တစ်ယောက်ယောက်ကို ငွေချေးပေးရန်အတွက် သင်ဟာ အဲဒီလူအကြောင်း ဘယ်လောက်ထိ သိဖို့လိုအပ်လဲ။ သင့် နောက်က နှစ်တန်းကျော်မှာ ထိုင်နေတဲ့ လူကို ဒေါ်လာ ၁၀၀၀ သင်က ချေးပေးချင်တယ်ဆိုပါစို့။ သင် စိတ်ချလက်ချ ဖြစ်လာရန် ဒီလူအကြောင်း သင်ဘာတွေကို သိဖို့လိုမလဲ။ ကျွန်မအမေက အိန္ဒီယကနေ US ကို အသက် သုံးဆယ်နှောင်းပိုင်းမှာ လာခဲ့တာပါ။ သူမက Brooklyn က ဆရာဝန်ဖြစ်ပြီး မိတ်ဆွေတွေနဲ့ အိမ်နီးချင်းတွေကို ကျန်းမာ ရေး ဝန်ဆောင်မှုတွေအတွက် ချက်ချင်း ပေးနိုင်နိုင်၊ မပေးနိုင်နိုင် လာပြခွင့်ပေးထယ်။ သူမရဲ့ လူနာတွေနဲ့ သူမဟာ ကုန်စုံဆိုင်မှာ (သို့) လမ်းမှာ ဆုံမိတာ မှတ်မိတယ်၊ တစ်ခါတစ်လေမှာ အရင်က အခေါက်တွေအတွက် ချက်ချင်းပဲ လာပြီး ပေးကြပါတယ်။ သူတို့ကို ကျေးဇူးတင်စကား ဆိုပြီး သူတို့ မိသားစုနဲ့ ကျန်းမာရေးတွေ မေးမြန်းနဲ့ပေါ့။ သူတို့ကို အကြွေးပေးတဲ့ အကြောင်းက သူတို့ကို ယုံကြည်လို့ပါ။ ကျွန်မတို့ အများစုဟာ အမေ့လိုပါပဲ။ ကိုယ်သိတဲ့လူ ဒါမှမဟုတ် ကိုယ့်နားမှာနေသူတွေကို အကြွေးပေးမှာပါ။ ကျွန်မတို့အများစုဟာ ကိုယ်သိပ်မသိတဲ့ သူစိမ်းတစ်ယောက်ကိုတော့ သူတို့အကြောင်း သိပ်မသိရင် ချေးချင်မှ ချေးမှာပါ။ ဘဏ်တွေ၊ ခရက်ဒစ်ကဒ် ကုမ္ပဏီတွေနဲ့ အခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ ကိုယ်ရေးကိုယ်တာ အဆင့်မှာ ကျွန်မတို့ကို မသိပေမဲ့ ကျွန်မတို့ကို ယုံကြည်ဖို့ နည်းလမ်း ရှိကြပါတယ်၊ အဲဒါက ကျွန်မတို့ရဲ့ ခရက်ဒစ် အမှတ်တွေဖြစ်တာပါ။ ကျွန်မတို့ရဲ့ ခရက်ဒစ်အမှတ်တွေဟာ ကျွန်မတို့ရဲ့ စားသုံးသူ ခရက်ဒစ် ဒေတာရဲ့ စုစည်း ဆန်းစစ်မှုမှ ပေါ်လာတာပါ။ ဒါတွေကြောင့် ကုန်ပစ္စည်း အားလုံးကို အသုံးပြုချင်ရင် တော်တော်လေး လွယ်ကူပါတယ်။ လျှပ်စစ်ကို သုံးတာမှ အိမ်တစ်လုံးဝယ်တာထိ၊ (သို့) စွန့်စားတာတစ်ခု၊ လုပ်ငန်းတစ်ခုစတာတို့ပေါ့။ ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ ခရက်ဒစ်အမှတ်မရှိသူ ၂.၅ ဘီလီယံရှိပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံပါ။ သူတို့မှာ အမှတ်မရှိတာက သူတို့မှာ တရားဝင် အများသုံး မှတ်တမ်းတွေ မရှိတာကြောင့်ပါ။ ဘဏ်စာရင်းတွေမရှိ၊ ခရက်ဒစ် သမိုင်းတွေမရှိ၊ လူမှု လုံခြုံရေး နံပါတ်တွေမရှိပါဘူး။ အမှတ်မရှိတာကြောင့် ခရက်ဒစ်ကဒ် (သို့)၊ သူတို့ဘဝတွေကို တိုးတက်စေတဲ့ ငွေကြေးဆိုင်ရာ ထုတ်ကုန်တွေကို မတတ်နိုင်ဘူးလေ။ သူတို့ကို ယုံကြည်မှု မရှိဘူးပေါ့။ ဒါနဲ့ ဒီ ၂.၅ ဘီလီယံအတွက် ယုံကြည်မှုတစ်ခု တည်ဆောက်ပြီး ငွေကြေး ခံစားခွင့် လမ်းတစ်ရပ် ဖွင့်ပေးဖို့ နည်းလမ်းကို ရှာချင်ခဲ့တယ်။ ဒါနဲ့ သူတို့အတွက် မိုဘိုင်းဒေတာသုံးရင်း အမှတ်တွေဆောက်ပေးတဲ့ မိုဘိုင်း ဒေတာကို ဖန်တီးခဲ့တယ်။ လောလောဆယ် ပေါ်လာနေတဲ့စျေးကွက်တွေ မှာ စမတ်ဖုန်း တစ်ဘီလီယံကျော်ပါတယ်။ လူတွေဟာ ဒါတွေကို ကျွန်မတို့လို တစ်ထေရာတည်း သုံးနေတာပါ။ မိတ်ဆွေတွေကို စာရိုက်ပို့တယ်၊ လမ်းညွန်တွေရှာတယ်။ အင်တာနက်မှာ ရှာဖွေတယ်၊ ငွေကြေး လွှဲပြောင်းမှုတွေတောင် လုပ်နေပါတယ်။ ကြာလာတော့ ဒီဒေတာဟာ ဖုန်းတွေမှာ သိမ်းမိလာပြီး လူတစ်ဦးရဲ့ ဘဝရဲ့ တကယ့်ကို ကြွယ်ဝတဲ့ ပုံရိပ်ကို ပံ့ပိုးပေးပါတယ်။ ဖောက်သည်တွေက ကျွန်မတို့ကို ဒီဒေတာဆီ ဝင်ခွင့် ပေးပြီး ကျွန်မတို့က မိုဘိုင်း အပလီကေးရှင်းမှ ရယူလိုက်ပါတယ်။ ဒါက Kennya က Nairobi မှာရှိတဲ့ အသေးစား လုပ်ငန်းရှင် Jenipher လိုလူတွေကို ခရက်ဒစ်ပေး ထိုက်မှုကို နားလည်ဖို့ ကူညီပေးတယ်။ Jenipher ဟာ ၆၅ နှစ်ပါ၊ ဆယ်စုနှစ်ချီပြီး ဗဟို စီးပွားရေးခရိုင်မှာ မုန့်ဆိုင်တစ်ဆိုင် ဖွင့်ထားသူပါ။ သူမဆီမှာ အသက်မွေးမှုကျောင်း ပို့ထားတဲ့ သားသုံးယောက်ရှိပြီး ရပ်ကွက်တွင်းက chama (သို့) ငွေစုငွေချေး အသင်းမှာ ခေါင်းဆောင်တစ်ယောက်ပါ။ Jenipher ရဲ့ မုန့်ဆိုင်က ရောင်းကောင်းတယ် သူမရဲ့ စရိတ်တွေကာမိရုံပဲ ရှာနိုင်ပါတယ်။ ဒါပေမဲ့ ငွေကြေးပိုင်း အာမခံချက်မရှိဘူး။ အရေးပေါ်ကိစ္စမှာ သူမ အကြွေးတင်နိုင်ပါတယ်။ သူမရဲ့ မိသားစု နေထိုင်မှုတိုးတက်ဖို့ အရေးပေါ်အတွက် ဒါမှမဟုတ်၊ လုပ်ငန်းတိုးပွားရေးမှာ ရင်းနှီးဖို့ လိုအပ်ရင်သုံးဖို့ ဝင်ငွေမရှိဘူးဖြစ်နေတယ်။ Jenipher အကြွေးလိုချင်ရင် သူမရဲ့ ရွေးပိုင်ခွင့်တွေက အကန့်အသတ်နဲ့ပါ။ အသေးစားချေးငွေ ရနိုင်ပါတယ်။ ဒါပေမဲ့ ယုံကြည်နိုင်မှု အာမခံပေးနိုင်တဲ့ အဖွဲဖွဲ့ဖို့လိုပါလိမ့်မယ်။ ဒါတောင်မှ ချေးငွေ ပမာဏတွေဟာ သူမရဲ့လုပ်ငန်းအပေါ် သက်ရောက်မှုရှိဖို့ အင်မတန်မှ နည်းလွန်းပါတယ်။ ပျှမ်းမျှ ဒေါ်လာ ၁၅၀ ဝန်းကျင်ပါ။ ငွေတိုးချေးစားသူတွေဟာ အမြဲ ရွေးစရာတစ်ခုဆိုပေမဲ့ ၃၀၀% အထက်ရှိတဲ့ အတိုးနှုန်းနဲ့ဆိုတော့ ငွေကြေးအရ အန္တရာယ်များတယ်။ Jenipher မှာ အပေါင်ပစ္စည်း (သို့) ခရက်ဒစ် သမိုင်းမရှိတာကြောင့် ဘဏ်ထဲဝင်ပြီး လုပ်ငန်းအတွက် ချေးငွေကို မရနိုင်ဘူးလေ။ ဒါပေမဲ့ တစ်နေ့မှာတော့ Jenipher ရဲ့သားက ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်ကို ကူးယူပြီး ချေးငွေ လျှောက်ဖို့ စည်းရုံးတယ်။ Jenipher ဟာ ဖုန်းကနေ မေးခွန်းအနည်းငယ်ကို ဖြေပြီး သူမရဲ့ ကိရိယာထဲရှိ အဓိကရ ဒေတာအချက်တွေပေးခဲ့ပါတယ်။ အဲဒါကို ရှင်တို့ ကြည့်ကြပါ။ မကောင်းတာနဲ့ စမယ်။ Jenipher မှာ စုငွေ နည်းနေပြီး ငွေချေးဘူးတဲ့ မှတ်တမ်းဟောင်း မရှိခဲ့ဘူး။ ဒါတွေဟာ အစဉ်အလာ ဘဏ်တစ်ခုမှာ အလံနီပြသွားစေမယ့် အကြောင်းအရင်းတွေပါ။ ဒါပေမဲ့ သူမရဲ့ သမိုင်းမှာ အခြားအချက်တွေက သူမရဲ့ အလားအလာရဲ့ ပိုထိုက်တန်တဲ့ ပုံရိပ်ကို ပြနေပါတယ်။ ဒီတော့ တစ်ခုအနေနဲ့ သူမဟာ Uganda က သူမရဲ့ မိသားစုကို ပုံမှန်ဖုန်းခေါ်တာတွေကို တွေ့ခဲ့ပါတယ်။ အင်း ဖြစ်သွားတာက ဒီဒေတာက ရင်းနှီးတဲ့ အဆက်အသွယ်တွေတဲ့ အမြဲ ဆက်သွယ်သူတွေအကြား ပြန်ဆပ်မှုမှာ လေးရာခိုင်နှုန်းတိုးတာကို ပြနေတာပါ။ တွေ့ရသေးတာက တစ်နေ့လုံး သူမသွားခဲ့တဲ့ ခရီးအများကြီးကနေ သူမမှာ တော်တော် ပုံမှန် ခရီး အဆင်တစ်ခု တကယ် ရှိခဲ့တာကိုပါ။ သူမဟာ အိမ်မှာ ဒါမှမဟုတ် မုန့်ဆိုင်မှာ ရှိခဲ့တာပါ။ ဒီဒေတာက သူတို့အချိန်ကို အများစု အသုံးပြုတဲ့နေရာမှာ အမြဲရှိတဲ့ စားသုံးသူတွေဟာ ပြန်ဆပ်မှုမှာ ခြောက်ရာခိုင်နှုန်း တိုးတာကို ပြတာပါ။ သူမဟာ တစ်နေ့လုံး အမျိုးမျိုးသော လူအများကြီးနဲ့ အဆက်အသွယ် လုပ်ခဲ့ပြီး သူမမှာ ခိုင်မာတဲ့ ကွန်ရက်တစ်ခုရှိတာကိုလည်း တွေ့နိုင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ဒေတာကပြတာက ၅၈ ခုထက်ပိုတဲ့ အဆက်အသွယ် အမျိုးမျိုးနဲ့ ဆက်သွယ်သူတွေဟာ ကောင်းမွန်တဲ့ ငွေချေးသူတွေ ပိုဖြစ်နိုင်လောက်တတ်တာပါ။ Jenipher ရဲ့ ကိစ္စမှာ သူမဟာ ပုဂ္ဂိုလ် အမျိုးမျိုး ၈၉ ဦးနဲ့ ဆက်သွယ်ခဲ့တယ်၊ ဒါက သူမရဲ့ ပြန်ဆပ်မှုမှာ ကိုးရာခိုင်နှုန်းတိုးစေခဲ့ပါတယ်။ ဒါတွေက လူတစ်ဦးရဲ့ ခရက်ဒစ်ထိုက်တန်မှုကို နားလည်ဖို့ ကျွန်မတို့ကြည်တဲ့ ထောင်ချီရှိကြတဲ့ ဒေတာ အမျိုးမျိုးထဲက တစ်ချို့ပဲဖြစ်ပါတယ်။ ဒီလို အမျိုးမျိုးရှိတဲ့ ဒေတာတွေအားလုံးကို စိစစ်ပြီးနောက်မှာ ပထမဆုံးအနေနဲ့ အရဲစွန့်လိုက်ကာ Jenipher ကို ငွေချေးပေးလိုက်ပါတယ်။ ဒါဟာ စာရွက်စာတမ်းထဲ (သို့) ဘယ် ပုံမှန် ငွေကြေးမှတ်တမ်းထဲမှာမှ မတွေ့နိုင်တဲ့ ဒေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ယုံကြည်မှုကို သက်သေထူတယ်။ ဝင်ငွေထက် ကျော်လွန်ပြီးကြည့်ခြင်းအားဖြင့် ဖွံဖြိုးဆဲ ဈေးကွက်များထဲတွင် အပြင်ပမ်းမှာ အရဲစွန့်ရာကျကာ ကြိုတင်ခန့်မှန်းရန် ခက်တယ်လို့ ထင်ရသူတွေဟာ ပြန်ဆပ်လိုရုံသာမက ပြန်ဆပ်နိုင်စွမ်းရှိတာ မြင်နိုင်တယ်။ ကျွန်မတို့ရဲ့ ခရက်ဒစ် အမှတ်တွေက Kenya မှာ ပြီးထဲ့တဲ့နှစ်ကပဲ ချေးငွေစုပေါင်း ၂၀၀၀၀၀ ထုတ်ပေးဖို့ ကူညီခဲ့တယ်။ ကျွန်မတို့ရဲ့ ပြန်ဆပ်မှုနှုန်းတွေက ၉၀ %အထက်မှာပါ။ ဒါက စကားမစပ် အစဉ်အလာ ဘဏ် ပြန်ဆပ်တဲ့နှုန်းတွေနဲ့ တန်းတူပါပဲ။ ခရက်ဒစ် အမှတ်လို ရိုးစင်းတာ တစ်ခုခုနဲ့ လူတွေကို သူတို့ရဲ့ အနာဂတ်တွေ တည်ဆောက်ဖို့ အစွမ်းတွေပေးနေတာပါ။ ကျွန်မတို့ရဲ့ ဖောက်သည်တွေဟာ သူတို့ရဲ့ ချေးငွေတွေကို မိသားစု အသုံးစရိတ်တွေ၊ အရေးပေါ်တွေ၊ ခရီးနဲ့ သူတို့လုပ်ငန်းတွေ တိုးပွားဖို့ ပြန်ရင်းနှီးဖို့ သုံးကြပါတယ်။ အခု သူတိုဟာ ပိုကောင်းတဲ့စီးပွားရေး နဲ့ ပိုများတဲ့လူတွေ အောင်မြင်နိုင်တဲ့ ရပ်ရွာတွေကို တည်ထောင်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကျွန်မတို့ ထုတ်ကုန်တွေသုံးပြီး Jenipher ဟာ သူမရဲ့စုငွေ ၆၀% တိုးလာပါပြီ။ နောက်ထပ် မုန့်ဆိုင် နှစ်ဆိုင်လည်း စတင်ခဲ့ပြီး အခုဆို ကိုယ်ပိုင် စားသောက်ဆိုင် အတွက် စီစဉ်နေပါတယ်။ ကုန်သွယ်ဘဏ်မှာ အသေးစားလုပ်ငန်း ချေးငွေ လျှောက်နေပါတယ်။ သူမမှာ ဒါနဲ့ ထိုက်တန်တာ သက်သေပြဖို့ ခရက်ဒစ် မှတ်တမ်းရှိနေလို့ပါ။ ပြီးခဲ့တဲ့ အပတ်က Nairobi မှာ သူမနဲ့တွေ့တော့ စလုပ်ကိုင်ဖို့ ဘယ်လိုစိတ်လှုပ် ရှားခဲ့ရတာကို ကျွန်မကိုပြောတယ်။ သူမက "ငါ့သားကသာ ငါလုပ်နိုင်တာကို ယုံကြည်ခဲ့တယ်၊ ဒါငါ့အတွက်လို့ ကျွန်မ မထင်ခဲ့ဘူး။" သူမဟာ ကမ္ဘာ့ အပိုင်းတစ်ခုဟာ သူမအတွက် ထာဝရ တံခါးပိတ်ထားသလို ရှိနေတယ်လို့ ထင်မှတ်လျက် နေထိုင်ခဲ့တာပါ။ အခု ကျွန်မတို့အလုပ်က Jenipher နဲ့ သူမလို ဘီလီယံချီတဲ့ ယုံကြည်ထိုက်တဲ့ လူတွေအတွက် ကမ္ဘာကြီးကို ဖွင့်ပေးဖို့အတွက်ပါ။ (ကျေးဇူးတင်ပါတယ်) (လက်ခုပ်သံများ)