရင်
ပေါင်းလဒ်မှာ
၁ က ၁ အမြောက် ၁၀ပိုင်း ၁ပိုင်းကို ကိုယ်စားပြုတော့
အမှန်တကယ်ဆိုရင် ၁၀ပိုင်း၁ပိုင်း အပေါင်း
ပြီးတော့ 5 က ကိုယ်စားပြုတဲ့ 5 အမြောက် ၁၀၀ပိုင်း၁ပိုင်း က
အပေါင်း ၁၀၀ပိုင်း၅ပိုင်း
အဲဒါတွေကို ပေါင်းလိုက်မယ်ဆိုရင်..
ဘုံပိုင်းခြေ တစ်ခုကို ရှာရမယ်
ဘုံပိုင်းခြေက ၁၀၀
၁၀ နဲ့
၁၀၀တို့ရဲ့ အငယ်ဆုံး ဘုံမြောက်လဒ်ဟာ..
၁၀၀ ပဲ ဖြစ်မယ်
အဲလိုဆိုရင် ပိုင်းခြေတူအောင် ၁၀၀ လို့ ပြင်ရအောင်
ဒီဟာကတော့ မပြောင်းပါဘူး။ ၁၀၀ပိုင်း၅ပိုင်းပဲ
ဒီပိုင်းခြေကို ၁၀ နဲ့ မြှောက်လိုက်မယ်ဆိုရင်
ဟုတ်တယ်.. ၁၀ နဲ့ မြှောက်လိုက်တာပါ။
ပြီးတော့ ပိုင်းဝေကိုလည်း ၁၀ နဲ့ မြှောက်ရမယ်
အဲဒီတော့ ၁၀၀ပိုင်း ၁၀ပိုင်းနဲ့ အတူတူပဲပေါ့
ဒါဆိုရင် ပေါင်းလို့ရပြီ
၁၀အပေါင်း၅ ဆိုတော့ ၁၀၀ပိုင်း၁၅ပိုင်း ပေါ့။
နောက်တစ်နည်းကတော့
ဒါကို ကြည့်လိုက်ရင် နဲနဲပိုမြန်တဲ့နည်း..
ကြည့်..
အသေးဆုံးနေရာက ရာဂဏန်းနေရာ
၁၀ပိုင်း၁ပိုင်း လို့ ပြောမယ့်အစား ၁၀၀ပိုင်း၁ဝိုင်း လို့ ပြောလို့ရတယ်
ဒါမှမဟုတ် တစ်ခုလုံးကို ၁၀၀ပိုင်း၁၅ပိုင်းလို့ပြောလို့ရတယ်
ကဲ အခု အငယ်ဆုံးထိ လျှော့မယ်ဆိုရင်
ရတယ်.. ကြည့်ရအောင်
ပိုင်းခြေရော ပိုင်းဝေပါ ၅ နဲ့ စားလို့ရတယ်
အဲဒီတော့ နှစ်ခုစလုံးကို ၅ နဲ့ စားလိုက်
ပိုင်းေ၀ ၁၅ ကို ၅ နဲ့စားလိုက်တော့ အဖြေက ၃
ပိုင်းခြေ ၁၀၀ ကို ၅ နဲ့စားလိုက်တော့ အဖြေက ၂၀
အဲဒါက အရှင်းလင်းဆုံး လုပ်လို့ရနိုင်တာပဲ။