ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ စိတ်ကို
၁၅ မိနစ်အတွင်း ပြောင်းပစ်နိုင်တယ်။
ဒါပေမဲ့ အခု TEDTalk မှာ
၅ မိနစ်ပဲ အချိန်ရှိပါတယ်၊
ဒီတော့ အဲဒါကို ဒီမှာ လုပ်ရတာ
နည်းနည်းလေး ခက်ပါလိမ့်မယ်။
ကျွန်တော်ဟာ လူ ၁၀၀ တို့ရဲ့ စိတ်ကို
၁၅ မိနစ်အတွင်းမှာ
ပြောင်းလဲပစ်နိုင်ခဲ့တဲ့ အကြောင်းကို
ပြောပြချင်ပါတယ်။
ဒီကျပမ်း စကားလုံးတွေကို ကြည့်ကြပါ။
စိတ်ထဲမှာ ဘယ်နိုင်ငံကို စဉ်းစားမိပါသလဲ။
အခုမြင်နေရတာက ကျွန်တော်တို့ ရိုက်ခဲ့ကြတဲ့
သတင်းကား တစ်ခုကို မပြမီလေးတင်မှာ
ကျောင်းသားတွေကို ခေါ်ပြီး မေးခဲ့စဉ်
ရရှိခဲ့တဲ့ အဖြေတွေပါပဲ။
ခင်ဗျားတို့ဟာ စာလုံးတွေကို မမြင်ခဲ့မှန်း သိပါတယ်၊
အာဖဂနစ္စတန်လို့ ထင်ခဲ့ရင်
ခင်ဗျားတို့ မှန်ပါတယ်။
ကျပမ်း စကားလုံးတွေထဲမှာ အဓိက အကျဆုံးက
"အန္တရာယ်" နဲ့ "ရန်လိုသော" စကားလုံး နှစ်လုံးပါ။
အဲဒီ စကားလုံးတွေကမှ အဲဒီနိုင်ငံကို ဖေါ်ပြကြတယ်လို့
ဘယ်သူကများ ခင်ဗျားတို့ကို ပြောခဲ့သလဲ?
ခင်ဗျားတို့ အဲဒီကို မရောက်ခဲ့ဘူး၊
ကိုယ်တိုင် အဲဒါကို မခံစားခဲ့ရဘူးဆိုရင်၊
တစ်ယောက်ယောက် ခင်ဗျားတို့ရဲ့
စိတ်ကို အဲဒီလို ထင်အောင် ပြုလုပ်ခဲ့တာပါ။
ကျွန်တော် မိတ်ဆွေတွေဟာ Miami ကို လာခဲ့ကာ
သူတို့ လုပ်ကိုင်ခဲ့တာတွေကို ပြောပြကြပါတယ်။
တစ်နေရာမှာ၊ ကျွန်တော် ခေါင်းထဲ
ဖြတ်ခနဲဆိုသလို၊
"ဟေ့လူတွေ၊ ခင်ဗျားတို့ အာဖဂနစ္စတန်ကို
သွားပြီး အဲဒီမှာ လုပ်ကိုင်နေကြတဲ့
လူသားချင်း ကူညီရေးလုပ်ငန်းတွေအကြောင်း
အဲဒါက
အာဖဂန် ပြည်သူတွေကို အကျိုးပြုနေပုံအကြောင်း
ပြောပြကြပါလား" လို့ တိုက်တွန်းလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကျွန်တော်အိမ်ကို
လာပြီး အဲဒီအကြောင်းကို ပြောကြတဲ့အခါမှာ၊
အဲဒါဟာ ကျွန်တော့် စိတ်ထဲ ဘယ်လိုမှာ
အရာမထင်ခဲ့ပါ၊ အာဖဂနစ္စတန်ဆိုင်ရာ
ကျွန်တော်ရဲ့ ခံစားချက်ကို
ပြောင်းလဲမပစ်နိုင်ခဲ့ပါ။
ဒီတော့ အဲဒီထဲကနေပြီး ကျွန်တော်ဆွဲယူချင်တဲ့
ကောက်ချက်က
ကျွန်တော်တို့ဟာ တစ်ယောက်ယောက်ရဲ့
စိတ်ကို ပြောင်းလဲပစ်လိုကြရင်၊
ကျွန်တော်တို့ ကိုယ်၌ကိုက ကျွန်တော်တို့ရဲ့
စိတ်ကို ဦးစွာ ပြောင်းလဲပစ်ကြရပါမယ်။
အဲဒါ့အတွက် ရုပ်လွှာအမြင်
ရှိရန် လိုအပ်ပါတယ်။
"ရုပ်လွှာအမြင်ဆိုသည်မှာ
သူများ မမြင်နိုင်တာကို
ရှုမြင်နိုင်တဲ့ အနုပညာပဲ"လို့
Jonathan Swift က မိန့်ကြားခဲ့ဘူးပါတယ်။
ခုနက ကျွန်တော်ပြောခဲ့တဲ့ စိတ်ထဲက
အသံကလေးဟာ အဲဒီလို လုပ်ပြနေခဲ့တာပါ။
အဲဒီလို ရုပ်လွှာအမြင်လေးကို ၎င်းက ကျွန်တော့
စိတ်ထဲမှာ စပြီး ဖန်တီးနေခဲ့တာပါ။
ကံဆိုးချင်တော့၊ ကျွန်တော်ဟာ
အဲဒီနောက်ပိုင်း တစ်လခွဲကြာတဲ့အထိ
အာဖဂနစ္စတန်ကို ကျွန်တော် မသွားရဖို့အတွက်
အကြောင်းတွေကို ရှာကြံနေခဲ့ပါတယ်။
နောက် ခြောက်လကြာလာတော့ ကျွန်တော်ဟာ
ကဘူးမြို့ကို သွားဖို့ ပြင်ဆင်နေပါပြီ။
ပြင်ဆင်မှုတွေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့၊
စီမံချက်တွေ ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့၊
ကျွန်တော်ဟာ အရေးကြီးဆုံး အချက်ကို
ပြန်ပြီး စဉ်းစားခဲ့ပါတယ်။
ကျွန်တော်ဟာ အဲဒီအကြောင်းကိုမှ
ပြောပြချင်ပါတယ်။
အားလုံးဆိုလို့ အဲဒါပါပဲ!
သတင်းကားကို ပြပေးပြီး၊
"ခင်ဗျားတို့ ကြည့်ကြပါ!" လို့ မှာကြားလိုပါတယ်။
ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားမိခဲ့တာက
ဒီသတင်းကားဟာ ၎င်းကို ကြည့်ကြမယ့်
လူတွေရဲ့ ဘဝတွေ နဲ့ စိတ်တွေကို
ဘယ်လိုများ အကျိုးသက်ရောက်မလဲ
ဆိုတာကိုပါပဲ။
ပြောခဲ့သလို၊ ရုပ်လွှာအမြင်ဟာ အရေးကြီးပါတယ်၊
ဒါပေမဲ့ အဲဒါဟာ
တစ်ဦးတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲစေမယ့်
ပုံပြင်နဲ့တော့ အဝေးကြီးဝေးလှပါတယ်။
"ပြင်းပြတဲ့ စိတ်သာမရှိရင်၊ ဆင်ခြင်တတ်တဲ့
လူတစ်ယောက်ဟာ လက်လျှော့ပစ်မှာပါ။"လို့
Steve Jobs က ပြောဆိုခဲ့ဘူးပါတယ်။
အဲဒီလို ပြင်းပြတဲ့စိတ်ဟာ
ခင်ဗျားတို့ထက်ကို ခင်ဗျားတို့ရဲ့
ရုပ်ပုံလွှာအမြင်အတွက် ပိုလို့ကို
လုပ်ပေးနိုင်ပါတယ်။
၎င်းဟာ ခင်ဗျားတို့ မလွှဲမရှောင်
ရင်ဆိုင်ကြရမယ့်
အခက်အခဲတွေကို ဖြတ်ကျော်နိုင်အောင်
ကူပေးပါမယ်။
ပြီးတော့ ခင်ဗျားတို့ ပက်ပင်းတိုးမိကြမှာဖြစ်တဲ့
ဟင့်အင်းသမားတွေကို နှုတ်တိတ်လာစေပါမယ်။
ဒါပေမဲ့၊ အရေးကြီးဆုံးက၊ ပြင်းပြတဲ့စိတ်ဟာ
မျှဝေပေးဖို့
ကောင်းတဲ့ ပုံပြင်ကို ရေးဖွဲ့လာစေပါမယ်၊
ကျွန်တော့ပုံပြင်ဟာ ကမ္ဘာကြီးရဲ့ ဟိုတစ်ဘက်ခြမ်း
ပေ ၈၀၀၀ အမြင့်မှာ စတင်ခဲ့တာပါ၊
သုည အောက် ၂၅ ဒီဂရီ အေးနေတဲ့
လေယာဉ်ဆင်းကွင်း
အလယ်မှာ ဒူးထောက်နေခဲ့စဉ်မှာပါ၊
လေယာဉ် တစ်စီးဟာ ကျွန်တော့ရဲ့
နောက်မှာ လိုက်ပြေးရင်း
၄ ပေ အထက်မှာ ကျော်ဖြတ်သွားတယ်။
ခင်ဗျားတို့ထဲက တချို့အတွက်
အဲဒါဟာ အိပ်မက်ဆိုးကြီးနဲ့ တူနိုင်ပါတယ်၊
ဒါပေမဲ့၊ ကျွန်တော့အတွက် အဲဒီနေ့ဟာ
အလုပ်လုပ်ခဲ့တဲ့ အကောင်းဆုံးနေ့ပါပဲ။
အနုပညာရှင်အတွက် ကျွန်တော့အကြိုက်ဆုံး
အဓိပ္ပါယ် ဖွင့်ဆိုချက်က
"ရုပ်လွှာအမြင်ကို ဆန်းသစ်ပေးသူ" ဖြစ်ပါတယ်။
ရုပ်ပုံအလွှာဟာ ကောင်းပါတယ်၊
ပြင်းပြတဲ့စိတ်ဟာ သိပ်ကိုလိုအပ်ပါတယ်။
အဲဒါဟာ အတွေးအခေါ် တစ်ခုခုရှိတာထက်
ပိုပြီး အားထုတ်ရန် လိုပါတယ်။
အဲဒီလို အတွေးအခေါ်ကို လုပ်ဆောင်ချက်
တစ်ခုအဖြစ်
ပြောင်းလဲပစ်ရန် အားထုတ်ရန် လိုပါမယ်။
ပြင်းပြတဲ့ စိတ်ဓာတ်ဟာ အဲဒါ့ကို
လုပ်ပေးနိုင်ပေမဲ့၊ ကြိုးစားရန် လိုပါတယ်။
ခင်ဗျားတို့ဟာ ကိုယ့်အတွေးအခေါ်ကို
ထုတ်ပြရန် လိုတယ်၊
ခင်ဗျားတို့ဟာ ကိုယ့်အတွေးအခေါ်ကို
ရုပ်လုံးဖေါ်ရန် လိုတယ်။
Gary Vaynerchuck ဟာ တစ်နေ့က၊
"အတွေးအခေါ် အားလုံးတို့ဟာ
ကြီးကျယ် ကောင်းမွန်ကြပါတယ်၊
ဒါပေမဲ့၊ အဲဒါတွေ ရုပ်လုံးပေါ်လာဖို့ကို
လက်တွေ့
လုပ်ကိုင်ဖို့ လိုအပ်တယ်။"လို့ တွီးတ်ခဲ့တယ်။
အာဖဂန်လူမျိုးတွေဆီမှာ၊
"ခင်ဗျားရဲ့ ရည်မှန်းချက်တွေဟာ
ကောင်းကင်ထဲမှာပါ၊
ခင်ဗျားတို့ရဲ့ ဦးနှောက်ကျတော့ ကိုယ့်ခြေရင်းမှာ
ရှိနေ ကြတယ်။" ဆိုရိုးစကားရှိတယ်။
ဒါကို နောက်တမျိုး ပြောရရင်၊
ခင်ဗျားတို့ရဲ့ ဦးခေါင်းကို
မိုးတိမ်ထဲမှ ထုတ်ယူပြီး
" လုပ်စရာတွေကို အားစိုက်လုပ်ပါ။"
စိတ်ကို ပြောင်းလဲပစ်နိုင်ဖို့ အတွက်၊
ခင်ဗျားတို့ဟာ နားထောင်ကြသူတို့ရဲ့ စိတ်ကို
ပြောင်းလဲမပစ်မီ ဒါမှမဟုတ် လှုံ့ဆော်မပေးမီ
ခင်ဗျားတို့ရဲ့ ရည်မှန်းချက်တွေ
ထည့်သွင်းထားတဲ့၏
အသက်ဝင်နေတဲ့ ပုံပြင် ရှိရပါမယ်။
နောက်တစ်နှစ်ကြာတော့၊ ကျွန်တော်တို့ဟာ
ကျောင်းသားတွေနဲ့
ပြည့်နေတဲ့ ခန်းမကြီးထဲမှာ ရှိနေခဲ့ပါတယ်
သူတို့ဟာ ခုလေးတင် "On Wings of Hope"ကို
ကြည့်ပြီးခဲ့ကြတာပါ။
အဲဒီမှာ ကျွန်တော်ဟာ
အထူးကို အံ့အားသင့်ခဲ့ရပါတယ်။
ကျွန်တော်တို့ဟာ ကြက်သီး ထမိတဲ့
ပုံပြင်တွေကို ကြားခဲ့ဘူးကြပါတယ်၊
ငိုချင်ရအောင် ဖြစ်ရတဲ့
ရုပ်ရှင်တွေကို ကြည့်ခဲ့ဘူးကြပါတယ်။
ဒါပေမဲ့၊ ကျွန်တော်ရဲ့ အနုပညာက
လူတစ်ယောက်ရဲ့ စိတ်ကို
ဘယ်လို ပြောင်းလဲပစ်ခဲ့ကြောင်း
ဘယ်လို တိုင်းထွာရမှန်း ကျွန်တော် မသိပါ။
ခင်ဗျားတို့ အားလုံး အခု ကျပန်းစကားလုံးတွေကို
ပထမဦးဆုံး အကြိမ်အဖြစ် မြင်ရမှာကို မှတ်မိကြပါ။
ဒါတွေက ကလေးတွေ ရုပ်ရှင်မကြည့်မီ
ဖြေခဲ့ကြတဲ့
အဖြေတွေပါ။
အခုတော့ စိတ်ကူးကြည့်ကြပါ၊
မိနစ် ၅၀ကြာ ကြည့်ပြီးသွားပါပြီ။
သူတို့ဟာ ရုပ်ရှင်ကို ကြည့်ပြီးသွားကြပါပြီ။
ခုနက မေးခွန်းကိုပဲ ထပ်ပြီး မေးကြည့်ခဲ့ပါတယ်။
ခင်ဗျားတို့ဟာ အာဖဂနစ္စတန်လို့
ကြားမိရင် ဘယ်လို ထင်ကြသလဲ။
အဲဒီကျမှ ကျွန်တော်တို့ အံ့အားသင်ခဲ့ရပါတယ်။
"အန္တရာယ်" နဲ့ "ရန်လိုသော" စကားလုံးတွေဟာ
"ဆင်းရဲမှု" နဲ့ "ခက်ခဲသော" ဆိုပြီး
ပြောင်းလဲလာပါတယ်။
ခင်ဗျားတို့ဟာ စိတ်ကို ပြောင်းလဲပစ်ရေး
အနုပညာကို ကျွမ်းကျင်လိုလျှင်၊
ကိုယ့် ရုပ်ပုံလွှာအမြင်ကို လိုက်နာပါ။
၎င်းဟာ ခင်ဗျားက ပုံပြင်အား
ပြောပြနေပုံကို ပုံစံပြောင်းလဲပစ်မှာပါ။
သင်ရဲ့ စိတ်ကို ပြင်းပြလာအောင်
အားဖြည့်ပေးမှာပါ။
ခင်ဗျားတို့က အရှိတရားကို မျှဝေပေးနေပုံကို
၎င်းက ဆန်းသစ်လာမှာပါ။
ပြီးတော့ ခင်ဗျားတို့ရဲ့ အတွေးအခေါ်များကို
ပြောင်းလဲစေပါမယ်။
ခင်ဗျားတို့အား လှုံ့ဆော်ပေးနိုင်အောင်
မြေတောင်မြှောက်ပေးပါမယ်။
ကိုယ့်အသည်းနှလုံးထဲမှနေပြီး
ပြောပြလိုက်တဲ့ စိတ်လှုပ်ရှားဖွယ်ရာ ပုံပြင်ဟာ
ထောင်နဲ့ချီရှိတဲ့ စိတ်တွေကို
ထာဝရ ပြောင်းလဲပစ်နိုင်ပါတယ်။
အဲဒါကမှ စိတ်တွေကို
ပြောင်းလဲပစ်ရေး အနုပညာပါ။
(လက်ခုပ်တီးသံများ)