အိမ်ကနေ မိုင်ထောင်ချီဝေးရာမှာ ကိုယ်က သောင်တင်နေတယ်။ ပိုက်ဆံ (သို့) ဘာပိုင်ဆိုင်မှုမှမရှိဘူး။ ဒီလိုအကျပ်အတည်းက လူအများကို လက်မှိုင်ချကာ ကြမ္မာဆိုးကို ကျိန်ဆဲမိအောင်လုပ်လိမ့်မယ်။ ဒါပေမဲ့ Cyprus က Zeno ကျတော့ သူ့ဘဝ လက်ရာနဲ့ အမွေအနှစ်ရဲ့ အုတ်မြစ်ဖြစ်လာခဲ့တယ် တစ်ခါက ချမ်းသာတဲ့ ကုန်သည်ဟာ ဘီစီ ၃၀၀ လောက်က Athens မှာ သင်္ဘောပျက်ရာပါသွားတော့ အကုန်လုံးဆုံးရှုံးသွားတယ်။ အခြားလုပ်စရာသိပ်မရှိတော့ စာအုပ်ဆိုင် တစ်ဆိုင် ယောင်တောင်ရောက်သွားမိကာ Socrates အကြောင်းစာအုပ်ဖတ်ရင်း စိတ်ဝင်စားမိသွားတယ်။ ဆက်လက် ရှာဖွေပြီးမြို့ရဲ့ ထင်ရှားတဲ့ ဒဿနပညာရှင်တွေနဲ့အတူ ဆည်းပူးခဲ့တယ်။ Zeno ဟာ သူ့တပည့်တွေကို စတင်သင်ကြားစဉ်မှာ ဥပက္ခာဝါဒလို့ သိကြတဲ့ ဒဿနကို ဖန်တီးခဲ့တယ်။ သူ့သင်ကြားမှုတွေ သုစရိုက်၊ သည်းခံမှုနဲ့ မိမိကိုယ်ကို ထိန်းချုပ်မှုတို့ဟာ အတွေးအခေါ်ပညာရှင်တွေနဲ့ ခေါင်းဆောင်တွေရဲ့ မျိုးဆက်တွေကို စေ့ဆော်ပေးခဲ့တယ်။ Stoicism ဆိုတဲ့အမည်က အလှဆင်ထားတဲ့ လူထုတိုင်လုံးအစဉ် Stoa Poikile ကနေ ဆင်းသက်လာတာပါ။ Zeno နဲ့ သူ့ရဲ့ နောက်လိုက်တွေ ဆွေးနွေးဖို့ စုဝေးရာပေါ့။ ယနေ့ခေတ်မှာ အရပ်သုံးအနေနဲ့ ဥပက္ခာဝါဒခြင်းဆိုတဲ့ စကားလုံးကို ဖိအားတွေအောက်မှာ တည်ငြိမ်နေပြီး စိတ်ခံစားမှု အစွန်းတရားတွေကို ရှောင်ရှားသူဆိုတဲ့ အနက်ဆောင်ဖို့ သုံးကြတယ်။ ဒါပေမဲ့ ဒါက ဥပက္ခာဝါဒရဲ့ အရေးပါတဲ့ လက္ခဏာသွင်ပြင်တွေကို တင်ပြတာပေမဲ့ မူလဒဿနကဟာ သဘောထားတစ်ခုထက် ပိုပါတယ်။ ဥပက္ခာဝါဒီတွေယုံကြည်တာက ကျွန်ုပ်တို့ဝန်းကျင်ရှိ အရာတိုင်းဟာ ကိုယ်ပိုင်တံဆိပ်လို့ခေါ်တဲ့ စကြာဝဠာရဲ့ ယုတ္တိတန်တဲ့တည်ဆောက်မှု တစ်ခုမှာ အကျိုးဆက်ပေါ်တဲ့ အကြောင်းနဲ့အကျိုးရဲ့ ကွန်ရက်တစ်ခုအတိုင်း လုပ်ဆောင်တာပါ။ ကျွန်ုပ်တို့ကို ထိခိုက်စေတဲ့ အဖြစ်ပျက် တွေကို အမြဲ မထိန်းချုပ်နိုင်လောက်ပေမဲ့ အကြောင်းအရာတွေကို ချဉ်းကပ်ပုံကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ စံပြလူ့အဖွဲ့အစည်းတစ်ခုကို စိတ်ကူးယဉ်နေခြင်းထက် ဥပက္ခာဝါဒီတွေဟာ ကမ္ဘာကြီးကို အရှိအတိုင်း ရင်ဆိုင်ဖို့ ကြိုးစားပါတယ်၊ အခြေခံအကျဆုံး သုစရိုက် လေးပါးကနေ မိမိတိုးတက်ရေးအတွက် လိုက်စားရင်းပါ။ လက်တွေကျတဲ့ ဉာဏ်ပညာ ရှုပ်ထွေးတဲ့ အခြေအနေတွေကို ဆီလျော်၊ အသိ များ၊ အေးဆေးတဲ့အမူအရာနဲ့ ရှာဖွေနိုင်စွမ်း ခြိုးခြံခြင်း မိမိကိုယ်ကို ထိန်းချုပ်မှု အလေ့အကျင့်နဲ့ ဘဝရှုထောင့် အာလုံးမှာ အစွန်းမရောက်ခြင်း တရာမျှတမှု သူတို့တွေ အမှားလုပ်မိတဲ့အခါမှာတောင် အခြားသူတွေအေပါ် မျှတမှုနဲ့ ဆက်ဆံခြင်း။ ပြီးတော့ သတ္တိပါ၊ ထူးခြားတဲ့ အခြအနေတွေမှာတင်မဟုတ်ပဲ နေ့စဉ် စိန်ခေါ်မှုတွေကိုပါ ပြတ်သားမှု၊ တည်ကြည်မှုနဲ့ ရင်ဆိုင်ခြင်းပါ။ အထင်ရှားဆုံးတစ်ယောက်ဖြစ်တဲ့ ရိုမန် ဥပက္ခာဝါဒီ Seneca ရေးထားတာက "တစ်ခါတစ်လေမှာ ရှင်သန်ဖို့ဆိုတာတောင် သတ္တိရဲ့ လုပ်ဆောင်ချက်ပါ"တဲ့ ဒါပေမဲ့ ဥပက္ခာဝါဒဟာ တစ်ကိုယ်ရေ တိုးတက်မှုကို အာရုံစိုက်ပေမဲ့ ဒါဟာ အတ္တဗဟိုပြု ဒဿနတော့မဟုတ်ဘူး။ တစ်ချိန်မှာ ရိုမန် ဥပဒေတွေက ကျွန်တွေကို ပစ္စည်းအဖြစ်သဘောထားတော့ Seneca က သူတို့ရဲ့ လူသားဆန်တဲ့ အရေးယူမှု တောင်းဆိုပြီး အားလုံးဟာ တူညီတဲ့ အခြေခံ လူသားသဘာဝ ရှိတာကို အလေးပေးခဲ့တယ်။ ဥပက္ခာဝါဒဟာ ပြုသမျှနုတာကိုလည်း အားမပေးပါဘူး။ အယူအဆက သုစရိုက်နဲ့ မိမိကိုယ်ကို ထိန်းချုပ်မှု ပျိုးထောင်တဲ့လူတွေပဲ အခြားသူတွေအတွက် အပြုသဘောပြောင်းလဲမှုတွေ ဆောင်ကြဉ်းနိုင်တယ်ဆိုတာပါ။ ထင်ရှားတဲ့ဥပက္ခာဝါဒီ စာဆိုတစ်ယောက်ကတော့ ရောမရဲ့ အကြီးကျယ်ဆုံး ဧကရာဇ်တစ်ယောက်ပါ။ သူ့ရဲ့ ၁၉ နှစ်အုပ်ချုပ်မှုတစ်လျောက်မှာ ဥပက္ခာဝါဒက Marcus Aurelius ကို များပြားတဲ့ သူ့ကလေးတွေ ဆုံးရှုံးတာကိုရင်ဆိုင်နေစဉ် စစ်ပွဲကြီးနှစ်ခုကနေ အင်ပါရာကိုဦးဆောင်ဖို့ စိတ်ကြံ့ခိုင်မှုကိုပေးခဲ့တယ်၊ ရာစုနှစ်တွေအကြာ Marcus ရဲ့မှတ်တမ်းဟာ Nelson Mandela ကို တောင်အာဖရိကမှာ လူမျိုးရေး တန်းတူညီမျှဖို့ ရုန်းကန်လှုပ်ရှားစဉ်အတွင်း သူရဲ့ ၂၇ နှစ် အကျဉ်းကျတာကနေ လမ်းညွှန်၊ နှစ်သိမ့်ပေးလိမ့်မပေါ့။ လွတ်ပြီး နောက်ဆုံးအောင်ပွဲမှာ Mandela ဟာ ငြိမ်းချမ်းမှုရေး၊ ရင်ကြားစေ့မှုကို အလေးထား အတိတ်ရဲ့ မတရားမှုတွေဟာ မပြောင်းလဲနိုင်ပေမဲ့ ပြည်သူတွေကို ၎င်းတို့ကို လက်ရှိ ရင်ဆိုင်ပြီး ပိုကောင်း၊ ပိုမျှတတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးပမ်းနိုင်လို့ယုံကြည်ရင်းပါ။ ဥပက္ခာဝါဒဟာ ရာစုများစွာတိုင် ဂရိနဲ့ ရောမမှာ တက်ကြွတဲ့ ဒဿနအဖွဲ့ဖြစ်ခဲ့တယ် သမားရိုကျ အဖွဲ့အစည်းအနေနဲ့ မှေးမှိန်ခဲ့ပေမဲ့ ၎င်းရဲ့ ဩဇာကတော့ ယနေ့တိုင် တည်ရှိဆဲပါ။ Thomas Aquinas လို ခရစ်ယာန် ဘာသာရေးစူးစမ်းသူတွေဟာ သုစရိုက်တွေမပေါ် ၎င်းရဲ့ ဆုံချက်တွေကို လေးစားပြီး မွေးစားခဲ့ပြီး Stoic Ataraxia (သို့) စိတ်ရဲ့အေးချမ်းမှု နဲ့ ဗုဒ္ဓဘာသာ နိဗ္ဗာန်သဘောအကြားမှာ နှိုင်းယှဉ်ချက်တွေရှိခဲ့တယ်။ ထူးထူးခြားခြား ဩဇာရှိတဲ့ ဥပက္ခာဝါဒီ ကတော့ ဒဿနပညာရှင် Epictetus ပါ၊ ဝေဒနာခံစားခြင်းဟာ ကျွန်ုပ်တို့ဘဝတွေထဲက အဖြစ်အပျက်တွေမှာ အရင်းမခံပဲ ဒါတွေကို အကဲဖြတ်တာကပါလို့ ရေးခဲ့သူပါ။ ဒါဟာ ခေတ်သစ်စိတ်ပညာနဲ့ မိမိကိုယ်ကို ကူညီမှု လှုပ်ရှားမှုနဲ့အတူ ပြင်းထန်စွာ ဟိန်းထွက်ခဲ့တယ်။ ဥပမာ မူမှန် စိတ်လှုပ်ရှားမှု အပြုအမူဆိုင်ရာကုထုံးဟာ လူတွေဟာ သူတို့ဘဝအြခအနေတွေ အကြောင်းဖြစ်တည်တဲ့ မိမိဘာသာ အရှုံးပေးတဲ့ သဘောထားတွေ ပြောင်းလဲခြင်းကို အ၊ရုံစိုက်တယ်။ Viktor Frankl ရဲ့ logotheraphy ဆိုတာလည်း ရှိပါသေးတယ်။ စစ်အကျဉ်းသားအဖြစ်နဲ့ Frankl ရဲ့ ကိုယ်တွေ့အချိန်ကနေ သိခဲ့တဲ့ logotheraphy ဟာ ကျွန်ုပ်တို့ရဲ့ စိတ်စွမ်းအားကို စိတ်ဓာတ်အကျဆုံး အခြေအနေတွေမှာတောင် ဘဝတွေကို အဓိပ္ပါယ်နဲ့ဖြည့်ဖို့ ထိန်းချုပ် အသုံးပြုနိုင်တယ်ဆိုတဲ့ ဥပက္ခာ မူကို အခြေခံပါတယ်။