William Golding ဟာ လူ့လောကကို ယုံကြည်မှု ပျောက်ဆုံးနေခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှ ဖျက်သင်္ဘောတစ်စင်းပေါ်မှာ အမှုထမ်းရင်း ဒဿန ကျောင်းဆရာဟာ တော်ဝင် ရေတပ် ဗိုလ်ကြီးဖြစ်သွားပြီး သူ့အပေါင်းအဖော်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို တမဟုတ်ချင်း ရင်ဆိုင်လိုက်ရတယ်။ သူ အင်္ဂလန်ကို ပြန်လာပြီး စစ်အေးခေတ် မဟာအင်အားကြီးနိုင်ငံတွေဟာ အချင်းချင်း အဏုမြူ သုတ်သင်ခြင်းနဲ့ ခြိမ်းခြောက်နေတာမြင်တော့ လူ့သဘာဝရဲ့ ဇစ်မြစ်တွေကို စစ်ကြောဖို့ တွန်းအားပေးခံခဲ့ရတယ်။ အကြမ်းဖက်မှုရဲ့ရှောင်လွှဲမရမှုတွေအေပေါ် ပြန်ပြောင်းတွေးတောမှုတွေက သူ့ရဲ့ ပထမဆုံးနဲ့ အကျော်ကြားဆုံး ဝတ္ထုရှည် 'Lord of the Flies' ကို စေ့ဆော်ပေးခဲ့မယ်။ ထုတ်ဝေသူ ၂၁ ယောက်ဆီက ငြင်းပယ်တာခံရပြီးနောက်မှာ ဒီဝတ္ထုရှည်ကို ၁၉၅၄ မှာ ထုတ်ဝေခဲ့တယ်။ ခေါင်းစဉ်က Beelzebub "မာနနဲ့ စစ်တို့နဲ့ ဆက်စပ်နေတဲ့ မကောင်းဆိုးဝါး"ကနေ ယူတာပါ။ Golding ရဲ့ စာအုပ် ဗဟိုမှာရှိတဲ့ အာဘော်နှစ်ခုပါ။ ဒီဒီဝတ္ထုရှည်က ဂန္ထဝင် ကျွန်း စွန့်စားမှု ဇာတ်လမ်းရဲ့ စိတ်ဓာတ်ကျစရာ သရော်မှုတစ်ခုပါ။ လူငယ်လေးတွေ ဆန်းပြားတဲ့ နေရာတွေမှာသင်္ဘော ပျက်တဲ့ လူကြိုက်များတဲ့ အမျိုးအစားပါ။ ပတ်ဝန်းကျင်သစ်တွေက ဖြစ်စေတဲ့ အန္တရာယ်တွေကို ရှောင်တိမ်းရင်း ဒီဇာတ်လမ်းတွေထဲက ဇာတ်လိုက်တွေဟာ သဘာဝကို ချိုးနှိပ်နိုင်စွမ်းရှိကြတယ်။ ဒီဇာတ်လမ်းအမျိုးအစားက အဲဒီအချိန်က ဗြိတိသျှ လက်ရာများစွာမှာ တွေ့ရတဲ့ ခက်ရာခက်ဆစ် ကိုလိုနီစနစ် ဇာတ်လမ်းကိုပါ အတည်ပြုတယ်။ ဒီထဲမှာ ကောင်လေးတွေဟာ ကျွန်းရဲ့ ဒေသခံ တွေကို သူတို့ရဲ့ ထောင်လွှားတဲ့ ဗြိတိသျှ တန်ဖိုးလို့ဆိုတာတွေကို သင်ပေးတယ်။ Golding ရဲ့ သရော်မှုက လူကြိုက်အများဆုံး ကျွန်း စွန့်စားမှု ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ R.M. Ballantyne ရဲ့ "Coral Island"မှ အခင်းအကျင်းနဲ့ ဇာတ်ကောင်အမည်တွေကို တစ်တစ်ခွခွ သုံးတဲ့အထိတောင် ရောက်သွားတယ်။ ဒါပေမဲ့ Ballantyne ရဲ့ စာအုပ်က စာဖတ်သူတွေကို "သာယာမှု၊ အကျိုးအမြတ်နဲ့ အကန့်အသတ်မဲ့ ဖျော်ဖြေမှုကို" ကတိပြုခဲ့ပေမဲ့ Golding ရဲ့စာအုပ်ကတော့ ပိုမို စိတ်ဓာတ် ကျစရာတွေကို သိုမှီးလျက်ပါ။ "Lord of the Flies" ဟာ ကျွန်းပေါ် ရောက်ပြီးဖြစ်တဲ့ ကောင်လေးတွေနဲ့ ဖွင့်ပေမဲ့ စကား အတိုအထွာတွေက သူတို့ရဲ့ ထိတ်လန့်စရာ ခရီးရှည်ကို အရိပ်အမြွက်ပြတယ်။ သူတို့လေယာဉ်ဟာ မရေမရာ အဏုမြူ စစ်ပွဲ တစ်ခုရဲ့အလယ်မှာ ပစ်ချခံခဲ့ရတယ်။ အသက် ၆ နှစ်ကနေ ၁၃ နှစ်အရွယ် ကောင်လေးတွေဟာ တစ်ဦးကိုတစ်ဦး သူစိမ်းတွေပါ။ Jack ဆိုတဲ့ ကောင်လေး ဦးဆောင်တဲ့ သံစုံအဖွဲက လွဲပြီး အာလုံး အနက်ရောင်ဝတ်စုံ ဖုံးထားတယ်။ Ballantyne ရဲ့ "Coral Island" ထဲက အတိုင်း ကောင်လေးရဲ့ အိမ်သစ်ဟာ ကောင်းကင်ဘုံ အဖြစ်ပေါ်လာတယ်။ ရေချို၊ အရိပ်အာဝါသ၊ များပြားတဲ့ စားစရာ အရင်းအမြစ်တွေနဲ့ပါ။ ဒါပေမဲ့ ဝတ္ထုအဖွင့် စာမျက်နှာတွေကနေတောင် ဒီအေးချမ်းတယ်ထင်ရတဲ့ အခြေအနေကို အနိဋ္ဌာရုံ အမှောင်ထုက အုပ်ဆိုင်းနေတယ်။ ကောင်လေးတွေရဲ့ အရိပ်တွေကို "လင်းနို့နက်လို သတ္တဝါတွေ"နဲ့ နှိုင်းယှဉ်ထားတယ်။ အဲဒီအခိုက်မှာ သံစုံကျူးအဖွဲ့ဟာ ပတမဆုံး "စမ်းတဝါးဝါးလုပ်နေတဲ့ မည်းနက်တဲ့ အရာ"အဖြစ် ကမ်းခြေတစ်လျှောက် ပေါ်လာတယ်။ သူ့တို့ရောက်လာပြီး နာရီပိုင်းအတွင်း ကောင်လေးတွေဟာ တောအုပ်ထဲမှာ ခိုနေတဲ့လန့်စရာ ကြမ်းကြုတ်တဲ့ တောကောင်ကြီးအကြောင်း ကောလာဟလတွေ ဖလှယ်နှင့်ပြီးပါပြီ။ ဒီဆိုးဝါးတဲ့ အစပိုင်းတွေကနေ Golding ရဲ့ ဇာတ်လမ်းက လူကြီး ဩဇာအာဏာ တစ်ခု မရှိဘဲနဲ့ လျင်မြန်စွာ ပျက်ပြားပုံကို ထုတ်ဖော်ပြတယ်။ အစပိုင်းမှာ ရှင်ကျန်သူတွေဟာ စနစ်ကျမှု သဘောကို တည်ဆောက်ဖို့ ကြိုးစားတယ်။ Ralph လို့ခေါ်တဲ့ ကောင်လေးက လူစုကို စုဝေးစေဖို့ ခရုသင်းမှုတ်ပြီး တာဝန်တွေကို ခွဲပေးတယ်။ ဒါပေမဲ့ Jack က ခေါင်းဆောင်မှုအတွက် Ralph နဲ့ အန်တုတော့ အုပ်စုက ဂိုဏ်းကွဲပြီး ကောင်လေးတွေက သူတို့ရဲ ပိုဆိုးတဲ့ ဆန္ဒတွေကို တင်ပြတယ်။ ကလေးအုပ်ဟာ မကြာခင်မှာ ကယ်တင်ဖို့ သူတို့ရဲ့ အစီအစဉ်တွေကို မေ့၊ ဆင်ခြင်မှုရဲ့ အသံအနည်းငယ်ကို နှုတ်ဆိတ်စေပြီး ကျိုးကြောင်းမမြင်ဘဲ Jack နောက်ကို ကျွန်း အစပ် ဆင်ခြင်တုံတရားရဲ့အစွန်းထိ လိုက်ပါတယ်။ ကိုယ်ကျင့်၊ရည်မွန်မှု၊ လူ့အဖွဲ့အစည်းဆိုတဲ့ ဒီဝတ္ထုရှည်ရဲ့ အကြွင်းမဲ့ ဆိုလိုရင်းတွေက ဒါကို စာပေ ဂနဝင်တစ်ခု ဖြစ်စေခဲ့တာပါ။ အချိန်နဲ့ လူ့လောကအကြောင်း တာရှည် စွဲကိုင် ထားတဲ့ ယုံကြချက်တွေကိုပ ါသရော်ရင်းပါ။ ကျွန်း စွန့်စားခန်း ဇာတ်လမ်းတွေဟာ မကြာခဏတော့ ကိုလိုနီဝါဒကို အားပေးပေမဲ့ "Lord of the Flies" ဟာ ဒီဥပစာကို ပြောင်းပြန်လှန်ပစ်တယ်။ သမားရိုးကျ လူရိုင်းတွေအဖြစ် ဒေသခံတွေကို ရက်စက်စွာ သရုပ်ဆောင်စေတာအစား Golding က ချစ်စရာ ဗြိတိသျှကျောင်းသားတွေကို ရက်စက်တဲ့ ရုပ်ပြောင်တွေအဖြစ် ပြောင်းတယ်။ ကောင်လေးတွေဟာ ကျွန်းပေါ်က ကိုယ်ပိုင်တိုက်ပွဲကို တိုက်ခိုက်စဉ် သူတို့ကိူ ဒီကို ခေါ်ခဲ့တဲ့ ပိုဖျက်ဆီးတဲ့ စစ်ပွဲက ဆက်လက် မြင်သာလွန်းနေတယ်။ ကောင်လေးတွေကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ ဖြစ်ခဲ့ရင်တောင် ဘယ်ကမ္ဘာမျိုးဆီ သူတို့ ပြန်သွားကြမှာလဲ။ သီးခြားနေရာ(သို့) ကာလထဲက ဇာတ်ကောင်တွေကို အခြေပြုဖို့ နည်းလွန်းတဲ့ ကိုးကားချက်တွေနဲ့ ဒီဝတ္ထုရှည်ဟာ လူ့သဘာဝရဲ့ အခြေခံအကျဆုံးမှာ ၎င်းကို စစ်ဆေးခြင်းတစ်ခုကို ထာဝရလို့ အမှန်အတိုင်း ခံစားရတယ်။ Golding ရဲ့ မနှစ်မြို့စရာ အမြင်ကို စာဖတ်သူအားလုံး သဘောမတူနိုင်လောက်ပေမဲ့ "Lord of the Flies"ဟာ အခိုင်မာဆုံး ဆုံးဖြတ်ထားတဲ့ အကောင်းမြင်သမားတောင်ကိုတောင် စိန်ခေါ်ဖို့ မပြီးပြတ်လောက်အောင်ပါ။