156.378 မှ 156.348 ကို နှိုင်းယှဉ်ပါ။ ဘယ်ဂဏန်းက ပိုကြီးလဲ လို့ မေးနေ တယ်လို့ ထင်ပါတယ်။ 156.378 နဲ့ ဒီဂဏန်းတွေကို ပြန်ရေးကြည့်ရအောင်။ အဲဒါကို 156,348 နဲ့ နှိုင်းယှဉ်ချင်ပါတယ်။ ဘယ်ဂဏန်းက ကြီးလဲဆိုတာ ထင်ရှားပါလိမ့်မယ်။ ဒါပေမယ့် တစ်ဆင့်ပြီး တစ်ဆင့် ရှင်းပြသွားပါမယ်။ ပထမဦးဆုံး ရာဂဏန်း နေရာကို ကြည့်ကြစို့။ ပြီးတော့ ဒါကို အတိုင်းအတာတစ်ခုအထိ၊ အထူးခြားဆုံးနေရာလို့ မြင်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ဒါက သူတို့မှာ အကြီးဆုံး-- ရာဂဏန်းက 1 သည် ဆယ်ဂဏန်းမှ 1 ထက် အများကြီးပိုသည် ဂဏန်း နှစ်ခုလုံးရဲ့ ရာဂဏန်းနေရာ မှာ ၁ ရှိတယ်။ နှစ်ခုလုံးက တစ်ရာပဲ။ ဆယ်ဂဏန်းနေရာကို ကြည့်ကြဆို့။ ၅ဆိုတော့ ငါးဆယ်ပေါ့။ ဒီထိအောင် ဂဏန်းနှစ်ခုလုံးတူတယ်။ ခု နေရာကို ကြည့်ရအောင်။ နှစ်ခုလုံးက ၆ ဖြစ်တယ်။ ဒီထိအောင် တူနေတယ်။ ဆယ်စိတ်နေရာကို ကြည့်ရအောင်။ နှစ်ခုလုံးက ၃ ဖြစ်တယ်။ ရာစိတ်နေရာကို ကြည့်ရအောင်။ ဂဏန်းတစ်ခုက ၇ ဖြစ်ပြီး တစ်ခုက ၄ ဖြစ်တော့ ပိုငယ်တယ်။ ထောင်စိတ်နေရာကို ကြည့်ရအောင်။ ဒီနေရာက တူသည်ဖြစ်စေ မတူသည်ဖြစ်စေ အရေးမကြီးတော့ဘူး။ ရာစိတ်နေရာကကွဲပြားနေပြီပဲ။ ၇ က ၄ ထက်ကြီးတော့ ၇ရာစိတ် က ၄ရာစိတ် ထက် ကြီးတယ်။ ဒါကြောင့် ၁၅၆.၃၇၈ က ၁၅၆.၃၄၈ ထက်ကြီးတယ်။