WEBVTT 00:00:20.352 --> 00:00:23.215 ကောင်းပြီ၊ ကျွန်တော် သင်္ချာအကြောင်း ပြောပါရစေ။. 00:00:23.760 --> 00:00:26.026 ခင်ဗျားတို့အားလုံး သင်္ချာကို ကြိုက်ကြတယ်နော်? 00:00:27.028 --> 00:00:32.157 သိပ်မကြိုက်ကြဘူးလား? လူတိုင်း သင်္ချာကို ကြိုက်ကြတာ ကျွန်တော် သိပါတယ်။ 00:00:32.909 --> 00:00:36.767 အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ထဲမှာ သင်္ချာကို မုန်းကြသူ ဘယ်လောက်များလဲ? 00:00:37.303 --> 00:00:39.877 သိပ်မများဘူး။ အဲဒါကောင်းတယ်! 00:00:39.877 --> 00:00:42.868 ကျွန်တော်စိတ်ထင် သင်္ချာကို မုန်းကြတယ်လို့ ထင်ကြသူတချို့တို့ဟာ 00:00:42.868 --> 00:00:46.390 သင်္ချာဆိုတာ ကိန်းဂဏန်းတွေ၊ တွက်ချက်မှုတွေ ပြီးတော့ ဖေါ်မြူလာတွေ၊ 00:00:46.390 --> 00:00:48.834 စိတ်ညစ်စရာ အခြားအရာတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြပါတယ်။ 00:00:48.834 --> 00:00:51.496 အဲဒါ မဟုတ်ုမှန်တာကို ကျွန်တော် ပြောချင်ပါတယ်။ 00:00:51.496 --> 00:00:54.587 ၁၉ ရာစုတုန်းက နာမည်ကြီး နောက်ပြောင်စရာ တစ်ခုကို ပြောပါမယ်၊ 00:00:54.587 --> 00:00:57.643 နာမည်ကြီး သင်္ချာပညာရှင်ကြီး Ernst Kummer ဆိုသူ ရှိခဲ့ပါတယ်။ 00:00:57.814 --> 00:01:01.011 သူဟာ တကယ့်ကို နာမည်ကြီး သင်္ချာပညာရှင်ဖြစ်သလို 00:01:01.011 --> 00:01:04.620 သူ့ကို "သင်္ချာပညာရဲ့ ဖခင်၊" "ဂဏန်းသီအိုရီရဲ့ ဖခင်" လို့လည်း ခေါ်ကြတယ်။ 00:01:05.010 --> 00:01:09.119 ဒါပေမဲ့၊ တကယ်တမ်းတွင် သူဟာ ကိန်းဂဏန်းတွေကို ကိုင်တွယ်ရာမှာ သိပ်မတော်ခဲ့ပါ။ 00:01:09.939 --> 00:01:16.413 သူဟာ ပို့ချခန်း တစ်ခုတုန်းက ၇ x ၉ ကို တွက်မရဖြစ်နေခဲ့ပါတယ်။ 00:01:17.083 --> 00:01:24.362 အဲဒါနဲ့ သူဟာ သင်ပုန်းပေါ်မှာ ရေးနေရင်း ၇ x ၉ က ဘယ်လောက်လဲ?" မေးနေခဲ့တယ်။ 00:01:24.362 --> 00:01:28.542 ကျောင်းသား တစ်ယောက်က "အဲဒါ ၆၁ ပါဆရာ"၊ နောက်တစ်ယောက်က "အဲဒါ ၆၉ ပါဆရာ"လို့ ဖြေကြတယ်။ 00:01:29.142 --> 00:01:32.259 အဲဒီနောက်မှာ Kummer က၊ "နေစမ်းပါအုံး! မင်းတို့ ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ကြပါ၊ 00:01:32.259 --> 00:01:36.201 အဖြေဟာ ၆၁ ရော ၆၉ ပါ နှစ်မျိုး မဖြစ်နိုင်ဘူး။ အဲဒီထဲက တစ်ခုပဲ ဖြစ်ရမယ်။" 00:01:37.231 --> 00:01:41.725 အဲဒီဖြစ်ရပ်ဟာ ရယ်စရာ ကောင်းတယ်လို့ ယူဆကြပါတယ်။ ဟုတ်ကဲ့ နာမည်ကြီး ဟာသတစ်ခုပါပဲ။ 00:01:41.725 --> 00:01:44.121 ဒါကြောင့်မို့လို့ သင်္ချာဆရာ အားလုံးတို့ဟာ ကိန်းဂဏန်းတွေကို ကျွမ်းကျင်မှ ကျွမ်းကျင်မှာပါ။ 00:01:46.711 --> 00:01:49.764 သူဟာ ကိန်းဂဏန်းဆိုင်ရာ သီအိုရီရှင်အဖြစ် နာမည်ကြီးပါတယ်။ အိုကေ၊ ကျေးဇူးတင်ပါတယ်။ 00:01:49.764 --> 00:01:54.367 ဒါပေမဲ့၊ သင်္ချာဟာ ကိန်းဂဏန်း အကြောင်းသက်သက် မဟုတ်ပါ။ 00:01:54.367 --> 00:01:58.130 ကျွန်တော်ဟာ ကိန်းဂဏန်းတွေ အကြောင်းကို မပြောဘဲနဲ့ သင်္ချာအကြောင်းကို အနားမနေ ပြောနိုင်ပါတယ်၊ 00:01:58.130 --> 00:02:00.949 တစ်ရက်ကြာ၊ တစ်ပတ်ကြာ ခင်ဗျားတို့ လိုချင်သလောက် ပြောနေနိုင်ပါတယ်။ 00:02:00.949 --> 00:02:03.274 နေ့စဉ်လိုလို သီအိုရီ အသစ်တစ်ခုကို သက်သေထူပြကြပါတယ်၊ 00:02:03.274 --> 00:02:07.399 အယူအဆအသစ် ပေါ်လာနေပါတယ်၊ ခံယူချက် အသစ်တစ်ခုကို ဖန်တီးနေကြပါတယ်။ 00:02:07.669 --> 00:02:11.586 သင်္ချာဟာ အဆုံးမသတ်နိုင်တဲ့ ဖန်တီးတီထွင်ရေး ပညာပါပဲ။ 00:02:12.296 --> 00:02:14.768 အဲဒါဟာ ဂီတပညာနဲ့ ဆင်တူသလိုပါပဲ။ 00:02:14.808 --> 00:02:17.520 ဥပမာဆိုပါစို့၊ တစ်ယောက်ရဲ့ ယဉ်ကျေးမှုနဲ့ သင်္ချာထဲက နေထိုင်မှု နေရာကို လိုက်ပြီး 00:02:17.520 --> 00:02:21.200 ဘာယ်ဟာကဖြင့် အရမ်းကို ကောင်းတယ်၊ မကောင်းဘူးဆိုတာ မူတည်ပါတယ်။ 00:02:21.200 --> 00:02:25.333 ဥမာ၊ တချို့သူတို့ကCategory Theory ဟာ အရမ်းစိတ်ဝင်စားစရာလို့ ထင်ပါတယ်။ 00:02:25.933 --> 00:02:27.966 ဒါပေမဲ့၊ ခင်ဗျားတို့ဟာ အဲဒီ Category Theory ကိုသိချင်မှသိကြမှာပါ။ 00:02:27.966 --> 00:02:31.825 တချို့ကျတော့ Set Theory ဟာ အရမ်းကို စွဲမက်စရာကြီးလို့ ထင်ကြတယ်။ 00:02:32.825 --> 00:02:33.994 အေးဗျာ၊ ဟုတ်နိုင်တယ်။ 00:02:35.684 --> 00:02:38.023 ပြီးတော့ တချို့နိုင်ငံတွေမှာ၊ 00:02:38.023 --> 00:02:40.865 လူတချို့တို့ဟာ လက်ဆုပ်လက်ကိုင် အရာတွေကို ကိုင်တွယ်ရာမှာ တော်ကြတယ်၊ 00:02:40.865 --> 00:02:44.168 တချို့နိုင်ငံတွေမှာကျတော့ စိတ်ကူးသက်သက် အရာတွေကို ကိုင်တွယ်တတ်ကြတယ်။ 00:02:45.218 --> 00:02:47.888 ဒီတော့ သင်္ချာဟာ ခင်ဗျားတို့ ထင်သလို ကျစ်လစ်တဲ့ အရာမဟုတ်ပါ။ 00:02:49.038 --> 00:02:52.170 ဒါပေမဲ့ သင်္ချာ နဲ့ ဂီတအကြား အကြီးမားဆုံး ခြားနားချက်က 00:02:52.170 --> 00:02:55.933 ဂီတလောကထဲမှာ အံ့အားသင့်စရာ တေးစပ်ဆရာတွေ ရှိကြတယ်၊ 00:02:55.933 --> 00:02:59.809 သူတို့ဟာ ဂီတကို ဖန်တီးလျက် ထုတ်လုပ်ပေးပါတယ်၊ အဲဒီတစ်ချိန်တည်းမှာ 00:02:59.809 --> 00:03:02.671 အံ့ဩဖွယ် ဂီတကို တီးမှုတ်ပေးနိုင်တဲ့ သူတွေ ရှိပါတယ်။ 00:03:03.071 --> 00:03:06.266 ဒါကြောင့်မို့လို့ Bach၊ Beethoven၊ Mozart တို့ ရှိလာခဲ့ကြပါတယ်။ 00:03:06.266 --> 00:03:08.514 အဲဒီလို မဟာတေးစပ်ဆရာများက လှပတဲ့ ဂီတတွေကို ဖန်တီးပေးခဲ့ကြပါတယ်၊ 00:03:08.514 --> 00:03:11.892 ဒါပေမဲ့ မဟာ တီးမှုတ်ဆရာတို့ရဲ့ ကျေးဇူးတော်ဖြင့် ကျွန်တော်တို့ဟာ အဲဒီဂီတကို နားဆင်ခံယူနိုင်ပါတယ်၊ 00:03:11.892 --> 00:03:15.306 Glenn Gould နဲ့ Yo-Yo Ma၊ ပြီးတော အခြားတီးမှုတ်ပညာရှင်များက ဂီတကို တီးပေးကြပါတယ်၊ 00:03:15.306 --> 00:03:18.796 အဲဒါကြောင့်မို့လို့သာ ကျွန်တော်တို့ဟာ လှပတဲ့ ဂီတကို ရယူခံစားနိုင်ကြပါတယ်။ 00:03:18.796 --> 00:03:22.158 ဒါပေမဲ့၊ သင်္ချာလောကထဲမှာကျတော့၊ ကံဆိုးချင်တော့၊ 00:03:22.158 --> 00:03:26.154 မဟာ တေးစပ်ဆရာကြီးတွေ ရှိကာ နေ့စဉ်နဲ့အမျှ သင်္ချာတွေကို အများကြီး ဖန်တီးနိုင်ပေမဲ့၊ 00:03:26.154 --> 00:03:28.590 သင်္ချာကို တီးမှုတ်ပြပေးသူ ဘယ်သူမှမရှိပါ။ 00:03:30.090 --> 00:03:34.218 အဲဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ အလှတရားကို ကျွမ်းးကျင်ကြတဲ့ သင်္ချာပညာရှင်များသာ 00:03:34.218 --> 00:03:36.515 ရယူခံစားနိုင်ကြပါတယ်။ 00:03:36.515 --> 00:03:39.359 ကျွန်တော် အဲဒါကို နည်းနည်းလေး ပြောင်းလဲပစ်ချင်ပါတယ်။ 00:03:39.359 --> 00:03:42.375 တကယ်တမ်းက၊၊ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ကျွန်တော်ဟာ သင်္ချာပဒေသာပွဲကို တင်ဆက်လာနေပါပြီ။ 00:03:42.375 --> 00:03:48.128 ဒီလို ခန်းမကြီး၊ စားသောက်ဆိုင်၊ ဘုရားကျောင်း နေရာမျိုးမှာ ကျွန်တော်ဟာ သင်္ချာအကြောင်း ဟောပြောပေးပါတယ်၊ 00:03:48.128 --> 00:03:52.110 သင်္ချာပညာရှင် မဟုတ်ကြသူတို့က သင်္ချာပညာရှင်တွေကို နားထောင်ဖို့ လာကြပါတယ်။ 00:03:52.110 --> 00:03:57.984 ကျွန်တော် တစ်ယောက်တည်းမကဘဲ များပြားလှတဲ့သူတွေကပါ သင်္ချာပဒေသာပွဲတွေ ကျင်းမှာကို မျှော်လင့်ပါတယ်၊ 00:03:57.984 --> 00:04:03.632 အဲဒီလိုနည်းဖြင့် သင်္ချာရဲ့ လှပတဲ့ ကမ္ဘာကြီးကို သင်္ချာပညာရှင် မဟုတ်ကြသူတွေ ခံစားလာနိုင်ပါမယ်။ 00:04:05.062 --> 00:04:10.388 အခုတော့ ကျွန်တော်တို့ရဲ့ အကြောင်းအရာဆီ ပြန်သွားမယ်။ ကျွန်တော်ပြောခဲ့သလို သင်္ချာဟာ ဂဏန်းတွေချည်း မဟုတ်ပါ။ 00:04:10.388 --> 00:04:11.875 ဒီလိုဆို ဘာတွေ အကြောင်းများပါလိမ့်? 00:04:12.725 --> 00:04:15.802 သင်္ချာပညာကို ဂျပန်ဘာသာထဲမှာ "Sugaku" လို့ ခေါ်ပါတယ်။ 00:04:16.102 --> 00:04:19.341 Su က "ဂဏန်းများ"ကို ဆိုလိုပါတယ်; gaku ကျတော့ တစ်ခုခုကို လေ့လာမှုပါ။ 00:04:19.341 --> 00:04:21.865 ဒါကြောင့်မို့လို့ sugaku ရဲ့ အဓိပ္ပါယ်က "ဂဏန်းများကို လေ့လာမှု" ဖြစ်ပါတယ်။ 00:04:21.865 --> 00:04:25.195 အဲဒီလို ဘာသာပြန်မှုဟာ သိပ်ကောင်းလှတယ်လို့ ကျွန်တော် မထင်ပါ၊ 00:04:25.285 --> 00:04:27.497 အဲဒီလို သုံးနှုန်းမှုက 00:04:27.497 --> 00:04:30.359 သင်္ချာဟာ ဂဏန်းတွေနဲ့ သက်ဆိုင်တယ်လို့ ထင်စရာ ရှိနေလို့ပါ။ 00:04:31.079 --> 00:04:34.941 ဒါပေမဲ့ သင်္ချာ ဆိုတဲ့ စကားလုံးရဲ့ မူရင်းဟာ ဂရိ စကားမှဆင်းသက်လာခဲ့တာပါ၊ 00:04:35.911 --> 00:04:38.191 "ta mathemata" ပါ။ 00:04:38.511 --> 00:04:41.922 Ta mathemata ရဲ့ အဓိပ္ပါယ်က "ရယူခြင်းဖြင့် ရရှိကြတဲ့ အရာများ" ဖြစ်ပါတယ်၊ 00:04:42.212 --> 00:04:45.519 ဒီနေရာမှာ ရယူခြင်း ဆိုတာက သာမန် ရယူမှုသဘောမျိုး မဟုတ်ပါ။ 00:04:45.519 --> 00:04:48.644 ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှုပါ။ 00:04:48.644 --> 00:04:51.660 ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ မရှိတာကို ရယူလေ့ရှိကြပါတယ်၊ 00:04:51.660 --> 00:04:55.118 ဒါပေမဲ့ ta mathemata ကျတော့ ရယူခြင်းဖြင့် မိမိတို့ ရရှိကြတာကို ဆိုလိုပါတယ် 00:04:55.118 --> 00:04:58.421 ဒါပေမဲ့၊ ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတဲ့ အရာကို ရယူမှုဖြစ်ပါတယ်။ 00:04:58.421 --> 00:05:03.120 အဲဒါကို နားလည်ရန် ခက်ပါတယ်။ တနည်းပြောရရင် သင်္ချာပညာကို ၎င်းရဲ့ မူရင်းအနှစ်သာရ အရဆိုရင် 00:05:03.120 --> 00:05:08.589 ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှု၊ ကျွန်တော်တို့ သိနှင့်နေတာကို သိလာရမှု ဖြစ်ပါတယ်။ 00:05:08.589 --> 00:05:10.838 အဲဒါက ဘာကို ဆိုလိုတာပါလိမ့်? 00:05:11.868 --> 00:05:15.021 ကျွန်တော်တို့ ဂျပန်မှာ Oka Kiyoshi ဆိုတဲ့ သင်္ချာပညာရှင် ရှိပါတယ်။ 00:05:15.421 --> 00:05:19.603 ဒီဟောပြောမှုနောက်မှာ လူတိုင်းဟာ သူ့နာမည်ကို မှတ်မိကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ 00:05:19.603 --> 00:05:21.808 သူဟာ ကျိုတိုမြို့မှာ နေထိုင်ပါတယ်။ 00:05:21.808 --> 00:05:27.985 သူဟာ ကမ္ဘာပေါ်က လူသိအများဆုံး ဂျပန် သင်္ချာပညာရှင် တစ်ဦးပါပဲ။ 00:05:27.985 --> 00:05:31.941 အဲဒီ Oka ရဲ့ လုပ်ဆောင်ချက်ဟာ ကြီးမားလွန်းလို့ ဥရောပတိုက်ထဲက တချို့သူတို့က 00:05:31.941 --> 00:05:34.295 Oka ဟာ အုပ်စုတစ်ခုရဲ့ အမည်လို့တောင် ထင်မှတ်ခဲ့ကြပါတယ်။ 00:05:34.295 --> 00:05:37.544 သူဟာ အဲဒါတွေ အားလုံးကို တစ်ယောက်တည်း လုပ်နိုင်ခဲ့တာ သူတို့ မယုံနိုင်ကြဘူး။ 00:05:37.544 --> 00:05:41.301 လူတစ်ယောက်တည်းက အဲဒါတွေအားလုံးကို လုပ်ခဲ့တာကို သူတို့ လုံးဝ မယုံနိုင်ခဲ့ကြပါ။ 00:05:42.611 --> 00:05:45.266 Oka ဟာ မဟာသင်္ချာပညာရှင် တစ်ယောက်တင် မကခဲ့ပါ; 00:05:45.266 --> 00:05:49.362 သူဟာ လေးနက်တဲ့ အတွေးအခေါ်ပညာရှင်၊ ဒဿနိက ပညာရှင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ 00:05:49.362 --> 00:05:52.655 သူဟာ ကောက်နှုတ်ချက် စကားတချို့နဲ့ လှပတဲ့ စာတမ်းများကိုပါ ချန်ထားခဲ့ပါတယ် 00:05:52.655 --> 00:05:55.351 သင်္ချာရဲ့ သဘာဝ အကြောင်းနဲ့ ဆက်စပ်လျက်ပါ။ 00:05:55.351 --> 00:06:02.406 အထူးသဖြင့်၊ သင်္ချာဟာ ပထမဦးဆုံး ဂဏန်းဖြစ်တဲ့ တစ် အကြောင်း ဘာမှ ပြောမပြနိုင်ဘူးလို့ 00:06:02.406 --> 00:06:05.889 ထပ်တလဲလဲ ပြောကြားလေ့ရှိခဲ့ပါတယ်။ 00:06:05.889 --> 00:06:09.586 ကောင်းပါပြီ၊ ဂဏန်းတွေဟာ သင်္ချာထဲက အရိုးရှင်းဆုံး အရာတွေဖြစ်တာ 00:06:09.586 --> 00:06:11.135 ရှင်းနေပါတယ်။ 00:06:11.135 --> 00:06:16.109 ဒါပေမဲ့ ကျွန်တော်တို့က ဘာဖြစ်လို့ ဂဏန်း တစ် ရှိဖို့လိုအပ်သလဲ 00:06:16.109 --> 00:06:18.941 ဒါမှမဟုတ် တစ်ဂဏန်းဟာ ဘာဖြစ်လို့ ပထမနေရာမှာ ရှိနေရတာလဲ ဆိုတာကို ရှင်းပြလိုကြပါက၊ 00:06:18.941 --> 00:06:21.998 သင်္ချာနည်းဖြင့် ဒါမှမဟုတ် အကျိုးအကြောင်းဖြင့် ရှင်းပြရန် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ 00:06:21.998 --> 00:06:26.060 ကျွန်တော်တို့ဟာ တစ် ဂဏန်း ရှိနေခြင်းကို သက်သေထူပြရန် ဒါမှမဟုတ် ရှင်းပြရန်၊ 00:06:26.060 --> 00:06:29.839 တစ် ဂဏန်း ရှိနေခြင်း အကြောင်းရင်း ဒါမှမဟုတ် တစ်ဂဏန်း ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြရန် မဖြစ်နိုင်ပါ။ 00:06:29.839 --> 00:06:31.672 ကျွန်တော်တို့ဟာ အဲဒါကို ယုံကြည်ကြရုံပါပဲ။ 00:06:32.932 --> 00:06:36.178 တစ်ခုခုကို အခြေအမြစ် ဘယ်လိုမှမရှိဘဲ ယုံကြည်ခြင်းပါပဲ။ 00:06:37.156 --> 00:06:40.900 ကျွန်တော်တို့ စိတ်ရဲ့ အဲဒီလို ယုံကြည်မှု စွမ်းပကားသာ မရှိခဲ့ရင်၊ 00:06:40.900 --> 00:06:43.767 သင်္ချာဟာ လုံးဝကို အခြေအမြစ်မရှိ၊ အဓိပ္ပါယ်မရှိ ဖြစ်ခဲ့မှာပါ။ 00:06:45.317 --> 00:06:50.270 ဒီတော့ ရုတ်တရက်ဆိုရင်၊ သင်္ချာဟာ ဂဏန်းတွေ နဲ့ တွက်ချက်မှု အကြောင်း 00:06:50.270 --> 00:06:54.644 ဆင်ခြင်းတွေးခေါ်မှု စတဲ့ အကြောင်းထင်ရပေမဲ့ အဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားရဲ့ အောက်ခြေမှာ 00:06:54.644 --> 00:07:00.798 ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ အရာဖြစ်နေကာ အဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားတွေကို အားဖြည့်ပေးနေတာပါ။ 00:07:00.798 --> 00:07:03.935 ဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ ဗဟိုထဲတွင် ရှိနေတာက ဂဏန်းတွေမဟုတ်ကြပါ၊ 00:07:03.935 --> 00:07:06.832 ဆင်ခြင်တုံတရားလည်း မဟုတ်၊ တွက်ချက်မှုလည်း မဟုတ်၊ 00:07:06.832 --> 00:07:10.781 ကြီးမားလှတဲ့ ကျွန်တော်ရဲ့ အတွင်းပိုင်း စကြာဝဠာကြီး ရှိပါတယ်၊ 00:07:11.591 --> 00:07:16.123 အဲဒါကို Oka Kiyoshi က "Joocho" ဆိုပြီး ခေါ်ခဲ့ပါတယ်။ 00:07:17.503 --> 00:07:20.402 Joocho ဟာ သိပ်ကို ရှင်းပြရခက်တဲ့ ဂျပန်စကားလုံးပါ။ 00:07:20.402 --> 00:07:22.694 ကျွန်တော်ဟာ အဲဒါ့အတွက် ဘာသာပြန် စကားလုံးကောင်းကို ရှာကြံခဲ့ပါသေးတယ်၊ 00:07:22.694 --> 00:07:25.720 Joocho ကို ထင်ဟပ်ပေးနိုင်မယ့် အင်္ဂလိပ်စကားလုံးကောင်းကို ရှာကြည့်ခဲ့ပါတယ်၊ 00:07:25.720 --> 00:07:28.295 ဒါပေမဲ့ ကံဆိုးချင်တော့ ကျွန်တော်ဟာ ရှာမရခဲ့ပါ။ 00:07:28.295 --> 00:07:30.934 ဒါကြောင့်မို့လို့ အဲဒါကို Joocho လို့ပဲ ဆက်ခေါ်ကြရအောင်။ 00:07:30.934 --> 00:07:33.353 (ရယ်မောသံများ) 00:07:33.353 --> 00:07:37.166 ဒီတော့ Oka က ရှင်းပြခဲ့သို သင်္ချာဟာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊ 00:07:37.166 --> 00:07:39.850 သင်္ချာဟာ တွက်ချက်မှု အကြောင်း မဟုတ်ပါ၊ သင်္ချာဟာ ဆင်ခြင်တုံတရားနဲ့လည်း မဆိုင်ပါ၊ 00:07:39.850 --> 00:07:42.294 သင်္ချာဟာ joocho အကြောင်းပါ။ 00:07:42.294 --> 00:07:45.218 အဲဒါဟာ မိမိစိတ်ထဲကို ကြည့်ရှုမှုပါ၊ ပြီးတော့ 00:07:47.278 --> 00:07:49.981 မိမိရဲ့ အတ္တကို ထိတွေ့မှုလည်း ဖြစ်ပါတယ်၊ 00:07:49.981 --> 00:07:55.026 မိမိထဲက ကြွယ်ဝတဲ့ အတွင်းပိုင်း စကြာဝဠာကို တို့ထိကြည့်မှု၊ ခင်ဗျားတို့ရဲ့ Joocho ပါပဲ။ 00:07:55.026 --> 00:07:58.489 ဒီတော့ ခင်ဗျားတို့ဟာ သင်္ချာကို လိုက်စားချင်ရင် ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ။ 00:07:58.489 --> 00:08:00.451 သိပ်ကြီး ခက်ခဲတာမျိုး မဖြစ်သင့်ပါ။ 00:08:00.451 --> 00:08:03.524 ဘယ်သူကမှ သက်သေထူမပြနိုင်သေးတဲ့ သီအိုရီကို သက်သေထူပြတာမျိုး မလိုအပ်ပါ။ 00:08:03.524 --> 00:08:06.252 ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ၊ လွယ်ကူတာ ဖြစ်ပါစေ၊ 00:08:06.252 --> 00:08:09.688 ပြီးတော့ အဲဒါကို အာရုံပြုနေပါ၊ ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ အားထုတ်ပါ။ 00:08:09.688 --> 00:08:11.643 အဖြေတွေကို သွားမကြည့်ပါနဲ့။ မလိမ်ညာပါနဲ့။ 00:08:11.643 --> 00:08:16.400 ခင်ဗျားဟာ ကိုယ့်ဘာသာကိုယ် အဖြေကို မတွေ့မချင်း ဒီပြဿနာအကြောင်းကို စဉ်းစားကြည့်နေပါ။ 00:08:17.090 --> 00:08:21.550 ခင်ဗျားဟာ သည်းခံစိတ်ရှိရန် လိုမယ်၊ တချိန်လုံး အာရုံစူးစိုင်နေရန် လိုတယ်။ 00:08:21.990 --> 00:08:26.879 အကြောင်းအရာ တစ်ခုတည်းကို အာရုံစိုက်နေရန်နဲ့ သည်းခံစိတ်ရှိရေးဟာ သိပ်ကို အရေးကြီးပါတယ်။ 00:08:27.169 --> 00:08:33.006 အဲဒီလို အာရုံစူးစိုက်နေချိန်မှာ၊ ခင်ဗျားတို့ဟာ ကိုယ့်စိတ်ကိုပါ ထိတွေ့ခံစားနိုင်ပါတယ်။ 00:08:33.006 --> 00:08:37.930 ပြီးတော့ ခင်ဗျားတို့ဟာ ကံကောင်းမယ်ဆိုရင်၊ ခင်ဗျားဟာ ခင်ဗျာ့စိတ်ထဲက Joocho ပင်လယ်ကြီးထဲတွင် 00:08:37.930 --> 00:08:41.024 ရေကူးရင်း မျောနေတာကို ခံစားလာရမှာပါ။ 00:08:41.024 --> 00:08:43.908 အချိန်ရှိတဲ့အခါမှာ အဲဒါကို စမ်းကြည့်ကြပါ။ 00:08:43.928 --> 00:08:48.103 ဒီတော့ ဒါဟာ သင်္ချာဆိုင်ရာ တိုတောင်းတဲ့ ဟောပြောချက်ပါ။ 00:08:48.103 --> 00:08:51.051 တကယ်တော့ ကျွန်တော်က ပါးပေးလိုတဲ့ အချက်ကတစ်ခုတည်းပါ။ 00:08:51.051 --> 00:08:55.164 သင်္ချာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊ သင်္ချာဟာ တွက်ချက်မှု သက်သက် မဟုတ်ပါ၊ 00:08:55.524 --> 00:08:57.834 သင်္ချာဟာ ဆင်ခြင်တုံတရား သက်သက်လည်း မဟုတ်ပါ၊ 00:08:57.834 --> 00:09:00.883 သင်္ချာဟာ သင့်စိတ်တွင်းပိုင်းကို ကြည့်ရှုမှုပါ။ 00:09:00.883 --> 00:09:04.138 ခင်ဗျားရဲ့ အတွင်းပိုင်း အတ္တနဲ့၊ အတွင်းပိုင်း စကြာဝဠာနဲ့ ထိတွေ့မှုပါ၊ 00:09:04.138 --> 00:09:09.660 ခင်ဗျားတို့ရဲ့ အတွင်းပိုင်းထဲက ကြွယ်ဝလှတဲ့ Joocho အပြည့်အဝနဲ့ ထိတွေ့မှုပါပဲ။ 00:09:09.660 --> 00:09:14.582 အဲဒီလိုဆိုတော့၊ လူတိုင်းဟာ၊ ခင်ဗျားတို့အပါအဝင်ဟာ၊ သင်္ချာပညာရှင် ဖြစ်နိုင်ပါတယ်။ 00:09:14.582 --> 00:09:16.125 ကျေးဇူးအထူးတင်ပါတယ်။ 00:09:16.125 --> 00:09:17.986 (လက်ခုပ်တီးသံများ) 00:09:17.986 --> 00:09:18.846 ကျေးဇူးတင်ပါတယ်။