[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:20.35,0:00:23.22,Default,,0000,0000,0000,,ကောင်းပြီ၊ ကျွန်တော် သင်္ချာအကြောင်း ပြောပါရစေ။. Dialogue: 0,0:00:23.76,0:00:26.03,Default,,0000,0000,0000,,ခင်ဗျားတို့အားလုံး သင်္ချာကို ကြိုက်ကြတယ်နော်? Dialogue: 0,0:00:27.03,0:00:32.16,Default,,0000,0000,0000,,သိပ်မကြိုက်ကြဘူးလား?\Nလူတိုင်း သင်္ချာကို ကြိုက်ကြတာ ကျွန်တော် သိပါတယ်။ Dialogue: 0,0:00:32.91,0:00:36.77,Default,,0000,0000,0000,,အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ထဲမှာ\Nသင်္ချာကို မုန်းကြသူ ဘယ်လောက်များလဲ? Dialogue: 0,0:00:37.30,0:00:39.88,Default,,0000,0000,0000,,သိပ်မများဘူး။ အဲဒါကောင်းတယ်! Dialogue: 0,0:00:39.88,0:00:42.87,Default,,0000,0000,0000,,ကျွန်တော်စိတ်ထင် သင်္ချာကို မုန်းကြတယ်လို့\Nထင်ကြသူတချို့တို့ဟာ Dialogue: 0,0:00:42.87,0:00:46.39,Default,,0000,0000,0000,,သင်္ချာဆိုတာ ကိန်းဂဏန်းတွေ၊ တွက်ချက်မှုတွေ\Nပြီးတော့ ဖေါ်မြူလာတွေ၊ Dialogue: 0,0:00:46.39,0:00:48.83,Default,,0000,0000,0000,,စိတ်ညစ်စရာ အခြားအရာတွေနဲ့ \Nဆက်စပ်နေတယ်လို့ ယုံကြပါတယ်။ Dialogue: 0,0:00:48.83,0:00:51.50,Default,,0000,0000,0000,,အဲဒါ မဟုတ်ုမှန်တာကို ကျွန်တော် ပြောချင်ပါတယ်။ Dialogue: 0,0:00:51.50,0:00:54.59,Default,,0000,0000,0000,,၁၉ ရာစုတုန်းက နာမည်ကြီး\Nနောက်ပြောင်စရာ တစ်ခုကို ပြောပါမယ်၊ Dialogue: 0,0:00:54.59,0:00:57.64,Default,,0000,0000,0000,,နာမည်ကြီး သင်္ချာပညာရှင်ကြီး\NErnst Kummer ဆိုသူ ရှိခဲ့ပါတယ်။ Dialogue: 0,0:00:57.81,0:01:01.01,Default,,0000,0000,0000,,သူဟာ တကယ့်ကို နာမည်ကြီး \Nသင်္ချာပညာရှင်ဖြစ်သလို Dialogue: 0,0:01:01.01,0:01:04.62,Default,,0000,0000,0000,,သူ့ကို "သင်္ချာပညာရဲ့ ဖခင်၊"\N"ဂဏန်းသီအိုရီရဲ့ ဖခင်" လို့လည်း ခေါ်ကြတယ်။ Dialogue: 0,0:01:05.01,0:01:09.12,Default,,0000,0000,0000,,ဒါပေမဲ့၊ တကယ်တမ်းတွင် သူဟာ\Nကိန်းဂဏန်းတွေကို ကိုင်တွယ်ရာမှာ သိပ်မတော်ခဲ့ပါ။ Dialogue: 0,0:01:09.94,0:01:16.41,Default,,0000,0000,0000,,သူဟာ ပို့ချခန်း တစ်ခုတုန်းက\N၇ x ၉ ကို တွက်မရဖြစ်နေခဲ့ပါတယ်။ Dialogue: 0,0:01:17.08,0:01:24.36,Default,,0000,0000,0000,,အဲဒါနဲ့ သူဟာ သင်ပုန်းပေါ်မှာ ရေးနေရင်း\N၇ x ၉ က ဘယ်လောက်လဲ?" မေးနေခဲ့တယ်။ Dialogue: 0,0:01:24.36,0:01:28.54,Default,,0000,0000,0000,,ကျောင်းသား တစ်ယောက်က "အဲဒါ ၆၁ ပါဆရာ"၊\Nနောက်တစ်ယောက်က "အဲဒါ ၆၉ ပါဆရာ"လို့ ဖြေကြတယ်။ Dialogue: 0,0:01:29.14,0:01:32.26,Default,,0000,0000,0000,,အဲဒီနောက်မှာ Kummer က၊ "နေစမ်းပါအုံး!\Nမင်းတို့ ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ကြပါ၊ Dialogue: 0,0:01:32.26,0:01:36.20,Default,,0000,0000,0000,,အဖြေဟာ ၆၁ ရော ၆၉ ပါ နှစ်မျိုး မဖြစ်နိုင်ဘူး။\Nအဲဒီထဲက တစ်ခုပဲ ဖြစ်ရမယ်။" Dialogue: 0,0:01:37.23,0:01:41.72,Default,,0000,0000,0000,,အဲဒီဖြစ်ရပ်ဟာ ရယ်စရာ ကောင်းတယ်လို့ ယူဆကြပါတယ်။\Nဟုတ်ကဲ့ နာမည်ကြီး ဟာသတစ်ခုပါပဲ။ Dialogue: 0,0:01:41.72,0:01:44.12,Default,,0000,0000,0000,,ဒါကြောင့်မို့လို့ သင်္ချာဆရာ အားလုံးတို့ဟာ\Nကိန်းဂဏန်းတွေကို ကျွမ်းကျင်မှ ကျွမ်းကျင်မှာပါ။ Dialogue: 0,0:01:46.71,0:01:49.76,Default,,0000,0000,0000,,သူဟာ ကိန်းဂဏန်းဆိုင်ရာ သီအိုရီရှင်အဖြစ် \Nနာမည်ကြီးပါတယ်။ အိုကေ၊ ကျေးဇူးတင်ပါတယ်။ Dialogue: 0,0:01:49.76,0:01:54.37,Default,,0000,0000,0000,,ဒါပေမဲ့၊ သင်္ချာဟာ ကိန်းဂဏန်း \Nအကြောင်းသက်သက် မဟုတ်ပါ။ Dialogue: 0,0:01:54.37,0:01:58.13,Default,,0000,0000,0000,,ကျွန်တော်ဟာ ကိန်းဂဏန်းတွေ အကြောင်းကို မပြောဘဲနဲ့\Nသင်္ချာအကြောင်းကို အနားမနေ ပြောနိုင်ပါတယ်၊ Dialogue: 0,0:01:58.13,0:02:00.95,Default,,0000,0000,0000,,တစ်ရက်ကြာ၊ တစ်ပတ်ကြာ ခင်ဗျားတို့ လိုချင်သလောက်\Nပြောနေနိုင်ပါတယ်။ Dialogue: 0,0:02:00.95,0:02:03.27,Default,,0000,0000,0000,,နေ့စဉ်လိုလို သီအိုရီ အသစ်တစ်ခုကို \Nသက်သေထူပြကြပါတယ်၊ Dialogue: 0,0:02:03.27,0:02:07.40,Default,,0000,0000,0000,,အယူအဆအသစ် ပေါ်လာနေပါတယ်၊\Nခံယူချက် အသစ်တစ်ခုကို ဖန်တီးနေကြပါတယ်။ Dialogue: 0,0:02:07.67,0:02:11.59,Default,,0000,0000,0000,,သင်္ချာဟာ အဆုံးမသတ်နိုင်တဲ့\Nဖန်တီးတီထွင်ရေး ပညာပါပဲ။ Dialogue: 0,0:02:12.30,0:02:14.77,Default,,0000,0000,0000,,အဲဒါဟာ ဂီတပညာနဲ့ ဆင်တူသလိုပါပဲ။ Dialogue: 0,0:02:14.81,0:02:17.52,Default,,0000,0000,0000,,ဥပမာဆိုပါစို့၊ တစ်ယောက်ရဲ့ ယဉ်ကျေးမှုနဲ့\Nသင်္ချာထဲက နေထိုင်မှု နေရာကို လိုက်ပြီး Dialogue: 0,0:02:17.52,0:02:21.20,Default,,0000,0000,0000,,ဘာယ်ဟာကဖြင့် အရမ်းကို ကောင်းတယ်၊ \Nမကောင်းဘူးဆိုတာ မူတည်ပါတယ်။ Dialogue: 0,0:02:21.20,0:02:25.33,Default,,0000,0000,0000,,ဥမာ၊ တချို့သူတို့ကCategory Theory ဟာ\Nအရမ်းစိတ်ဝင်စားစရာလို့ ထင်ပါတယ်။ Dialogue: 0,0:02:25.93,0:02:27.97,Default,,0000,0000,0000,,ဒါပေမဲ့၊ ခင်ဗျားတို့ဟာ အဲဒီ \NCategory Theory ကိုသိချင်မှသိကြမှာပါ။ Dialogue: 0,0:02:27.97,0:02:31.82,Default,,0000,0000,0000,,တချို့ကျတော့ Set Theory ဟာ\Nအရမ်းကို စွဲမက်စရာကြီးလို့ ထင်ကြတယ်။ Dialogue: 0,0:02:32.82,0:02:33.99,Default,,0000,0000,0000,,အေးဗျာ၊ ဟုတ်နိုင်တယ်။ Dialogue: 0,0:02:35.68,0:02:38.02,Default,,0000,0000,0000,,ပြီးတော့ တချို့နိုင်ငံတွေမှာ၊ Dialogue: 0,0:02:38.02,0:02:40.86,Default,,0000,0000,0000,,လူတချို့တို့ဟာ လက်ဆုပ်လက်ကိုင်\Nအရာတွေကို ကိုင်တွယ်ရာမှာ တော်ကြတယ်၊ Dialogue: 0,0:02:40.86,0:02:44.17,Default,,0000,0000,0000,,တချို့နိုင်ငံတွေမှာကျတော့ စိတ်ကူးသက်သက်\Nအရာတွေကို ကိုင်တွယ်တတ်ကြတယ်။ Dialogue: 0,0:02:45.22,0:02:47.89,Default,,0000,0000,0000,,ဒီတော့ သင်္ချာဟာ ခင်ဗျားတို့ ထင်သလို\Nကျစ်လစ်တဲ့ အရာမဟုတ်ပါ။ Dialogue: 0,0:02:49.04,0:02:52.17,Default,,0000,0000,0000,,ဒါပေမဲ့ သင်္ချာ နဲ့ ဂီတအကြား\Nအကြီးမားဆုံး ခြားနားချက်က Dialogue: 0,0:02:52.17,0:02:55.93,Default,,0000,0000,0000,,ဂီတလောကထဲမှာ အံ့အားသင့်စရာ \Nတေးစပ်ဆရာတွေ ရှိကြတယ်၊ Dialogue: 0,0:02:55.93,0:02:59.81,Default,,0000,0000,0000,,သူတို့ဟာ ဂီတကို ဖန်တီးလျက် ထုတ်လုပ်ပေးပါတယ်၊\Nအဲဒီတစ်ချိန်တည်းမှာ Dialogue: 0,0:02:59.81,0:03:02.67,Default,,0000,0000,0000,,အံ့ဩဖွယ် ဂီတကို တီးမှုတ်ပေးနိုင်တဲ့ \Nသူတွေ ရှိပါတယ်။ Dialogue: 0,0:03:03.07,0:03:06.27,Default,,0000,0000,0000,,ဒါကြောင့်မို့လို့ Bach၊ Beethoven၊ Mozart တို့ \Nရှိလာခဲ့ကြပါတယ်။ Dialogue: 0,0:03:06.27,0:03:08.51,Default,,0000,0000,0000,,အဲဒီလို မဟာတေးစပ်ဆရာများက\Nလှပတဲ့ ဂီတတွေကို ဖန်တီးပေးခဲ့ကြပါတယ်၊ Dialogue: 0,0:03:08.51,0:03:11.89,Default,,0000,0000,0000,,ဒါပေမဲ့ မဟာ တီးမှုတ်ဆရာတို့ရဲ့ ကျေးဇူးတော်ဖြင့်\Nကျွန်တော်တို့ဟာ အဲဒီဂီတကို နားဆင်ခံယူနိုင်ပါတယ်၊ Dialogue: 0,0:03:11.89,0:03:15.31,Default,,0000,0000,0000,,Glenn Gould နဲ့ Yo-Yo Ma၊ ပြီးတော\Nအခြားတီးမှုတ်ပညာရှင်များက ဂီတကို တီးပေးကြပါတယ်၊ Dialogue: 0,0:03:15.31,0:03:18.80,Default,,0000,0000,0000,,အဲဒါကြောင့်မို့လို့သာ ကျွန်တော်တို့ဟာ လှပတဲ့\Nဂီတကို ရယူခံစားနိုင်ကြပါတယ်။ Dialogue: 0,0:03:18.80,0:03:22.16,Default,,0000,0000,0000,,ဒါပေမဲ့၊ သင်္ချာလောကထဲမှာကျတော့၊\Nကံဆိုးချင်တော့၊ Dialogue: 0,0:03:22.16,0:03:26.15,Default,,0000,0000,0000,,မဟာ တေးစပ်ဆရာကြီးတွေ ရှိကာ နေ့စဉ်နဲ့အမျှ \Nသင်္ချာတွေကို အများကြီး ဖန်တီးနိုင်ပေမဲ့၊ Dialogue: 0,0:03:26.15,0:03:28.59,Default,,0000,0000,0000,,သင်္ချာကို တီးမှုတ်ပြပေးသူ ဘယ်သူမှမရှိပါ။ Dialogue: 0,0:03:30.09,0:03:34.22,Default,,0000,0000,0000,,အဲဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ အလှတရားကို \Nကျွမ်းးကျင်ကြတဲ့ သင်္ချာပညာရှင်များသာ Dialogue: 0,0:03:34.22,0:03:36.52,Default,,0000,0000,0000,,ရယူခံစားနိုင်ကြပါတယ်။ Dialogue: 0,0:03:36.52,0:03:39.36,Default,,0000,0000,0000,,ကျွန်တော် အဲဒါကို နည်းနည်းလေး \Nပြောင်းလဲပစ်ချင်ပါတယ်။ Dialogue: 0,0:03:39.36,0:03:42.38,Default,,0000,0000,0000,,တကယ်တမ်းက၊၊ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ကျွန်တော်ဟာ\Nသင်္ချာပဒေသာပွဲကို တင်ဆက်လာနေပါပြီ။ Dialogue: 0,0:03:42.38,0:03:48.13,Default,,0000,0000,0000,,ဒီလို ခန်းမကြီး၊ စားသောက်ဆိုင်၊ ဘုရားကျောင်း နေရာမျိုးမှာ\Nကျွန်တော်ဟာ သင်္ချာအကြောင်း ဟောပြောပေးပါတယ်၊ Dialogue: 0,0:03:48.13,0:03:52.11,Default,,0000,0000,0000,,သင်္ချာပညာရှင် မဟုတ်ကြသူတို့က\Nသင်္ချာပညာရှင်တွေကို နားထောင်ဖို့ လာကြပါတယ်။ Dialogue: 0,0:03:52.11,0:03:57.98,Default,,0000,0000,0000,,ကျွန်တော် တစ်ယောက်တည်းမကဘဲ များပြားလှတဲ့သူတွေကပါ\Nသင်္ချာပဒေသာပွဲတွေ ကျင်းမှာကို မျှော်လင့်ပါတယ်၊ Dialogue: 0,0:03:57.98,0:04:03.63,Default,,0000,0000,0000,,အဲဒီလိုနည်းဖြင့် သင်္ချာရဲ့ လှပတဲ့ ကမ္ဘာကြီးကို\Nသင်္ချာပညာရှင် မဟုတ်ကြသူတွေ ခံစားလာနိုင်ပါမယ်။ Dialogue: 0,0:04:05.06,0:04:10.39,Default,,0000,0000,0000,,အခုတော့ ကျွန်တော်တို့ရဲ့ အကြောင်းအရာဆီ ပြန်သွားမယ်။ \Nကျွန်တော်ပြောခဲ့သလို သင်္ချာဟာ ဂဏန်းတွေချည်း မဟုတ်ပါ။ Dialogue: 0,0:04:10.39,0:04:11.88,Default,,0000,0000,0000,,ဒီလိုဆို ဘာတွေ အကြောင်းများပါလိမ့်? Dialogue: 0,0:04:12.72,0:04:15.80,Default,,0000,0000,0000,,သင်္ချာပညာကို ဂျပန်ဘာသာထဲမှာ \N"Sugaku" လို့ ခေါ်ပါတယ်။ Dialogue: 0,0:04:16.10,0:04:19.34,Default,,0000,0000,0000,,Su က "ဂဏန်းများ"ကို ဆိုလိုပါတယ်;\Ngaku ကျတော့ တစ်ခုခုကို လေ့လာမှုပါ။ Dialogue: 0,0:04:19.34,0:04:21.86,Default,,0000,0000,0000,,ဒါကြောင့်မို့လို့ sugaku ရဲ့ အဓိပ္ပါယ်က \N"ဂဏန်းများကို လေ့လာမှု" ဖြစ်ပါတယ်။ Dialogue: 0,0:04:21.86,0:04:25.20,Default,,0000,0000,0000,,အဲဒီလို ဘာသာပြန်မှုဟာ\Nသိပ်ကောင်းလှတယ်လို့ ကျွန်တော် မထင်ပါ၊ Dialogue: 0,0:04:25.28,0:04:27.50,Default,,0000,0000,0000,,အဲဒီလို သုံးနှုန်းမှုက Dialogue: 0,0:04:27.50,0:04:30.36,Default,,0000,0000,0000,,သင်္ချာဟာ ဂဏန်းတွေနဲ့ သက်ဆိုင်တယ်လို့\Nထင်စရာ ရှိနေလို့ပါ။ Dialogue: 0,0:04:31.08,0:04:34.94,Default,,0000,0000,0000,,ဒါပေမဲ့ သင်္ချာ ဆိုတဲ့ စကားလုံးရဲ့ မူရင်းဟာ\Nဂရိ စကားမှဆင်းသက်လာခဲ့တာပါ၊ Dialogue: 0,0:04:35.91,0:04:38.19,Default,,0000,0000,0000,,"ta mathemata" ပါ။ Dialogue: 0,0:04:38.51,0:04:41.92,Default,,0000,0000,0000,,Ta mathemata ရဲ့ အဓိပ္ပါယ်က\N"ရယူခြင်းဖြင့် ရရှိကြတဲ့ အရာများ" ဖြစ်ပါတယ်၊ Dialogue: 0,0:04:42.21,0:04:45.52,Default,,0000,0000,0000,,ဒီနေရာမှာ ရယူခြင်း ဆိုတာက\Nသာမန် ရယူမှုသဘောမျိုး မဟုတ်ပါ။ Dialogue: 0,0:04:45.52,0:04:48.64,Default,,0000,0000,0000,,ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှုပါ။ Dialogue: 0,0:04:48.64,0:04:51.66,Default,,0000,0000,0000,,ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ\Nမရှိတာကို ရယူလေ့ရှိကြပါတယ်၊ Dialogue: 0,0:04:51.66,0:04:55.12,Default,,0000,0000,0000,,ဒါပေမဲ့ ta mathemata ကျတော့\Nရယူခြင်းဖြင့် မိမိတို့ ရရှိကြတာကို ဆိုလိုပါတယ် Dialogue: 0,0:04:55.12,0:04:58.42,Default,,0000,0000,0000,,ဒါပေမဲ့၊ ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတဲ့\Nအရာကို ရယူမှုဖြစ်ပါတယ်။ Dialogue: 0,0:04:58.42,0:05:03.12,Default,,0000,0000,0000,,အဲဒါကို နားလည်ရန် ခက်ပါတယ်။ တနည်းပြောရရင်\Nသင်္ချာပညာကို ၎င်းရဲ့ မူရင်းအနှစ်သာရ အရဆိုရင် Dialogue: 0,0:05:03.12,0:05:08.59,Default,,0000,0000,0000,,ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှု၊\Nကျွန်တော်တို့ သိနှင့်နေတာကို သိလာရမှု ဖြစ်ပါတယ်။ Dialogue: 0,0:05:08.59,0:05:10.84,Default,,0000,0000,0000,,အဲဒါက ဘာကို ဆိုလိုတာပါလိမ့်? Dialogue: 0,0:05:11.87,0:05:15.02,Default,,0000,0000,0000,,ကျွန်တော်တို့ ဂျပန်မှာ Oka Kiyoshi ဆိုတဲ့\Nသင်္ချာပညာရှင် ရှိပါတယ်။ Dialogue: 0,0:05:15.42,0:05:19.60,Default,,0000,0000,0000,,ဒီဟောပြောမှုနောက်မှာ လူတိုင်းဟာ\Nသူ့နာမည်ကို မှတ်မိကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ Dialogue: 0,0:05:19.60,0:05:21.81,Default,,0000,0000,0000,,သူဟာ ကျိုတိုမြို့မှာ နေထိုင်ပါတယ်။ Dialogue: 0,0:05:21.81,0:05:27.98,Default,,0000,0000,0000,,သူဟာ ကမ္ဘာပေါ်က လူသိအများဆုံး\Nဂျပန် သင်္ချာပညာရှင် တစ်ဦးပါပဲ။ Dialogue: 0,0:05:27.98,0:05:31.94,Default,,0000,0000,0000,,အဲဒီ Oka ရဲ့ လုပ်ဆောင်ချက်ဟာ ကြီးမားလွန်းလို့\Nဥရောပတိုက်ထဲက တချို့သူတို့က Dialogue: 0,0:05:31.94,0:05:34.30,Default,,0000,0000,0000,,Oka ဟာ အုပ်စုတစ်ခုရဲ့ \Nအမည်လို့တောင် ထင်မှတ်ခဲ့ကြပါတယ်။ Dialogue: 0,0:05:34.30,0:05:37.54,Default,,0000,0000,0000,,သူဟာ အဲဒါတွေ အားလုံးကို တစ်ယောက်တည်း\Nလုပ်နိုင်ခဲ့တာ သူတို့ မယုံနိုင်ကြဘူး။ Dialogue: 0,0:05:37.54,0:05:41.30,Default,,0000,0000,0000,,လူတစ်ယောက်တည်းက အဲဒါတွေအားလုံးကို \Nလုပ်ခဲ့တာကို သူတို့ လုံးဝ မယုံနိုင်ခဲ့ကြပါ။ Dialogue: 0,0:05:42.61,0:05:45.27,Default,,0000,0000,0000,,Oka ဟာ မဟာသင်္ချာပညာရှင် \Nတစ်ယောက်တင် မကခဲ့ပါ; Dialogue: 0,0:05:45.27,0:05:49.36,Default,,0000,0000,0000,,သူဟာ လေးနက်တဲ့ အတွေးအခေါ်ပညာရှင်၊\Nဒဿနိက ပညာရှင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ Dialogue: 0,0:05:49.36,0:05:52.66,Default,,0000,0000,0000,,သူဟာ ကောက်နှုတ်ချက် စကားတချို့နဲ့\Nလှပတဲ့ စာတမ်းများကိုပါ ချန်ထားခဲ့ပါတယ် Dialogue: 0,0:05:52.66,0:05:55.35,Default,,0000,0000,0000,,သင်္ချာရဲ့ သဘာဝ အကြောင်းနဲ့ ဆက်စပ်လျက်ပါ။ Dialogue: 0,0:05:55.35,0:06:02.41,Default,,0000,0000,0000,,အထူးသဖြင့်၊ သင်္ချာဟာ ပထမဦးဆုံး ဂဏန်းဖြစ်တဲ့\Nတစ် အကြောင်း ဘာမှ ပြောမပြနိုင်ဘူးလို့ Dialogue: 0,0:06:02.41,0:06:05.89,Default,,0000,0000,0000,,ထပ်တလဲလဲ ပြောကြားလေ့ရှိခဲ့ပါတယ်။ Dialogue: 0,0:06:05.89,0:06:09.59,Default,,0000,0000,0000,,ကောင်းပါပြီ၊ ဂဏန်းတွေဟာ သင်္ချာထဲက\Nအရိုးရှင်းဆုံး အရာတွေဖြစ်တာ Dialogue: 0,0:06:09.59,0:06:11.14,Default,,0000,0000,0000,,ရှင်းနေပါတယ်။ Dialogue: 0,0:06:11.14,0:06:16.11,Default,,0000,0000,0000,,ဒါပေမဲ့ ကျွန်တော်တို့က ဘာဖြစ်လို့\Nဂဏန်း တစ် ရှိဖို့လိုအပ်သလဲ Dialogue: 0,0:06:16.11,0:06:18.94,Default,,0000,0000,0000,,ဒါမှမဟုတ် တစ်ဂဏန်းဟာ ဘာဖြစ်လို့ ပထမနေရာမှာ\Nရှိနေရတာလဲ ဆိုတာကို ရှင်းပြလိုကြပါက၊ Dialogue: 0,0:06:18.94,0:06:21.100,Default,,0000,0000,0000,,သင်္ချာနည်းဖြင့် ဒါမှမဟုတ် အကျိုးအကြောင်းဖြင့်\Nရှင်းပြရန် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ Dialogue: 0,0:06:21.100,0:06:26.06,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ တစ် ဂဏန်း ရှိနေခြင်းကို\Nသက်သေထူပြရန် ဒါမှမဟုတ် ရှင်းပြရန်၊ Dialogue: 0,0:06:26.06,0:06:29.84,Default,,0000,0000,0000,,တစ် ဂဏန်း ရှိနေခြင်း အကြောင်းရင်း ဒါမှမဟုတ်\Nတစ်ဂဏန်း ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြရန် မဖြစ်နိုင်ပါ။ Dialogue: 0,0:06:29.84,0:06:31.67,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ အဲဒါကို ယုံကြည်ကြရုံပါပဲ။ Dialogue: 0,0:06:32.93,0:06:36.18,Default,,0000,0000,0000,,တစ်ခုခုကို အခြေအမြစ် ဘယ်လိုမှမရှိဘဲ \Nယုံကြည်ခြင်းပါပဲ။ Dialogue: 0,0:06:37.16,0:06:40.90,Default,,0000,0000,0000,,ကျွန်တော်တို့ စိတ်ရဲ့ \Nအဲဒီလို ယုံကြည်မှု စွမ်းပကားသာ မရှိခဲ့ရင်၊ Dialogue: 0,0:06:40.90,0:06:43.77,Default,,0000,0000,0000,,သင်္ချာဟာ လုံးဝကို အခြေအမြစ်မရှိ၊ \Nအဓိပ္ပါယ်မရှိ ဖြစ်ခဲ့မှာပါ။ Dialogue: 0,0:06:45.32,0:06:50.27,Default,,0000,0000,0000,,ဒီတော့ ရုတ်တရက်ဆိုရင်၊ သင်္ချာဟာ\Nဂဏန်းတွေ နဲ့ တွက်ချက်မှု အကြောင်း Dialogue: 0,0:06:50.27,0:06:54.64,Default,,0000,0000,0000,,ဆင်ခြင်းတွေးခေါ်မှု စတဲ့ အကြောင်းထင်ရပေမဲ့\Nအဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားရဲ့ အောက်ခြေမှာ Dialogue: 0,0:06:54.64,0:07:00.80,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ အရာဖြစ်နေကာ\Nအဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားတွေကို အားဖြည့်ပေးနေတာပါ။ Dialogue: 0,0:07:00.80,0:07:03.94,Default,,0000,0000,0000,,ဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ ဗဟိုထဲတွင်\Nရှိနေတာက ဂဏန်းတွေမဟုတ်ကြပါ၊ Dialogue: 0,0:07:03.94,0:07:06.83,Default,,0000,0000,0000,,ဆင်ခြင်တုံတရားလည်း မဟုတ်၊\Nတွက်ချက်မှုလည်း မဟုတ်၊ Dialogue: 0,0:07:06.83,0:07:10.78,Default,,0000,0000,0000,,ကြီးမားလှတဲ့ ကျွန်တော်ရဲ့ အတွင်းပိုင်း \Nစကြာဝဠာကြီး ရှိပါတယ်၊ Dialogue: 0,0:07:11.59,0:07:16.12,Default,,0000,0000,0000,,အဲဒါကို Oka Kiyoshi က "Joocho" ဆိုပြီး \Nခေါ်ခဲ့ပါတယ်။ Dialogue: 0,0:07:17.50,0:07:20.40,Default,,0000,0000,0000,,Joocho ဟာ သိပ်ကို ရှင်းပြရခက်တဲ့ ဂျပန်စကားလုံးပါ။ Dialogue: 0,0:07:20.40,0:07:22.69,Default,,0000,0000,0000,,ကျွန်တော်ဟာ အဲဒါ့အတွက် ဘာသာပြန် \Nစကားလုံးကောင်းကို ရှာကြံခဲ့ပါသေးတယ်၊ Dialogue: 0,0:07:22.69,0:07:25.72,Default,,0000,0000,0000,,Joocho ကို ထင်ဟပ်ပေးနိုင်မယ့်\Nအင်္ဂလိပ်စကားလုံးကောင်းကို ရှာကြည့်ခဲ့ပါတယ်၊ Dialogue: 0,0:07:25.72,0:07:28.30,Default,,0000,0000,0000,,ဒါပေမဲ့ ကံဆိုးချင်တော့ ကျွန်တော်ဟာ ရှာမရခဲ့ပါ။ Dialogue: 0,0:07:28.30,0:07:30.93,Default,,0000,0000,0000,,ဒါကြောင့်မို့လို့ အဲဒါကို Joocho လို့ပဲ \Nဆက်ခေါ်ကြရအောင်။ Dialogue: 0,0:07:30.93,0:07:33.35,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:07:33.35,0:07:37.17,Default,,0000,0000,0000,,ဒီတော့ Oka က ရှင်းပြခဲ့သို\Nသင်္ချာဟာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊ Dialogue: 0,0:07:37.17,0:07:39.85,Default,,0000,0000,0000,,သင်္ချာဟာ တွက်ချက်မှု အကြောင်း မဟုတ်ပါ၊\Nသင်္ချာဟာ ဆင်ခြင်တုံတရားနဲ့လည်း မဆိုင်ပါ၊ Dialogue: 0,0:07:39.85,0:07:42.29,Default,,0000,0000,0000,,သင်္ချာဟာ joocho အကြောင်းပါ။ Dialogue: 0,0:07:42.29,0:07:45.22,Default,,0000,0000,0000,,အဲဒါဟာ မိမိစိတ်ထဲကို ကြည့်ရှုမှုပါ၊ ပြီးတော့ Dialogue: 0,0:07:47.28,0:07:49.98,Default,,0000,0000,0000,,မိမိရဲ့ အတ္တကို ထိတွေ့မှုလည်း ဖြစ်ပါတယ်၊ Dialogue: 0,0:07:49.98,0:07:55.03,Default,,0000,0000,0000,,မိမိထဲက ကြွယ်ဝတဲ့ အတွင်းပိုင်း စကြာဝဠာကို\Nတို့ထိကြည့်မှု၊ ခင်ဗျားတို့ရဲ့ Joocho ပါပဲ။ Dialogue: 0,0:07:55.03,0:07:58.49,Default,,0000,0000,0000,,ဒီတော့ ခင်ဗျားတို့ဟာ သင်္ချာကို လိုက်စားချင်ရင်\Nပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ။ Dialogue: 0,0:07:58.49,0:08:00.45,Default,,0000,0000,0000,,သိပ်ကြီး ခက်ခဲတာမျိုး မဖြစ်သင့်ပါ။ Dialogue: 0,0:08:00.45,0:08:03.52,Default,,0000,0000,0000,,ဘယ်သူကမှ သက်သေထူမပြနိုင်သေးတဲ့\Nသီအိုရီကို သက်သေထူပြတာမျိုး မလိုအပ်ပါ။ Dialogue: 0,0:08:03.52,0:08:06.25,Default,,0000,0000,0000,,ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ၊\Nလွယ်ကူတာ ဖြစ်ပါစေ၊ Dialogue: 0,0:08:06.25,0:08:09.69,Default,,0000,0000,0000,,ပြီးတော့ အဲဒါကို အာရုံပြုနေပါ၊\Nကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ အားထုတ်ပါ။ Dialogue: 0,0:08:09.69,0:08:11.64,Default,,0000,0000,0000,,အဖြေတွေကို သွားမကြည့်ပါနဲ့။ မလိမ်ညာပါနဲ့။ Dialogue: 0,0:08:11.64,0:08:16.40,Default,,0000,0000,0000,,ခင်ဗျားဟာ ကိုယ့်ဘာသာကိုယ် အဖြေကို မတွေ့မချင်း\Nဒီပြဿနာအကြောင်းကို စဉ်းစားကြည့်နေပါ။ Dialogue: 0,0:08:17.09,0:08:21.55,Default,,0000,0000,0000,,ခင်ဗျားဟာ သည်းခံစိတ်ရှိရန် လိုမယ်၊\Nတချိန်လုံး အာရုံစူးစိုင်နေရန် လိုတယ်။ Dialogue: 0,0:08:21.99,0:08:26.88,Default,,0000,0000,0000,,အကြောင်းအရာ တစ်ခုတည်းကို အာရုံစိုက်နေရန်နဲ့\Nသည်းခံစိတ်ရှိရေးဟာ သိပ်ကို အရေးကြီးပါတယ်။ Dialogue: 0,0:08:27.17,0:08:33.01,Default,,0000,0000,0000,,အဲဒီလို အာရုံစူးစိုက်နေချိန်မှာ၊ ခင်ဗျားတို့ဟာ\Nကိုယ့်စိတ်ကိုပါ ထိတွေ့ခံစားနိုင်ပါတယ်။ Dialogue: 0,0:08:33.01,0:08:37.93,Default,,0000,0000,0000,,ပြီးတော့ ခင်ဗျားတို့ဟာ ကံကောင်းမယ်ဆိုရင်၊\Nခင်ဗျားဟာ ခင်ဗျာ့စိတ်ထဲက Joocho ပင်လယ်ကြီးထဲတွင် Dialogue: 0,0:08:37.93,0:08:41.02,Default,,0000,0000,0000,,ရေကူးရင်း မျောနေတာကို ခံစားလာရမှာပါ။ Dialogue: 0,0:08:41.02,0:08:43.91,Default,,0000,0000,0000,,အချိန်ရှိတဲ့အခါမှာ အဲဒါကို စမ်းကြည့်ကြပါ။ Dialogue: 0,0:08:43.93,0:08:48.10,Default,,0000,0000,0000,,ဒီတော့ ဒါဟာ သင်္ချာဆိုင်ရာ \Nတိုတောင်းတဲ့ ဟောပြောချက်ပါ။ Dialogue: 0,0:08:48.10,0:08:51.05,Default,,0000,0000,0000,,တကယ်တော့ ကျွန်တော်က ပါးပေးလိုတဲ့ \Nအချက်ကတစ်ခုတည်းပါ။ Dialogue: 0,0:08:51.05,0:08:55.16,Default,,0000,0000,0000,,သင်္ချာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊\Nသင်္ချာဟာ တွက်ချက်မှု သက်သက် မဟုတ်ပါ၊ Dialogue: 0,0:08:55.52,0:08:57.83,Default,,0000,0000,0000,,သင်္ချာဟာ ဆင်ခြင်တုံတရား သက်သက်လည်း မဟုတ်ပါ၊ Dialogue: 0,0:08:57.83,0:09:00.88,Default,,0000,0000,0000,,သင်္ချာဟာ သင့်စိတ်တွင်းပိုင်းကို ကြည့်ရှုမှုပါ။ Dialogue: 0,0:09:00.88,0:09:04.14,Default,,0000,0000,0000,,ခင်ဗျားရဲ့ အတွင်းပိုင်း အတ္တနဲ့၊ \Nအတွင်းပိုင်း စကြာဝဠာနဲ့ ထိတွေ့မှုပါ၊ Dialogue: 0,0:09:04.14,0:09:09.66,Default,,0000,0000,0000,,ခင်ဗျားတို့ရဲ့ အတွင်းပိုင်းထဲက ကြွယ်ဝလှတဲ့\NJoocho အပြည့်အဝနဲ့ ထိတွေ့မှုပါပဲ။ Dialogue: 0,0:09:09.66,0:09:14.58,Default,,0000,0000,0000,,အဲဒီလိုဆိုတော့၊ လူတိုင်းဟာ၊ ခင်ဗျားတို့အပါအဝင်ဟာ၊\Nသင်္ချာပညာရှင် ဖြစ်နိုင်ပါတယ်။ Dialogue: 0,0:09:14.58,0:09:16.12,Default,,0000,0000,0000,,ကျေးဇူးအထူးတင်ပါတယ်။ Dialogue: 0,0:09:16.12,0:09:17.99,Default,,0000,0000,0000,,(လက်ခုပ်တီးသံများ) Dialogue: 0,0:09:17.99,0:09:18.85,Default,,0000,0000,0000,,ကျေးဇူးတင်ပါတယ်။