မေးခွန်းမှာ 5/6 ကို 2/3 နဲ့ မြှောက်ပြီး အဖြေကို အရှင်းဆုံးပုံစံနဲဖော်ပြပါလို့ ပေးထားတယ် ဒါဆို ဒီ ဂဏန်း (2) ခုကို ကျွန်တော်တို့မြှောက်ကြည့်ရအောင်။ ကျွန်တော်တို့မှာ 5/6 × 2/3 ရှိတယ်။ အပိုင်းဂဏန်းတွေ မြှောက်တာ တကယ့်ကို ရိုးစင်းတဲ့ အလုပ်တစ်ခုပါ။ ပိုင်းဝေ အသစ်တစ်ခု (သို့) မြှောက်ပြီးမှရလာတဲ့ ပိုင်းဝေဟာ ပိုင်းဝေကိန်း (2) ခုရဲ့မြှောက်လဒ် ဖြစ်တယ် ဒါမှမဟုတ် ခင်ဗျားရဲ့ အပေါ်ကကိန်းအသစ်ဟာ တခြား အပေါ်ကကိန်း (2)ခုရဲ့မြှောက်ခြင်း ဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနှစ်ခုမြှောက်လဒ်ရဲ့ပိုင်းဝေ ဟာ 5 ကို 2 နဲ့ မြှောက်ခြင်းပဲဖြစ်တယ်။ ပိုင်းဝေမှာ 5 × 2 ဖြစ်ပြီး၊ ပိုင်းခြေမှာ 6 × 3 ဖြစ်တယ် 5 × 2 က 10 ရတယ်၊ 6 × 3 က 18 ဒီတော့ 10/18 ရတယ် ဒါကို 2/3 ကို 5/6 နဲ့ မြှောက်ခြင်း (သို့) 5/6 ကို 2/3 ဖြင့်မြှောက်ခြင်း အဖြစ် ခင်ဗျား မြင်လို့ရတယ်။ ခင်ဗျားစဉ်းစားတဲ့ပုံပေါ် မူတည်ပါတယ် ဒါဟာ မှန်ကန်တဲ့ အဖြေ ဖြစ်တယ်။ ဒါက 10/18. ဒါပေမယ့် ဒီကိန်းဂဏန်း (2) ခုကို ခင်ဗျားကြည့်တဲ့အခါ သူတို့မှာ ဘုံဆခွဲကိန်းရှိနေတယ်ဆိုတာ ချက်ချင်း သိကောင်းသိလိမ့်မယ်။ ဒီကိန်းနှစ်ခုလုံး ကို 2 နဲ့စားလို့ပြတ်တယ်။ ကျွန်တော်တို့ အငယ်ဆုံးကိန်းပုံစံကို လိုချင်တော့ 2 နဲ့စားပါမယ် 10 ကို 2 နဲ့စားတယ် ၊18 ကို 2 နဲ့စားတယ်။ 10 ကို 2 နဲ့စားတာ 5 ရပြီး၊ 18 ကို 2 နဲ့စားတာကတော့ 9 ရတယ်။ အခု ခင်ဗျား ဒီအဆင့်တွေကို အစမှာကတည်းက လုပ်လို့ရပါတယ် ကျွန်တော်တို့ မမြှောက်ခင် ကတည်းကလုပ်လို့ရပါတယ် ဒီအဆင့်မှာကတည်းက လုပ်လို့ရပါတယ် ကောင်းပြီ။ ကျွန်တော့်မှာ ပိုင်းဝေ 2 ရှိတယ်။ ပြီးတော့ 2 နဲ့စားလို့ပြတ်မယ့် ပိုင်းခြေ ကျွန်တော့်မှာ ရှိတယ်။ ဒါဆို ပိုင်းဝေကို 2 နဲ့ စားကြည့်မယ် ။ 1 ရတယ် ပိုင်းခြေကိုလည်း 2 နဲ့စားကြည့်မယ်။ ဒါဆို 3 ရလာတယ်။ ဒါဆို 5 တစ်လီ 5 ရပြီး 3 သုံးလီ 9 ရတယ်။ ဒီဟာက ကျွန်တော်တို့ ဒီမှာတွက်ခဲ့တာနဲ့ အတူတူပဲဖြစ်တယ်။ ကျွန်တော်တို့ မြှောက်လဒ်ကိုမယူခင် ချေ ပြီးတွက်လိုက်တာပါ ခင်ဗျား ဒီပထမအဆင့်မှာလည်း လုပ်လို့ရပါတယ် ခင်ဗျား ဒီမှာ တွက်ခဲ့တယ်ဆိုရင် ဒီမှာကြည့် 6 × 3 ဆိုတာ ပိုင်းခြေ ဖြစ်ပြီး 5 × 2 ဆိုတာ ပိုင်းဝေ ဖြစ်တယ်။ ပိုင်းဝေ ကို 2 နဲ့ စားတော့ 1 ရတယ်။ ပိုင်းခြေကိုလည်း 2 နဲ့ စားမယ် 2 နဲ့စားလို့ပြတ်တော့ အဖြေက 3 ရလာတယ်။ 5 နဲ့ 1 နဲ့မြှောက်တော့ 5 ရတယ်၊ 3 နဲ့ 3 နဲ့မြှောက်တော့ 9 ရတယ်။ ဒီတော့ ဘယ်နည်းနဲ့တွက်တွက် တွက်လို့ရပါတယ် ဒီနည်းအတို်င်း ခင်ဗျားတွက်မယ်ဆိုရင် ကိန်းဂဏန်းတွေကို ဆခွဲကိန်း ခွဲတဲ့ပုံစံကို ခင်ဗျား ပိုမြင်လာမယ်။ ဒါဆို ဘယ် ဂဏန်းကို ဘယ် ဂဏန်းနဲ့ စားလို့ပြတ်တယ်ဆိုတာလည်း အလွယ်တကူ မှတ်သားနိုင်လာမယ်။ ဒါမှမဟုတ်လည်း နောက်ဆုံးမှ အဲ့ ဂဏန်းတွေကို စားပြီး အငယ်ဆုံးကိန်းရအောင်တွက်လို့ရပါတယ်