ဘဝဆိုတာ အခွင့်အလမ်းတွေပဲ အခွင့်အလမ်းတွေကို ဖန်တီးမယ် အသုံးချမယ်၊ ကျွန်မအတွက်တော့ အိုလန်ပစ်မှာ ၀င်ရောက်ယှဉ်ပြိုင် တဲ့အိပ်မက်ပဲဖြစ်တယ်. အဲဒီအိပ်မက် ကကျွန်မရဲ့ဘဝပဲ၊ ဘုရားကပေးတဲ့ဆုလာဒ်ပဲ နိုင်ငံတကာဝင်ရောက်ယှဉ်ပြိုင်တဲ့ သြစတြေးလျနိုင်ငံကိုယ်စားပြု စကိတ်စီးအားကစားသမား တစ်ဦးပါ။ ဆောင်းရာသီ အိုလံပစ်အတွက် ပြင်ဆင်နေတဲ့သူပါ။ ကျွန်မက ကျွန်မအဖွဲ့ဝင်တွေနဲ့အတူ စက်ဘီးစီးလေ့ကျင့်နေစဉ်။ တောင်ပေါ်သို့ စီးတက်နေချိန်၊ စစ်ဒနီ ရဲ့အနောက်ဘက် တောင်တန်းပြာပြာကြီးရဲ့ မြင်ကွင်းတွေနဲ့ အရမ်းကိုပြီးပြည့်စုံတဲ့နွေဦးနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်၊ နေရောင်ခြည်၊ ယူကလစ်ပင်အနံ့ နဲ့ကျွန်မအိပ်မက်.. ကျွန်မဘဝက အရမ်းကိုကောင်းခဲ့ပါတယ်၊ ကျွန်မတို့ စက်ဘီးစီးခဲ့တာ ၅ နာရီနဲ့ မိနစ်သုံးဆယ် ကြာခဲ့ပြီ။ ကျွန်မအလွန်သဘောကျတဲ့ နေရာရောက်တော့ အဲဒါကတော့ တောင်တန်းတွေပါ ကျွန်မကတောင်တန်းတွေကို ချစ်ခဲ့ပါတယ်။ စက်ဘီးပေါ်ကဆင်းပြီး ခြေစုံချပြီး အေးစက်တဲ့တောင်ပေါ်လေကို ရှူရှိက်လိုက်တယ်။ ကျွန်မ အဆုတ်တဲ့အထိကိုအေးစက်သွားတယ် ပြီးတော့ကျွန်မ ကျွန်မမျက်နှာပေါ်ကျလာတဲ့ နေရောင်ခြည်ကို ကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ အရာအားလုံးက မှောင်မိုက်သွားခဲ့တယ်။ 'ငါဘယ်ရောက်နေတာလဲ။ ဘာဖြစ်သွားတာလဲ၊' ကျွန်မ တစ်ကိုယ်လုံးက နာကျဉ်မှုတွေနဲ့ ပြည့်နက်နေခဲ့တယ်။ ငါ အရှိန်ပြင်းတဲ့ကုန်တင်ကားနဲ့ အတိုက်ခံလိုက်ရပြီ။ စက်ဘီးဆက်စီးဖို့ ၁၀ မိနစ်ပဲကျန်တော့တဲ့အချိန်ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာကနေ ကျွန်မကို လေယာဉ်နဲ့သယ်ဆောင်သွားတယ်။ အသက်ကယ် လေယာဉ်နဲ့ စစ်ဒနီမြို့ ကကျောရိုးအထူးကုဌာနသို့ အသက် အန္တရာယ်ဆိုးရိမ်ရတဲ့ အခြေအနေကို ကျွန်မရောက်ခဲ့ပါပြီ။ ကျွန်မ လည်ပင်းရိုး နဲ့ကျောရိုး ၆ ခု၊ ဘယ်ဘက် နံရိုးငါးခု၊ ညာဘက် လက်မောင်း ၊ ကျာရိုးအာရုံကျောမကြီး လည်းထိသွားတယ် ခြေထောက်က အရိုးတချို့ ကျိုးသွားခဲ့ပါတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ညာဘက် ကိုဖွင့်ဟထားတယ်။ ကျွန်မဦးခေါင်း ကို နဖူးကနေခွဲပြီး အနောက်ကိုစွဲလန် ပြီး အတွင်းက ဦးခေါင်းခွံကို မြင်သည်အထိ။ ကျွန်မဦးခေါင်းဒဏ်ရာ ရယ် အတွင်းဒက်ရာရခဲ့တယ်။ သွေးထွက်လွန်ပြီး...အမှန်တကယ်မှာ ကျွန်မသွေး ၅ လီတာ ဆုံးရှုံးခဲ့ပါတယ်။ အဲဒီအရေအတွက်က ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးအကုန်ပါပဲ။ အသက်ကယ် လေယာဉ် စစ်ဒနီမြို့ က Prince Henry ဆေးရုံရောက်တဲ့အချိန်မှာတော့ ကျွန်မရဲ့ သွေးပေါင်ချိန်က ၄၀ကျော်ပဲရှိတော့တယ်။ ကျွန်မအတွက်တော်တော်ဆိုးတဲ့ နေ့တစ်နေ့ပဲ။ (ရယ်သံများ) ၁၀ ရက်လောက်ထိ ကျွန်မသတိမောနေခဲ့တယ်။ ကျွန်မ စိတ်ဝိဉာဉ်က ခန္ဒာကိုယ်ထဲရောက်လိုက် ခန္ဓာကိုယ်အပြင်ရာက်ပြီး ကိုယ်ကို့ကို တခြားလူအနေနဲ့ ဘာဖြစ်နေလဲဆိုတာကို ကြည့်နေမိတယ်။ 'ငါဘာဖြစ်လို့ အဲလိုကျိုးပဲ့ပျက်ဆီးနေတဲ့ ခန္ဓာကို်ယ်ဆီပြန်သွားချင်မှာလဲ' ဒါပေမဲ့ အသံတစ်ခုက ကျွန်မကို ပြန်ခေါ်နေတယ်။ 'ပြန်လာခဲ့ပါ.. ငါနဲ့ပဲနေပါ' 'ဟင့်အင်း အဲဒါအရမ်းခက်ခဲလွန်းအားကြီးတယ်' 'လာပါ။ ဒါကငါတို့အတွက်အခွင့်အရေးတစ်ခုပဲ' 'ဟင့်အင်း။ အဲဒီခန္ဓာကိုယ်က သုံးစားလို့မရတော့ဘူး' 'လာပါ။ ငါနဲ့ပဲနေပါ။ ငါတို့တွေအတူတူရှိနေရင် ပြန်ကောင်းအောင်လုပ်နိုင်မှာပါ' ကျွန်မ လမ်းခွမှာရောက်နေပြီ။ ကျွန်မသိခဲ့တယ်..ကျွန်မသာဒီခန္ဓာကိုယ်ထည် ပြန်မဝင်ဘူးဆိုရင် ဒီလောကကြီးကနေထွက်ခွာ သွားရတော့မယ်။ အဲဒါက ဘဝတိုက်ပွဲ။ ၁၀ ရက်ပြည့်တော့ ကျွန်မပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ အတွင်းသွေးထွက်မှု သိပ်သွားပြီ။ စိုးရိမ်မှု တစ်ခုကတော့ ကျွန်မလမ်းပြန်လျှောက်နိုင်မလား ဆိုတာပဲ။ ကျွန်မ ခါးအောက်ကစပြီး ခံစားမှု မရှိတော့လို့ပဲ။ ကျွန်မလည်ပင်းရိုးကတော့ ပြန်ဆက်သွားပြီလို့ သူတို့က ကျွန်မမိဘတွေကိုပြောတယ်. ဒါပေမဲ့ နောက်ကျောရိုးကတော့ ရစရာမရှိအောင်ကိုကြေမွသွားပြီတဲ့။ L1 ကျောရိုးကတော့ မြေပဲကို ပြစ်ချပြီး အစိတ်စိတ် အမွာမွာဖြစ်အောင်နင်းချေထားတာနဲ့ တူတယ်။ အဲဒါကို သူတို့ operation လုပ်ရမှာတဲ့ သူတို့ခွဲခန်းထဲ ၀င်သွားတယ် ကျွန်မကို ဓာတ်ခွဲကုတင်ပေါ်တင်ပြီး ကျွန်မကို စခွဲပါတယ် တကယ်တော့ ကျွန်မကို နှစ်ပိုင်းခွဲလိုက်တယ်...ကျွန်မ တစ်ကိုယ်လုံးမှာ ခွဲစိတ်ထားတဲ့အမာရွတ်တွနဲ့ ဖုံးအုပ်နေတယ်.. သူတို့က ပြန်ယူနိုင်သလောက်အရိုးတွေကို ပြန်ဆက်တယ်. လည်ပင်းရိုးကို ပြန်နေရာချထားနိုင်တယ် ကျိုးသွားတဲ့ ကျောရိုး ၂ခုကတော့ထုတ်ပြီး ကျွန်မကျောတစ်ခုလုံးကို ပြန်တည်ဆောက်ခဲ့တယ် L1 ကျောရိုးကို ပြန်ဆောက်နိုင်ခဲ့တယ်။ ကျိုးနေတဲ့ ကျောရိုးနောက်တခုကို ထုတ်ပစ်ပြန်တယ်.. ကျောရိုးဆစ် (၁၂) နဲ့ ခါးကျောရိုးဆစ် နံပတ်(၁)နဲ့ (၂) ပေါင်းသုံးခုကို....ပြန်ဆက်ပေးခဲ့တယ် ကျွန်မကို ပြန်ချုပ်ပါတယ်။ ကျွန်မ ခန္တာကိုယ်တခုလုံးကို ပြီးအောင်ချုပ်ဖို့ တစ်နာရီကြာခဲ့တယ်. ကျွန်မ အထူးကုသဆောင်မှာ သတိပြန်ရလာခဲ့ပါတယ်။ ဆရာဝန်တွေက အရမ်းကို စိတ်လှုပ်ရှား ပြီးဝမ်းသာခဲ့တယ်။ အဲဒီ ခွဲစိတ်မှု အောင်မြင်သွားပြီ ကျွန်မ ခြေမနည်းနည်းလေး လှုပ်လာတယ်။ အဲဒီချိန်မှာ ကျွန်မအတွေးကတော့ 'ကောင်းလိုက်တာ.. ငါ အိုလံပစ် ပွဲသွားရတော့မယ်' (ရယ်သံ) ကျွန်မအမြဲယုံကြည်ခဲ့တာက အဲလို ဖြစ်ရက်မျိုး ဆိုတာ တခြားလူတွေမှာပဲဖြစ်တတ်တာ.. ငါ့အတွက်မဟုတ်တာ သေချာတယ်.. ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဆရာဝန်မ ကျွန်မဆီရောက်လာပြီး "Jannie, ခွဲစိတ်မှုကတော့ အောင်မြင်သွားပြီး၊ ကျွန်မတို့ တတ်နိုင်သလောက် လည်ပင်းရိုး နဲ့အရိုးတွေကို တတ်နိုင်သလောက်ပြန်ဆက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ထိခိုက်မှုဒဏ်ကတော့ တသက်လုံးပါသွားမှာပဲ အာရုံကျောမကြီးက တော့ကုသလို့မရဘူး။ ကိုယ်တစ်ပိုင်း သေတဲ့လူအဖြစ်နဲ့ အတူ ဒီနာကျင်မှုတွေကို ခံစားရမှာ။ ရှင့်မှာ ခါးအောက်ကစပြီး ခံစားမှုမရှိဘူး။ အများဆုံး ၁၀ ကနေ ၂၀ ရာနှုန်းလောက်ပဲ ပြန်ကောင်းနိုင်တာ အတွင်းနာကျင်မှုတွေက တော့တစ်ဘဝလုံးခံစားသွားရမှာ။ ဆီးပိုက်နဲ့ အမြဲနေ နေရမှာ လမ်းလျောက်နိုင်ခဲ့မယ်ဆိုရင်လဲ ဂျိုင်းထောက် နဲ့ဖြစ်မှာ ပြီးတော့ဆက်ပြောပါသေးတယ်။ 'Janine.. နင့်ဘဝ ကိုနင်ပြန်စဉ်းစားရတော့မယ် ဘယ်လုပ်မလဲဆိုတာ အရင်တုန်းကလုပ်ခဲ့တာတွေ ဘယ်လိုမှပြန်လုပ်လို့ရမှာမဟုတ်တော့ဘူး' သူမ ပြောတာတွေကို ကျွန်မသေသေချာချာ နားထောင်တယ်။ ကျွန်မက အားကစားသမားလေ။ ကျွန်မဘဝမှာ အဲဒါပဲသိတယ်...အဲဒါပဲလုပ်ခဲ့တယ်။ အားကစားတာမလုပ်နိုင်တော့ဘူးဆိုရင် ကျွန်မဘာလုပ်ရမှာလဲ၊ ကျွန်မကို ကျွန်မပြန်မေးတဲ့မေးခွန်းကတော့ ငါအားကစားမလုပ်နိုင်ခဲ့ဘူးဆိုရင် ငါဘယ်ဖြစ်ခဲ့မှာလဲ၊ ကျွန်မကို အထူးကုစောင်ကနေ အရိုးအထူးကုစောင်ကို ပို့ခဲ့ပါတယ်။ ကျွန်မ ပါးလွှာတဲ့ကုတင် ပေါ်လဲနေတယ်။ ကျွန်မခြေထောက်တွေလုပ်ရှားမှုလုံးဝ မရှိဘူး။ ကျွန်မကို တင်းနေအောင်စီးထားတယ် သွေးခဲတွေကို ကာကွယ်ဖို့။ လက်တစ်ဖက်ကတော့ ပတ်တီးစီးထားတယ် နောက်တစ်ဘက်ကတော့ သွေးသွင်းနေတယ်။ လည်ပင်းမှာ လည်ပတ်နဲ့ ခေါင်းနှစ်ဘက်ကိုထိန်ထားတဲ့ ခေါင်းအုံးနဲ့ ကျွန်မရဲ့ ကမ္ဘာကို ကျွန်မခေါင်းပေါ်မှာ ချိတ်ဆွဲထားတဲ့မှန်ကနေမြင်ခဲ့တယ်။ ကျွန်မက လူနာ ၅ ဦးနဲ့ တစ်ခန်းထဲ မှာနေရတယ်။ အရမ်းကို အံသြစရာကောင်းတာက အားလုံးက လဲနေကြတယ်လေ။ ခန္ဒာကိုယ်မလုှပ်နိုင်ကြဘူး။ ကျွန်မတို့ တယောက်ကိုတယောက် မမြင်နိုင်ဘူး ဘယ်လောက်ကောင်းတဲ့ခံစားချက်လဲ။ ဘဝမှာ ဘယ်နှစ်ခါများ မမြင်ရပဲ ၊ ခွဲခြားမှုမရှိဘဲ လုံးဝ စိတ်ခံစားမှုကနေ ခင်မြင်လာကြလဲ။ အပေါ်ရံ စကားတွေလဲမရှိဘူး ကျွန်မတို့က ကျွန်မတို့ရဲ့ ရင်တွင်းခံစားမှုတွေ စိုးရိမ်မှုတွေ ဒီဆေးရုံကထွက်ပြီး ဘဝ မျော်လင့်မှုတွေ ကျွန်မ သတိရသေးတယ်။ တစ်ညတော့ 'Jonathan' ဆိုတဲ့ သူနာပြုဆရာတစ်ယောက်ဝင်လာတယ်။ ပိုက်တွေအများကြီးပါလာတယ်။ ကျွန်မတို့ပေါ်ကို တစ်ပွေ့ဆီချပေးပြီး။ သူပြောတယ်.. 'အဲဒီပိုက်တွေကို အတန်းလိုက်ဖြစ်အောင် အတူတူဆက်ကြမယ်။' ကောင်းပြီလေ.. အဲဒီဆေးရုံမှာ တခြားဘာမှလုပ်စရာမှမရှိတာ..ကျွန်မတို့ ပိုက်တွေကိုဆက်ကြတာပေါ့ ကျွန်မတို့ ဆက်ပြီးသွားတော့ သူကဖြည်းညင်းစွာလာပြီး အားလုံးဆက်ထားတဲ့ အပိုင်းတွေကို သူက တစ်ခန်းလုံးပြည့်သွားအောင်ဆက်ပေးတယ်။ ပြီးတော့သူကပြောပါတယ်.. 'ကောင်းပြီး။ အားလုံးပဲ ကိုယ့်ဆက်ထားတဲ့ ပိုက်တွေကိုကိုင်ထား။' ကျွန်မတို့ကလိုက်လုပ်တယ်.. သူဆက်ပြောပါတယ်။ 'အခု အချိန်မှာ ငါတို့တွေအကုန်လုံးက စည်းလုံးနေတယ်။' အဲတာကို ကိုင်ပြီး ကျွန်မတို့ အတူတူအသက်ရှူခဲ့တယ်။ ဒီခရီးလမ်းကို ငါတစ်ယောက်တည်းလျောက်နေတာမဟုတ်ဘူးဆိုတာကို ကျွန်မတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ အသေလဲနေရင်းနဲ့တောင် အရမ်းကို တန်ဖိုးရှိပြီး နက်နဲ တဲ့အချိန်ကာလ စစ်မှန်သော ရင်းနီးမှု ကျွန်မဘယ်တုန်းကမှ မရခဲ့ဘူးသော ဒီဆေးရုံကနေထွက်သွားပြီးရင် ဘာလိုမှ အရင်လိုပြန်မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့ သိတယ်. ၆ လပြည့်သွားတော့ အိမ်ပြန်ရမယ့်အချိန်ရောက်လာပြီ ကျွန်မအဖေက ကျွန်မကို wheelchair ပါ်တင်ပြီးအပြန်ဖက်ကို တွန်းသွားတာကို ကျွန်မ မှတ်မိသေးတယ် တစ်ကိုယ်လုံးကို ပတ်တီးစည်းထားတယ် ကျွန်မ မျက်နှာပေါ်ကိုနေရောင်ကျလာတဲ့ ပထမဆုံး ခံစားချက်ကိုပြန်ရခဲ့တယ် ကျွန်မ အဲဒါကိုခံစားနေရင်း တွေးမိတယ် ကျွန်မဘာဖြစ်လို့များ ဒါတွေကို "ငါအမြဲပိုင်ဆိုင်ရမယ်လို့ ခံယူခဲ့ဘူးလဲလို့" ကျွန်မဘဝကို ကျွန်မကျေနပ်သွားတယ် ဒါပေမဲ့ ကျွန်မဆေးရုံက အထွက် သူနာပြုတစ်ယောက် ကပြောတယ် "Janine ကျွန်မ ရှင့်ကိုအဆင်သင့်ဖြစ်စေချင်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ရှင်အိမ်ရောက်တဲ့အချိန်မှာ တစ်ခုခုဖြစ်လိမ့်မယ်" အဲဒါနဲ့ ကျွန်မက "ဘာလဲ" လို့မေးတော့။ သူကပြောတယ် "ရှင်စိတ်ဓာတ်ကျလိမ့်မယ်" ကျွန်မ မကျစေရဘူး.. Jannie ဆိုတာ စက်လိုပဲ မာကြောတယ် ကျွန်မကို အဲလိုခေါ်ကြတယ် သူမက ပြန်ပြောတယ်... "ရှင့် စိတ်ဓာတ်ကျမှာ အဲဒါလူတိုင်းဖြစ်တယ်" ဒီဆေးရုံထဲ မှာတော့ ရှင့်ကိုယ်ကိုရှင် ပုံမှန်ပဲလို့ခံစားရတယ် ရှင် wheelchair ပေါ်ထိုင်နေရတာလဲ ပုံမှန်ပဲ ဒါပေမဲ့ ရှင်အိမ်ရောက်သွားတဲ့ အချိန်မှာ ရှင်သိလာလိမ့်မယ် ဘဝက ဘယ်လောက်ကွာခြားသွားလဲဆိုတာကို။ ဒီလိုနဲ့ ကျွန်မ အိမ်ရောက်သွားတယ်။ အဲဒီချိန်မှာ တခုခုမှားနေတယ်။ ကျွန်မသိလိုက်တယ် Sam ဆိုတဲ့သူနာပြု ပြောတာမှန်တယ်။ ကျွန်မ စိတ်ဓာတ်ကျခဲ့တယ်။ ကျွန်မက ထိုင်ခံပေါ်မှာထိုင်နေတယ်။ ခါးနောက်ပိုင်းကစပြီး ကျွန်မခံစားချက်မရှိဘူး ဆီးအိတ်ကိုဆွဲထားတယ်။ ကျွန်မလမ်းလျောက်နိုင်ဘူး။ ကျွန်မဆေးရုံမှာ နေတုန်း အများကြီးပိန်သွားတယ်။ ကျွန်မ ကိုယ်အလေးချိန် ပေါင် ၈၀ ပဲရှိတော့ွဒါ။ ကျွန်မ အရှုံးပးချင်ခဲ့တယ်။ ကျွန်မလုပ်ချင်တာ တခုက ကျွန်မဖိနပ်ဆီးပြီး အပြင်ဘက်ကိုပြေးချင်းတယ်။ ကျွန်မရဲ့ အရင်လိုဘဝကို ပြန်လိုချင်တယ်။ ကျွန်မရဲ့ အရင်ခန္ဒာကိုယ်ကို ပြန်လိုချင်တယ်။ ကျွန်မ အမေက ကုတင်ရင်းမှာထိုင်ပြီး ပြောတယ် "ဘဝက အရင်အတိုင်းပြန်ကောင်းလာနိုင်မလားဆိုတာကို ငါတွေးမိတယ်" ကျွန်မကတွေးတယ် "ဘယ်လိုမှ ပြန်မကောင်းနိုင်ဘူး၊ ငါ တန်ဖိုးထားခဲ့တာတွေ ငါလုပ်ခဲ့တာတွေ အကုန်လုံး ဆုံးရှုံးသွားပြီ" ကျွန်မ မေးခဲ့တယ်... "ဘာဖြစ်လို့ ငါ့ကြမှ ဖြစ်ရတာလဲ " အဲဒီချိန်မှာပဲ ကျွန်မသူငယ်ချင်းကို ကျွန်မ သတိရသွားတယ် ဆေးရုံမှာကျန်နေတဲ့ သူငယ်ချင်းတွေပေါ့ အဓိက ကတော့ Maria Maria က သူမရဲ့ ၁၆ နှစ်ပြည့်တဲ့ မွေးနဲ့မှာပဲ ကားတိုက်မှုဖြစ်ပြီး ကိုယ်တစ်ပိုင်းသေသွားဒါ။ လည်ပင်းက စပြီးလုပ်ရှားမှုမရှိဘူး။ ပြီးတော့ လည်ပြွန်ကို ထိခိုက်ပြီး စကားပြောလို့မရဘူး သူတို့တွေက ကျွန်မကိုပြောတယ် "ငါတို့ နင်ကိုသူ့နားမှာ ထားမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွကကောင်းမယ်ထင်လို့" ကျွန်မ စိတ်ပူခဲ့တယ်။ သူမနဲ့ ဘယ်လိုဆက်ဆံရမှာလဲ သူမရဲ့ ဘေးမှာနေပြီး ခက်ခဲ မယ်လို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ဒါတာက ကျွန်မအတွက် ကံကောင်းခြင်းပဲ ဘာဖြစ်လို့လဲ ဆိုတော့ Maria ကအမြဲ ပြုံးနေတာပဲ။ သူမက အမြဲပျော်ရွှင်နေတယ်။ သူမ စကားပြန်ပြောတဲ့အချိန်မှာတောင် သူမ ပြောတာတွေ သိပ်နားမလည်ပေမဲ့ သူမဘယ်တုန်းကမှ မငြင်းခဲ့ဘူး။ သူမဘာလို့များ ဒီလိုအခြေအနေကို လက်ခံနိုင်သလဲ ဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး အဲဒါနဲ့ ကျွန်မတစ်ယောက်တည်းဒီလိုခံစားရတာ မဟုတ်ဘူးဆိုတာကို သတိပြန်ရသွားတယ်။ ဘဝဆိုတာ ဒါပါပဲ။ ဒီဒုက္ခတွေ ဆိုတာငါတစ်ယောက်တည်း ခံစားရတာမဟုတ်ဘူး။ လူတိုင်းခံစားရတယ်။ ဘဝမှာ ရွေးချယ်မှုရှိတယ်ဆိုတာကို ကျွန်မသိတယ်။ ကျွန်မမှာ ရွေးချယ်ခွင့်ရှိတယ်။ ကျွန်မ ဆက်ပြီးကြိုးစားမယ် ကျွန်မ ရဲ့ခန္ဒာကိုယ် နဲ့ ကျွန်မဘဝ ရဲ့အခြေအနေကို လက်ခံမယ်။ ပြီတော့ "ဘာဖြစ်လို့ ငါ့ကြမှဖြစ်ရတာလဲ" လို့မမေးတော့ဘူး။ "ဘာဖြစ်လို့ ငါမဖြစ်နိုင်ရမှာလဲ" လို့ပဲမေးတော့တယ်။ ကျွန်မတွေးမိတယ် ဒီလိုလုံးဝအောက်ဆုံး ရောက်နေတဲ့ အချိန်က တစ်ခုခု ကိုပြန်စဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်။ ကျွန်မကို ကျွန်မတီထွင် ဆန်းသစ်မှုကိုဖန်တီးတတ်တဲ့လူလို့ မထင်ခဲ့ဘူး။ ကျွန်မက အားကစားသမား။ ကျွန်မ ခန္ဒာကိုယ်က ကျွန်မအတွက်စက်ပဲ။ ဒါပေမဲ့အခုတော့ ကျွန်မကတီထွင် ဆန်းသစ်ရမဲ့ အလုပ်တစ်ခုကိုလုပ်ရတော့မယ်။ အဲဒါကတော့ ကျွန်တို့အကုန်လုံးလုပ်နိုင်တဲ့ အလုပ်ဖြစ်တဲ့ ဘဝကို ပြန်လည်တည်စောက်ခြင်းပဲ ဖြစ်တယ်။ ဘာလုပ်ရမလဲ ဆိုတာကိုကျွန်မလုံးဝမသိခဲ့ဘူး ဒီလိုမရေရာတဲ့ ဘဝမှာ ကျွန်မဘာလုပ်ရမှာလဲ လွတ်လပ်မှုခံစားချက်ရလာတယ်။ ကျွန်မက ဘယ်လမ်းလျောက်ရမယ်ဆိုတာလဲ မရှိဘူး ဒီလိုဖြစ်အဆုံးမရှိဘာမဆို ဖြစ်နိုင်တဲ့ဘဝကို ကျွန်မလေ့လာခွင့်ရခဲ့တယ်။ အဲဒီအသိက ကျွန်မဘဝကိုပြောင်းခဲ့ပါတယ်။ ကျွန်မ wheelchair ပေါ်မှာထိုင်နေရင်း - တစ်ကိုယ်လုံးက ပတ်တီးတွေနဲ့ လေယာဉ်ပျံ တစ်စင်းပျံသန်းသွားတယ်။ ကျွန်မမော့ကြည့်လိုက်တယ်.. "အဲဒါပဲ" ဆိုပြီးကျွန်မတွေးမိလိုက်တယ်။ "ငါလမ်းလျောက်နိုင်ဘူးဆိုတော့ ငါပျံလို့တော့ရသေးတာပဲ" ကျွန်မအမေကို ကျွန်မပြောလိုက်တယ် "အမေ၊ ကျွန်မလေယာဉ်မောင်းသင်မယ်။" "အဲဒါ ကောင်းတယ်" လို့ သူမပြန်ပြောခဲ့တယ်။ (ရယ်သံ) "ကျွန်မကို လမ်းညွှန်စာအုပ်ပေး" ဆိုပြီးပြောတယ်။ သူမက ကျွန်မကိုလမ်းပေးတယ်၊ ကျွန်မ လေယာဉ်မောင်းသင်တဲ့ကျောင်းကို ဖုန်းဆက်တယ်။ "ကျွန်မ လေယာဉ်မောင်းသင်ဖို့ စရင်းသွင်းချင်တယ်လို့ပြောတယ်။" "ဘယ်အချိန်လောက်လာချင်လဲ " လို့ သူကမေးတယ်။ "ကောင်းပြီလေ။ ကျွန်မက ကျွန်မသူငယ်ချင်း မောင်းပို့ပေးမှရမှာ ကျွန်မ ကားမောင်းလို့မရဘူး ၊ တကယ်တော့ လမ်းတောင်လျောက်လို့မရဘူး အဲဒါ အဆင်ပြေမလားမသိဘူး" ကျွန်မ စာရင်းသွင်းခဲ့တယ်။ နောက်တစ်ပတ် ကျတော့ ကျွန်မသူငယ်ချင်း Chris နဲ့ ကျွန်မအမေနဲ့ ကျွန်မကို လေယာဉ်ကွင်းလိုက်ပို့ခဲ့တယ်။ ဒီပေါင် ၈၀ ပဲလေးတဲ့ ပတ်တီးနဲ့ပတ်ထားတဲ့ ခန္ဒာကိုယ် (ရယ်သံ) ကျွန်မက လေယာဉ်မောင်းလိုင်စင် ရဖို့သင်ယူမဲ့ လေယာဉ်မောင်းသင်တန်းသားတစ်ဦး ဖြစ်တင့်တဲ့ပုံမပေါ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကမရပ်နိုင်လို့ ကောင်တာစားပွဲကို ကိုင်ထားတယ်။ "ကျွန်မ လေယာဉ်မောင်းသင်တန်းတက်ဖို့ပါ" လို့ကျွန်မပြောတယ်။ သူတို့က ကျွန်မကိုကြည့်ပြီး အနောက်ဖက်သို့ ပြေးဝင်သွားတယ်။ "နင်သူ့ကိုယူ" "မဟုတ်ဘူး နင်သူ့ကိုယူ" နောက်ဆုံးမှာတော့ လူကြီးတစ်ယောက်ထွက်လားပြီး။ "မင်္ဂလာပါ ကျွန်တော် Andrew ပါ။ ကျွန်တော် လေယာဉ်မောင်းသင်ပေးမဲ့သူပါ။" "ကောင်းလိုက်တာ" ဆိုပြီး ကျွန်မကပြောလိုက်တယ်။ သူတို့ကျွန်မကို ခေါ်သွားတယ် လေယာဉ်ပြေးလမ်းပေါ် ရောက်သွားတယ်။ အဲဒီမှာ အနီရောင်၊ အဖြူရောင်၊ အပြာရောင် လေယာဉ်တွေရှိတယ်။ အရမ်းလှတယ်။ သူတို့ကျွန်မကို လေယာဉ်မောင်းခန်းထဲ တင်ပေးတယ်။ လေယာဉ်တောင်ပံ ကလေမတင်ပြီး စက်ခန်းထဲသို့ ခေါ်သွားတယ်။ ကျွန်မကို ထိုင်ခို်င်းတယ်။ အဲဒီမှာတော့ ခလုပ်တွေ နံပါတ်အများကြီးပဲ "အဲဒီလောက်များတဲ့ ခလုပ်တွေ နံပါတ်တွေ အကုန်လုံးကို ဘယ်လိုသိနိုင်မလဲ " လို့ကျွန်မတွေးမိတယ်။ ဆရာ Andrew ကရှေ့ကနေ လေယာဉ်စက်ကို စနိုးပါတယ်။ သူပြောတယ် "ပြေးလမ်းပေါ် ပြေးတာကို စသင်မယ်" အဲဒါကတော့ ခြေထောက်ကို ခြေနင်းပေါ်တင်ပြီး လေယာဉ်ကို မြေကြီးပေါ်မှာ ထိန်းရတယ်။ "မရဘူး။ ကျွန်မခြေထောက်တွေကိုအသုံးပြုလို့ မရဘူး" လို့ကျွန်မပြောတယ် "အော်" လို့ သူပြောတယ်။ "ဒါပေမဲ့ ကျွန်ကလက်တွေကိုတော့ အသုံးပြုလို့ရတယ်" လို့ပြောတော့ သူက "ကောင်းပြီလေ" အဲဒါနဲ့ ပြေးလမ်းပြေကို အရှိန်တင်ပြီးတော့ စမောင်းပါတယ်။ ပြီးတော့ စက်ခေါင်းထဲကို ဘီးတွေတင်ပြီး လေယာဉ်စတက်ပါတယ်။ ကျွန်မ မခံစားဖူးတဲ့ လွတ်လတ်မှုကို ခံစားလိုက်ရတယ်။ Andres ကပြောတယ်။ ကျွန်မတို့ လေယာဉ်မောင်းသင်တဲ့ နေရာကနေ "အဲဒီတောင်တန်းတွေကို မြင်လား" "မြင်တယ်"လို့ကျွန်မ ပြန်ပြောတယ် "ဒါဆို နင်ထိန်းပြီးအဲဒီတောင်တန်းတွေ ဆီမောင်းမယ်" လို့သူပြောတယ် ကျွန်မ ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်မမှတ်မိသွားတယ် သူပြောတဲ့ တောင်တန်းပြာဆိုတာက ကျွန်မ ဘဝပြန်စခဲ့တဲ့နေရာပဲ။ ကျွန်မ လေယာဉ်ကို ထိန်းပြီး၊ ကျွန်မ စပြီးပျံသန်းခဲ့တယ်။ ကျွန်မက ဆေးရုံကနေ တော်တော်ဝေးသွားပြီ အဲဒီအချိန်က စပြီးကျွန်မ လေယာဉ်မောင်းသမား တစ်ယောက်ဖြစ်မယ်လို့ ကျွန်မယုံကြည်တယ် ကျွန်မ လက်မှတ်ရဖို့ ဆေးစစ်ချက်အောင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါပေမဲ့ အဲဒါကို နောက်မှပဲပူတော့မယ်...အခုတော့ကျွန်မ မှာအိပ်မက်ရှိသွားပြီ။ ကျွန်မ အိမ်ပြန်လာတယ်၊ ကျွန်မနေ့စဉ်မှတ်တန်း စာအုပ်ကို ယူပြီး၊ ကျွန်မအစီအစဉ် တစ်ခုဆွဲတယ်။ ကျွန်မ လမး်လျောက်နိုင်အောင် တတ်နိုင်သလောက် ကြိုးစားမယ် ကျွန်ကို လူနှစ်ယောက်တွဲရတဲ့ အခြေအနေကနေစ ပြီး လူတစ်ယောက်ပဲ တွဲရတဲ့ အခြေအနေ ပြီး ထိုင်ခုံတွေ စားပွဲတွေကို ကိုင်ပြီသွားနိုင်တဲ့ အခြေအနေ ကိုင်စရာ တစ်ခုနဲ့ တစ်ခုနဲ့ သိပ်မဝေးဘူးဆိုရင်ပေါ့ အဲဒါနဲ့ ကျွန်မ နံရံကို ကိုင်ပြီး လျောက်နိုင်တဲ့ အခြေအနေ ထိရောက်လာခဲ့တယ်။ ဒီလိုပေါ့။ အမေက ပြောတယ် သူမကျွန်နောက်ကနေ အမြဲလိုက်ပြီး နံရံပေါ်က ကျွန်မလက်ရာတွေကို လိုက်သုပ်ရတယ်။ (ရယ်သံ) ဒါပေမဲ့လဲ အနည်းဆုံးတော့ ကျွန်မဘယ်တွေသွားခဲ့သလဲ ဆိုတာ သူသိရတာပေါ့ ကျွန်မကို ဆရာဝန်တွေက ဆက်ပြီးခွဲစိတ်ကုသတယ် ကျွန်မ ခန္ဒာကိုယ်ကို အရင်အတိုင်းပြန်ဖြစ်အောင်။ ကျွန်မ စာစစ်စာမေးပွဲကို အောင်ခဲ့တယ်။ အံသြ စရာကောင်းတာက ကျွန်မ ဆေးစစ်ချက်လဲအောင်ခဲ့တယ်။ ကျွန်မ ပျံသန်းဖို့ မီးစိမ်း ဖြစ်သွားပြီ။ ကျွန်မ အချိန်တိုင်း ကျောင်းမှာပဲ ကျွန်မ အတွက်သာယာတယ််ဆိုတဲ့ နေရာရဲ့အဝေးကြီးမှာ။ လေယာဉ်မောင်ဖြစ်ချင်နေတဲ့ လူငယ်တွေနဲ့ အတူ။ ကျွန်မရဲ့ အရင်တုန်းက ဟိုင်ကိုင် ဒီကိုင်ပြီးလမ်းလျောက်နေတဲ့၊ တစ်ကိုယ်လုံးမှာလဲ ပတ်တီးတွေနဲ့၊ ဆေးထုပ်ကြီးတွေနဲ့၊ ဆီးပိုက်တွေနဲ့ သူတို့က ကျွန်မကို ကြည့်ပြီးစဉ်းစား မိခဲ့မှာပဲ "အို။ အဲဒါဘယ်သူလဲ လာနောက်နေတယ်။ သူကလား လေယာဉ်မောင်းသင်မှာ မဖြစ်နို်င်ပါဘူး" ကျွန်မလဲ မဖြစ်နိုင်ဘူးလို့ တခါတလေ တွေးမိခဲ့ပါတယ်။ အဲဒါကအရေးမကြီးဘူး။ ကျွန်မရဲ့ ဖြစ်ချင်မှုက အဲဒီအလေးချိန်မမီတဲ့၊ တစ်ကိုယ်လုံး ဒဏ်ရာတွေဖြစ်နေတဲ့ ကျွန်မကို ဖြစ်ချင်မှုဆိုတဲ့ စိတ်ကလေးကနေ တွန်းအားပေးခဲ့တယ်။ တဖြည်းဖြည်း နဲ့ ကျွန်မကိုယ်ပိုင်လေယာဉ် မောင်းလိုင်စင်ရခဲ့တယ်။ ပြီးတော့ ကျွန်မ ဆက်လေ့လာတယ်။ ကျွန်မသူငယ်ချင်းနဲ့ အတူ အော်စတေးလစ်ယား ကို ပတ်မောင်းတယ်။ ပြီးတော့ စက်နှစ်လုံးပါတဲ့ လေယာဉ်ကိုမောင်းနိုင်ခဲ့တယ်။ စက်နှစ်လုံးပါတဲ့ လေယာဉ်မောင်း လိုင်စင်ရခဲ့တယ်။ ပြီးတော့ကျွန်မ ဆိုးရွားတဲ့ရာသီဥတုမှာမောင်းနိုင်အောင်လေ့ကျင့်ခဲ့တယ် အဲဒါနဲ့ ကျွန်မလေယာဉ်မောင်းသင်ပေးနိုင်တဲ့ လက်မှတ်ရခဲ့တယ်။ ကျွန်မ လေယာဉ်လိုင်းတွေမှာ မောင်းနိုင်တဲ့ လိုင်စင်ရခဲ့တယ်။ ကျွန်မ လေယာဉ်မောင်းသင် ဆရာလက်မှတ်ရခဲ့တယ်။ ပြီတော့ ကျွန်မအဲဒီကျာင်းကို ပြန်ရောက်ခဲ့တယ်... ကျွန်မ လေယာဉ်မောင်းစသင်ခဲ့တဲ့ကျောင်း လေယာဉ်မောင်းသူ ဆရာအနေနဲ့ပေါ့၊ အဲဒါတွေအကုန်လုံးက ကျွန်မဆေးရုံကနေထွက်ပြီး ၁၈အကြာမှာဖြစ်သွားဒါ။ (လက်ခုပ် သံများ) ပြီးကျွန်မ အကြံရခဲ့တယ်.. "ဘာဖြစ်လို့ အဲဒီမှာပဲ ရပ်နေမှာလဲ" ငါအပေါ်အောက်မောင်းနိုင်အောင် လေ့လာမယ် ကျွန်မ သင်ယူခဲ့ပါတယ်။ အပေါ်အောက်မောင်းနည်း လေယာဉ်အလှပြ မောင်းသင်ဆရာ ဖြစ်လာခဲ့ပါတယ်။ အမေ နဲ့ အဖေ လား.. ဘယ်တော့မှ လိုက်မဆီးဘူးဖူး။ အဲဒီအချိန်မှာပဲ ကျွန်မသိခဲ့တယ် ခန္ဒာကိုယ်ပဲ တားလို့ရမယ် ကျွန်မရဲ့ စိတ်ဓာတ်ကိုတော့ ဘယ်လိုမှ ရပ်ထားလို့မရဘူး။ Lao Tzu ဆိုတဲ့အတွေးအခေါ် ပညာရှင်က ပြောခဲ့တယ် " နင်အခုဖြစ်နေတဲ့ ဘဝကို လက်လွတ်လိုက်တဲ့အခါ နင်ဖြစ်သင့်တဲ့ဘဝ ဖြစ်လာမယ်" ကျွန်မအခုတော့ သိသွားပြီး ကျွန်မဖြစ်ခဲ့တဲ့ ဘဝကို ကျွန်မလက်မလွတ်လိုက်ဘူးဆိုရင် ကျွန်မ ဘဝအသစ်ကို ဘယ်လိုမှ ဖန်တီးနိုင်ခဲ့မှာမဟုတ်ဘူး။ ကျွန်မ ဖြစ်သင့်တယ်ဆိုတဲ့ ဘဝကို လက်မလွတ်လိုက်မချင်းပေါ့ ကျွန်မ အမြဲတမ်းတောင့်တနေတဲ့ ဘဝကို ကျွန်မရလိုက်မှာမဟုတ်ဘူး။ တကယ့် အင်အားဆိုတာဘာလဲဆိုတာ ကျွန်မသိသွားပြီ။ ခန္ဒာကိုယ်က လာတာမဟုတ်ဘူး။ ကျွန်မရဲ့ ခွန်အားတွေ လုံးဝပြောင်းလဲသွားပေမဲ့လဲ ကျွန်မ ဘာလဲဆိုတာကို မပြောင်းလဲနိုင်ပါဘူး။ လေယာဉ်မောင်း ဆိုတဲ့အလင်းရောင်လေးကတော့ အမြဲလင်းနေမှာပဲ ကျွန်မတို့ အားလုံးလိုပါပဲ ခန္ဒာကိုယ်ဆို တာကျွန်မ မဟုတ်ဘူး။ ရှင့်တို့ ခန္ဒာကိုယ်ဆိုတာလဲ ရှင့်တို့မဟုတ်ဘူး အဲဒါကြောင့်မို့လို့ ရှင်တို့ဘယ်လိုပုံလဲ၊ ဘယ်လိုရုပ်လဲ ဘယ်ကလာတာလဲ၊ ဘာနဲ့ အလုပ်လုပ်လဲ ဆိုတာလုံးဝမအရေးမကြီးဘူး ဘာကအရေးကြီးတာလဲဆိုတော့ ကျွန်မတို့တတွေ လူသားချင်းစာနာမှု ကျွန်မတို့ ဘဝကို ကျွန်မတို့ကဘာလဲဆိုတဲ့ အကောင်းဆုံးဖန်တီးမှုရဲ့ သင်္ကေံာသ အဖြစ် ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အကုန်လုံး ဆက်သွယ်နေတယ်။ သန်းနဲ့ ချီတဲ့ ပိုက်တွေနဲ့ အဲဒီအပိုင်းအစကို ဆက်ဖို့အချိန်ရောက်လာပြီ ... ကျွန်မတို့ရဲ့ ဒီလိုစုစည်းထားတဲ့ အင်အားတွေကို ခန္ဒာကိုယ်အလှအပကို ဂရုမစိုက်တော့ဘဲ စိတ်နှလုံး ရဲ့အလှအပကိုပဲ အရေးပေး ရမယ့်အချိန်ရောက်လာပြီ။ ကျွန်မနဲ့ အတူတူပါ၀င်မယ်ဆိုရင် ရှင်တို့ရဲ့ ပိုက်တွေကို လေထဲမြောက်ပေးပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံ) ကျေးဇူးတင်ပါတယ်။