ကမ္ဘာ့ အအေးဆုံးအရာဝတ္ထုတွေ
ရှိတဲ့နေရာက အန္တာတိကတိုက်မဟုတ်ဘူး။
ဧဝရတ်တောင်ထိပ် ဒါမှမဟုတ်
ရေခဲပြင်မှာ မြုပ်နေတာလည်းမဟုတ်ပါဘူး
ဒါတွေက ရူပဗေဒဓာတ်ခွဲခန်းတွေမှာပါ
ပကတိသုညအထက် ဒီဂရီရှိတဲ့
အငွေ့ထုထည်ကြီးရဲ့ အစိတ်အပိုင်းတွေပါ
အဲဒါက သင့် ရေခဲသေတ္တာထက်
အဆပေါင်း ၃၉၅ မီလီယံ
နိုက်ထရိုဂျင်အရည်ထက်
အဆပေါင်း ၁၀၀ မီလီယံ
အာကာသအပြင်ဘက်ထက်
အဆပေါင်း ၄ မီလီယံလောက်ပိုအေးပါတယ်
ဒီလောက်နိမ့်တဲ့အပူချိန်တွေက သိပ္ပံပညာရှင်
ကို ဒြပ်အတွင်းပိုင်းအလုပ်လုပ်ပုံကိုသိစေကာ
အင်ဂျင်နီယာတွေကို ထူးဆန်းအံ့ဩဖွယ်
အာရုံခံစက်ပစ္စည်းတွေ ပြုလုပ်နိုင်စေပါတယ်
အဲဒီစက်တွေက ကမ္ဘာပေါ်က
တိကျတဲ့တည်နေရာကနေ
စကြာဝဠာရဲ့ အဝေးဆုံးတစ်နေရာမှာ
ဘာဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာ
အကုန်လုံးကိုပြောပြပါတယ်
ဒီလို လွန်ကဲတဲ့အပူချိန်တွေကို
ဘယ်လိုဖန်တီးရမလဲ
အလွယ်ပြောရရင် ရွေ့လျားနေတဲ့အမှုန်တွေကို
အရှိန်နှေးစေတာပါ
ကျွန်မတို့ အပူချိန်အကြောင်းပြောနေတယ်ဆိုတာ
တကယ်တော့ ရွေ့လျားမှုအကြောင်းပြောနေတာပါပဲ
အစိုင်အခဲတွေ၊ အရည်
အငွေ့တွေကို
ဖြစ်စေတဲ့
အက်တမ်တွေက
အမြဲတမ်းရွေ့နေကြတာပါ
အက်တမ်တွေ မြန်မြန်ရွေ့လျားနေရင်
ဒီဖြစ်စဉ်ကို အပူ လို့နားလည်ထားကြပါတယ်
ဒါတွေ ပိုပြီးနှေးနှေး ရွေ့လျားနေရင်တော့
အေးတယ် လို့ နားလည်ကြပါတယ်
နေ့စဉ်ဘဝမှာ ပူတဲ့အရာ သို့မဟုတ်
ပူတဲ့အငွေ့တွေကို အေးလာဖို့
အဲဒီအရာကို ရေခဲသေတ္တာလိုမျိုး
ပိုအေးတဲ့ပတ်ဝန်းကျင်မှာ ထားရပါတယ်
ပူတဲ့အရာထဲကတချို့ အက်တမ်ရွေ့လျားမှုတွေဟာ
ပုံစံပြောင်းသွားပြီးတော့
အေးခဲသွားပါတယ်
ဒါပေမဲ့ ကန့်သတ်ချက်ရှိပါတယ်
အာကာသအပြင်ဘက်တောင်မှ အလွန်နိမ့်တဲ့
အပူချိန်ကိုဖန်တီးဖို့ ပူနွေးနေပါသေးတယ်
ဒါကြောင့် သိပ္ပံပညာရှင်တွေက
လေဆာရောင်ခြည် နဲ့အက်တမ်တွေကိုနှေးစေတဲ့
နည်းလမ်း တစ်ခုရှာတွေ့ခဲ့တယ်
အခြေအနေတော်တော်များများမှာ
လေဆာရောင်ခြည်ထဲကစွမ်းအင်က
အရာဝတ္တုတွေကို ပူလာစေပါတယ်
ဒါပေမဲ့ အလွန်တိကျတဲ့နည်းလမ်းနဲ့သုံးရင်
ရောင်ခြည်ရဲ့အရှိန်အဟုန်က ရွေ့နေတဲ့
အက်တမ်တွေကိုရပ်တန့်စေပြီး အေးခဲသွားစေပါတယ်
ဒီလိုဖြစ်စဉ်က magneto-optical trap
လို့ခေါ်တဲ့စက်ပစ္စည်းမှာဖြစ်တာပါ
အက်တမ်တွေကို
လေဟာနယ်အကန့်ထဲထည့်သွင်းလိုက်ပြီး
သံလိုက်စက်ကွင်းက
သူတို့ကို အလယ်သို့ဆွဲခေါ်သွားပါတယ်
လေဆာရောင်ခြည်က လေဟာနယ်
အကန့်ရဲ့အလယ်ကို ဦးတည်ပြီး
မှန်ကန်တဲ့ကြိမ်နှုန်းကို ပြောင်းပါတယ်
အဲဒါက အက်တမ်ကိုအလယ်ကိုစုပြီး
လေဆာရဲ့ ဖိုတွန်ကိုစုပ်ယူစေကာနှေးစေပါတယ်
နှေးကွေးစေတဲ့သက်ရောက်မှုက
အက်တမ်နဲ့ ဖိုတွန်ကြား
အရှိန်အဟုန်ကူးပြောင်းမှုကနေ
ဖြစ်လာတာပါ
ထောင့်မှန်ကျပုံစံနဲ့ ရောင်ခြည် ၆ ခုက
ရွေ့လျားနေတဲ့အက်တမ်တွေရဲ့
ဦးတည်ချက်တွေကို စုစည်းစေပါတယ်
ရောင်ခြည်တွေ ဆုံတဲ့
အလယ်မှတ်မှာတော့
အက်တမ်တွေဟာ သုတေသီတွေ
ဖန်တီးတဲ့“optical molasses” လို့ခေါ်တဲ့
အရည်ပြစ်ပြစ်ထဲမှာ ကပ်ငြိနေသလိုမျိုး
နှေးနှေးလေးရွေ့လျားပါတယ်
magneto-optical trap စက်လိုမျိုး
အက်တမ်တွေကို
-၂၇၃ ဒီဂရီ ဆဲစီးရပ် လောက်နဲ့
အက်တမ်တွေကိုအေးခဲနိုင်စေပါတယ်
ဒီနည်းပညာက ၁၉၈၀ မှာ
ဖွံဖြိုးတိုးတက်လာပြီးတော့
အသုံးပြုပျံ့နှံ့စေတဲ့ သိပ္ပံပညာရှင်တွေက
၁၉၉၇ မှာ ရှာဖွေတွေ့ရှိမှုအတွက်
ရူပဗေဒပညာမှာ နိုဘယ်ဆု ရရှိခဲ့ပါတယ်
အဲဒီကတည်းက အေးခဲစေတဲ့လေဆာကပိုနိမ့်တဲ့
အပူချိန်ကိုရောက်နိုင်တဲ့ထိ တိုးတက်ခဲ့ပါတယ်
အက်တမ်တွေကို ဘာဖြစ်လို့
ဒီလောက်ထိ အေးခဲစေချင်ရတာလဲ
ပထမတစ်ချက်က အေးခဲတဲ့အက်တမ်တွေက
အရမ်းတော်တဲ့ ထောက်လှမ်းရေးတွေဖြစ်နိုင်တယ်
သူ့ရဲ့စွမ်းအင်းသေးသေးလေးက
ပတ်ဝန်းကျင်ရဲ့ အတက်အကျပြောင်းလဲမှုကို
အံအားသင့်လောက်အောင် အာရုံခံနိုင်တယ်
ဒါကြောင့် သူတို့ကို မြေအောက်ရေနံ
သတ္တုတူးဖော်ရေး စက်ပစ္စည်းတွေမှာသုံးတယ်
ပြီးတော့ ကမ္ဘာ့တည်နေရာရှာဖွေရေး
ဂြိုလ်တုတွေမှာသုံးတဲ့
အလွန်တိကျတဲ့ အက်တမ်နာရီတွေ
ကိုလည်းပြုလုပ်နိုင်တယ်
ဒုတိယအချက်က အေးခဲနေတဲ့အက်တမ်တွေဟာ
ရူပဗေဒနယ်ပယ်ရဲ့ ပြဿနာတွေအတွက်
ဖြေရှင်းနိုင်စွမ်း
အများကြီးပိုင်ဆိုင်ထားတယ်
ဒါတွေရဲ့ အာရုံခံလွန်ကဲမှုကအနာဂတ်မှာ
အာကာသအခြေစိုက်
ရှာဖွေသူတွေ ဆွဲငင်အားလှိုင်းတွေ
ရှာဖို့အစိတ်အပိုင်းတခုဖြစ်လာစေပါမယ်
အက်တမ်ထဲက အလွန်သေးတဲ့စွမ်းအင်
ပြောင်းလဲမှုတွေကိုတိုင်းတာဖို့
အက်တမ်နဲ့ ဒါထက်သေးတဲ့အမှုန်တွေရဲ့
ဖြစ်စဉ်ကိုလေ့လာဖို့လည်းအသုံးဝင်ပါတယ်
အက်တမ်တွေက သာမန်
အပူချိန်မှာလည်းလှုပ်ရှားပြီး
တစ်စက္ကန့်မှာ မီတာ ၁၀၀ ပတ်လည်
အမြန်နှုန်းနဲ့သွားပါတယ်
အေးခဲစေတဲ့လေဆာက အက်တမ်တွေကို တစ်စက္ကန့်မှာ
စင်တီမီတာအနည်းငယ်ပဲရွေ့လျားစေနိုင်ပြီး
အဲဒါက အက်တမ်ရဲ့ကွမ်တန်သက်ရောက်မှုကို
သိသာစေဖို့ လုံလောက်တဲ့ရွေ့လျားမှုပါ
Ultracold အက်တမ်တွေက သိပ္ပံပညာရှင်တွေကို
Bose-Einstein ငွေ့ရည်ဖွဲ့ခြင်း
ဖြစ်စဉ်တွေကို လေ့လာစေနိုင်ပါတယ်
ဒီဖြစ်စဉ်မှာ အက်တမ်တွေက
ပကတိသုည နီးပါးအေးခဲသွားပြီး
ဒြပ်ရဲ့ထူးခြားတဲ့အခြေအနေ
အသစ်တစ်ခုဖြစ်လာတာပါ
ဒါကြောင့် သုတေသီတွေဟာ
ရူပဗေဒသဘောတရားကိုနားလည်နိုင်ဖို့
စကြာဝဠာရဲ့ ရှုပ်ထွေးမှု
ကိုဖြေရှင်းဖို့အတွက်
အရမ်းအေးတဲ့ အက်တမ်တွေရဲ့
အကူအညီနဲ့ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်