ဥက္ကဌ အလက်ဇန္ဒား၊ အထက်လွှတ်တော်အမတ် မာရေးနှင့်တကွ ဂုဏ်သ​ရေရှိ ကော်မတီအဖွဲ့ဝင်များခင်ဗျား ဒီနေ့ စကားပြောခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ် အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ ကျွန်တော်ဖော်ပြခဲ့တဲ့အတိုင်း ကျွန်တော့်နာမည်က အေသန်လင်ဒန်ဘာဂါ ဖြစ်ပြီး နောဝေါ့ခ် အထက်တန်းကျောင်းမှာ စီနီယာတန်း တက်ရောက်နေပါတယ် ကျွန်တော့်အမေက ကာကွယ်ဆေးဆန့်ကျင်မှုကို ထောက်ခံသူ တစ်ဦးပါ ကာကွယ်ဆေးတွေဟာ အော်တစ်ဇင်ရောဂါ၊ ဦးနှောက်ထိခိုက်မှုတွေကို ဖြစ်စေပြီး ကျန်းမာရေးနဲ့ လူဘောင်အဖွဲ့အစည်း လုံခြုံမှုကို အကျိုးမဖြစ်စေဘူးလို့ ယုံကြည်နေသူပေါ့ အဲဒီလိုထင်မြင်ချက်တွေဟာ မှားပါတယ်လို့ သိပ္ပံပညာဆိုင်ရာ အဖွဲ့အစည်းက အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ထားပေမယ့်လည်းလေ ကျွန်တော့်တစ်ဘဝလုံး ကာကွယ်ဆေးမျိုးစုံ မထိုးဘဲနေခဲ့တယ် ဝက်သက်ရောဂါ၊ ရေကျောက်၊ ဒါမှမဟုတ် ပိုလီယိုရောဂါကာကွယ်ပေးတဲ့ ဆေးတွေပေါ့ ဒါပေမဲ့ ဒီဇင်ဘာလ ၂၀၁၈ မှာတော့ ကျွန်တော်မထိုးခဲ့ရတဲ့ ကာကွယ်ဆေးတွေကို စထိုးခဲ့တယ် ကျွန်တော့်အမေ သဘောမတူပေမယ့်လည်းပေါ့ နောက်ဆုံးတော့ ဒီနေ့ ဒီနေရာမှာ ​ပြောနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာပါပြီ​ အဲဒီအတွက် ကျွန်တော် အလွန်ပျော်မိပြီး ကျေးဇူးတင်ပါတယ် အခု ဘာကြောင့် ကျွန်တော် ဒီကိုလာခဲ့ရသလဲဆိုတာနဲ့ တကယ်ပြောပြချင်တဲ့အကြောင်းက ဘာလဲဆိုတာကို နားလည်စေဖို့ ကျွန်တော့်ရဲ့ အိမ်ဘဝအကြောင်း၊ ကျွန်တော်ကြီးပြင်းခဲ့ရတဲ့ အကြောင်းနဲ့ပက်သက်ပြီး အသေးစိတ်ကို မျှဝေရပါမယ် ကျွန်တော်က အမေ့ရဲ့ ယုံကြည်မှုဖြစ်တဲ့ ကာကွယ်ဆေးတွေဟာ အန္တရာယ်များတယ်ဆိုတာကို နားလည်ရင်းနဲ့ ကြီးပြင်းခဲ့ရတာပါ ပြီးတော့ သူကလည်း ဒီအမြင်တွေနဲ့ ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါလိမ့်မယ် အွန်လိုင်းကနေရော လူကိုယ်တိုင်ရော သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်းကို ပြောခဲ့ပါလိမ့်မယ် ပြီးတော့ ဒီယုံကြည်မှုတွေဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ဆုံတွေ့ခဲ့ရပါတယ် ကျွန်တော့်ဘဝတစ်လျှောက်လုံး သံသယမျိုးစေ့တွေ စိုက်ပျိုးခဲ့ပြီး မေးခွန်းတွေ တိုးပွားလာခဲ့တယ် ကျွန်တော့်အမေ လက်ခံရရှိလောက်မယ့် ရန်လိုမှုတွေကြောင့်ပေါ့ ဒါပေမဲ့ တကယ်တမ်း အဲဒါက ဘယ်နေရာကိုမှ တကယ်မရောက်ခဲ့ပါဘူး အခု နားလည်ဖို့ အရေးကြီးလာပါပြီ ကျွန်တော် အထက်တန်းကျောင်း စတက်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စပြီး ဝေဖန်သုံးသပ်ခဲ့တဲ့အတွက် ကာကွယ်ဆေးတွေရဲ့ အကာအကွယ်ပေးမှုဆိုင်ရာ အချက်အလက်တွေဟာ သိပ်ကို ပိုလွန်းတယ်လို့ မြင်ခဲ့မိတယ် ကျွန်တော့်ကျောင်းမှာ စကားရည်လုအဖွဲ့ကို စတင် ဉီးဆောင်ပြီး အထက်က အမှန်တရားတွေကို စူးစမ်းရှာဖွေရင်းပေါ့ ပြီးတော့ ယေဘုယျကျကျ စကားရည်လုဖို့ ပြောဆိုနိုင်ဖို့ သေချာတဲ့ အရည်အချင်းတစ်ခု ရှိရမယ်ဆိုတာ နားလည်ခဲ့တယ် အချေအတင်ဆွေးနွေးမှုတွေကို သတိပြုရတဲ့အခါမျိုးပေါ့ ဆွေးနွေးမှုတစ်ခုမှာ အမြဲတမ်းလိုလို နှစ်ဖက်ရဖြစ်တတ်တဲ့ ဆွေးနွေးမှုမျိုးပေါ့ အမြဲတမ်းလိုလို အချေ ဒါမှမဟုတ် အတင်ရှိတတ်ပြီး စကားရည်လုဖို့အတွက် ပြန်ပြောစရာ တစ်ခုခုရှိရဦးမယ်လေ အဲဒါက အခြေခံအရ မှန်တယ်လို့ ထင်ရပေမယ့်လည်း ကာကွယ်ဆေးဆိုင်ရာ စကားရည်လုပွဲအတွက်တော့ မမှန်ပါဘူး အမေမှားခဲ့တယ်ဆိုတဲ့ ပူပန်မှုနဲ့ပဲ ကျွန်တော် အမေ့ကို ဖြောင်းဖြခဲ့တယ် ကျွန်တော် အမေ့ကို အခါခါ ဖြောင်းဖြခဲ့တယ် ကာကွယ်ဆေးတွေဟာ ဘေးကင်းတာကြောင့် ကျွန်တော် ကာကွယ်ဆေးထိုးသင့်တယ်လို့ ရှင်းပြကြည့်ရင်းနဲ့ပေါ့ ကာကွယ်ဆေးတွေဟာ အော်တစ်ဇင်ဖြစ်နိုင်ပြီး အလွန်အမင်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေဟာ မှားယွင်းပါတယ်လို့ သေချာထောက်ပြထားတဲ့ CDC က ဆောင်းပါးနဲ့တောင်မှ ဖြောင်းဖြကြည့်ပါသေးတယ် ကျွန်တော် အမေ့ကို CDC ရဲ့ ဆောင်းပါးဖြစ်တဲ့ ကာကွယ်ဆေးတွေဟာ အော်တစ်ဇင်မဖြစ်နိုင်ဘူးလို့ အခိုင်အမာပြောထားတဲ့ အချက်ကို သာဓကထား ဖြောင်းဖြတော့ သူတို့က သားကို အဲဒီလို တွေးစေချင်လို့ဆိုပြီး သူက တုံ့ပြန်ခဲ့ပါတယ် အဲဒီအချက်ကြောင့် သံသယနဲ့ ပူပန်မှုတွေ ဉီးဆောင်လာခဲ့ပါတယ် အခု ဒီလို ပြန်လည်အတည်ပြုထားတဲ့ ပြောကြားချက်တွေဖြစ်တဲ့ ကာကွယ်ဆေးတွေရဲ့ ကာကွယ်မှု သက်သေဟာ အနည်းဆုံး ဖြစ်ရပ်မှန်အဆင့်ထက်တော့ ပိုကောင်းပါတယ် ကျွန်တော့်အမေ ပြောပြောနေတဲ့ အမြစ်တွယ်နေတဲ့ သတင်းအမှားထက်ပေါ့ ပြီးတော့ အဲဒါက ဒီနေ့ ကျွန်တော် အလေးပေးချင်တဲ့ အရာဖြစ်ပါတယ် ကာကွယ်နိုင်တဲ့ ရောဂါ ဖြစ်ပွားမှုတွေကို တွန်းလှန်ဖို့ ကျွန်တော့်စိတ်ထဲက အချက်ကတော့ ဒီကိစ္စရဲ့ ဉီးဆောင်မှုပါပဲ အမေက အွန်လိုင်းနဲ့ လူမှုကွန်ယက်ပေါ်က ကာကွယ်ဆေးဆန့်ကျင်ရေးအဖွဲ့တွေဖက် လှည့်ပြီး သက်သေနဲ့ ကာကွယ်မှုကို ရှာဖွေနေပါတယ် ကျန်းမာရေး အရာရှိတွေနဲ့ ယုံကြည်ရတဲ့ အရင်းအမြစ်တွေထက်ပေါ့ အဲဒါက ဘေးတစ်ခု ဖြစ်နိုင်တယ်လို့ ထင်ရပါတယ် အန္တရာယ်ရှိတဲ့ ကာကွယ်ဆေး စွပ်စွဲချက်တွေကြောင့်ပေါ့ ဒါပေမဲ့ ဒါက မမှန်ပါဘူး ကျွန်တော့်အမေဟာ သူ့ကလေးတွေကို ချစ်လာခဲ့တယ် ပြီးတော့ စိုးရိမ်ပူပန်နေခဲ့ပါတယ် ဒီသတင်းအမှားက ပျံ့သွားပြီး လုံလောက်အောင် မထိန်းညှိနိုင်ပါဘူး ဒါပေမဲ့ ဒီအသိကို ကျွန်တော်နဲ့အတူ ကပ်ထားပါတယ် ကျွန်တော့်အမေနဲ့ သဘောမတူတဲ့ လေးစားမှုနဲ့ ချစ်ခြင်းမေတ္တာနဲ့ပေါ့ ပြီးတော့ သူပြောခဲ့တဲ့ အချက်အလက်ကို မှားယွင်းတဲ့ အချက်ဖြစ်တယ်ဆိုတာကို ဆက်လက်ရှင်းပြကြည့်ပါတယ် ထပ်ပြီး ကာကွယ်ဆေးတွေဟာ အော်တစ်ဇင်၊ ဉီးနှောက်ပျက်စီးမှုနဲ့ ဝက်သက်ဖြစ်ပွားမှုကိုလည်း ဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆတွေဟာ လူ့ဘောင်အဖွဲ့အစည်းနဲ့ အမေရိကမှာ အရေးမပါလှပါဘူး သူသွားရှာမယ့် အရင်းအမြစ်တွေကနေ တွန်းပို့လိုက်တဲ့ ယူဆချက်တွေ ရှိတဲ့နေရာပေါ့ ဒီသတင်းအမှားကြီးကို ဖြန့်လိုက်တဲ့ လူတစ်ဉီးချင်းနဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ တစ်ဘို့တည်းကြည့်မှုနဲ့ အဲဒီအချက်က မှားမှန်းသိရက်နဲ့ ဖြန့်ခဲ့တဲ့အတွက် လူထုကို ကြောက်လန့်နေပါတယ် ကျွန်တော့်အမေဆိုရင် သူ့ရဲ့ မေတ္တာ စေတနာနဲ့ မိဘရဲ့ ဂရုစိုက်မှုတွေကို မှားယွင်းတဲ့ စိုးရိမ်ပူပန်မှုတစ်ခု ဖန်တီးတဲ့ အစီအစဉ်တစ်ခုဆီ တွန်းပို့ခံခဲ့ရတယ် ပြီးတော့ သတင်းမှားတွေ ဖြန့်တဲ့ အရင်းအမြစ်က အမေရိကန်လူမျိုးတွေရဲ့ အဓိကပူပန်ရမယ့်အရာ ဖြစ်သင့်တယ် ပြောင်းလဲမှုတွေကိုလုပ်ပြီး ကြိုးစားမှုတွေ လုပ်ပြီးပေမယ့် Pew သုတေသနဌာနအရ လူပေါင်း ၈၀ % နီးပါးဟာ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ မေးခွန်းတွေမေးဖို့ အင်တာနက်ဖက်ကို လှည့်သွားပါတယ် ကျွန်တော့်ရဲ့ သက်သေခံရေးသားထားချက်မှာ စာရင်းဇယားနဲ့ သက်သေတွေကို ပိုပြီး ရှင်းပြခဲ့ပါတယ် အခု ကျွန်တော် ဒီနေ့ ပြောချင်တဲ့အရာက အဆုံးသတ်သလောက် ဖြစ်သွားပါပြီ အချင်းချင်း မသုံးသပ်ထားတဲ့ သက်သေ ဒါမှမဟုတ် အချက်အလက်တွေမရှိတဲ့ တရားမဝင် သတင်းအရင်းအမြစ်တွေဖက်ကို အမေက လှည့်သွားပေမယ့် သက်သေတွေနဲ့ အခိုင်အမာပြောကြားချက်တွေဟာ မမှန်ဘူးဆိုတာ ကျွန်တော်သိပါတယ် အဲဒါကြောင့်ရယ် ကျွန်တော် စကားပြောခွင့်ရခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေကြောင့်ရယ် ကျွန်တော့်ကို ပေးခဲ့တဲ့ အချက်အလက်တွေကြောင့် ရှင်းလင်း တိကျပြီး သိပ္ပံနည်းကျတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာပါ ပညာရေးဆိုင်ရာ ပူပန်မှုနဲ့ ဒီပြဿနာကို ချဉ်းကပ်တာနဲ့ သတင်းမှားကို သေချာ ပြောပြတာက ကျွန်တော့်အတွက် ပြောင်းလဲသွားစေပါတယ် အခု ကာကွယ်ဆေးနဲ့ ပက်သက်တဲ့ စကားရည်လုပွဲတွေကို ကျန်းမာရေးနဲ့ လုံခြုံမှုအတွက် အချက်အလက်နဲ့ ပူပန်မှုတွေအပေါ် လုံလောက်အောင် အဓိက မထားပါဘူး အဲဒါကြောင့် ပညာရေးက အရေးပါပြီးတော့ သတင်းအချက်အလက်မှားတာကလည်း အန္တရာယ်များပါတယ်