1 00:00:20,352 --> 00:00:23,215 ကောင်းပြီ၊ ကျွန်တော် သင်္ချာအကြောင်း ပြောပါရစေ။. 2 00:00:23,760 --> 00:00:26,026 ခင်ဗျားတို့အားလုံး သင်္ချာကို ကြိုက်ကြတယ်နော်? 3 00:00:27,028 --> 00:00:32,157 သိပ်မကြိုက်ကြဘူးလား? လူတိုင်း သင်္ချာကို ကြိုက်ကြတာ ကျွန်တော် သိပါတယ်။ 4 00:00:32,909 --> 00:00:36,767 အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ထဲမှာ သင်္ချာကို မုန်းကြသူ ဘယ်လောက်များလဲ? 5 00:00:37,303 --> 00:00:39,877 သိပ်မများဘူး။ အဲဒါကောင်းတယ်! 6 00:00:39,877 --> 00:00:42,868 ကျွန်တော်စိတ်ထင် သင်္ချာကို မုန်းကြတယ်လို့ ထင်ကြသူတချို့တို့ဟာ 7 00:00:42,868 --> 00:00:46,390 သင်္ချာဆိုတာ ကိန်းဂဏန်းတွေ၊ တွက်ချက်မှုတွေ ပြီးတော့ ဖေါ်မြူလာတွေ၊ 8 00:00:46,390 --> 00:00:48,834 စိတ်ညစ်စရာ အခြားအရာတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြပါတယ်။ 9 00:00:48,834 --> 00:00:51,496 အဲဒါ မဟုတ်ုမှန်တာကို ကျွန်တော် ပြောချင်ပါတယ်။ 10 00:00:51,496 --> 00:00:54,587 ၁၉ ရာစုတုန်းက နာမည်ကြီး နောက်ပြောင်စရာ တစ်ခုကို ပြောပါမယ်၊ 11 00:00:54,587 --> 00:00:57,643 နာမည်ကြီး သင်္ချာပညာရှင်ကြီး Ernst Kummer ဆိုသူ ရှိခဲ့ပါတယ်။ 12 00:00:57,814 --> 00:01:01,011 သူဟာ တကယ့်ကို နာမည်ကြီး သင်္ချာပညာရှင်ဖြစ်သလို 13 00:01:01,011 --> 00:01:04,620 သူ့ကို "သင်္ချာပညာရဲ့ ဖခင်၊" "ဂဏန်းသီအိုရီရဲ့ ဖခင်" လို့လည်း ခေါ်ကြတယ်။ 14 00:01:05,010 --> 00:01:09,119 ဒါပေမဲ့၊ တကယ်တမ်းတွင် သူဟာ ကိန်းဂဏန်းတွေကို ကိုင်တွယ်ရာမှာ သိပ်မတော်ခဲ့ပါ။ 15 00:01:09,939 --> 00:01:16,413 သူဟာ ပို့ချခန်း တစ်ခုတုန်းက ၇ x ၉ ကို တွက်မရဖြစ်နေခဲ့ပါတယ်။ 16 00:01:17,083 --> 00:01:24,362 အဲဒါနဲ့ သူဟာ သင်ပုန်းပေါ်မှာ ရေးနေရင်း ၇ x ၉ က ဘယ်လောက်လဲ?" မေးနေခဲ့တယ်။ 17 00:01:24,362 --> 00:01:28,542 ကျောင်းသား တစ်ယောက်က "အဲဒါ ၆၁ ပါဆရာ"၊ နောက်တစ်ယောက်က "အဲဒါ ၆၉ ပါဆရာ"လို့ ဖြေကြတယ်။ 18 00:01:29,142 --> 00:01:32,259 အဲဒီနောက်မှာ Kummer က၊ "နေစမ်းပါအုံး! မင်းတို့ ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ကြပါ၊ 19 00:01:32,259 --> 00:01:36,201 အဖြေဟာ ၆၁ ရော ၆၉ ပါ နှစ်မျိုး မဖြစ်နိုင်ဘူး။ အဲဒီထဲက တစ်ခုပဲ ဖြစ်ရမယ်။" 20 00:01:37,231 --> 00:01:41,725 အဲဒီဖြစ်ရပ်ဟာ ရယ်စရာ ကောင်းတယ်လို့ ယူဆကြပါတယ်။ ဟုတ်ကဲ့ နာမည်ကြီး ဟာသတစ်ခုပါပဲ။ 21 00:01:41,725 --> 00:01:44,121 ဒါကြောင့်မို့လို့ သင်္ချာဆရာ အားလုံးတို့ဟာ ကိန်းဂဏန်းတွေကို ကျွမ်းကျင်မှ ကျွမ်းကျင်မှာပါ။ 22 00:01:46,711 --> 00:01:49,764 သူဟာ ကိန်းဂဏန်းဆိုင်ရာ သီအိုရီရှင်အဖြစ် နာမည်ကြီးပါတယ်။ အိုကေ၊ ကျေးဇူးတင်ပါတယ်။ 23 00:01:49,764 --> 00:01:54,367 ဒါပေမဲ့၊ သင်္ချာဟာ ကိန်းဂဏန်း အကြောင်းသက်သက် မဟုတ်ပါ။ 24 00:01:54,367 --> 00:01:58,130 ကျွန်တော်ဟာ ကိန်းဂဏန်းတွေ အကြောင်းကို မပြောဘဲနဲ့ သင်္ချာအကြောင်းကို အနားမနေ ပြောနိုင်ပါတယ်၊ 25 00:01:58,130 --> 00:02:00,949 တစ်ရက်ကြာ၊ တစ်ပတ်ကြာ ခင်ဗျားတို့ လိုချင်သလောက် ပြောနေနိုင်ပါတယ်။ 26 00:02:00,949 --> 00:02:03,274 နေ့စဉ်လိုလို သီအိုရီ အသစ်တစ်ခုကို သက်သေထူပြကြပါတယ်၊ 27 00:02:03,274 --> 00:02:07,399 အယူအဆအသစ် ပေါ်လာနေပါတယ်၊ ခံယူချက် အသစ်တစ်ခုကို ဖန်တီးနေကြပါတယ်။ 28 00:02:07,669 --> 00:02:11,586 သင်္ချာဟာ အဆုံးမသတ်နိုင်တဲ့ ဖန်တီးတီထွင်ရေး ပညာပါပဲ။ 29 00:02:12,296 --> 00:02:14,768 အဲဒါဟာ ဂီတပညာနဲ့ ဆင်တူသလိုပါပဲ။ 30 00:02:14,808 --> 00:02:17,520 ဥပမာဆိုပါစို့၊ တစ်ယောက်ရဲ့ ယဉ်ကျေးမှုနဲ့ သင်္ချာထဲက နေထိုင်မှု နေရာကို လိုက်ပြီး 31 00:02:17,520 --> 00:02:21,200 ဘာယ်ဟာကဖြင့် အရမ်းကို ကောင်းတယ်၊ မကောင်းဘူးဆိုတာ မူတည်ပါတယ်။ 32 00:02:21,200 --> 00:02:25,333 ဥမာ၊ တချို့သူတို့ကCategory Theory ဟာ အရမ်းစိတ်ဝင်စားစရာလို့ ထင်ပါတယ်။ 33 00:02:25,933 --> 00:02:27,966 ဒါပေမဲ့၊ ခင်ဗျားတို့ဟာ အဲဒီ Category Theory ကိုသိချင်မှသိကြမှာပါ။ 34 00:02:27,966 --> 00:02:31,825 တချို့ကျတော့ Set Theory ဟာ အရမ်းကို စွဲမက်စရာကြီးလို့ ထင်ကြတယ်။ 35 00:02:32,825 --> 00:02:33,994 အေးဗျာ၊ ဟုတ်နိုင်တယ်။ 36 00:02:35,684 --> 00:02:38,023 ပြီးတော့ တချို့နိုင်ငံတွေမှာ၊ 37 00:02:38,023 --> 00:02:40,865 လူတချို့တို့ဟာ လက်ဆုပ်လက်ကိုင် အရာတွေကို ကိုင်တွယ်ရာမှာ တော်ကြတယ်၊ 38 00:02:40,865 --> 00:02:44,168 တချို့နိုင်ငံတွေမှာကျတော့ စိတ်ကူးသက်သက် အရာတွေကို ကိုင်တွယ်တတ်ကြတယ်။ 39 00:02:45,218 --> 00:02:47,888 ဒီတော့ သင်္ချာဟာ ခင်ဗျားတို့ ထင်သလို ကျစ်လစ်တဲ့ အရာမဟုတ်ပါ။ 40 00:02:49,038 --> 00:02:52,170 ဒါပေမဲ့ သင်္ချာ နဲ့ ဂီတအကြား အကြီးမားဆုံး ခြားနားချက်က 41 00:02:52,170 --> 00:02:55,933 ဂီတလောကထဲမှာ အံ့အားသင့်စရာ တေးစပ်ဆရာတွေ ရှိကြတယ်၊ 42 00:02:55,933 --> 00:02:59,809 သူတို့ဟာ ဂီတကို ဖန်တီးလျက် ထုတ်လုပ်ပေးပါတယ်၊ အဲဒီတစ်ချိန်တည်းမှာ 43 00:02:59,809 --> 00:03:02,671 အံ့ဩဖွယ် ဂီတကို တီးမှုတ်ပေးနိုင်တဲ့ သူတွေ ရှိပါတယ်။ 44 00:03:03,071 --> 00:03:06,266 ဒါကြောင့်မို့လို့ Bach၊ Beethoven၊ Mozart တို့ ရှိလာခဲ့ကြပါတယ်။ 45 00:03:06,266 --> 00:03:08,514 အဲဒီလို မဟာတေးစပ်ဆရာများက လှပတဲ့ ဂီတတွေကို ဖန်တီးပေးခဲ့ကြပါတယ်၊ 46 00:03:08,514 --> 00:03:11,892 ဒါပေမဲ့ မဟာ တီးမှုတ်ဆရာတို့ရဲ့ ကျေးဇူးတော်ဖြင့် ကျွန်တော်တို့ဟာ အဲဒီဂီတကို နားဆင်ခံယူနိုင်ပါတယ်၊ 47 00:03:11,892 --> 00:03:15,306 Glenn Gould နဲ့ Yo-Yo Ma၊ ပြီးတော အခြားတီးမှုတ်ပညာရှင်များက ဂီတကို တီးပေးကြပါတယ်၊ 48 00:03:15,306 --> 00:03:18,796 အဲဒါကြောင့်မို့လို့သာ ကျွန်တော်တို့ဟာ လှပတဲ့ ဂီတကို ရယူခံစားနိုင်ကြပါတယ်။ 49 00:03:18,796 --> 00:03:22,158 ဒါပေမဲ့၊ သင်္ချာလောကထဲမှာကျတော့၊ ကံဆိုးချင်တော့၊ 50 00:03:22,158 --> 00:03:26,154 မဟာ တေးစပ်ဆရာကြီးတွေ ရှိကာ နေ့စဉ်နဲ့အမျှ သင်္ချာတွေကို အများကြီး ဖန်တီးနိုင်ပေမဲ့၊ 51 00:03:26,154 --> 00:03:28,590 သင်္ချာကို တီးမှုတ်ပြပေးသူ ဘယ်သူမှမရှိပါ။ 52 00:03:30,090 --> 00:03:34,218 အဲဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ အလှတရားကို ကျွမ်းးကျင်ကြတဲ့ သင်္ချာပညာရှင်များသာ 53 00:03:34,218 --> 00:03:36,515 ရယူခံစားနိုင်ကြပါတယ်။ 54 00:03:36,515 --> 00:03:39,359 ကျွန်တော် အဲဒါကို နည်းနည်းလေး ပြောင်းလဲပစ်ချင်ပါတယ်။ 55 00:03:39,359 --> 00:03:42,375 တကယ်တမ်းက၊၊ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ကျွန်တော်ဟာ သင်္ချာပဒေသာပွဲကို တင်ဆက်လာနေပါပြီ။ 56 00:03:42,375 --> 00:03:48,128 ဒီလို ခန်းမကြီး၊ စားသောက်ဆိုင်၊ ဘုရားကျောင်း နေရာမျိုးမှာ ကျွန်တော်ဟာ သင်္ချာအကြောင်း ဟောပြောပေးပါတယ်၊ 57 00:03:48,128 --> 00:03:52,110 သင်္ချာပညာရှင် မဟုတ်ကြသူတို့က သင်္ချာပညာရှင်တွေကို နားထောင်ဖို့ လာကြပါတယ်။ 58 00:03:52,110 --> 00:03:57,984 ကျွန်တော် တစ်ယောက်တည်းမကဘဲ များပြားလှတဲ့သူတွေကပါ သင်္ချာပဒေသာပွဲတွေ ကျင်းမှာကို မျှော်လင့်ပါတယ်၊ 59 00:03:57,984 --> 00:04:03,632 အဲဒီလိုနည်းဖြင့် သင်္ချာရဲ့ လှပတဲ့ ကမ္ဘာကြီးကို သင်္ချာပညာရှင် မဟုတ်ကြသူတွေ ခံစားလာနိုင်ပါမယ်။ 60 00:04:05,062 --> 00:04:10,388 အခုတော့ ကျွန်တော်တို့ရဲ့ အကြောင်းအရာဆီ ပြန်သွားမယ်။ ကျွန်တော်ပြောခဲ့သလို သင်္ချာဟာ ဂဏန်းတွေချည်း မဟုတ်ပါ။ 61 00:04:10,388 --> 00:04:11,875 ဒီလိုဆို ဘာတွေ အကြောင်းများပါလိမ့်? 62 00:04:12,725 --> 00:04:15,802 သင်္ချာပညာကို ဂျပန်ဘာသာထဲမှာ "Sugaku" လို့ ခေါ်ပါတယ်။ 63 00:04:16,102 --> 00:04:19,341 Su က "ဂဏန်းများ"ကို ဆိုလိုပါတယ်; gaku ကျတော့ တစ်ခုခုကို လေ့လာမှုပါ။ 64 00:04:19,341 --> 00:04:21,865 ဒါကြောင့်မို့လို့ sugaku ရဲ့ အဓိပ္ပါယ်က "ဂဏန်းများကို လေ့လာမှု" ဖြစ်ပါတယ်။ 65 00:04:21,865 --> 00:04:25,195 အဲဒီလို ဘာသာပြန်မှုဟာ သိပ်ကောင်းလှတယ်လို့ ကျွန်တော် မထင်ပါ၊ 66 00:04:25,285 --> 00:04:27,497 အဲဒီလို သုံးနှုန်းမှုက 67 00:04:27,497 --> 00:04:30,359 သင်္ချာဟာ ဂဏန်းတွေနဲ့ သက်ဆိုင်တယ်လို့ ထင်စရာ ရှိနေလို့ပါ။ 68 00:04:31,079 --> 00:04:34,941 ဒါပေမဲ့ သင်္ချာ ဆိုတဲ့ စကားလုံးရဲ့ မူရင်းဟာ ဂရိ စကားမှဆင်းသက်လာခဲ့တာပါ၊ 69 00:04:35,911 --> 00:04:38,191 "ta mathemata" ပါ။ 70 00:04:38,511 --> 00:04:41,922 Ta mathemata ရဲ့ အဓိပ္ပါယ်က "ရယူခြင်းဖြင့် ရရှိကြတဲ့ အရာများ" ဖြစ်ပါတယ်၊ 71 00:04:42,212 --> 00:04:45,519 ဒီနေရာမှာ ရယူခြင်း ဆိုတာက သာမန် ရယူမှုသဘောမျိုး မဟုတ်ပါ။ 72 00:04:45,519 --> 00:04:48,644 ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှုပါ။ 73 00:04:48,644 --> 00:04:51,660 ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ မရှိတာကို ရယူလေ့ရှိကြပါတယ်၊ 74 00:04:51,660 --> 00:04:55,118 ဒါပေမဲ့ ta mathemata ကျတော့ ရယူခြင်းဖြင့် မိမိတို့ ရရှိကြတာကို ဆိုလိုပါတယ် 75 00:04:55,118 --> 00:04:58,421 ဒါပေမဲ့၊ ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတဲ့ အရာကို ရယူမှုဖြစ်ပါတယ်။ 76 00:04:58,421 --> 00:05:03,120 အဲဒါကို နားလည်ရန် ခက်ပါတယ်။ တနည်းပြောရရင် သင်္ချာပညာကို ၎င်းရဲ့ မူရင်းအနှစ်သာရ အရဆိုရင် 77 00:05:03,120 --> 00:05:08,589 ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှု၊ ကျွန်တော်တို့ သိနှင့်နေတာကို သိလာရမှု ဖြစ်ပါတယ်။ 78 00:05:08,589 --> 00:05:10,838 အဲဒါက ဘာကို ဆိုလိုတာပါလိမ့်? 79 00:05:11,868 --> 00:05:15,021 ကျွန်တော်တို့ ဂျပန်မှာ Oka Kiyoshi ဆိုတဲ့ သင်္ချာပညာရှင် ရှိပါတယ်။ 80 00:05:15,421 --> 00:05:19,603 ဒီဟောပြောမှုနောက်မှာ လူတိုင်းဟာ သူ့နာမည်ကို မှတ်မိကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ 81 00:05:19,603 --> 00:05:21,808 သူဟာ ကျိုတိုမြို့မှာ နေထိုင်ပါတယ်။ 82 00:05:21,808 --> 00:05:27,985 သူဟာ ကမ္ဘာပေါ်က လူသိအများဆုံး ဂျပန် သင်္ချာပညာရှင် တစ်ဦးပါပဲ။ 83 00:05:27,985 --> 00:05:31,941 အဲဒီ Oka ရဲ့ လုပ်ဆောင်ချက်ဟာ ကြီးမားလွန်းလို့ ဥရောပတိုက်ထဲက တချို့သူတို့က 84 00:05:31,941 --> 00:05:34,295 Oka ဟာ အုပ်စုတစ်ခုရဲ့ အမည်လို့တောင် ထင်မှတ်ခဲ့ကြပါတယ်။ 85 00:05:34,295 --> 00:05:37,544 သူဟာ အဲဒါတွေ အားလုံးကို တစ်ယောက်တည်း လုပ်နိုင်ခဲ့တာ သူတို့ မယုံနိုင်ကြဘူး။ 86 00:05:37,544 --> 00:05:41,301 လူတစ်ယောက်တည်းက အဲဒါတွေအားလုံးကို လုပ်ခဲ့တာကို သူတို့ လုံးဝ မယုံနိုင်ခဲ့ကြပါ။ 87 00:05:42,611 --> 00:05:45,266 Oka ဟာ မဟာသင်္ချာပညာရှင် တစ်ယောက်တင် မကခဲ့ပါ; 88 00:05:45,266 --> 00:05:49,362 သူဟာ လေးနက်တဲ့ အတွေးအခေါ်ပညာရှင်၊ ဒဿနိက ပညာရှင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ 89 00:05:49,362 --> 00:05:52,655 သူဟာ ကောက်နှုတ်ချက် စကားတချို့နဲ့ လှပတဲ့ စာတမ်းများကိုပါ ချန်ထားခဲ့ပါတယ် 90 00:05:52,655 --> 00:05:55,351 သင်္ချာရဲ့ သဘာဝ အကြောင်းနဲ့ ဆက်စပ်လျက်ပါ။ 91 00:05:55,351 --> 00:06:02,406 အထူးသဖြင့်၊ သင်္ချာဟာ ပထမဦးဆုံး ဂဏန်းဖြစ်တဲ့ တစ် အကြောင်း ဘာမှ ပြောမပြနိုင်ဘူးလို့ 92 00:06:02,406 --> 00:06:05,889 ထပ်တလဲလဲ ပြောကြားလေ့ရှိခဲ့ပါတယ်။ 93 00:06:05,889 --> 00:06:09,586 ကောင်းပါပြီ၊ ဂဏန်းတွေဟာ သင်္ချာထဲက အရိုးရှင်းဆုံး အရာတွေဖြစ်တာ 94 00:06:09,586 --> 00:06:11,135 ရှင်းနေပါတယ်။ 95 00:06:11,135 --> 00:06:16,109 ဒါပေမဲ့ ကျွန်တော်တို့က ဘာဖြစ်လို့ ဂဏန်း တစ် ရှိဖို့လိုအပ်သလဲ 96 00:06:16,109 --> 00:06:18,941 ဒါမှမဟုတ် တစ်ဂဏန်းဟာ ဘာဖြစ်လို့ ပထမနေရာမှာ ရှိနေရတာလဲ ဆိုတာကို ရှင်းပြလိုကြပါက၊ 97 00:06:18,941 --> 00:06:21,998 သင်္ချာနည်းဖြင့် ဒါမှမဟုတ် အကျိုးအကြောင်းဖြင့် ရှင်းပြရန် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ 98 00:06:21,998 --> 00:06:26,060 ကျွန်တော်တို့ဟာ တစ် ဂဏန်း ရှိနေခြင်းကို သက်သေထူပြရန် ဒါမှမဟုတ် ရှင်းပြရန်၊ 99 00:06:26,060 --> 00:06:29,839 တစ် ဂဏန်း ရှိနေခြင်း အကြောင်းရင်း ဒါမှမဟုတ် တစ်ဂဏန်း ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြရန် မဖြစ်နိုင်ပါ။ 100 00:06:29,839 --> 00:06:31,672 ကျွန်တော်တို့ဟာ အဲဒါကို ယုံကြည်ကြရုံပါပဲ။ 101 00:06:32,932 --> 00:06:36,178 တစ်ခုခုကို အခြေအမြစ် ဘယ်လိုမှမရှိဘဲ ယုံကြည်ခြင်းပါပဲ။ 102 00:06:37,156 --> 00:06:40,900 ကျွန်တော်တို့ စိတ်ရဲ့ အဲဒီလို ယုံကြည်မှု စွမ်းပကားသာ မရှိခဲ့ရင်၊ 103 00:06:40,900 --> 00:06:43,767 သင်္ချာဟာ လုံးဝကို အခြေအမြစ်မရှိ၊ အဓိပ္ပါယ်မရှိ ဖြစ်ခဲ့မှာပါ။ 104 00:06:45,317 --> 00:06:50,270 ဒီတော့ ရုတ်တရက်ဆိုရင်၊ သင်္ချာဟာ ဂဏန်းတွေ နဲ့ တွက်ချက်မှု အကြောင်း 105 00:06:50,270 --> 00:06:54,644 ဆင်ခြင်းတွေးခေါ်မှု စတဲ့ အကြောင်းထင်ရပေမဲ့ အဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားရဲ့ အောက်ခြေမှာ 106 00:06:54,644 --> 00:07:00,798 ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ အရာဖြစ်နေကာ အဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားတွေကို အားဖြည့်ပေးနေတာပါ။ 107 00:07:00,798 --> 00:07:03,935 ဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ ဗဟိုထဲတွင် ရှိနေတာက ဂဏန်းတွေမဟုတ်ကြပါ၊ 108 00:07:03,935 --> 00:07:06,832 ဆင်ခြင်တုံတရားလည်း မဟုတ်၊ တွက်ချက်မှုလည်း မဟုတ်၊ 109 00:07:06,832 --> 00:07:10,781 ကြီးမားလှတဲ့ ကျွန်တော်ရဲ့ အတွင်းပိုင်း စကြာဝဠာကြီး ရှိပါတယ်၊ 110 00:07:11,591 --> 00:07:16,123 အဲဒါကို Oka Kiyoshi က "Joocho" ဆိုပြီး ခေါ်ခဲ့ပါတယ်။ 111 00:07:17,503 --> 00:07:20,402 Joocho ဟာ သိပ်ကို ရှင်းပြရခက်တဲ့ ဂျပန်စကားလုံးပါ။ 112 00:07:20,402 --> 00:07:22,694 ကျွန်တော်ဟာ အဲဒါ့အတွက် ဘာသာပြန် စကားလုံးကောင်းကို ရှာကြံခဲ့ပါသေးတယ်၊ 113 00:07:22,694 --> 00:07:25,720 Joocho ကို ထင်ဟပ်ပေးနိုင်မယ့် အင်္ဂလိပ်စကားလုံးကောင်းကို ရှာကြည့်ခဲ့ပါတယ်၊ 114 00:07:25,720 --> 00:07:28,295 ဒါပေမဲ့ ကံဆိုးချင်တော့ ကျွန်တော်ဟာ ရှာမရခဲ့ပါ။ 115 00:07:28,295 --> 00:07:30,934 ဒါကြောင့်မို့လို့ အဲဒါကို Joocho လို့ပဲ ဆက်ခေါ်ကြရအောင်။ 116 00:07:30,934 --> 00:07:33,353 (ရယ်မောသံများ) 117 00:07:33,353 --> 00:07:37,166 ဒီတော့ Oka က ရှင်းပြခဲ့သို သင်္ချာဟာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊ 118 00:07:37,166 --> 00:07:39,850 သင်္ချာဟာ တွက်ချက်မှု အကြောင်း မဟုတ်ပါ၊ သင်္ချာဟာ ဆင်ခြင်တုံတရားနဲ့လည်း မဆိုင်ပါ၊ 119 00:07:39,850 --> 00:07:42,294 သင်္ချာဟာ joocho အကြောင်းပါ။ 120 00:07:42,294 --> 00:07:45,218 အဲဒါဟာ မိမိစိတ်ထဲကို ကြည့်ရှုမှုပါ၊ ပြီးတော့ 121 00:07:47,278 --> 00:07:49,981 မိမိရဲ့ အတ္တကို ထိတွေ့မှုလည်း ဖြစ်ပါတယ်၊ 122 00:07:49,981 --> 00:07:55,026 မိမိထဲက ကြွယ်ဝတဲ့ အတွင်းပိုင်း စကြာဝဠာကို တို့ထိကြည့်မှု၊ ခင်ဗျားတို့ရဲ့ Joocho ပါပဲ။ 123 00:07:55,026 --> 00:07:58,489 ဒီတော့ ခင်ဗျားတို့ဟာ သင်္ချာကို လိုက်စားချင်ရင် ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ။ 124 00:07:58,489 --> 00:08:00,451 သိပ်ကြီး ခက်ခဲတာမျိုး မဖြစ်သင့်ပါ။ 125 00:08:00,451 --> 00:08:03,524 ဘယ်သူကမှ သက်သေထူမပြနိုင်သေးတဲ့ သီအိုရီကို သက်သေထူပြတာမျိုး မလိုအပ်ပါ။ 126 00:08:03,524 --> 00:08:06,252 ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ၊ လွယ်ကူတာ ဖြစ်ပါစေ၊ 127 00:08:06,252 --> 00:08:09,688 ပြီးတော့ အဲဒါကို အာရုံပြုနေပါ၊ ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ အားထုတ်ပါ။ 128 00:08:09,688 --> 00:08:11,643 အဖြေတွေကို သွားမကြည့်ပါနဲ့။ မလိမ်ညာပါနဲ့။ 129 00:08:11,643 --> 00:08:16,400 ခင်ဗျားဟာ ကိုယ့်ဘာသာကိုယ် အဖြေကို မတွေ့မချင်း ဒီပြဿနာအကြောင်းကို စဉ်းစားကြည့်နေပါ။ 130 00:08:17,090 --> 00:08:21,550 ခင်ဗျားဟာ သည်းခံစိတ်ရှိရန် လိုမယ်၊ တချိန်လုံး အာရုံစူးစိုင်နေရန် လိုတယ်။ 131 00:08:21,990 --> 00:08:26,879 အကြောင်းအရာ တစ်ခုတည်းကို အာရုံစိုက်နေရန်နဲ့ သည်းခံစိတ်ရှိရေးဟာ သိပ်ကို အရေးကြီးပါတယ်။ 132 00:08:27,169 --> 00:08:33,006 အဲဒီလို အာရုံစူးစိုက်နေချိန်မှာ၊ ခင်ဗျားတို့ဟာ ကိုယ့်စိတ်ကိုပါ ထိတွေ့ခံစားနိုင်ပါတယ်။ 133 00:08:33,006 --> 00:08:37,930 ပြီးတော့ ခင်ဗျားတို့ဟာ ကံကောင်းမယ်ဆိုရင်၊ ခင်ဗျားဟာ ခင်ဗျာ့စိတ်ထဲက Joocho ပင်လယ်ကြီးထဲတွင် 134 00:08:37,930 --> 00:08:41,024 ရေကူးရင်း မျောနေတာကို ခံစားလာရမှာပါ။ 135 00:08:41,024 --> 00:08:43,908 အချိန်ရှိတဲ့အခါမှာ အဲဒါကို စမ်းကြည့်ကြပါ။ 136 00:08:43,928 --> 00:08:48,103 ဒီတော့ ဒါဟာ သင်္ချာဆိုင်ရာ တိုတောင်းတဲ့ ဟောပြောချက်ပါ။ 137 00:08:48,103 --> 00:08:51,051 တကယ်တော့ ကျွန်တော်က ပါးပေးလိုတဲ့ အချက်ကတစ်ခုတည်းပါ။ 138 00:08:51,051 --> 00:08:55,164 သင်္ချာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊ သင်္ချာဟာ တွက်ချက်မှု သက်သက် မဟုတ်ပါ၊ 139 00:08:55,524 --> 00:08:57,834 သင်္ချာဟာ ဆင်ခြင်တုံတရား သက်သက်လည်း မဟုတ်ပါ၊ 140 00:08:57,834 --> 00:09:00,883 သင်္ချာဟာ သင့်စိတ်တွင်းပိုင်းကို ကြည့်ရှုမှုပါ။ 141 00:09:00,883 --> 00:09:04,138 ခင်ဗျားရဲ့ အတွင်းပိုင်း အတ္တနဲ့၊ အတွင်းပိုင်း စကြာဝဠာနဲ့ ထိတွေ့မှုပါ၊ 142 00:09:04,138 --> 00:09:09,660 ခင်ဗျားတို့ရဲ့ အတွင်းပိုင်းထဲက ကြွယ်ဝလှတဲ့ Joocho အပြည့်အဝနဲ့ ထိတွေ့မှုပါပဲ။ 143 00:09:09,660 --> 00:09:14,582 အဲဒီလိုဆိုတော့၊ လူတိုင်းဟာ၊ ခင်ဗျားတို့အပါအဝင်ဟာ၊ သင်္ချာပညာရှင် ဖြစ်နိုင်ပါတယ်။ 144 00:09:14,582 --> 00:09:16,125 ကျေးဇူးအထူးတင်ပါတယ်။ 145 00:09:16,125 --> 00:09:17,986 (လက်ခုပ်တီးသံများ) 146 00:09:17,986 --> 00:09:18,846 ကျေးဇူးတင်ပါတယ်။