အခုထိ ကျွန်တော်တို့ဟာ
အိပ်ခြင်းက ကျုပ်တို့အား ပေးတဲ့ အံ့ဖွယ်
အကျိုးစီးပွားတွေ အကြောင်းကို ပြောခဲ့ကြတယ်။
ဒါပေမဲ့ ကျုပ်တို့ဟာ
ဘယ်လောက်ကြာ အိပ်သင့်ပါသလဲ။
[သိပ္ပံနည်းကျ အိပ်ခြင်း]
(ဂီတ)
ပျမ်းမျှ သက်ကြီးအတွက်
လက်ရှိအချိန်မှာ အကြံပေးချက်က
ညတိုင်း ခုနစ်မှ ကိုးနာရီအထိ အိပ်သင့်ပါတယ်။
ကြီးမားတဲ့ ကပ်ရောဂါ လေ့လာမှုများကနေ
ကျုပ်တို့ သိလာရတာက
ခုကပြောခဲ့တဲ့ အိပ်ချိန်ဟာ ခုနစ်မှ ကိုးနာရီ
ရည်ညွှန်းချက်ထက်
နည်းပြီးအိပ်လာတာနဲ့ ချက်ချင်းဆိုသလို
ကျုပ်တို့ရဲ့ သေဆုံးနိုင်ခြေ နှုန်းဟာ
လက်တွေ့တွင် ကြီးထွားလာမှာပါ။
အမေရိကန်ပြည်ထောင်စုရဲ့
ရောဂါထိန်းချုပ်ရေးစင်တာ၊ CDC က
ပျမ်းမျှ သက်ကြီးတို့ဟာ
ညတိုင်း အနည်းဆုံး ခုနစ်နာရီ
အိပ်ရမယ်လို့ လက်တွေ့မှာ အကြံပြုပါတယ်။
တနည်းအားဖြင့်၊ သင့်အိပ်ချိန် တိုလာလေ၊
အသက်ဟာလည်း တိုလာလေ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ဒီနေရာမှာ အဲဒီသက်ရောက်မှုကို
တွက်ချက် ခန့်မှန်းဖို့ မလွယ်ပါဘူး။
ကျုပ်တို့ အိပ်တာ ပိုများလေ၊
သေကြေနိုင်ခြေ ပိုနိမ့်လေ
ဖြစ်မယ်လို့ ပြောမရနိုင်ဘူး။
လက်တွေ့တွင် ထူးဆန်းတဲ့
အချက်တွေကို တွေ့မြင်နိုင်တယ်။
ကျုပ်တို့ဟာ ကိုးနာရီထက်
ပိုပြီး အိပ်လာတာနဲ့
ကျုပ်တို့ရဲ့ သေကြေနိုင်ခြေ နှုန်းဟာ
ပြန်ပြီး မြင့်တက်လာတာကို မြင်ရပါမယ်၊
အဲဒါဟာ ထူးဆန်းနေပြီး
နားလည်ရန် ခဲယဉ်းနေသလိုပါပဲ။
အဲဒါ့အတွက် သိပ္ပံပညာရှင်တို့ ပေးကြတဲ့
ရှင်းလင်းချက်ဟာ နှစ်ခု ရှိပါတယ်။
ပထမတစ်ချက်က
အဲဒီ လေ့လာမှုတွေကို ဆန်းစစ်ကြည့်ရင်
အဲဒီလို လူတွေဟာ ထင်ရှားတဲ့ ရောဂါများနဲ့
ကျန်းမာရေး ပြဿနာတွေ ရှိကြသူတွေပါ။
ကျုပ်တို့ဆီမှာ ကူးစက်ရောဂါ ဖြစ်နေတယ်
သို့မဟုတ် ရောဂါ တစ်ခုခုရှိနေရင်၊
ကျုပ်တို့ဟာ ပိုကြာအောင် အိပ်တတ်ကြတယ်၊
အိပ်ရာထဲမှာ ကြာရှည်စွာ လှဲနေတတ်ကြတယ်။
ဒါကို နောက်တစ်မျိုး ရှင်းပြရရင်၊
ခုနက လေ့လာမှုတွေထဲမှာ အဲဒီလူတွေကို
ပိုကြာအောင် အိပ်စေခဲ့တာက
ဖေါ်မပြခဲ့ကြတဲ့ ရောဂါများ၊
ကျန်းမာရေး ပြဿနာတွေကြောင့်
ဖြစ်ခဲ့တာ ထင်ရှားလာမှာပါ။
ရှင်းပြချက် တစ်ခုက အဲဒီလိုပါ။
ဖြစ်နိုင်တဲ့ ဒုတိယ ရှင်းပြချက်က
အိပ်စက်မှုရဲ့ အရည်အသွေး ညံ့ဖျင်းမှုပါ၊
အိပ်တဲ့ နာရီတွေ ဘယ်လောက်ပဲ များများ၊
အိပ်စက်မှုရဲ့ အရည်အသွေးကလည်း
သေနိုင်ခြေ အန္တရာယ်နဲ့ ဆက်စပ်နေတာကို
ကျုပ်တို့ တွေ့ရှိခဲ့လို့ပါ။
ဒီတော့ အိပ်စက်မှု အရည်အသွေး နိမ့်လေ၊
သေနိုင်ခြေ အန္တရာယ်ဟာ မြင့်မားလေပါ။
အိပ်စက်မှု အရည်အသွေး မကောင်းသူတို့ဟာ
ပိုကြာအောင် အိပ်ချင်ကြမှာ၊
အိပ်စက်မှု အရည်သွေး ညံ့မှုကိုကာမိဖို့ အိပ်
ရာထဲ ပိုကြာအောင် လှဲနေချင်မှာ ရှင်းနေတယ်။
အဲဒါကြောင့်မို့လို့ သေကြေနိုင်ခြေ
အန္တရာယ်ကို မြင့်လာစေတာက
အိပ်ချိန် ကြာမှုကြောင့် မဟုတ်ဘဲ၊
အိပ်စက်မှု အရည်အသွေး ညံ့ဖျင်းမှုနဲ့
ဆက်စပ်နေတဲ့
အန္တရာယ်ကြောင့် ဖြစ်ဖို့ များပါတယ်။
ဒီနေရာမှာ ကျုပ်တို့ နောက်တစ်လှမ်း ဆုတ်ပြီး
လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို လေ့လာကြည့်ရင်၊
ခေတ်သစ်က ကျုပ်တို့ကို တချိန်လုံး အချိန်
တိုးတိုးပြီး အလုပ်လုပ်ဖို့ တွန်းပို့နေလို့
လူတွေဟာ အိပ်ချိန်ကို
ဂရုမစိုက်ကြတာ ဖြစ်ဖို့ များပါတယ်။
ဒါပေမဲ့ ကျုပ်တို့ဟာ မိမိတို့ အားထုတ်မှု
တွေရဲ့ အသီးအပွင့်တွေကို
ရေရှည် ခံစားလိုကြရင်တော့
ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ အိပ်စက်မှုကို
ပိုဦးစားပေး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။