0:00:06.824,0:00:13.420 ၁၁၆၅ ခုနှစ်မှာ ဥရောပတဝမ်တွင် ထူးဆန်းတဲ့[br]စာတစ်စောင်ရဲ့ မိတ္တူတွေ ပေါ်လာခဲ့ကြတယ်။ 0:00:13.420,0:00:16.500 စာထဲမှာ မယုံကြည်နိုင်ဖွယ်ရာ[br]နိုင်ငံအကြောင်းကို ဖေါ်ပြထားပြီး 0:00:16.500,0:00:20.290 Tower of Babel နဲ့ Fountain of Youth[br]လို့ခေါ်တဲ့ နေရာနှစ်ခု ပါဝင်လျက် 0:00:20.290,0:00:25.616 ဘယ်သူမှမသိရတဲ့ စာကိုရေးခဲ့သူ Prester John[br]မှ အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 0:00:25.616,0:00:30.055 ဒီနေ့တွင် အဲဒီအံ့ဖွယ်ဘုရင်ဟာ ဘယ်တုန်းကမှ[br]မရှိခဲ့ဘူးတာကို ကျုပ်တို့ သိကြပါတယ်။ 0:00:30.055,0:00:33.825 ဒါပေမဲ့ စိတ်ကူးယဉ်ဆန်တဲ့ တန်ခိုးကြီးမားတဲ့[br]အဲဒီ နိုင်ငံတော်ရဲ့ ဒဏ္ဍာရီပုံပြင်ဟာ 0:00:33.825,0:00:40.157 နှစ် ၄၀၀ ကြာအထိ ဥ​ရောပခေါင်းဆောင်[br]တွေရဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးခဲ့တယ်။ 0:00:40.157,0:00:44.519 Prester John ရဲ့ ဒဏ္ဍာရီဟာ စူးစမ်းမှု[br]ခေတ်ကို စေ့​ဆော်ပေးခဲ့ပြီး 0:00:44.519,0:00:51.940 တိုက်ကြီးထဲက သံတမန်ရေးကို လှုံ့ဆော်ခဲ့ကာ[br]ပြည်တွင်းစစ်ရဲ့ အကြောင်းရင်း ဖြစ်လာခဲ့တယ်။ 0:00:51.940,0:00:56.908 Prester John ရဲ့ စာပေါ်ထွက်လာချိန်မှာ[br]ဥရောပဟာ ခရူးဆိတ်စစ်ပွဲတွေ ဆင်နွဲနေချိန်ပါ။ 0:00:56.908,0:00:59.118 အဲဒီလို ဘာသာရေးစစ်ပွဲ တသီကြီးအတွင်းမှာ 0:00:59.118,0:01:05.345 ဥရောပ တိုက်သားတွေ ခရစ်ယာန်ဝါဒီတို့ရဲ့ မွန်[br]မြတ်တဲ့ မြေကို သိမ်းယူလိုခဲ့ကြပါတယ်။ 0:01:05.345,0:01:08.921 ခရစ်ယာန် သာသနာတော်ဟာ ဒေသတွင်း[br]နေထိုင်ခဲ့ကြတဲ့ ရဟူဒီနဲ့ မူစလင်များအပါအဝင် 0:01:08.921,0:01:13.671 ခရစ်ယာန် မဟုတ်ခဲ့ကြသူတွေကို[br]မကောင်းဆိုးဝါးများအဖြစ် မြင်ခဲ့ကြတယ်။ 0:01:13.671,0:01:19.656 ခရူးဆိတ်စစ် ဆင်နွှဲခဲ့သူတို့က သူတို့စစ်ထဲ[br]ဝင်ကူပေးဖို့ ခရစ်ယာန်နိုင်ငံကို ရှာခဲ့တယ်။ 0:01:19.656,0:01:24.279 သူတို့ဟာ အရှေ့ဖက်ပိုင်းတွင် မူစလင်များကို[br]အနိုင်ယူခဲ့ကြောင်း သူတို့ကြားထားကြတဲ့ 0:01:24.279,0:01:29.231 အားကောင်းတဲ့ ခရစ်ယာန်ဘုရင်ကို ရှာဖို့[br]စိတ်အား ထက်သန်ခဲ့ကြတယ်။ 0:01:29.231,0:01:32.852 တကယ်ကျတော့၊ အဲဒါက တချိန်တုန်းက[br]စစ်တပ်ကို ချေမှန်းခဲ့ဘူးကြပြီး 0:01:32.852,0:01:35.622 ခရစ်ယာန်ဘာသာသို့ ပြောင်းလဲ[br]ခံခဲ့ကြရတဲ့ မွန်ဂိုလူမျိုးတွေပါ။ 0:01:35.622,0:01:39.272 ဒါပေမဲ့ အဲဒီအောင်ပွဲသတင်းဟာ[br]မယုံကြည်နိုင်ဖွယ် ပျံ့နှံ့နေခဲ့တယ်။ 0:01:39.272,0:01:42.582 ကုန်သည်တွေနဲ့ သံတမန်တွေကလည်း[br]အဲဒီပုံပြင်ကို ကဗျာများနဲ့ သမ္မာကျမ်းထဲက 0:01:42.582,0:01:45.792 အစိတ်အပိုင်းတွေနဲ့[br]ရေးဖြည့်ပေးခဲ့ကြပါသေးတယ်။ 0:01:45.792,0:01:48.742 အချိန်ကြာတော့ အဲဒီပုံပြင်ဟာ[br]ဥရောပတိုက် အထိကိုရောက်လာချိန်မှာ 0:01:48.742,0:01:52.187 မွန်ဂိုအုပ်စုကြီးကို ဂျေရုဆလင်ကို [br]ခရူးဆိတ်စစ်ဖြင့် ချီတက်လိုခဲ့တဲ့ 0:01:52.187,0:01:55.497 ဘုရင်တပါးက အမိန့်ပေးအုပ်ချုပ်ခဲ့တဲ့[br]မဟာခရစ်ယာန် စစ်တပ်ဖြင့် 0:01:55.504,0:01:57.944 အစားထိုးလာခဲ့ကြတယ်။ 0:01:57.944,0:02:03.399 ဒါနဲ့ ခုနက Prester John ဆိုသူ[br]ရေးခဲ့တယ်လို့ ဆိုထားတဲ့ စာပေါ်လာချိန်မှာ 0:02:03.399,0:02:06.609 ဥရောပတိုက်ထဲက အုပ်စိုးကြသူတို့ဟာ[br]အားတက် ဝမ်းသာခဲ့ကြရတယ်။ 0:02:06.609,0:02:09.829 အဲဒီစာကို တကယ်ရေးခဲ့သူကို[br]မသိရခဲ့ပေမဲ့၊ 0:02:09.829,0:02:14.070 အရှေ့ဘက်ဒေသများဆိုင်ရာ အဲဒီမှာ ဖေါ်ပြချက်က[br]ဥရောပ ပန်းတိုင်များကို ထောက်ခံထားခြင်းက 0:02:14.070,0:02:16.970 အနောက်နိုင်ငံများတို့ရဲ့[br]ရေးသားမှု အတုဖြစ်မှန်း ထင်ရှားပါတယ်။ 0:02:16.970,0:02:21.267 အဲဒီစာဟာ ဥရောပရဲ့ ဝါဒဖြန့်မှုဖြစ်မှန်း[br]ထင်ရှားခဲ့ပါလျက်နဲ့ 0:02:21.267,0:02:25.325 Prester John ရဲ့ ဒဏ္ဍာရီကို ခရူးဆိတ်[br]စစ်သည်တွေ လျစ်လျူ မရှုနိုင်ခဲ့ကြပါ။ 0:02:25.325,0:02:28.205 အဲဒီ စိတ်ကူးယဉ် ဘုရင့်နိုင်ငံတော်ကို 0:02:28.205,0:02:33.660 မြေပုံပေါ်မှာ ရှာရန် ဥရောပမြေပုံရေးဆွဲ[br]ကြသူတို့ အားထုတ်ခဲ့ကြတာ အတော်ကြာခဲ့ပါတယ်။ 0:02:33.660,0:02:38.621 ၁၃ နှင့် ၁၄ ရာစုနှစ်များတွင် ဥရောပ[br]သာသနာပြုတို့က အရှေ့ဖက်ကို 0:02:38.621,0:02:41.755 အသစ်ပေါ်ပေါက်လာခဲ့တဲ့[br]ပိုးလမ်းမကြီးတစ်လျှောက် ရှာကြည့်ခဲ့ကြတယ်။ 0:02:41.755,0:02:44.185 သူတို့ဟာ စာကိုရေးခဲ့သူအား[br]ရှာဖွေခဲ့ကြတာ မဟုတ်ခဲ့ဘဲ၊ 0:02:44.185,0:02:48.953 ရာစုတစ်ခု ကျော်လွန်သွားခဲ့ပြီ ဆိုတော့[br]သူ့သားစဉ်မြေးဆက်တွေကို ရှာဖွေလိုခဲ့ကြတယ်။ 0:02:48.953,0:02:52.103 Prester John ရဲ့ အသွင်လက္ခဏာတွေကို 0:02:52.103,0:02:56.033 အာရှအလယ်ပိုင်းမှ အုပ်စိုးသူ တော်တော်[br]များများတို့နဲ့ ချိန်ထိုးကြည့်ခဲ့ကြပေမဲ့၊ 0:02:56.033,0:02:59.733 မွန်ဂိုအများစုတို့ဟာ ခရစ်ယာန်ဘာသာဝင်[br]မဟုတ်ကြတာ ထင်ရှားလာခဲ့ပါတယ်။ 0:02:59.733,0:03:02.083 ပြီးတော့ မွန်ဂိုတို့ရဲ့ အင်ပါယာဟာ[br]ကျဆင်းလာနေခဲ့ရာ 0:03:02.083,0:03:05.933 ဥရောပသားတွေဟာ အရှေ့ဖျားအစား[br]အခြား လမ်းကြောင်းတွေ ရှာကြံရင်း 0:03:05.933,0:03:09.043 Prester John ရဲ့ တည်နေရာ သဲလွန်စ[br]အသစ်တွေကို ရှာဖွေခဲ့ကြတယ်။ 0:03:09.043,0:03:12.549 တစ်ချိန်တည် အဲဒီလို ရှာဖွေနေခဲ့ကြသူတို့က[br]တောင်ဖက်ကို ခရီးထွက်လာခဲ့ကြစဉ် 0:03:12.549,0:03:15.889 အီသီယိုးပီးယား ဘုရားဖူးတွေက[br]မြောက်ဖက်ကို ခရီးထွက်လာခဲ့ကြတယ်။ 0:03:15.889,0:03:19.149 ရောမမြို့တွင် ဘုရားဖူးလာကြတဲ့ အဲဒီလို[br]သူတတွေကို 0:03:19.149,0:03:22.629 ဥရောပမှ ပညာရှင်တွေနဲ့ မြေပုံရေးဆွဲသူတို့[br]အထူးစိတ်ဝင်စားလာခဲ့ကြတယ်။ 0:03:22.629,0:03:26.900 အီသီယိုးပီးယားနိုင်ငံကို လေးရာစုတွင် ခရစ်[br]ယာန်ဘာသာသို့ ကူးပြောင်းစေခဲ့တယ် ဆိုတော့ 0:03:26.900,0:03:31.816 သူတို့ရဲ့ အာဖရိကဇာတိဒေသဟာ Prester John[br]ရဲ့ ဒဏ္ဍာရီနဲ့ အံဝင်ခွင်ကျ ဖြစ်နေခဲ့တယ်။ 0:03:31.816,0:03:35.906 ပေါ်တူဂီနိုင်ငံမှ စူးစမ်းရှာဖွေကြသူတို့က[br]အာဖရိကမှာ ဘုရင့်နိုင်ငံတော်ကို ရှာနေခဲ့ရာ၊ 0:03:35.906,0:03:40.582 အထင်လွဲမိမှုနဲ့ သံတမန်ရေး အားထုတ်မှုများက[br]ဒဏ္ဍာရီပုံပြင်ကို လက်တွေ့ လုပ်ပစ်လိုက်တယ်။ 0:03:40.582,0:03:44.642 အီသီယိုးပီးယား လူမျိုးတွေဟာ ဥရောပဧည့်သည်[br]တွေကို တခမ်းတနား ကြိုဆိုလက်ခံခဲ့ကြတယ်၊ 0:03:44.642,0:03:48.496 ဥရောပတိုက်သားတွေက သူတို့ ဘုရင်ဟာ Prester[br]John ပဲ ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြလို့ 0:03:48.496,0:03:50.826 သူတို့နဲ့ ကူးသန်းဆက်ဆံဖို့[br]စိတ်ထက်သန်နေခဲ့ကြတယ်။ 0:03:50.826,0:03:54.297 ပေါ်တူဂီလူမျိုးတွေက သူတို့ရဲ့ ဘုရင်ကို[br]ထူးဆန်တဲ့ အမည်နဲ့ ခေါ်ဝေါ်ကြတာကို 0:03:54.297,0:03:57.103 အီသီယိုးပီးယားလူမျိုးတွေ အစပိုင်းတွင်[br]စိတ်နောက်ခဲ့ကြရပေမဲ့၊ 0:03:57.103,0:04:01.622 ဥရောပတိုက်သားတွေရဲ့ ကမ်းလှမ်းချက်[br]အရေးပါလို့ သူတို့ လက်ခံလိုက်ကြပါတယ်။ 0:04:01.622,0:04:06.324 အီသီယိုးပီးယား သံတမန်တွေက Prester John[br]ရဲ့ နိုင်ငံသားများရဲ့ ကဏ္ဍကို ကပြခဲ့ကြပြီး 0:04:06.324,0:04:11.347 ပေါ်တူဂီတို့က နာမည်ကြီး ဒဏ္ဍာရီ[br]နိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ကြောင်းကို 0:04:11.347,0:04:17.360 ဥရောပတိုက် အထက်ပါစာ ပေါ်လာခဲ့တဲ့နောက်[br]နှစ် ၃၅၀ ကျော်မှာ ကြေညာခဲ့ကြပါတယ်။ 0:04:17.360,0:04:21.170 နှစ်ပေါင်းများစွာကြာ စောင့်စားခဲ့ရတဲ့[br]မဟာမိတ်ဖြစ်မှု မကြာခင် စမ်းသပ်ခံခဲ့ရပါတယ်။ 0:04:21.170,0:04:24.550 ဆယ်နှစ်အကြာတွင် ဒေသတွင်းရှိ Ottoman[br]အင်ပါယာရဲ့ ထောက်ခံမှုကို ရထားတဲ့ 0:04:24.550,0:04:29.316 Adal ဒေသရဲ့ ဆူလ်တန်ဘုရင်က[br]အီသီယိုးပီးယားကို ကျူးကျော်တိုက်ခဲ့တယ်။ 0:04:29.316,0:04:33.671 ပေါ်တူဂီတို့က သူတို့တပ်တွေ စေလွှတ်ခဲ့လို့[br]အီသီယိုးပီးယားတွေ စစ်နိုင်ခဲ့ကြပါတယ်။ 0:04:33.671,0:04:35.151 ဒါပေမဲ့ အဲဒီအချိန်အရောက်တွင် 0:04:35.151,0:04:40.309 အီသီယိုးပီးယားဟာ ဥရောပက မျှော်လင့်ခဲ့တဲ့[br]အားကောင်းတဲ့ မဟာမိတ် မဟုတ်တာ ထင်ရှားလာတယ်။ 0:04:40.309,0:04:44.655 ပိုလို့ဆိုးတာက ခွင့်မလွှတ်နိုင်တဲ့[br]ရိုမန်ကက်သလစ်အသင်းတော်က 0:04:44.655,0:04:47.995 အီသီယိုးပီးယား လူမျိုးတွေကို[br]ခရစ်ယာန်ဘာသာအယူမှားသူတွေလို့ ယူဆလာခဲ့တယ်။ 0:04:47.995,0:04:51.375 အဲဒါနဲ့ သူတို့က တချိန်တုန်းက စံပြခရစ်ယာန်[br]ဝါဒီများလို့ ခံယူခဲ့ကြသူတွေကို 0:04:51.375,0:04:54.125 ထပ်ပြီး ခရစ်ယာန်ဘာသာသို့ သွတ်သွင်းရန်[br]အားထုတ်မှုတွေကြောင့် 0:04:54.125,0:04:56.515 နောက်ဆုံးမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့ပါတယ်။ 0:04:56.515,0:05:00.722 အဲဒါနဲ့ ၁၆၃၀ ခုနှစ်တွင် အီသီယိုးပီးယားဟာ[br]ဥရောပနှင့် ဆက်ဆံမှု ဖြတ်တောက်လိုက်ပါတယ်။ 0:05:00.722,0:05:02.518 အဲဒီနောက်ပိုင်း ရာစုနှစ်ခုအကြာတွင် 0:05:02.518,0:05:07.028 Prester John ရဲ့ ဒဏ္ဍာရီဟာ တဖြည်းဖြည်းနဲ့[br]မှေးမှိန် ပျောက်ကွယ်သွားခဲ့လို့ 0:05:07.028,0:05:12.448 ဘယ်တုန်းကမှ မအုပ်ချုပ်ခဲ့ဘဲနဲ့ သမိုင်းတွင်[br]ရစ်ခဲ့တဲ့ ဘုရင့်ရဲ့ခေတ် ကုန်ဆုံးသွားပါပြီ။