ဘယ်သူမှ သင့်အား
ထိုက်တန်စွာ ပေးမှာမဟုတ်ဘူး။
ဘယ်သူမှ သင့်အား ထိုက်တန်စွာ
ပေးမှာမဟုတ်ဘူး။
သူတို့ထင်တဲ့ ထိုက်တန်မှုကို
သူတို့ ပေးမှာပါ။
သူတို့အတွေးကို သင် ဒီလို
ထိန်းချုပ် မရနိုင်ဘူး၊
အဲဒါက မိုက်ချင် မိုက်မှာပါ။
(ရယ်သံများ)
ဒါက တကယ်ကို မိုက်လိမ့်မယ်။
ဒီအစား၊ ဒီလိုပါ-
သင့်ရဲ့ ထူးချွန်မှုအတွက် လစာကောင်းကောင်း
ရဖို့ သင့်တန်ဖိုးကို ရှင်းရှင်းလေး ဖေါ်ပြ
အသိပေးခြင်းဟာ မရှိမဖြစ်လိုပါတယ်။
လူတိုင်း လစာကောင်းချင်တာချည်းပါ။
ကောင်းတာပေါ့ရှင်။ ဒါဆို
ဒီဟောပြောချက်က လူတိုင်းအတွက်ပါ။
ဒါက နေရာတိုင်းကို ကျင့်သုံးနိုင်ပါတယ်၊
သင်ဟာ လုပ်ငန်းရှင်ဆိုရင်၊
သင်ဟာ ဝန်ထမ်းဆိုရင်၊
အလုပ်ရှာသူဆိုရင်၊ အဲဒါမှန်တယ်။
ယောကျ်ား (သို့) မိန်းမဆိုရင် မှန်တယ်။
ကျွန်မ ဒါကို ဒီနေ့ အမျိုးသမီးလုပ်ငန်းရှင်
ရဲ့ အမြင်ကနေ ချဉ်းကပ်တာက
အလုပ်မှာ အမျိုးသမီးတွေဟာ အမျိုးသား
တွေထက် ပိုလျှော့ပေးတာ သတိပြုမိလို့ပါ။
ကျားမ လုပ်ခကွာခြားချက်က ဒီနိုင်ငံမှာ
အတော်ကလေး ပြောဆိုနေကျပါ။
Bureau of Labor Statistics အရ
ဝန်ထမ်းအမျိုးသမီးဟာ အမျိုးသား
တစ်ဒေါ်လာရတိုင်း ၈၃ ဆင့်ပဲရတယ်။
သင့်ကို အံ့သြစေလောက်တာက
ဒီဦးတည်ရာက စီးပွားရေးစွမ်းဆောင်ရှင်
နယ်ပယ်ထဲကိုတောင် ဆက်ဝင်နေခြင်းပါ။
အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးဟာ အမျိုးသား
တစ်ဦး တစ်ဒေါ်လာရတိုင်း ဆင့် ၈၀ ပဲရတယ်။
ကျွန်မအလုပ်မှာ အမျိုးသမီးတွေ
သူတို့ရဲ့ တန်ဖိုးကို
အသိပေးဖို့ အားနာကြတယ်လို့
ထုတ်ဖော်တာ မကြာခဏကြားရတယ်။
အထူးသဖြင့် လုပ်ငန်းပိုင်ဆိုင်မှုမှာပေါ့။
ဒီလိုမျိုးေတွ ပြောကြတယ်။
"ကိုယ့်ဂုဏ် ကိုယ်မဖော်ချင်ဘူး။"
"အလုပ်ကိုယ်၌ကပဲ ဖေါ်ပြပေးစေချင်တယ်။"
"ကိုယ့်ကိုယ်ကို မချီးမြောက်ချင်ဘူး။"
အမျိုးသား လုပ်ငန်းရှင်တွေနဲ့ တွဲလုပ်ရင်း
အတော်ခြားနားတဲ့ အဖြစ်တွေ ကြားရတယ်
ဒီခြားနားမှုအတွက် အမျိုးသမီးတွေ
တစ်ဒေါ်လာမှာ ဆင့် ၂၀ ပေးဆပ်ပုံရတယ်။
သူတို့ ဖောက်သည်တွေရဲ့
အမြတ်ငွေ သိသာစွာ တိုးအောင်
ကူညီတဲ့ အကြံပေးလုပ်ငန်းတစ်ခုရဲ့
ဇာတ်လမ်းကို ပြောပြချင်ပါတယ်။
ဒါက ကျွန်မရဲ့ ကုမ္ပဏီပါ။
ကျွန်မရဲ့ စီးပွားရေး ပထမနှစ်အပြီးမှာ
ကျွန်မနဲ့ တွဲလုပ်ပြီး
ဖောက်သည်တွေ အမြတ်တက်လာနေတာကို
မြင်ခဲ့ကာ
ကိုယ့်စျေးနှုန်းကို ပြန်ညှိဖို့ လိုတာ
သဘောပေါက်ခဲ့တယ်။
ကျွန်မက ဖန်တီးနေတဲ့ တန်ဖိုးနဲ့ စာရင်
စျေးလျှော့ ရနေခဲ့လို့ပါ။
ဝန်ခံဖို့ခက်နေတာက ကျွန်မက
တန်ဖိုးသတ်မှတ်တဲ့ အတိုင်ပင်ခံဖြစ်နေတယ်။
(ရယ်သံများ)
ကျွန်မလုပ်တာက ဒါပါ။
ကုမ္ပဏီတွေကို တန်ဖိုးသတ်မှတ် ပေးတယ်။
ဒါပေမဲ့လည် ဒါကို ကျွန်မသတိထားမိတယ်
ဒါနဲ့ ကိုယ်စျေးနှုန်းတွေနဲ့ ကိုယ့်
တန်ဖိုးကို သတ်မှတ်ဖို့ ထိုင်လိုက်တယ်၊
ဒါကို အဓိကကျတဲ့ မေးခွန်းတွေမေးရင်း
လုပ်ခဲ့တယ်။
ဖောက်သည်ရဲ့ လိုအပ်ချက်က ဘာလဲ။
ကိုယ်က ဘယ်လိုဖြည့်ဆည်းမလဲ။
ဖောက်သည်တွေကို ဖြည့်ဆည်းဖို့ ပိုကောင်း
အဆင့်မီစေတဲ့ ကိုယ့်ထူးခြားတာက ဘာလဲ။
ဘယ်သူမှ မတတ်ပေမဲ့ ငါလုပ်နိုင်တာဘာလဲ
ဖောက်သည်တွေအတွက် ဘယ်ပြဿနာတွေ
ဖြေရှင်းပေးလဲ။
ဘယ်တန်ဖိုးကို ထပ်ဖြည့်ပေးမလဲ။
ဒီမေးခွန်းတွေကို ကျွန်မဖြေလိုက်ပြီး
ကျွန်မရဲ့ ဖောက်သည်တွေ ကျွန်မနဲ့
အလုပ်လုပ်လို့တဲ့ တန်ဖိုးကို သတ်မှတ်တယ်၊
ရင်းနှီးမှုအပေါ် သူတို့အမြတ်ကို
တွက်တယ်။
မြင်လိုက်တာက
ကျွန်မ စျေးနှုန်းကို နှစ်ဆတိုးဖို့လိုတာပါ။
နှစ်ဆတိုးပေးခိုင်းရမှာပါ။
ကဲ၊ ရှင်တို့ကို ဝန်ခံပါတယ်၊
အဲဒါက ကျွန်မကို ခြောက်လှန့်ခဲ့တယ်။
ကျွန်မဟာ ဒီမှာ ကျွမ်းကျင်သူဖြစ်သင့်ပေမဲ့
အဖြေမရှိသေးပါ။
အဲဒီမှာ တန်ဖိုးရှိတာ သိခဲ့တယ်၊
တန်ဖိုးက အဲဒီမှာရှိတယ်လို့ ယုံကြည်ခဲ့တယ်။
ကျွန်မ အသိဉာဏ်ကနေ ကြောက်နေခဲ့တုန်းပဲ။
ဘယ်သူမှ ငါ့ကို မပေးဘူးဆိုရင်ရော။
"ဒါက ပေါက်ကရတွေ၊ မင်းရူးနေတာလို့
ဖောက်သည်တွေက
ပြောရင်ရော။”
ငါက ဒီလောက်တန်လို့လား။
ငါ့အလုပ်မဟုတ်ဘူ၊ သတိထား၊ ငါပဲလေ။
ငါက ဒီလောက်တန်လို့လား။
ကျွန်မက ကိုယ့်ကို မှီခိုနေရတဲ့
ချစ်သမီးလေး နှစ်ယောက်ရဲ့ မိခင်ပါ။
တစ်ဦးတည်းနေ မိခင်ပါ။
ငါ့လုပ်ငန်း ပျက်သွာရင်ရော။
ငါ ကျရှုံးသွာရင်ရော။
ဒါပေမဲ့ ကိုယ့်ဆေး ဘယ်လိုပြုစုရမှာ သိတယ်
ကျွန်မဖောက်သည်တွေကို ညွှန်းပေးတဲ့ ဆေးလေ။
ကိုယ့်အိမ်စာကို ကိုယ်လုပ်ထားခဲ့တယ်။
အဲဒီမှာ တန်ဖိုးရှိတာ သိတယ်။
ဒါနဲ့ အလားအလာ ရောက်လာခဲ့တယ်။၊
ပိုမြင့်တဲ့ စျေးနှုန်းသစ်တွေနဲ့
အဆိုပြုချက်တွေကို
ပြင်ဆင်ပြီး ပို့လိုက်တာ
တန်ဖိုးကို အသိပေးလိုက်တယ်။
ဇာတ်လမ်း အဆုံးက ဘယ်လိုလဲ။
ဖောက်သည်တွေ ကျွန်မကို ဆက်ငှားကြတယ်။
ညွှန်းပေးကြ၊ ထောက်ခံကြနဲ့
ဒီမှာ ကျွန်မ ရှိတုန်းပဲ။
ဒီအဖြစ်ကို မျှဝေတာက
သံသယတွေနဲ့ ကြောက်စိတ်တွေက
သဘာဝ၊ ပုံမှန်ရာတွေပါ။
ဒါပေမဲ့ ၎င်းတို့က
ကိုယ့်တန်ဖိုးကို မပြဌာန်းကြဘူး၊
ဝင်ငွေ အလားအလာကို မကန့်သတ်သင့်ဘူး။
ကိုယ့်တန်ဖိုးကို အသိပေးပြီး
ကိုယ်ပိုင် အသံတွေ့သွားတဲ့
အမျိုးသမီးတဦးအကြောင်း
နောက်တစ်ခု မျှဝေချင်ပါတယ်
သူမက အောင်မြင်တဲ့ ဝက်ဘ် တိုးတက်ရေး
ကုမ္ပဏီ လုပ်ပြီး
ဝန်းထမ်းများစွာ ခန့်ပါတယ်။
ပထမ သူမ လုပ်ငန်းစတုန်းကနဲ့
နှစ်မျာစွာကြာပြီးနောက်မှာလည်း
သူမပြောနေမှာက "ငါ့မှာ ဝက်ဘ်
ကုမ္ပဏီသေးသေးလေးရှိတယ်။"
ဖောက်သည်တွေနဲ့ ဒီစကားလုံးတွေကို
တကယ် သုံးနေမှာပါ။
"ငါ့မှာ ဝက်ဘ် ကုမ္ပဏီ အသေးလေးရှိတယ်။"
ဒီထဲမှာနဲ့ အခြားနည်းများစွာမှာ
သူမဟာ အလားအလားတွေနဲ့ ဖောက်သည်တွေရဲ့
အမြင်မှာ သူမကုမ္ပဏီနဲ့ ကိုယ်တိုင်ကို
သေးသိမ်အောင်လုပ်နေခဲ့တယ်။
ဒါက သူမနဲ့ထိုက်တန်ရာကိုရဖို့ တကယ်ပဲ
သက်ရောက်နေခဲ့ပါတယ်။
သူမရဲ့ ဘာသာစကားနဲ့ သူမရဲ့ဟန်က
သူမဆီမှာ ကမ်းလှမ်း
ပေးနိုင်တဲ့ တန်ဖိုး များစွာ
ရှိတာ မယုံကြည်တာကို
အသိပေး ဖေါ်ပြနေခဲ့တယ်။
သူမ စကားလုံးတွေအရ သူမဟာ
ဝန်ဆောင်မှုတွေကို အလကားနီးပါး ပေးနေတယ်။
ဒါနဲ့ ဖောက်သည်တွေဆီ တန်ဖိုးကိုအသိပေးဖို့၊
ဒါနဲ့ သူမရဲ့ ဆက်သွယ်ပြောကြားမှုကို
ပြောင်းဖို့ တာဝန်သိစိတ်နဲ့
သူမရဲ့ ခရီးကို စခဲ့တယ်
သူမအား ကျွန်မ မျှဝေပေးလိုက်တဲ့
အချက်က ကိုယ့်အသံကို ရှာနိုင်ဖို့
အင်မတန် အရေးကြီးတယ် ဆိုတာပါ၊
သင့်အတွက် စစ်မှန်တဲ့ အသံဖြစ်ရမယ်။
ကိုယ့်အသံ မဟုတ်ရင် အင်မတန်တော်တဲ့
အရောင်းသမား ကိုယ့်ယောင်းမ (သို့)
ဟာသပြောတာ အလွန်တော်တဲ့
အိမ်နီးချင်းရဲ့ လေသံဖြင့် မကြိုးစားပါနဲ့။
ဒါ ကိုယ့်ကိုယ်ကို ဂုဏ်ဖော်လိုတဲ့
အထင်ကိုစွန့်ပစ်ပါ။
အြခားသူတွေ သိအောင်လုပ်တာပါ။
ကြွားဝါးမှု မဟုတ်တဲ့ ဝန်ဆောင်ဖို့နဲ့
တန်ဖိုးဖြည့်ဖို့ အာရုံစိုက်ပါ၊
သင်လုပ်တာနဲ့ပတ်သက်ပြီး ဘာကိုသဘောကျလဲ။
သင်လုပ်တဲ့ထဲက
ဘာက သင့်စိတ်ကို လှုပ်ရှားစေလဲ။
ဒါနဲ့ သင်ဆက်စပ်မိရင် သင့်တန်ဖိုးကို
အသိပေးခြင်းဟာ သဘာဝကျကျ ဖြစ်လာမှာပါ။
ဒါနဲ့ သူမအတွက် သဘာဝကျတဲ့
ပုံစံကို တွေ့လိုက်တယ်၊
ကိုယ့်အသံ ရှာတွေ့ပြီး
ပြောပုံ ပြောင်းခဲ့တယ်။
တစ်ခုကတော့ သူမကိုသူမ အသေးစား ဝက်ဘ်
ဒီဇိုင်း ကုမ္ပဏီလို့ခေါ်တာ ရပ်လိုက်တယ်။
သူမရဲ့ သတင်းစကားကို ပါးပေးမှုဟာ တကယ့်ကို
အားကောင်း ထိရောက်တာ တကယ် တွေ့သွားတယ်။
အခု သူမဟာ ဝက်ဘ်ဒီဇိုင်းအတွက်
သုံးကြီမ် ပိုတောင်းဆိုနေပြီး
သူမလုပ်ငန်းက ကြီးထွားနေတယ်။
မကြာခင်က ခပ်ပြတ်ပြတ်၊ တစ်ခါတစ်ခါ
ခက်ခဲတဲ့ ဖောက်သည်နဲ့
အစည်းဝေးအကြောင်းပြောတယ်၊
ရှာဖွရေး အင်ဂျင်မှာ တိုးတက်မှု
မေးခွန်းထုတ်ဖို့ အစည်း အဝေးခေါ်ခဲ့သူပါ။
သူမပြောတာက ဟိုတုန်းကဆို
သူမအတွက် တကယ့် ကြောက်မက်ဖွယ်
အစည်းအဝေးတစ်ခု ဖြစ်လိမ့်မယ်၊
သူ့အမြင်က ပြောင်းလဲသွားပြီ။
သူမပြောတာက သတင်းအချက်အလက်ကိုပြင်ဆင်တယ်၊
ဖောက်သည်နဲ့အတူထိုင်တယ်၊
ဒါက ကျွန်မနဲ့ မဆိုင်ဘူး၊
ဒါက ကိုယ်ရေးကိုယ်တာမဟုတ်ဘူး၊
ဖောက်သည်နဲ ဆိုင်တာပါတဲ့။
သူမက ဒါတွေကို ဒေတာတွေ၊ ကိန်းတွေကနေ
ယူလိုက်ပြီး
လားရာတွေနဲ့ တိုးတက်မှုတွေကို ကိုယ်ပိုင်
အသံ၊ ကိုယ်ပိုင်ဟန်နဲ့ ခင်းပြပေမဲ့
တည့်တည့် ပြောတာက
"ဒီမှာလေ၊ ရှင်တို့အတွက် လုပ်ထားတာ။"
ဖောက်သည်က ထရပ်ပြီး သတိပြုမိပြီး
ပြောတယ်။ "အိုကေ၊ နားလည်ပြီ။"
ဒီအစည်းအဝေးကို သူမ သရုပ်ဖော်ပြောတာက
"ကျွန်မဟာ အရင်တုန်းကလို ကြောက်တာ၊
လန့်တာ၊ သိမ်ငယ်တာ လိုဟာမျိုး
မခံစားမိတော့ဘူး။"တဲ့။
"အိုကေ၊ ငါ့မှာ ဒါရှိတယ်"လို ဆိုတာအစား
ငါလုပ်နေတာ ငါသိတယ်၊ ငါ့မှာ
ယုံကြည်မှုရှိတယ်"
လျော်ကန်စွာ တန်ဖိုးထားခံရခြင်းက
သိပ်အရေးကြီတယ်။
ဒီဖြစ်ရပ်မှာ သင် ကြားနိုင်တာက
ဂယက်ရိုက်မှုတွေက ငွေကြေး
သက်သက်ဆိုတာတွေကို ကျော်လွန်ပြီး
မိမိကိုယ်ကို လေးစားမှု၊ မိမိကိုယ်ကို
ယုံကြည်မှု နယ်ပယ်ထဲဆီ လွမ်းခြုံတာပါ။
ဒီနေ့ ဖြစ်ရပ်နှစ်ခု ကျွန်မပြောခဲ့တယ်။
တန်ဖိုးသတ်မှတ်ခြင်းအကြောင်းနဲ့
နောက်တစ်ခုက တန်ဖိုးကို
အသိပေးဖို့ အကြောင်းပါ။
ကိုယ့်ဝင်ငွေဆိုင်ရာ အလားအလာကို အပြည့်အဝ
ရုပ်လုံးဖေါ်ရေး အစိတ်အပိုင်း နှစ်ရပ်ပါ။
ညီမျှခြင်းက အဲဒီလိုပါ။
သင်ဒီနေ့ ပရိတ်သတ်ကြားမှာ ထိုင်နေတယ်၊
သင်ဟာ သင်နဲ့တန်သလောက် မရဘူး ဆိုရင်၊
သင်တို့ကို ဒီညီမျှခြင်းထဲမှာ ကြိုချင်တယ်။
ဖြစ်နိုင်တဲ့ ဘဝကို ဒီလိုမျိုး
စိတ်ကူးကြည့်လိုက်ပါ၊
ကျွန်မတို့ရဲ့ ပြည့်ဝ စွမ်းအားကို ရပြီး
ပြည့်ဝတဲ့တန်ဖိုးကို နားလည်နိုင်ရင်
ကျွန်မတို့ ဘယ်လောက်များ ပိုလုပ်နိုင်မလဲ၊
ကျွန်မတို့ ဘယ်လောက်များ ပြန်ပေးနိုင်မလဲ။
ဘယ်လောက် အနာဂတ်အတွက်
ပိုအစီစဉ်ချနိုင်၊ ဘယ်လို ခိုင်လုံ
လေးစားခံရမယ်ဆိုတာလေ။
ဘယ်သူမှ သင့်ထိုက်သလို
ပေးမှာမဟုတ်ဘူး။
သူတို့ထင်တဲ့ သင့်အတွက် ထိုက်တန်မှုကိုသာ
သူတို့ပေးမှာပါ။
သူတို့ တွေးပုံ သင်ထိန်းချုပ်ပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)