စက္ကန့်တိုင်းမှာ
တစ်နာရီ မိုင်တစ်သန်း အလျင်ဖြင့်
ဒြပ်ထု တန်ချိန် တစ်သန်းဟာ
နေမင်းကြီးထံမှ အဟုန်ပြင်းစွာ
ပေါက်ကွဲလို့ထွက် လာပါပြီ... ပြီးတော့
ဒါတွက ကမ္ဘာမြေနဲ့ ဝင်တိုက်မည့်
လမ်းကြောင်းပေါ်မှာပါ။
ဒါပေမဲ့..မစိုးရိမ်ပါနဲ့။
ဒါက မိုက်ကယ် ဘေးရိုက်တဲ့ ဇာတ်ကားသစ်ရဲ့
ဇာတ်လမ်းနိဒါန်း မဟုတ်လို့ပါ။
ဒါဟာ ဝန်ရိုးစွန်း အလင်းတွေရဲ့
ခရီးစဉ် ပါပဲ။
ဥတ္တရအလင်းနဲ့ ဒက္ခိဏအလင်းရယ်လို့
အသီးသီး ခေါ်ဆိုကြတဲ့
မြောက်ပိုင်းနဲ့ တောင်ပိုင်း အလင်းတွေဟာ
လေထုမှ လျှပ်ပြယ် အက်တမ်တွေနဲ့
နေမှ စွမ်းအင်မြင့် အမှုန်တွေ
တိုက်မိရာက ဖြစ်လာတာပါ။
ဒီဝင်တိုက်မှုက ထုတ်လွှတ်တဲ့ စွမ်းအင်ဟာ
အလင်းဆန်းတစ်မျိုးထွက်လို့
လူသားတွေ ရင်သပ် ရှုမဆုံးခဲ့ရတာ
ရာစုနှစ်ပေါင်းများစွာရယ်ပါ။
သို့သော် အမှုန်တွေရဲ့ ခရီးစဉ်ဟာ
နေမှ စွန့်ခွာကာ
ကမ္ဘာထံ ဆိုက်ရောက်ရုံမျှမကပါ။
တောတွင်းဖြတ်တဲ့ ခရီးလမ်းလိုမျိုး
အကွေ့အကောက် ထူပြောပြီး
လမ်းညွှန်တောင်းသူမရှိပါဘူး
ခရီးရဲ့ အဓိက သုံးနေရာကို
အာရုံစိုက်ရင်း
ဂြိုဟ်တွေကြားက ဒီခရီးရှည်ကိုခြေရာခံရအောင်။
.
နေမှ ထွက်ခွာ၊ ကမ္ဘာ့ သံလိုက်စက်ကွင်းထဲ
ခရီးထောက်နားပြီး
တို့ ဦးခေါင်းတွေထက်က လေထုထံ
ဆိုက်ရောက်တယ်ပေါ့။
ဥတ္တရအလင်း ဖန်းဆင်းပေးတဲ့
အီလက်ထရွန်နဲ့ ပရိုတွန်တွေက
နေရဲ့ ရောင်ခြည်ဝန်းက ထွက်ခွာတာပါ။
ရောင်ခြည်ဝန်းက နေလေထုရဲ့
အပြင်ဘက်ဆုံးအလွှာ ဖြစ်ပြီး
ပူပြင်းဆုံး နယ်ပယ်တွေအနက်
တစ်ခုပါ။
ဒီအလွှာရဲ့ ပြင်းထန်တဲ့ အပူက နေမင်းရဲ့
ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံ အက်တမ်တွေကို
တုန်ခါကာ ပရိုတွန်နဲ့
အီလက်ထရွန်တွေကို
ခါထုတ်ပစ်ပုံက နေပြင်းတဲ့
ရက်ဆို အလွှာလိုက် ခွါချသမို့
မခံသာသည့် အဆုံး ပဲ့ထိန်းဘီး
နောက်ကွယ်မှာ
လွတ်လပ်တဲ့အီလက်ထရွန်နဲ့ ပရိုတွန်တွေဟာ
နေရဲ့ဒြပ်ဆွဲငင်မှုက
အဟန့်အတားပြုခံရဖို့
အလျင်အမြန် ရွေ့လျားကာ
လျှပ်စစ်ဓာတ်ဆောင် ဓာတ်ငွေ့ဖြစ်တဲ့
ပလဇ်မာအဖြစ် စုရုံးအုပ်စုဖွဲ့ပါတယ်။
ပလဇ်မာတွေက အတောမသတ်တဲ့ မုန်တိုင်းလို
နေမှဝေးရာ ထွက်လာတာကို
နေမုန်တိုင်း လို့သိကြတယ်။
ဒါပေမဲ့ ကမ္ဘာက မြေပြင်ထံ တည့်တိုးဝင်နေတဲ့
နေမုန်တိုင်းကို သံလိုက်လွှာမှာ
ကွေ့ပတ်စေလိုက်ခြင်းဖြင့် ဟန့်တားပါတယ်။
သံလိုက်လွှာကို ကမ္ဘာ့
သံလိုက်စီးကြောင်းတွေက ဖြစ်ပေါ်စေကာ
ကမ္ဘာ့ပတ်ပတ်လည်ကို အမှုန်တွေပို့လွှတ်ရင်း
နေမုန်တိုင်းများ ဒဏ်မှ
ဒီဂြိုဟ်ကို ကာရံပါတယ်။
ခရီးသွားများရဲ့ လှိုင်းသစ်တစ်လုံးက သံလိုက်
လွှာကို စီးနင်းတဲ့အခါ
သူတို့ရဲ့ ခရီးစဉ်ဆက်ဖို့ အခွင့်အလမ်းက
လေထုထဲ ထိုးဆင်းသွားပါတယ်။
ဒါက ရောင်ခြည်ဝန်း
အစုလိုက် ထုတ်တာပါ
ပြီးတော့ နေမုန်တိုင်းထဲကို
နေက ပလဇ်မာ
အမြောက်အမြား ပစ်ထုတ်တဲ့အခါ
ဒါ ဖြစ်ပေါ်ပါတယ်။
ရောင်ခြည်ဝန်းထုတ်တဲ့ အရာတွေထဲမှ
တစ်ခုဟာ ကမ္ဘာနဲ့တိုက်မိတဲ့အခါ
၎င်းက သံလိုက်လွှာကို ထိန်းကျောင်းကာ
သံလိုက် မုန်တိုင်းဖန်းတီးပါတယ်
အားပြင်း မုန်တိုင်းက သံလိုက်လွှာကို
ခပ်တင်းတင်း အဆွဲခံရတဲ့ သရေကွင်းလိုမျိုး
ရုတ်တရက် ဖြတ်တောက်ကာ
နောက်လန်အောင် ဖိချလျက်
ကွေ့ပတ်သွားတဲ့ အမှုန်အချို့ကို ကမ္ဘာဆီ
ပစ်လွှတ်ပါတယ်။
သံလိုက်စက်ကွင်း အဝန်းအဝိုင်းက ပြန်ဝင်လာတဲ့
အရာကို မိုးသောက်ပန်းဖြစ်ပေါ်ရာ
ရပ်ဝန်းတွေထံ ဆွဲချရာ အရပ်ဟာ မြောက်ပိုင်း၊
တောင်ပိုင်း အလင်းတွေရဲ့ ဒေသပါပဲ။
ကြယ်စုကိုဖြတ်ကာ မိုင်ပေါင်း ၉၃ သန်း
ခရီးနှင်ပြီးနောက်မှာတော့
နေမင်း အမှုန်တွေက အဖော်တချို့
အကူနဲ့ အလင်းပြိုးပြက်ပြရင်း
နောက်ပိတ်ဆုံး ပေါ်လာပါတယ်။
မြေမျက်နှာပြင် အထက်
မိုင် ၂၀ မှ ၂၀၀ အတွင်း
အီလက်ထရွန်နဲ့ ပရိုတွန်တွေက၊ အောက်စီဂျင်နဲ့
နိုက်ထရိုဂျင် အက်တမ်တွေနှင့်ဆုံရာ
သူတို့ချင်းတွေ့ရလို့ ပျော်ကြမှာ သေချာပါပဲ။
နေမင်း အမှုန်တွေက ကမ္ဘာ့
အောက်စီဂျင်နဲ့ နိုက်ထရိုဂျင်
အက်တမ်တွေကို သူတို့ရဲ့
စွမ်းအင်ပေးရင်း တေ့ဆိုင်ပါတယ်။
လေထုအတွင်းရှိ အက်တမ်တွေကို
အမှုန်တွေက ထိတွေ့ချိန်မှာ
အက်တမ်တွေ နိုးကြွားစေကာ
ဖိုတွန်တွေ ထုတ်ပါတယ်။
ဖိုတွန်တွေဟာ အလင်းသဏ္ဍာန်ဖြင့်
အသေးစား စွမ်းအင်လျှံထွက်ခြင်းတွေပါ။
ကောင်းကင်မှာ ပေါ်လာတဲ့ အရောင်တွေက
အက်တမ့် ဖိုတွန်ရဲ့ လှိုင်းအလျားပေါ်
မူတည်ပါတယ်
နိုးကြားနေတဲ့ အောက်စီဂျင် အက်တမ်က
အနီနဲ့ အစိမ်းအတွက် တာဝန်ယူကာ
နိုးကြားနေတဲ့ နိုက်ထရိုဂျင် အက်တမ်က
အပြာနဲ့ အရောင်အရင့်တွေ ထုတ်တယ်။
ဒီထိတွေ့မှု စုဝေးရာက
မြောက်ပိုင်းနဲ့ တောင်ပိုင်း
အလင်းတွေ ဖန်တီးရာပါ။
ယဉ်စွန်းတန်း အလင်းတွေကို
မြောက်နဲ့ တောင်
သံလိုက်စွန်းနီးရာမှာ
တိမ်စင်တဲ့ညဆို အကောင်းဆုံးမြင်ရတယ်
မိုးသောက်ပန်းက
နေရောင်ထက် အရောင်မှိန်လို့
ညပိုင်းဟာ စံနမူနာထားပါတယ်။
ပြီးတော့ နေ့ခင်းဘက်ဆို မမြင်နိုင်ပါ။
ကောင်းကင်ကို ကြည့်ဖို့ သတိရပါ ပြီးတော့
နေရဲ့ စွမ်းအင်ပုံစံတွေကို ဖတ်ရှုပါ
အထူးးဖြင့် မိုးသောက်ပန်းတွေ
ခန့်မှန်းဖို့
ကောင်းစွာ ညွှန်ပြတတ်တဲ့
နေကွက်နဲ့ နေမီးလျှံတွေကိုပေါ့။