1 00:00:06,716 --> 00:00:10,397 ကမ္ဘာ့ အအေးဆုံးအရာဝတ္ထုတွေ ရှိတဲ့နေရာက အန္တာတိကတိုက်မဟုတ်ဘူး။ 2 00:00:10,397 --> 00:00:12,521 ဧဝရတ်တောင်ထိပ် ဒါမှမဟုတ် 3 00:00:12,521 --> 00:00:14,376 ရေခဲပြင်မှာ မြုပ်နေတာလည်းမဟုတ်ပါဘူး 4 00:00:14,376 --> 00:00:15,897 ဒါတွေက ရူပဗေဒဓာတ်ခွဲခန်းတွေမှာပါ 5 00:00:15,897 --> 00:00:20,382 ပကတိသုညအထက် ဒီဂရီရှိတဲ့ အငွေ့ထုထည်ကြီးရဲ့ အစိတ်အပိုင်းတွေပါ 6 00:00:20,382 --> 00:00:25,367 အဲဒါက သင့် ရေခဲသေတ္တာထက် အဆပေါင်း ၃၉၅ မီလီယံ 7 00:00:25,367 --> 00:00:28,073 နိုက်ထရိုဂျင်အရည်ထက် အဆပေါင်း ၁၀၀ မီလီယံ 8 00:00:28,073 --> 00:00:31,240 အာကာသအပြင်ဘက်ထက် အဆပေါင်း ၄ မီလီယံလောက်ပိုအေးပါတယ် 9 00:00:31,240 --> 00:00:35,901 ဒီလောက်နိမ့်တဲ့အပူချိန်တွေက သိပ္ပံပညာရှင် ကို ဒြပ်အတွင်းပိုင်းအလုပ်လုပ်ပုံကိုသိစေကာ 10 00:00:35,901 --> 00:00:39,437 အင်ဂျင်နီယာတွေကို ထူးဆန်းအံ့ဩဖွယ် အာရုံခံစက်ပစ္စည်းတွေ ပြုလုပ်နိုင်စေပါတယ် 11 00:00:39,437 --> 00:00:41,292 အဲဒီစက်တွေက ကမ္ဘာပေါ်က တိကျတဲ့တည်နေရာကနေ 12 00:00:41,292 --> 00:00:43,130 စကြာဝဠာရဲ့ အဝေးဆုံးတစ်နေရာမှာ 13 00:00:43,130 --> 00:00:46,135 ဘာဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာ အကုန်လုံးကိုပြောပြပါတယ် 14 00:00:46,135 --> 00:00:48,928 ဒီလို လွန်ကဲတဲ့အပူချိန်တွေကို ဘယ်လိုဖန်တီးရမလဲ 15 00:00:48,928 --> 00:00:51,989 အလွယ်ပြောရရင် ရွေ့လျားနေတဲ့အမှုန်တွေကို အရှိန်နှေးစေတာပါ 16 00:00:51,989 --> 00:00:55,951 ကျွန်မတို့ အပူချိန်အကြောင်းပြောနေတယ်ဆိုတာ တကယ်တော့ ရွေ့လျားမှုအကြောင်းပြောနေတာပါပဲ 17 00:00:55,951 --> 00:00:57,716 အစိုင်အခဲတွေ၊ အရည် 18 00:00:57,716 --> 00:00:58,458 အငွေ့တွေကို 19 00:00:58,458 --> 00:00:59,338 ဖြစ်စေတဲ့ 20 00:00:59,338 --> 00:01:00,869 အက်တမ်တွေက အမြဲတမ်းရွေ့နေကြတာပါ 21 00:01:00,869 --> 00:01:05,616 အက်တမ်တွေ မြန်မြန်ရွေ့လျားနေရင် ဒီဖြစ်စဉ်ကို အပူ လို့နားလည်ထားကြပါတယ် 22 00:01:05,616 --> 00:01:09,147 ဒါတွေ ပိုပြီးနှေးနှေး ရွေ့လျားနေရင်တော့ အေးတယ် လို့ နားလည်ကြပါတယ် 23 00:01:09,147 --> 00:01:12,563 နေ့စဉ်ဘဝမှာ ပူတဲ့အရာ သို့မဟုတ် ပူတဲ့အငွေ့တွေကို အေးလာဖို့ 24 00:01:12,563 --> 00:01:15,960 အဲဒီအရာကို ရေခဲသေတ္တာလိုမျိုး ပိုအေးတဲ့ပတ်ဝန်းကျင်မှာ ထားရပါတယ် 25 00:01:15,960 --> 00:01:20,498 ပူတဲ့အရာထဲကတချို့ အက်တမ်ရွေ့လျားမှုတွေဟာ ပုံစံပြောင်းသွားပြီးတော့ 26 00:01:20,498 --> 00:01:22,251 အေးခဲသွားပါတယ် 27 00:01:22,251 --> 00:01:23,788 ဒါပေမဲ့ ကန့်သတ်ချက်ရှိပါတယ် 28 00:01:23,788 --> 00:01:27,865 အာကာသအပြင်ဘက်တောင်မှ အလွန်နိမ့်တဲ့ အပူချိန်ကိုဖန်တီးဖို့ ပူနွေးနေပါသေးတယ် 29 00:01:27,865 --> 00:01:32,823 ဒါကြောင့် သိပ္ပံပညာရှင်တွေက လေဆာရောင်ခြည် နဲ့အက်တမ်တွေကိုနှေးစေတဲ့ 30 00:01:32,823 --> 00:01:34,204 နည်းလမ်း တစ်ခုရှာတွေ့ခဲ့တယ် 31 00:01:34,204 --> 00:01:35,751 အခြေအနေတော်တော်များများမှာ 32 00:01:35,751 --> 00:01:38,464 လေဆာရောင်ခြည်ထဲကစွမ်းအင်က အရာဝတ္တုတွေကို ပူလာစေပါတယ် 33 00:01:38,464 --> 00:01:40,533 ဒါပေမဲ့ အလွန်တိကျတဲ့နည်းလမ်းနဲ့သုံးရင် 34 00:01:40,533 --> 00:01:44,813 ရောင်ခြည်ရဲ့အရှိန်အဟုန်က ရွေ့နေတဲ့ အက်တမ်တွေကိုရပ်တန့်စေပြီး အေးခဲသွားစေပါတယ် 35 00:01:44,813 --> 00:01:49,403 ဒီလိုဖြစ်စဉ်က magneto-optical trap လို့ခေါ်တဲ့စက်ပစ္စည်းမှာဖြစ်တာပါ 36 00:01:49,403 --> 00:01:51,954 အက်တမ်တွေကို လေဟာနယ်အကန့်ထဲထည့်သွင်းလိုက်ပြီး 37 00:01:51,954 --> 00:01:55,415 သံလိုက်စက်ကွင်းက သူတို့ကို အလယ်သို့ဆွဲခေါ်သွားပါတယ် 38 00:01:55,415 --> 00:01:58,090 လေဆာရောင်ခြည်က လေဟာနယ် အကန့်ရဲ့အလယ်ကို ဦးတည်ပြီး 39 00:01:58,090 --> 00:02:00,623 မှန်ကန်တဲ့ကြိမ်နှုန်းကို ပြောင်းပါတယ် 40 00:02:00,623 --> 00:02:06,170 အဲဒါက အက်တမ်ကိုအလယ်ကိုစုပြီး လေဆာရဲ့ ဖိုတွန်ကိုစုပ်ယူစေကာနှေးစေပါတယ် 41 00:02:06,170 --> 00:02:09,089 နှေးကွေးစေတဲ့သက်ရောက်မှုက အက်တမ်နဲ့ ဖိုတွန်ကြား 42 00:02:09,089 --> 00:02:11,108 အရှိန်အဟုန်ကူးပြောင်းမှုကနေ ဖြစ်လာတာပါ 43 00:02:11,108 --> 00:02:14,208 ထောင့်မှန်ကျပုံစံနဲ့ ရောင်ခြည် ၆ ခုက 44 00:02:14,208 --> 00:02:18,375 ရွေ့လျားနေတဲ့အက်တမ်တွေရဲ့ ဦးတည်ချက်တွေကို စုစည်းစေပါတယ် 45 00:02:18,375 --> 00:02:21,018 ရောင်ခြည်တွေ ဆုံတဲ့ အလယ်မှတ်မှာတော့ 46 00:02:21,018 --> 00:02:24,840 အက်တမ်တွေဟာ သုတေသီတွေ ဖန်တီးတဲ့“optical molasses” လို့ခေါ်တဲ့ 47 00:02:24,840 --> 00:02:29,924 အရည်ပြစ်ပြစ်ထဲမှာ ကပ်ငြိနေသလိုမျိုး နှေးနှေးလေးရွေ့လျားပါတယ် 48 00:02:29,924 --> 00:02:32,315 magneto-optical trap စက်လိုမျိုး 49 00:02:32,315 --> 00:02:35,405 အက်တမ်တွေကို -၂၇၃ ဒီဂရီ ဆဲစီးရပ် လောက်နဲ့ 50 00:02:35,405 --> 00:02:38,785 အက်တမ်တွေကိုအေးခဲနိုင်စေပါတယ် 51 00:02:38,785 --> 00:02:41,609 ဒီနည်းပညာက ၁၉၈၀ မှာ ဖွံဖြိုးတိုးတက်လာပြီးတော့ 52 00:02:41,609 --> 00:02:43,913 အသုံးပြုပျံ့နှံ့စေတဲ့ သိပ္ပံပညာရှင်တွေက 53 00:02:43,913 --> 00:02:47,931 ၁၉၉၇ မှာ ရှာဖွေတွေ့ရှိမှုအတွက် ရူပဗေဒပညာမှာ နိုဘယ်ဆု ရရှိခဲ့ပါတယ် 54 00:02:47,931 --> 00:02:52,751 အဲဒီကတည်းက အေးခဲစေတဲ့လေဆာကပိုနိမ့်တဲ့ အပူချိန်ကိုရောက်နိုင်တဲ့ထိ တိုးတက်ခဲ့ပါတယ် 55 00:02:52,751 --> 00:02:55,990 အက်တမ်တွေကို ဘာဖြစ်လို့ ဒီလောက်ထိ အေးခဲစေချင်ရတာလဲ 56 00:02:55,990 --> 00:02:59,786 ပထမတစ်ချက်က အေးခဲတဲ့အက်တမ်တွေက အရမ်းတော်တဲ့ ထောက်လှမ်းရေးတွေဖြစ်နိုင်တယ် 57 00:02:59,786 --> 00:03:01,530 သူ့ရဲ့စွမ်းအင်းသေးသေးလေးက 58 00:03:01,530 --> 00:03:04,961 ပတ်ဝန်းကျင်ရဲ့ အတက်အကျပြောင်းလဲမှုကို အံအားသင့်လောက်အောင် အာရုံခံနိုင်တယ် 59 00:03:04,961 --> 00:03:09,562 ဒါကြောင့် သူတို့ကို မြေအောက်ရေနံ သတ္တုတူးဖော်ရေး စက်ပစ္စည်းတွေမှာသုံးတယ် 60 00:03:09,562 --> 00:03:12,203 ပြီးတော့ ကမ္ဘာ့တည်နေရာရှာဖွေရေး ဂြိုလ်တုတွေမှာသုံးတဲ့ 61 00:03:12,203 --> 00:03:15,093 အလွန်တိကျတဲ့ အက်တမ်နာရီတွေ ကိုလည်းပြုလုပ်နိုင်တယ် 62 00:03:15,093 --> 00:03:18,152 ဒုတိယအချက်က အေးခဲနေတဲ့အက်တမ်တွေဟာ ရူပဗေဒနယ်ပယ်ရဲ့ ပြဿနာတွေအတွက် 63 00:03:18,152 --> 00:03:20,243 ဖြေရှင်းနိုင်စွမ်း အများကြီးပိုင်ဆိုင်ထားတယ် 64 00:03:20,243 --> 00:03:22,662 ဒါတွေရဲ့ အာရုံခံလွန်ကဲမှုကအနာဂတ်မှာ အာကာသအခြေစိုက် 65 00:03:22,662 --> 00:03:27,300 ရှာဖွေသူတွေ ဆွဲငင်အားလှိုင်းတွေ ရှာဖို့အစိတ်အပိုင်းတခုဖြစ်လာစေပါမယ် 66 00:03:27,300 --> 00:03:31,624 အက်တမ်ထဲက အလွန်သေးတဲ့စွမ်းအင် ပြောင်းလဲမှုတွေကိုတိုင်းတာဖို့ 67 00:03:31,624 --> 00:03:35,894 အက်တမ်နဲ့ ဒါထက်သေးတဲ့အမှုန်တွေရဲ့ ဖြစ်စဉ်ကိုလေ့လာဖို့လည်းအသုံးဝင်ပါတယ် 68 00:03:35,894 --> 00:03:38,046 အက်တမ်တွေက သာမန် အပူချိန်မှာလည်းလှုပ်ရှားပြီး 69 00:03:38,046 --> 00:03:41,090 တစ်စက္ကန့်မှာ မီတာ ၁၀၀ ပတ်လည် အမြန်နှုန်းနဲ့သွားပါတယ် 70 00:03:41,090 --> 00:03:45,265 အေးခဲစေတဲ့လေဆာက အက်တမ်တွေကို တစ်စက္ကန့်မှာ စင်တီမီတာအနည်းငယ်ပဲရွေ့လျားစေနိုင်ပြီး 71 00:03:45,265 --> 00:03:49,122 အဲဒါက အက်တမ်ရဲ့ကွမ်တန်သက်ရောက်မှုကို သိသာစေဖို့ လုံလောက်တဲ့ရွေ့လျားမှုပါ 72 00:03:49,122 --> 00:03:53,599 Ultracold အက်တမ်တွေက သိပ္ပံပညာရှင်တွေကို Bose-Einstein ငွေ့ရည်ဖွဲ့ခြင်း 73 00:03:53,599 --> 00:03:56,150 ဖြစ်စဉ်တွေကို လေ့လာစေနိုင်ပါတယ် 74 00:03:56,150 --> 00:03:59,631 ဒီဖြစ်စဉ်မှာ အက်တမ်တွေက ပကတိသုည နီးပါးအေးခဲသွားပြီး 75 00:03:59,631 --> 00:04:02,200 ဒြပ်ရဲ့ထူးခြားတဲ့အခြေအနေ အသစ်တစ်ခုဖြစ်လာတာပါ 76 00:04:02,200 --> 00:04:05,791 ဒါကြောင့် သုတေသီတွေဟာ ရူပဗေဒသဘောတရားကိုနားလည်နိုင်ဖို့ 77 00:04:05,791 --> 00:04:07,925 စကြာဝဠာရဲ့ ရှုပ်ထွေးမှု ကိုဖြေရှင်းဖို့အတွက် 78 00:04:07,925 --> 00:04:12,161 အရမ်းအေးတဲ့ အက်တမ်တွေရဲ့ အကူအညီနဲ့ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်