တကယ်ပါ-
ဒီမှာရှိနေတဲ့ လူတိုင်း
ပျံသန်းဖို့ကို စိတ်ကူးခဲ့ဖူးမှာပါ။
ဒါပေမဲ့ အခုထက်ထိ လူသားတွေဟာ
ဘာဖြစ်လို့ မပျံသန်းနိုင်သေးတာလဲ။
ကျွန်မဟာ တစ်သက်လုံး ပျံသန်းဖို့ကို
အရူးအမူး စွဲလမ်းနေခဲ့သူပါ။
ကျွန်မဟာ မွေးစားကလေးအဖြစ် Ontario
ကန်ကြီးရဲ့ ကမ်းခြေမှာ ကြီးပြင်းလာခဲ့ပြီး
ပန်းရံသမား/ငါးဖမ်းသမား ဖခင်နဲ့
အတူ လိုက်နေခဲ့ရတယ်။
အစဉ်ဆိုသလို ကျွန်မဟာ
ရွေ့လျားတဲ့ အရာတွေကို အားကျခဲ့တယ်၊
အကောင်လေးတွေကို ဖမ်းယူလျက်
လက်ထဲမှာ ကိုင်ထားရင်း၊
သူတို့ရဲ့မှော်ဆန်တဲ့ လှုပ်ရှားမှုကို
ခံစားလေ့ ရှိခဲ့တယ်၊
မီးနှင့်ကစားကြည့်ရင်း
၎င်းရဲ့ ငဲ့ညှာခြင်းမရှိတဲ့
စွမ်းပကားကို ထိတ်လန့်မိတယ်၊
မတော်တဆ ကျွန်မ ဖခင်ရဲ့
တင်းကုပ်ကို မီးရှို့ခဲ့ဘူးတယ်--
တစ်ကြိမ်တည်းပါ။
(ရယ်သံများ)
အဲဒါက ကျွန်မ ပထမဦးဆုံးအကြိမ်
တကယ့်အန္တရာယ်ကို ရင်ဆိုင်ခဲ့ရမှုပါ၊
မီးနဲ့ ကျွန်မ ဖခင်တို့ထံမှလေ။
ကျွန်မ ရှစ်-ကိုးနှစ် အရွယ်တုန်းက
ဖန်အိုးထဲမှာ ယင်ကောင်ကို ဖမ်းနိုင်ခဲ့တယ်။
အဲဒီ ယင်ကောင်ကို လေ့လာရင်း၊
စဉ်းစားမိတာက "တယ်ဟုတ်ပါလား၊
၎င်းဟာ လေထဲမှာ ရုတ်ခနဲ
စူးရှစွာ ထောင့်ချိုးလျက် ပျံသန်းနိုင်တယ်၊
၎င်းရဲ့ ပျံသန်းမှုဟာ မြန်လွန်းလို့
မှုန်ဝါးဝါးပဲ မြင်နိုင်တယ်။
ကျုပ်တို့ကကော အဲဒီလို ဘာဖြစ်လို့
မလုပ်နိုင်ကြတာလဲ။ ဟုတ်တယ်နော်"
ကျွန်မ ကြည့်ရှုခဲ့တဲ့ နေရာတိုင်းမှာ
ရွေ့လျားနေကြတဲ့ အရာတွေ ရှိကြတယ်။
ပြီးတော့ အဲဒီအရာများဟာ သူတို့ရဲ့
ကိုယ်ပိုင် စည်းချက်သံဖြင့် ရွေ့လျားကြတယ်၊
၎င်းတို့ရဲ့ ခန္ဓာကိုယ်ထဲက
လှုပ်ရှားရေး စနစ်တွေအသီးသီးနဲ့။
ကျွန်မအတွက်-- နယူတန်လိုပဲ--
ရှင်းနေခဲ့တာက
အရာတွေဟာ ၎င်းတို့ထဲက
အစိတ်အပိုင်းတွေကြောင့် လှုပ်ရှားကြတာပါ-
တီကောင်တွေ လူးလွန့်လျက်၊ ငှက်တွေ ပျံသန်း၊
သားပိုက်ကောင်တွေ ခုန်ပျံကြတယ်။
လူသားရဲ့ ပထမဦးဆုံး ပျံသန်းမှုဟာ
မတော်တဆ လဲကျမှု၊ ခလုတ်တိုက်လဲမှု၊
ငှက်ပျောခွံ နင်းမိလို့
ချော်လဲတာ ဖြစ်ပါလိမ့်မယ်။
ကိုယ့်ခြေအောက်က မြေကြီး
ပျောက်သွားတာနဲ့
အံ့အားသင့်စရာ ကမ္ဘာနဲ့
ရင်ဆိုင်ရတော့မှာ သေချာတယ်။
ကျွန်မဆိုရင် ကိုယ့်ပိုင်နက်ကို
ရှာတွေ့ထားပြီ။
ကျွန်မ တချိန်လုံး ရူးနေခဲ့တဲ့ စိတ်ကူးက
လူသားရဲ့ မွေးရာပါ ပျံသန်းချင်တဲ့
စေ့ဆော်ချက်ကြောင့်ပါ။
အဲဒီနောက်ပိုင်း ၁၀ နှစ် အတွင် ကျွန်မရဲ့
စမ်းသပ်မှုတွေကို တစ်ယောက်တည်း ကိုယ့်
ခန္ဓာကိုယ် အပေါ်မှာ ပြုလုပ်ခဲ့ရတယ်။။
ကျွန်မဟာ ကျွန်မရဲ့ Honda 350 နဲ့
အမေရိကန် ပြည်ထောင်စုတခွင် မောင်းခဲ့တယ်၊
"လွယ်ကူစွာ မောင်းနိုင်သူ"
ပုံစံမျိုးနဲ့ပေါ့။
ဖန်အိုးထဲက ယင်ကောင်ရဲ့ ပျံသန်းမှုကို
တုပရင်း ခေတ်သစ်အကဘွဲ့ကို ရရှိခဲ့တယ်။
ကျွန်မဟာ ဖန်သားပြင်ကို
ဖြတ်ကျော် ပျံသန်းခဲ့တယ်၊
အဲဒီလို မောင်းနေရင်း
၎င်းကို ထိုးဖောက်နိုင်ခဲ့တယ်။
ကျွန်မဟာ ပျံသန်းဖို့အတွက်ကို
စမ်းသပ် အားထုတ်နေခဲ့တာပါ။
ကျွန်မ အသက် ၂၇ နှစ်ရှိလာတော့၊
ကျွန်မဟာ ကြွက်တွေနဲ့ ပြည့်နေခဲ့တဲ့
နယူးယောက် ထပ်ခိုးတိုက်ခန်းထဲမှာ၊
လှေကားကို စွန့်ပစ်လျက်
ခုန်ချရန် အသင့် ပြင်ဆင်နေခဲ့တယ်။
ကျွန်မဟာ မြင့်သထက် မြင့်အောင်
တက်သွားခဲ့တယ်၊
ပြီးတော့ ခုန်ချလိုက်တယ်။
အောင်မလေ၊ မြေကြီးပေါ်သို့ ကျဆင်းခဲ့တယ်။
အဲဒါ နာလိုက်တာ။
(ရယ်သံများ)
ဒီလို နာကျင်တာကို လူတွေဟာ မကြိုက်ကြပါကလား
ဆိုတာကို ကျွန်မ နားလည်မိတယ်၊
ပြီးတော့ ကျုပ်တို့ အခုထက်ထိ
မပျံသန်းနိုင်ကြတာရဲ့ အကြောင်းရင်းက
ကျုပ်တို့ဟာ ငှက်တွေလို ဒါမှမဟုတ်
လိပ်ပြာတွေလို ပျံသန်းရေး နည်းမျိုးနဲ့
ပျံသန်းနိုင်မယ် ဆိုတဲ့
လွှဲမှားနေတဲ့ စိတ်ကူးကြောင့်
ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်တာက ကျွန်မတို့ ဒီမေးခွန်းကို
မတူတဲ့ ပုံစံမျိုးနဲ့ မေးချင်
မေးသင့်ပါတယ်--
ဥပမာ၊ ကြာနိုင်မယ့် အချိန်ကာလကို ဆိုပါစို့။
လေထဲမှာ လူသားဆိုပါစို့။
စက္ကန့်အနည်းငယ်ပဲပေါ့။
ငှက်တွေနဲ့ လိပ်ပြာတွေဆိုရင်ကော။
မိနစ်များ၊ နာရီများတောင် ဖြစ်နိုင်တယ်။
ဒါနဲ့ ကြောက်စိတ် ကျတော့ကော။
ကျွန်မစိတ်ထင် ကြောက်ရွံ့မှုဟာ
ရှုပ်ထွေးပြီး ပုဂ္ဂိုလ်ရေးကိစ္စပါ။
ကျွန်မ တကယ်ထင်တာက အဲဒါဟာ
စပ်စုမှုနဲ့ သက်ဆိုင်ပြီး
ဒါကို ကျုပ်တို့ လေးလေးနက်နက်
သဘောထား မရပါဘူး။
ကျွန်မတို့ဟာ နည်းနည်းပါးပါး
နာချင် နာနိုင်တယ်၊
သိပ်ကြီး မနာဖို့ပါ။
ပြီးတော့ နာကျင်မှု ဆိုတာရဲ့
အဓိပ္ပါယ်ကို ပြန်သတ်မှတ်ရမယ်။
"နာကျင်မှု" ပြောမယ့်အစား "စိတ်ဝင်စားစရာ
ကောင်းတဲ့ ခံစားချက် တစ်မျိုး"လို့ ပြောပါ။
အဲဒါမျိုး ဆန်ဆန်ပေါ့။
ပျံသန်းဖို့ သင်ချင်ရင် မြေပေါ်ဆင်းဖို့
ကိုလည်း သင်ရန် လိုတယ် ယူဆပါတယ်။
ကျွန်မရဲ့ ဟီရိုး တစ်ဦးဖြစ်တဲ့ Evel Knievel
ပြောခဲ့ဘူးတာက၊
"ဘယ်သူမဆို မော်တော်ဆိုင်ကယ်နဲ့
ခုန်ကျော်နိုင်ပါတယ်။
ပြဿနာက ဆင်းဖို့ ကြိုးစားမှ
စတင်လာမှာပါ။"
(ရယ်သံများ)
မြေပေါ် ကျတာက နာတယ်။
ဒါတောင် ကျွန်မက စိတ်ဝင်စားခဲ့တယ်။
တို့ဟာ ‘‘ဘာဖြစ်လို့များ အတိုက်ခံ
နည်းပညာကို မတီထွင်ခဲ့ကြတာလဲ။
ကျွန်မတို့ဟာ ကျုပ်တို့ကို ပံ့ပိုးပေးမယ့်
အခြေခံကို ဘာလို့ မတိုးချဲ့ခဲ့လဲ" မေးမိတယ်။
အထပ်သားတွေ ကျပုံကို ကျွန်မ မြင်ဘူးတယ်၊
ကျလာစဉ် ၎င်းတို့ဟာ တွန့်လိမ် မသွားပါဘူး။
အဲဒါနဲ့ ကျွန်မ ခန္ဓာကိုယ်ကို
လုံးဝ ဖြောင့်တန်းပစ်လိုက်ပြီး
နောက်ကျော်သို့ လှန်ပစ်တယ်။
ဝှစ်..
အဲဒါဟာ "wham-o" ဆိုတဲ့အသံနဲ့
လုံးဝကို မတူခဲ့ပါ။
ပြီးတော့ ကျွန်မဟာ နယူးယောက်
လမ်းတွေဆီ ပြေးသွားပြီး
လုံးဝကို မသိတဲ့ လူစိမ်းတွေဆီ သွားပြီး
ကျွန်မပြောတာက -- ကောင်းပြီ၊ ကျွန်မအထင်--
"ကျွန်မ ဒီနေ့ နောက်ကျောဖက်ကို
ကျပြခဲ့တယ်။ ရှင်တို့ကော။
၁၉၈၅ ခုနှစ်တွင် ကျွန်မတို့ဟာ ကမ္ဘာတဝှမ်း
ခရီး နည်းနည်း ထွက်ခဲ့ပြီး
ကျွန်မက ကျွန်မကုမ္ပဏီကို စတင်ခဲ့တယ်၊
STREB EXTREME ACTION လို့ ခေါ်ပါတယ်။
2003 ခုနှစ်ကျတော့၊ ကျွန်မတို့ဟာ
Kitty Hawk ကို ဖိတ်ကြားခံခဲ့ရတယ်၊
Wright ညီအစ်ကိုတို့ရဲ့ ပျံသန်းမှု
နှစ် ၁၀၀ ပြည့်ပွဲကို ကျင်းပရန်ပါ။
ကျွန်မတို့ဟာ မြေပေါ် ကျရာတွင် အတော်ကလေး
ကောင်းခဲ့ကြတယ်၊
အခုတော့ ကျွန်မတို့ဟာ လေထဲ တက်လှမ်းကြရမယ်။
သူတို့လိုပဲ ကျွန်မတို့ကပါ
လေထဲမှာ ပိုကြာအောင် နေလိုခဲ့ကြတယ်။
ကျွန်မဟာ Wilbur ရဲ့ မိန့်ကြားချက်
တစ်ခုကို ဖတ်လိုက်ရတယ်-
‘‘ကိုယ်က စိတ်ချရမယ့် လုံခြုံမှုကို ရှာချင်
အကောင်းဆုံးက ခြံစည်းရိုးပေါ် ထိုင်နေပြီး
ငှက်တွေကို စောင့်ကြည့်ဖို့ ရှိတယ်၊
ဒါပေမဲ့ ကိုယ်က တကယ့်ကို သင်ယူချင်ရင်တော့၊
ကိုယ်ဟာ စက်တစ်ခုခုကို တက်စီးရမယ်၊
လက်တွေ့ စမ်းကြည့်ရင်းနဲ့ အဲဒါရဲ့
လျှို့ဝှက်ချက်တွေကို လေ့လာယူရမယ်။"
စက်တွေဗျာ။
ကျွန်မ ခန္ဓာကိုယ် အတွင်းပိုင်းရှိ
ဟာ့ဒ်ဝဲကို နှိုးဆော်ကြည့်ခဲ့တယ်။
ကျွန်မတို့ဟာ အာကာသထဲက
လူသူမရှိတဲ့ နေရာမျိုးဆီ ခရီးထွက်ချင်ရင်--
ကျွန်မတို့ကို စိတ်ရှုပ်စေတတ်တဲ့
ငှက်ပျောခွံ နေရာမျိုး ဆိုပါစို့၊
ကျွန်မတို့ အဆင်ပြေလှတဲ့ ဇုန်နယ်ရဲ့
အပြင်က နေရာမျိုး၊
ကျွန်မတို့ မျှော်လင့်မရတဲ့
မငြိမ်မသက်မှုတွေ ရှိတဲ့ နေရာကို
သွားပြီး အရှိန်ပြင်းစွာ မောင်းကြည့်မယ်၊
ခြေအောက်ရှိ မြေကြီးဟာ ပြောင်းလဲသွားပြီး
အောက်ကနေ ပျောက်သွားတယ် ဆိုပါစို့--
တေးစပ်ဆရာက လူသား အသံနဲ့ သီဆိုလို့ကို
မရနိုင်တဲ့ အသံစဉ်ကို
တီးကြည့်ဖို့ ကြိုးစားနေတာမျိုးနဲ့ တူပါတယ်၊
သူဟာ piccolo ဒါမှမဟုတ်
ပုလွေကို တီထွင်ခဲ့သလိုပဲ၊
ကျွန်မကတည်း ကျွန်မရဲ့
စိတ်ကူးထဲက စက်ပစ္စည်းတွေကို တီထွင်လိုတယ်။
ကျွန်မတို့က ပိုမြင့်၊ ပိုမြန်၊ ပိုခက်တဲ့ဆီ
သွားချင်ကြရင်၊
ကျွန်မတို့ဟာ ကိုယ်ပိုင် အာကာသယာဉ်တွေကို
ဖန်တီးဖို့ လိုပါမယ်။
ကျွန်မတို့ လုပ်ဖြစ်ခဲ့တယ်။
ကျွန်မတို့ဟာ မသိရတဲ့၊ မြင်မရတဲ့ အန္တရာယ်
များတဲ့ နယ်မြေတွေကို ခရီးထွက်ခဲ့ကြတယ်၊
အဲဒါကို ကျုပ်တို့ကပါ ပြောင်းလဲပစ်တယ်။
ရှင်တို့အထဲက တစ်ယောက်ယောက် အဲဒါ
စမ်းကြည့်ချင်ရင်၊ ကျွန်မကို အသိပေးပါ။
(ရယ်သံများ)
2012 ခုနှစ်ကျတော့၊ ကျွန်မတို့ရဲ့
အကောင်းဆုံး စက်တွေကို လန်ဒန်ကို ယူလာတယ်၊
အဲဒီက အထင်ကရ နေရာတွေမှာ
ချထားလိုက်ကြတယ်။
ကျွန်မတို့ဟာ London Eye ပေါ် တက်ခဲ့ကြတယ်။
အဲဒါ မြေပြင်မှ ၄၄၃ ပေ မြင့်ပါတယ်။
အပေါ်တည့်တည့်နေရာကို ရောက်ကြတာနဲ့ ကျွန်မ
တို့ဟာ ဘရိတ်ကို ဖြုတ်ပြီး ကျလာခဲ့ကြတယ် --
ဝင်ရိုးရဲ့ အထက် ပေ ၂၀၀ မှာ၊
စပုတ်တိုင်ပေါ်မှာ
ကျွန်မတို့ ချိတ်ထားခဲ့တယ်။
ကျွန်မတို့ဟာ အဲဒီနေ့မှာ
ကောင်းကင်ဘုံဆီကို ရောက်သွားခဲ့ကြတယ်၊
ကျွန်မ ပြောတာ သေချာတယ်။
အဲဒီနောက် ကျွန်မနဲ့ ကျွန်မရဲ့ ကသူ နှစ်ဦးက
လန်ဒန် မြို့တော်ခန်းမရဲ့ အပြင်ဘက်တွင်
အောက်ကို လမ်းလျှောက်ပြခဲ့ကြတယ်။
ကျွန်မ အဲဒီမှာ မတ်တပ်ရပ်နေခဲ့တယ်၊
မြေပြင်အထက် ပေ ၃၀၀ မှာ၊
အောက်ကို ငုံ့ကြည့်လိုက်တယ်၊
မျက်လုံး ၂၀၀၀ တို့က ကျွန်မဆီ
ပြူးကြည့်နေကြတာ မြင်မိတယ်၊
ပုံမှန်အတိုင်း ကောင်းကင်၊ ငှက်နဲ့ လေယာဉ်
မြင်ရာကနေ ကျွန်မတို့ကို မြင်မိကြတယ်။
ကျွန်မတို့ဟာ အထက်တစ်နေရာမှာ
အစက်သေးသေးလို့ပါ။
အဲဒီလို လုပ်ရပ်ဟာ လူတိုင်းအတွက်
ဖြစ်တာကို ကျွန်မ နားလည်မိတယ်။
အခုတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် စင်မြင့်
Williamsburg၊ Brooklyn မှာ ရှိလာပြီ။
အဲဒါကို ဒါဟာ SLAM: STREB Lab
for Action Mechanics လို့ ခေါ်ပါတယ်။
အရင်တုန်းက မုန်းညင်းစေ့ စက်ရုံနေရာပါ။
ကျွန်မဟာ စမ်းသပ်ရေး ပန်းကန်ကို
သုံးပြီးတဲ့နောက်မှာ ပုံစံ ထုတ်ခဲ့တာ၊
အဲဒီ စမ်းသပ်ရေး ပန်းကန်ထဲတွင်
ကျွန်မဟာ ကလေးများအတွက် လှုပ်ရှားမှု၊
STREB EXTREME ACTION နဲ့
ဆပ်ကပ် အနုပညာကို ထည့်ပေးခဲ့တယ်။
အဲဒီမှာ ပျံသန်းဖို့၊ ကျဖို့နဲ့ ဆင်းချဖို့၊
စိတ်ကူးမရနိုင်တာတွေ လုပ်ပြခဲ့တယ်။
ကျွန်မ ဘာကို သွားတွေ့တယ် ထင်သလဲ။
လာလိုက်ကြတာ လူတိုင်းပါပဲ --
အရွယ်အစား၊ ပုံသဏ္ဍာန်၊ အသက်၊
လုပ်နိုင်စွမ်း မျိုးစုံ၊
နိုင်ငံသားအစုံ၊ လူမျိုးအစုံ၊ အတန်းအစားအစုံ
ကျားမ အစုံအလင်ပါပဲ၊
မရဲတဲ့သူတွေ၊ ရဲဝံ့တဲ့သူတွေ၊
အပယ်ခံတွေ၊ မိုက်တဲ့သူတွေ၊
အန္တရာယ်ကို ရှောင်လိုကြသူတွေ၊
အန္တရာယ်ကို မက်မောကြသူတွေ အစုံပါပဲ။
ဒီလို အဆောက်အဦးတွေ တစ်ကမ္ဘာလုံးမှာ
ရှိနေကြပါပြီ၊
၎င်းတို့ တစ်ခုချင်းဆီဟာ ပျံသန်းရေး စင်တာ
ဖြစ်လာနိုင်ကြပါတယ်။
ပြီးတော့၊ လူတွေဟာ ပျံသန်းဖို့ကိုသာ
စိတ်ကူးနေကြတာ မကကြောင်း သိလာရသလို၊
ကျွန်မတို့ ပျံသန်ကြတာကိုလည်း
သူတို့ စောင့်မကြည့်ချင်ကြဘူး။
သူတို့ဟာ အဲဒါကို လုပ်စမ်းကြည့်ချင်တယ်၊
လုပ်လည်း လုပ်နိုင်ကြတယ်။
အနည်းအကျဉ်း လေ့ကျင့်လိုက်ရင်၊
သူတို့ဟာ ထိခိုက်တာကို၊
တိုက်မိတာကို ခံစားလာတတ်ကြတယ်။
ပြီးတော့ နောက်ပိုင်းတွင်ကျတော့
ကျွန်မ ခံစားမိသေးတာက
ပျံသန်းမှုရဲ့ အကျိုးသက်ရောက်မှုအဖြစ်
လူတွေဟာ ပိုပြီး မကြာခဏ ပြုံလာကြပါတယ်။
ကိုယ့်ဖွံ့ဖြိုးနိုင်မှုကို လေးစားလာကြသလို၊
လူတွေဟာ နည်းနည်လေး ပိုရဲဝံ့လာကြတယ်။
လူတွော ပျံသန်းနိုင်ဖို့ သင်ယူကြတယ်၊
လူသားတို့သာ လုပ်နိုင်ကြတာပါ။
ခင်ဗျားတို့လည်း လုပ်နိုင်ကြတယ်။
ကျွန်ုပ်တို့နဲ့အတူ ပျံသန်းကြပါစို့။
(လက်ခုပ်သံများ)
(ဂီတ)
ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပဲ၊ ကျေးဇူးပဲ။
(လက်ခုပ်သံများ)