ဒီကနေ့ ဘယ်ကိုသွားကြမလဲ။
ဘယ်လို ရှေ့ဆက်ကြမလဲ။
မေးခွန်းတွေရဲ့ အလွန်ကို
ကိုယ်မရောက်နိုင်ပါဘူး။
ကိုယ်တို့ရဲ့ ကြေကွဲခြင်းထဲက အစအနတွေပေါ်
တွယ်တက်ရင်း ပြိုလဲကျလို့ပေါ့။
ဒါကကိုယ့်ကိုဖြစ်နိူင်သမျှ ထိရှနေတယ်။
နာကျင်ပြီးနာကျင်မှုမှာ ကျော့ကွင်း
အထပ်ထပ်ပတ်လို့လေ။
ဒီဖေးမမှုနဲ့ ယာယီသုံးဘဝဟာ
စောင့်နေဆဲပေါ့။
လူတိုင်းကပြောတာက
အချိန်ဟာ အရာရာကို ကုသပေးတယ်တဲ့။
စုတ်ချာချာ အနှစ်ကင်းမဲ့ခြင်းကရော
ဘာဖြစ်တာလဲ၊
ဒါကအဆုံးမဲ့ ဆိုင်းငံနေမှာလား၊
ဒါအဆုံသတ်တဲ့အထိ
ကိုယ်တို့စောင့်နေတာလား၊
အခုတော့ မြင်တွေ့စရာ ဘာမှမရှိဘူး။
ဆိုင်းဘုတ်ကို လှည့်ပြောင်းရင်း
နောက်ထပ် မိန့်ကြားချက် မရမချင်း
ကိုယ်တို့ ကမ္ဘာမြေမှာ ပိတ်မိနေတယ်၊
တစ်စစီပြိုကွဲနေတဲ့ အပ်ကြောင်းထပ်
အကြောင်းအရာတစ်ခု
တွန့်ကြေကာ၊ ဖောသွပ်နေတဲ့မျက်နှာ
မိုင်တစ်ထောင် အငေးမှာ အငိုက်ဖမ်းခံရတယ်၊
ကိုယ်လိုချင်တာက လမ်း ၁ လမ်းစာ အမြင့်ပဲ
ရှိတဲ့ အံ့ဖွယ်ရာလေ၊
အတ္တဆန်ခြင်းမရှိတော့တာကနေ
တစ်ဖန်ပြန်ပြီး မွေဖွားသန့်စင်လာမှာပေါ့။
လူတိုင်းကပြောတာက
အချိန်ဟာ အရာရာကို ကုသပေးတယ်တဲ့။
ဒါပေမဲ့ စုတ်ချာချာ အနှစ်ကင်းမဲ့ခြင်း ကရော
ဘာဖြစ်တာလဲ၊၊
ဒါကအဆုံးမဲ့ ဆိုင်းငံနေမှာလား၊
ဒါအဆုံးသတ်တဲ့အထိ
ကိုယ်တို့စောင့်နေတာလား၊
ဒီမှာ အေးစက်စက်ထိုင်မှာလား။
အဲဒီလောက်ဆို ကိုယ်တို့သေနေပြီပေါ့။
အသက်မပါခြင်းထဲမှာ
ဖုံတွေထဲမှာ မဂ္ဂဇင်းအဟောင်းတွေ
ဖြန့်ခင်းလို့
လင်းလက်တဲ့ မီးအလင်းက
ကိုယ်တို့ ရထားတဲ့ဘဝမှာ
ကိုယ်တို့ ဖြစ်နိုင်၊ ဖြစ်သင့်နေမှာ
အားလုံးအတွက်
မြင်ကွင်းကို ခင်းကျင်းလို့၊
လူတိုင်းကပြောတာက
အချိန်ဟာ အရာရာကို ကုသပေးတယ်တဲ့။
ဒီတော့ စုတ်ချာချာ အနှစ်ကင်းမဲ့ခြင်း ကရော
ဘာဖြစ်တာလဲ၊၊
ဒါကအဆုံးမဲ့ ဆိုင်းငံနေမှာလား၊
ဒါအဆုံးသတ်တဲ့အထိ
ကိုယ်တို့စောင့်နေတာလား၊
ဒါကို အောင့်အည်းသည်းခံစောင့်နေရုံပေါ့၊
ဒါကို အောင့်အည်းသည်းခံစောင့်နေရုံပေါ့၊
အဆုံးထိ စောင့်လိုက်ပါတော့။
(လက်ခုပ်သံများ)