0:00:20.352,0:00:23.215 ကောင်းပြီ၊ ကျွန်တော် သင်္ချာအကြောင်း ပြောပါရစေ။. 0:00:23.760,0:00:26.026 ခင်ဗျားတို့အားလုံး သင်္ချာကို ကြိုက်ကြတယ်နော်? 0:00:27.028,0:00:32.157 သိပ်မကြိုက်ကြဘူးလား?[br]လူတိုင်း သင်္ချာကို ကြိုက်ကြတာ ကျွန်တော် သိပါတယ်။ 0:00:32.909,0:00:36.767 အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ထဲမှာ[br]သင်္ချာကို မုန်းကြသူ ဘယ်လောက်များလဲ? 0:00:37.303,0:00:39.877 သိပ်မများဘူး။ အဲဒါကောင်းတယ်! 0:00:39.877,0:00:42.868 ကျွန်တော်စိတ်ထင် သင်္ချာကို မုန်းကြတယ်လို့[br]ထင်ကြသူတချို့တို့ဟာ 0:00:42.868,0:00:46.390 သင်္ချာဆိုတာ ကိန်းဂဏန်းတွေ၊ တွက်ချက်မှုတွေ[br]ပြီးတော့ ဖေါ်မြူလာတွေ၊ 0:00:46.390,0:00:48.834 စိတ်ညစ်စရာ အခြားအရာတွေနဲ့ [br]ဆက်စပ်နေတယ်လို့ ယုံကြပါတယ်။ 0:00:48.834,0:00:51.496 အဲဒါ မဟုတ်ုမှန်တာကို ကျွန်တော် ပြောချင်ပါတယ်။ 0:00:51.496,0:00:54.587 ၁၉ ရာစုတုန်းက နာမည်ကြီး[br]နောက်ပြောင်စရာ တစ်ခုကို ပြောပါမယ်၊ 0:00:54.587,0:00:57.643 နာမည်ကြီး သင်္ချာပညာရှင်ကြီး[br]Ernst Kummer ဆိုသူ ရှိခဲ့ပါတယ်။ 0:00:57.814,0:01:01.011 သူဟာ တကယ့်ကို နာမည်ကြီး [br]သင်္ချာပညာရှင်ဖြစ်သလို 0:01:01.011,0:01:04.620 သူ့ကို "သင်္ချာပညာရဲ့ ဖခင်၊"[br]"ဂဏန်းသီအိုရီရဲ့ ဖခင်" လို့လည်း ခေါ်ကြတယ်။ 0:01:05.010,0:01:09.119 ဒါပေမဲ့၊ တကယ်တမ်းတွင် သူဟာ[br]ကိန်းဂဏန်းတွေကို ကိုင်တွယ်ရာမှာ သိပ်မတော်ခဲ့ပါ။ 0:01:09.939,0:01:16.413 သူဟာ ပို့ချခန်း တစ်ခုတုန်းက[br]၇ x ၉ ကို တွက်မရဖြစ်နေခဲ့ပါတယ်။ 0:01:17.083,0:01:24.362 အဲဒါနဲ့ သူဟာ သင်ပုန်းပေါ်မှာ ရေးနေရင်း[br]၇ x ၉ က ဘယ်လောက်လဲ?" မေးနေခဲ့တယ်။ 0:01:24.362,0:01:28.542 ကျောင်းသား တစ်ယောက်က "အဲဒါ ၆၁ ပါဆရာ"၊[br]နောက်တစ်ယောက်က "အဲဒါ ၆၉ ပါဆရာ"လို့ ဖြေကြတယ်။ 0:01:29.142,0:01:32.259 အဲဒီနောက်မှာ Kummer က၊ "နေစမ်းပါအုံး![br]မင်းတို့ ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ကြပါ၊ 0:01:32.259,0:01:36.201 အဖြေဟာ ၆၁ ရော ၆၉ ပါ နှစ်မျိုး မဖြစ်နိုင်ဘူး။[br]အဲဒီထဲက တစ်ခုပဲ ဖြစ်ရမယ်။" 0:01:37.231,0:01:41.725 အဲဒီဖြစ်ရပ်ဟာ ရယ်စရာ ကောင်းတယ်လို့ ယူဆကြပါတယ်။[br]ဟုတ်ကဲ့ နာမည်ကြီး ဟာသတစ်ခုပါပဲ။ 0:01:41.725,0:01:44.121 ဒါကြောင့်မို့လို့ သင်္ချာဆရာ အားလုံးတို့ဟာ[br]ကိန်းဂဏန်းတွေကို ကျွမ်းကျင်မှ ကျွမ်းကျင်မှာပါ။ 0:01:46.711,0:01:49.764 သူဟာ ကိန်းဂဏန်းဆိုင်ရာ သီအိုရီရှင်အဖြစ် [br]နာမည်ကြီးပါတယ်။ အိုကေ၊ ကျေးဇူးတင်ပါတယ်။ 0:01:49.764,0:01:54.367 ဒါပေမဲ့၊ သင်္ချာဟာ ကိန်းဂဏန်း [br]အကြောင်းသက်သက် မဟုတ်ပါ။ 0:01:54.367,0:01:58.130 ကျွန်တော်ဟာ ကိန်းဂဏန်းတွေ အကြောင်းကို မပြောဘဲနဲ့[br]သင်္ချာအကြောင်းကို အနားမနေ ပြောနိုင်ပါတယ်၊ 0:01:58.130,0:02:00.949 တစ်ရက်ကြာ၊ တစ်ပတ်ကြာ ခင်ဗျားတို့ လိုချင်သလောက်[br]ပြောနေနိုင်ပါတယ်။ 0:02:00.949,0:02:03.274 နေ့စဉ်လိုလို သီအိုရီ အသစ်တစ်ခုကို [br]သက်သေထူပြကြပါတယ်၊ 0:02:03.274,0:02:07.399 အယူအဆအသစ် ပေါ်လာနေပါတယ်၊[br]ခံယူချက် အသစ်တစ်ခုကို ဖန်တီးနေကြပါတယ်။ 0:02:07.669,0:02:11.586 သင်္ချာဟာ အဆုံးမသတ်နိုင်တဲ့[br]ဖန်တီးတီထွင်ရေး ပညာပါပဲ။ 0:02:12.296,0:02:14.768 အဲဒါဟာ ဂီတပညာနဲ့ ဆင်တူသလိုပါပဲ။ 0:02:14.808,0:02:17.520 ဥပမာဆိုပါစို့၊ တစ်ယောက်ရဲ့ ယဉ်ကျေးမှုနဲ့[br]သင်္ချာထဲက နေထိုင်မှု နေရာကို လိုက်ပြီး 0:02:17.520,0:02:21.200 ဘာယ်ဟာကဖြင့် အရမ်းကို ကောင်းတယ်၊ [br]မကောင်းဘူးဆိုတာ မူတည်ပါတယ်။ 0:02:21.200,0:02:25.333 ဥမာ၊ တချို့သူတို့ကCategory Theory ဟာ[br]အရမ်းစိတ်ဝင်စားစရာလို့ ထင်ပါတယ်။ 0:02:25.933,0:02:27.966 ဒါပေမဲ့၊ ခင်ဗျားတို့ဟာ အဲဒီ [br]Category Theory ကိုသိချင်မှသိကြမှာပါ။ 0:02:27.966,0:02:31.825 တချို့ကျတော့ Set Theory ဟာ[br]အရမ်းကို စွဲမက်စရာကြီးလို့ ထင်ကြတယ်။ 0:02:32.825,0:02:33.994 အေးဗျာ၊ ဟုတ်နိုင်တယ်။ 0:02:35.684,0:02:38.023 ပြီးတော့ တချို့နိုင်ငံတွေမှာ၊ 0:02:38.023,0:02:40.865 လူတချို့တို့ဟာ လက်ဆုပ်လက်ကိုင်[br]အရာတွေကို ကိုင်တွယ်ရာမှာ တော်ကြတယ်၊ 0:02:40.865,0:02:44.168 တချို့နိုင်ငံတွေမှာကျတော့ စိတ်ကူးသက်သက်[br]အရာတွေကို ကိုင်တွယ်တတ်ကြတယ်။ 0:02:45.218,0:02:47.888 ဒီတော့ သင်္ချာဟာ ခင်ဗျားတို့ ထင်သလို[br]ကျစ်လစ်တဲ့ အရာမဟုတ်ပါ။ 0:02:49.038,0:02:52.170 ဒါပေမဲ့ သင်္ချာ နဲ့ ဂီတအကြား[br]အကြီးမားဆုံး ခြားနားချက်က 0:02:52.170,0:02:55.933 ဂီတလောကထဲမှာ အံ့အားသင့်စရာ [br]တေးစပ်ဆရာတွေ ရှိကြတယ်၊ 0:02:55.933,0:02:59.809 သူတို့ဟာ ဂီတကို ဖန်တီးလျက် ထုတ်လုပ်ပေးပါတယ်၊[br]အဲဒီတစ်ချိန်တည်းမှာ 0:02:59.809,0:03:02.671 အံ့ဩဖွယ် ဂီတကို တီးမှုတ်ပေးနိုင်တဲ့ [br]သူတွေ ရှိပါတယ်။ 0:03:03.071,0:03:06.266 ဒါကြောင့်မို့လို့ Bach၊ Beethoven၊ Mozart တို့ [br]ရှိလာခဲ့ကြပါတယ်။ 0:03:06.266,0:03:08.514 အဲဒီလို မဟာတေးစပ်ဆရာများက[br]လှပတဲ့ ဂီတတွေကို ဖန်တီးပေးခဲ့ကြပါတယ်၊ 0:03:08.514,0:03:11.892 ဒါပေမဲ့ မဟာ တီးမှုတ်ဆရာတို့ရဲ့ ကျေးဇူးတော်ဖြင့်[br]ကျွန်တော်တို့ဟာ အဲဒီဂီတကို နားဆင်ခံယူနိုင်ပါတယ်၊ 0:03:11.892,0:03:15.306 Glenn Gould နဲ့ Yo-Yo Ma၊ ပြီးတော[br]အခြားတီးမှုတ်ပညာရှင်များက ဂီတကို တီးပေးကြပါတယ်၊ 0:03:15.306,0:03:18.796 အဲဒါကြောင့်မို့လို့သာ ကျွန်တော်တို့ဟာ လှပတဲ့[br]ဂီတကို ရယူခံစားနိုင်ကြပါတယ်။ 0:03:18.796,0:03:22.158 ဒါပေမဲ့၊ သင်္ချာလောကထဲမှာကျတော့၊[br]ကံဆိုးချင်တော့၊ 0:03:22.158,0:03:26.154 မဟာ တေးစပ်ဆရာကြီးတွေ ရှိကာ နေ့စဉ်နဲ့အမျှ [br]သင်္ချာတွေကို အများကြီး ဖန်တီးနိုင်ပေမဲ့၊ 0:03:26.154,0:03:28.590 သင်္ချာကို တီးမှုတ်ပြပေးသူ ဘယ်သူမှမရှိပါ။ 0:03:30.090,0:03:34.218 အဲဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ အလှတရားကို [br]ကျွမ်းးကျင်ကြတဲ့ သင်္ချာပညာရှင်များသာ 0:03:34.218,0:03:36.515 ရယူခံစားနိုင်ကြပါတယ်။ 0:03:36.515,0:03:39.359 ကျွန်တော် အဲဒါကို နည်းနည်းလေး [br]ပြောင်းလဲပစ်ချင်ပါတယ်။ 0:03:39.359,0:03:42.375 တကယ်တမ်းက၊၊ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ကျွန်တော်ဟာ[br]သင်္ချာပဒေသာပွဲကို တင်ဆက်လာနေပါပြီ။ 0:03:42.375,0:03:48.128 ဒီလို ခန်းမကြီး၊ စားသောက်ဆိုင်၊ ဘုရားကျောင်း နေရာမျိုးမှာ[br]ကျွန်တော်ဟာ သင်္ချာအကြောင်း ဟောပြောပေးပါတယ်၊ 0:03:48.128,0:03:52.110 သင်္ချာပညာရှင် မဟုတ်ကြသူတို့က[br]သင်္ချာပညာရှင်တွေကို နားထောင်ဖို့ လာကြပါတယ်။ 0:03:52.110,0:03:57.984 ကျွန်တော် တစ်ယောက်တည်းမကဘဲ များပြားလှတဲ့သူတွေကပါ[br]သင်္ချာပဒေသာပွဲတွေ ကျင်းမှာကို မျှော်လင့်ပါတယ်၊ 0:03:57.984,0:04:03.632 အဲဒီလိုနည်းဖြင့် သင်္ချာရဲ့ လှပတဲ့ ကမ္ဘာကြီးကို[br]သင်္ချာပညာရှင် မဟုတ်ကြသူတွေ ခံစားလာနိုင်ပါမယ်။ 0:04:05.062,0:04:10.388 အခုတော့ ကျွန်တော်တို့ရဲ့ အကြောင်းအရာဆီ ပြန်သွားမယ်။ [br]ကျွန်တော်ပြောခဲ့သလို သင်္ချာဟာ ဂဏန်းတွေချည်း မဟုတ်ပါ။ 0:04:10.388,0:04:11.875 ဒီလိုဆို ဘာတွေ အကြောင်းများပါလိမ့်? 0:04:12.725,0:04:15.802 သင်္ချာပညာကို ဂျပန်ဘာသာထဲမှာ [br]"Sugaku" လို့ ခေါ်ပါတယ်။ 0:04:16.102,0:04:19.341 Su က "ဂဏန်းများ"ကို ဆိုလိုပါတယ်;[br]gaku ကျတော့ တစ်ခုခုကို လေ့လာမှုပါ။ 0:04:19.341,0:04:21.865 ဒါကြောင့်မို့လို့ sugaku ရဲ့ အဓိပ္ပါယ်က [br]"ဂဏန်းများကို လေ့လာမှု" ဖြစ်ပါတယ်။ 0:04:21.865,0:04:25.195 အဲဒီလို ဘာသာပြန်မှုဟာ[br]သိပ်ကောင်းလှတယ်လို့ ကျွန်တော် မထင်ပါ၊ 0:04:25.285,0:04:27.497 အဲဒီလို သုံးနှုန်းမှုက 0:04:27.497,0:04:30.359 သင်္ချာဟာ ဂဏန်းတွေနဲ့ သက်ဆိုင်တယ်လို့[br]ထင်စရာ ရှိနေလို့ပါ။ 0:04:31.079,0:04:34.941 ဒါပေမဲ့ သင်္ချာ ဆိုတဲ့ စကားလုံးရဲ့ မူရင်းဟာ[br]ဂရိ စကားမှဆင်းသက်လာခဲ့တာပါ၊ 0:04:35.911,0:04:38.191 "ta mathemata" ပါ။ 0:04:38.511,0:04:41.922 Ta mathemata ရဲ့ အဓိပ္ပါယ်က[br]"ရယူခြင်းဖြင့် ရရှိကြတဲ့ အရာများ" ဖြစ်ပါတယ်၊ 0:04:42.212,0:04:45.519 ဒီနေရာမှာ ရယူခြင်း ဆိုတာက[br]သာမန် ရယူမှုသဘောမျိုး မဟုတ်ပါ။ 0:04:45.519,0:04:48.644 ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှုပါ။ 0:04:48.644,0:04:51.660 ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ[br]မရှိတာကို ရယူလေ့ရှိကြပါတယ်၊ 0:04:51.660,0:04:55.118 ဒါပေမဲ့ ta mathemata ကျတော့[br]ရယူခြင်းဖြင့် မိမိတို့ ရရှိကြတာကို ဆိုလိုပါတယ် 0:04:55.118,0:04:58.421 ဒါပေမဲ့၊ ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတဲ့[br]အရာကို ရယူမှုဖြစ်ပါတယ်။ 0:04:58.421,0:05:03.120 အဲဒါကို နားလည်ရန် ခက်ပါတယ်။ တနည်းပြောရရင်[br]သင်္ချာပညာကို ၎င်းရဲ့ မူရင်းအနှစ်သာရ အရဆိုရင် 0:05:03.120,0:05:08.589 ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှု၊[br]ကျွန်တော်တို့ သိနှင့်နေတာကို သိလာရမှု ဖြစ်ပါတယ်။ 0:05:08.589,0:05:10.838 အဲဒါက ဘာကို ဆိုလိုတာပါလိမ့်? 0:05:11.868,0:05:15.021 ကျွန်တော်တို့ ဂျပန်မှာ Oka Kiyoshi ဆိုတဲ့[br]သင်္ချာပညာရှင် ရှိပါတယ်။ 0:05:15.421,0:05:19.603 ဒီဟောပြောမှုနောက်မှာ လူတိုင်းဟာ[br]သူ့နာမည်ကို မှတ်မိကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ 0:05:19.603,0:05:21.808 သူဟာ ကျိုတိုမြို့မှာ နေထိုင်ပါတယ်။ 0:05:21.808,0:05:27.985 သူဟာ ကမ္ဘာပေါ်က လူသိအများဆုံး[br]ဂျပန် သင်္ချာပညာရှင် တစ်ဦးပါပဲ။ 0:05:27.985,0:05:31.941 အဲဒီ Oka ရဲ့ လုပ်ဆောင်ချက်ဟာ ကြီးမားလွန်းလို့[br]ဥရောပတိုက်ထဲက တချို့သူတို့က 0:05:31.941,0:05:34.295 Oka ဟာ အုပ်စုတစ်ခုရဲ့ [br]အမည်လို့တောင် ထင်မှတ်ခဲ့ကြပါတယ်။ 0:05:34.295,0:05:37.544 သူဟာ အဲဒါတွေ အားလုံးကို တစ်ယောက်တည်း[br]လုပ်နိုင်ခဲ့တာ သူတို့ မယုံနိုင်ကြဘူး။ 0:05:37.544,0:05:41.301 လူတစ်ယောက်တည်းက အဲဒါတွေအားလုံးကို [br]လုပ်ခဲ့တာကို သူတို့ လုံးဝ မယုံနိုင်ခဲ့ကြပါ။ 0:05:42.611,0:05:45.266 Oka ဟာ မဟာသင်္ချာပညာရှင် [br]တစ်ယောက်တင် မကခဲ့ပါ; 0:05:45.266,0:05:49.362 သူဟာ လေးနက်တဲ့ အတွေးအခေါ်ပညာရှင်၊[br]ဒဿနိက ပညာရှင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ 0:05:49.362,0:05:52.655 သူဟာ ကောက်နှုတ်ချက် စကားတချို့နဲ့[br]လှပတဲ့ စာတမ်းများကိုပါ ချန်ထားခဲ့ပါတယ် 0:05:52.655,0:05:55.351 သင်္ချာရဲ့ သဘာဝ အကြောင်းနဲ့ ဆက်စပ်လျက်ပါ။ 0:05:55.351,0:06:02.406 အထူးသဖြင့်၊ သင်္ချာဟာ ပထမဦးဆုံး ဂဏန်းဖြစ်တဲ့[br]တစ် အကြောင်း ဘာမှ ပြောမပြနိုင်ဘူးလို့ 0:06:02.406,0:06:05.889 ထပ်တလဲလဲ ပြောကြားလေ့ရှိခဲ့ပါတယ်။ 0:06:05.889,0:06:09.586 ကောင်းပါပြီ၊ ဂဏန်းတွေဟာ သင်္ချာထဲက[br]အရိုးရှင်းဆုံး အရာတွေဖြစ်တာ 0:06:09.586,0:06:11.135 ရှင်းနေပါတယ်။ 0:06:11.135,0:06:16.109 ဒါပေမဲ့ ကျွန်တော်တို့က ဘာဖြစ်လို့[br]ဂဏန်း တစ် ရှိဖို့လိုအပ်သလဲ 0:06:16.109,0:06:18.941 ဒါမှမဟုတ် တစ်ဂဏန်းဟာ ဘာဖြစ်လို့ ပထမနေရာမှာ[br]ရှိနေရတာလဲ ဆိုတာကို ရှင်းပြလိုကြပါက၊ 0:06:18.941,0:06:21.998 သင်္ချာနည်းဖြင့် ဒါမှမဟုတ် အကျိုးအကြောင်းဖြင့်[br]ရှင်းပြရန် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ 0:06:21.998,0:06:26.060 ကျွန်တော်တို့ဟာ တစ် ဂဏန်း ရှိနေခြင်းကို[br]သက်သေထူပြရန် ဒါမှမဟုတ် ရှင်းပြရန်၊ 0:06:26.060,0:06:29.839 တစ် ဂဏန်း ရှိနေခြင်း အကြောင်းရင်း ဒါမှမဟုတ်[br]တစ်ဂဏန်း ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြရန် မဖြစ်နိုင်ပါ။ 0:06:29.839,0:06:31.672 ကျွန်တော်တို့ဟာ အဲဒါကို ယုံကြည်ကြရုံပါပဲ။ 0:06:32.932,0:06:36.178 တစ်ခုခုကို အခြေအမြစ် ဘယ်လိုမှမရှိဘဲ [br]ယုံကြည်ခြင်းပါပဲ။ 0:06:37.156,0:06:40.900 ကျွန်တော်တို့ စိတ်ရဲ့ [br]အဲဒီလို ယုံကြည်မှု စွမ်းပကားသာ မရှိခဲ့ရင်၊ 0:06:40.900,0:06:43.767 သင်္ချာဟာ လုံးဝကို အခြေအမြစ်မရှိ၊ [br]အဓိပ္ပါယ်မရှိ ဖြစ်ခဲ့မှာပါ။ 0:06:45.317,0:06:50.270 ဒီတော့ ရုတ်တရက်ဆိုရင်၊ သင်္ချာဟာ[br]ဂဏန်းတွေ နဲ့ တွက်ချက်မှု အကြောင်း 0:06:50.270,0:06:54.644 ဆင်ခြင်းတွေးခေါ်မှု စတဲ့ အကြောင်းထင်ရပေမဲ့[br]အဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားရဲ့ အောက်ခြေမှာ 0:06:54.644,0:07:00.798 ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ အရာဖြစ်နေကာ[br]အဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားတွေကို အားဖြည့်ပေးနေတာပါ။ 0:07:00.798,0:07:03.935 ဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ ဗဟိုထဲတွင်[br]ရှိနေတာက ဂဏန်းတွေမဟုတ်ကြပါ၊ 0:07:03.935,0:07:06.832 ဆင်ခြင်တုံတရားလည်း မဟုတ်၊[br]တွက်ချက်မှုလည်း မဟုတ်၊ 0:07:06.832,0:07:10.781 ကြီးမားလှတဲ့ ကျွန်တော်ရဲ့ အတွင်းပိုင်း [br]စကြာဝဠာကြီး ရှိပါတယ်၊ 0:07:11.591,0:07:16.123 အဲဒါကို Oka Kiyoshi က "Joocho" ဆိုပြီး [br]ခေါ်ခဲ့ပါတယ်။ 0:07:17.503,0:07:20.402 Joocho ဟာ သိပ်ကို ရှင်းပြရခက်တဲ့ ဂျပန်စကားလုံးပါ။ 0:07:20.402,0:07:22.694 ကျွန်တော်ဟာ အဲဒါ့အတွက် ဘာသာပြန် [br]စကားလုံးကောင်းကို ရှာကြံခဲ့ပါသေးတယ်၊ 0:07:22.694,0:07:25.720 Joocho ကို ထင်ဟပ်ပေးနိုင်မယ့်[br]အင်္ဂလိပ်စကားလုံးကောင်းကို ရှာကြည့်ခဲ့ပါတယ်၊ 0:07:25.720,0:07:28.295 ဒါပေမဲ့ ကံဆိုးချင်တော့ ကျွန်တော်ဟာ ရှာမရခဲ့ပါ။ 0:07:28.295,0:07:30.934 ဒါကြောင့်မို့လို့ အဲဒါကို Joocho လို့ပဲ [br]ဆက်ခေါ်ကြရအောင်။ 0:07:30.934,0:07:33.353 (ရယ်မောသံများ) 0:07:33.353,0:07:37.166 ဒီတော့ Oka က ရှင်းပြခဲ့သို[br]သင်္ချာဟာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊ 0:07:37.166,0:07:39.850 သင်္ချာဟာ တွက်ချက်မှု အကြောင်း မဟုတ်ပါ၊[br]သင်္ချာဟာ ဆင်ခြင်တုံတရားနဲ့လည်း မဆိုင်ပါ၊ 0:07:39.850,0:07:42.294 သင်္ချာဟာ joocho အကြောင်းပါ။ 0:07:42.294,0:07:45.218 အဲဒါဟာ မိမိစိတ်ထဲကို ကြည့်ရှုမှုပါ၊ ပြီးတော့ 0:07:47.278,0:07:49.981 မိမိရဲ့ အတ္တကို ထိတွေ့မှုလည်း ဖြစ်ပါတယ်၊ 0:07:49.981,0:07:55.026 မိမိထဲက ကြွယ်ဝတဲ့ အတွင်းပိုင်း စကြာဝဠာကို[br]တို့ထိကြည့်မှု၊ ခင်ဗျားတို့ရဲ့ Joocho ပါပဲ။ 0:07:55.026,0:07:58.489 ဒီတော့ ခင်ဗျားတို့ဟာ သင်္ချာကို လိုက်စားချင်ရင်[br]ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ။ 0:07:58.489,0:08:00.451 သိပ်ကြီး ခက်ခဲတာမျိုး မဖြစ်သင့်ပါ။ 0:08:00.451,0:08:03.524 ဘယ်သူကမှ သက်သေထူမပြနိုင်သေးတဲ့[br]သီအိုရီကို သက်သေထူပြတာမျိုး မလိုအပ်ပါ။ 0:08:03.524,0:08:06.252 ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ၊[br]လွယ်ကူတာ ဖြစ်ပါစေ၊ 0:08:06.252,0:08:09.688 ပြီးတော့ အဲဒါကို အာရုံပြုနေပါ၊[br]ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ အားထုတ်ပါ။ 0:08:09.688,0:08:11.643 အဖြေတွေကို သွားမကြည့်ပါနဲ့။ မလိမ်ညာပါနဲ့။ 0:08:11.643,0:08:16.400 ခင်ဗျားဟာ ကိုယ့်ဘာသာကိုယ် အဖြေကို မတွေ့မချင်း[br]ဒီပြဿနာအကြောင်းကို စဉ်းစားကြည့်နေပါ။ 0:08:17.090,0:08:21.550 ခင်ဗျားဟာ သည်းခံစိတ်ရှိရန် လိုမယ်၊[br]တချိန်လုံး အာရုံစူးစိုင်နေရန် လိုတယ်။ 0:08:21.990,0:08:26.879 အကြောင်းအရာ တစ်ခုတည်းကို အာရုံစိုက်နေရန်နဲ့[br]သည်းခံစိတ်ရှိရေးဟာ သိပ်ကို အရေးကြီးပါတယ်။ 0:08:27.169,0:08:33.006 အဲဒီလို အာရုံစူးစိုက်နေချိန်မှာ၊ ခင်ဗျားတို့ဟာ[br]ကိုယ့်စိတ်ကိုပါ ထိတွေ့ခံစားနိုင်ပါတယ်။ 0:08:33.006,0:08:37.930 ပြီးတော့ ခင်ဗျားတို့ဟာ ကံကောင်းမယ်ဆိုရင်၊[br]ခင်ဗျားဟာ ခင်ဗျာ့စိတ်ထဲက Joocho ပင်လယ်ကြီးထဲတွင် 0:08:37.930,0:08:41.024 ရေကူးရင်း မျောနေတာကို ခံစားလာရမှာပါ။ 0:08:41.024,0:08:43.908 အချိန်ရှိတဲ့အခါမှာ အဲဒါကို စမ်းကြည့်ကြပါ။ 0:08:43.928,0:08:48.103 ဒီတော့ ဒါဟာ သင်္ချာဆိုင်ရာ [br]တိုတောင်းတဲ့ ဟောပြောချက်ပါ။ 0:08:48.103,0:08:51.051 တကယ်တော့ ကျွန်တော်က ပါးပေးလိုတဲ့ [br]အချက်ကတစ်ခုတည်းပါ။ 0:08:51.051,0:08:55.164 သင်္ချာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊[br]သင်္ချာဟာ တွက်ချက်မှု သက်သက် မဟုတ်ပါ၊ 0:08:55.524,0:08:57.834 သင်္ချာဟာ ဆင်ခြင်တုံတရား သက်သက်လည်း မဟုတ်ပါ၊ 0:08:57.834,0:09:00.883 သင်္ချာဟာ သင့်စိတ်တွင်းပိုင်းကို ကြည့်ရှုမှုပါ။ 0:09:00.883,0:09:04.138 ခင်ဗျားရဲ့ အတွင်းပိုင်း အတ္တနဲ့၊ [br]အတွင်းပိုင်း စကြာဝဠာနဲ့ ထိတွေ့မှုပါ၊ 0:09:04.138,0:09:09.660 ခင်ဗျားတို့ရဲ့ အတွင်းပိုင်းထဲက ကြွယ်ဝလှတဲ့[br]Joocho အပြည့်အဝနဲ့ ထိတွေ့မှုပါပဲ။ 0:09:09.660,0:09:14.582 အဲဒီလိုဆိုတော့၊ လူတိုင်းဟာ၊ ခင်ဗျားတို့အပါအဝင်ဟာ၊[br]သင်္ချာပညာရှင် ဖြစ်နိုင်ပါတယ်။ 0:09:14.582,0:09:16.125 ကျေးဇူးအထူးတင်ပါတယ်။ 0:09:16.125,0:09:17.986 (လက်ခုပ်တီးသံများ) 0:09:17.986,0:09:18.846 ကျေးဇူးတင်ပါတယ်။