1 00:00:00,902 --> 00:00:04,280 ကျွန်မက အချိန်ကို စီမံခန့်ခွဲမှု အကြောင်း ရေးတာကို လူတွေ သိလာတဲ့ အခါမှာ 2 00:00:04,588 --> 00:00:06,263 သူတို့ ထင်ကြတာ နှစ်မျိုးရှိပါတယ်။ 3 00:00:07,564 --> 00:00:10,548 ကျွန်မဟာ အမြဲတမ်း အချိန်မှီသူ ဖြစ်တယ်ပေါ့၊ 4 00:00:11,227 --> 00:00:12,875 အဲဒါ မဟုတ်မှန်ပါ။ 5 00:00:12,875 --> 00:00:14,624 ကျွန်မဆီမှာ ကလေးငယ် လေးယောက် ရှိတယ်၊ 6 00:00:14,624 --> 00:00:17,654 ကျွန်မ မကြာခဏ အချိန်မမှီမှုအတွက် သူတို့အပေါ် အပြစ်ဖို့ချင်ပါတယ်၊ 7 00:00:17,654 --> 00:00:20,185 တကယ်တော့ ရံဖန်ရံခါမှာ အဲဒါဟာ သူတို့ အပြစ် မဟုတ်ပါဘူး။ 8 00:00:20,185 --> 00:00:23,752 ကျွန်မဟာ အချိန်စီမံခန့်ခွဲမှု အကြောင်း ဟောပြောချက်ကို နောက်ကျခဲ့ဘူးတယ်။ 9 00:00:23,752 --> 00:00:24,796 (ရယ်သံများ) 10 00:00:24,796 --> 00:00:28,283 ကျွန်မတို့ အားလုံးဟာ ခဏအချိန်ယူပြီး အဲဒါကို ပြန်စဉ်းစားရန် လိုပါတယ်။ 11 00:00:28,972 --> 00:00:31,915 နောက်တစ်ခု သူတို့ ထင်ကြသေးတာက အချိန်ကို ဒီနေရာမှာ၊ ဟိုနေရာမှာ 12 00:00:31,915 --> 00:00:34,108 ချွေတာရန် အကြံတွေ ကျွန်မဆီမှာ တပုံကြီး ရှိတယ်။ 13 00:00:34,132 --> 00:00:37,620 မကြာခဏဆိုသလို မဂ္ဂဇင်းတွေထဲမှာ အဲဒီလို အကြံပေးရေးကြတာ တွေ့ရတယ်၊ 14 00:00:37,620 --> 00:00:41,197 သူတို့ရဲ့ စာဖတ်ပရိသတ်အား တစ်နေ့တွင် တစ်နာရီ အချိန်ပို ရှာနိုင်ရန် ရေးကြတယ်။ 15 00:00:41,221 --> 00:00:44,507 သူတို့ အဆိုက ကျွန်မတို့ဟာ နေ့စဉ် လုပ်ကိုင်စရာတွေထဲက နေပြီး နည်းနည်းစီ 16 00:00:44,531 --> 00:00:45,708 ချွေတာလျက် ပေါင်းယူရင်၊ 17 00:00:45,732 --> 00:00:47,986 ကောင်းတဲ့ အရာအတွက် အချိန်ကို ရယူနိုင်ကြမယ်ပေါ့။ 18 00:00:47,986 --> 00:00:51,518 ကျွန်မအတွက် ဒီကိစ္စတစ်ခုလုံးဟာ စိတ်ဝင်စား စရာ ကောင်းပေမဲ့၊ သူတို့ ကျွန်မကို 19 00:00:51,518 --> 00:00:54,681 ဖုန်းမဆက်ခင် သူတို့ တွေ့ရှိခဲ့တာတွေကို ကျွန်မက အရင် မေးကြည့်တတ်တယ်။ 20 00:00:54,681 --> 00:00:56,077 ကျွန်မ သိပ်ကြိုက်တဲ့ တချို့က- 21 00:00:56,077 --> 00:00:58,867 တချိန်လုံး ညာဖက်ကိုသာ ကွေ့ရမယ့် ခရီးစဉ်ကို အကြံပေးတာမျိုး-- 22 00:00:58,867 --> 00:00:59,753 (ရယ်သံများ) 23 00:00:59,753 --> 00:01:02,189 မိုက်ရိုဝဲ့ဗ်သုံးရာတွင် အလွန့်အလွန် တော်ဖို့ လိုတယ်- 24 00:01:02,189 --> 00:01:04,866 အဲဒီလိုဆိုရင် သုံးမိနစ်ခွဲ အချိန်ကို ချွေတာမိနိုင်တယ်တဲ့၊ 25 00:01:04,866 --> 00:01:07,516 အဲဒီလိုနည်းဖြင့် ကိုယ်လိုချင်တဲ့ နေရာ အရောက် သွားဖို့ပါ။ 26 00:01:07,516 --> 00:01:10,299 ကျွန်မကိုယ်တိုင် နည်းနည်းလေး အကျိုး ရှိလို့ အကြံပေးချင်တာက၊ 27 00:01:10,299 --> 00:01:13,739 ကိုယ့်အကြိုက်ဆုံး ရှိုးကို ဗီဒီယိုသွင်း ကြည့်လျက် ကြော်ငြာတွေ ကျော်ရန်ပါ။ 28 00:01:13,739 --> 00:01:16,251 အဲဒီလိုနည်းဖြင့် နာရီဝက်မှာ ရှစ်မိနစ် ချွေတာနိုင်မယ်၊ 29 00:01:16,251 --> 00:01:18,182 ဒီတော့ တီဗီ နှစ်နာရီ ကြည့်ရမယ့်အစား 30 00:01:18,206 --> 00:01:19,929 လေ့ကျင့်ခန်း လုပ်ဖို့ ၃၂ မိနစ် ရမယ်။ 31 00:01:19,929 --> 00:01:20,789 (ရယ်သံများ) 32 00:01:20,813 --> 00:01:22,098 အဲဒါ တကယ်ပါ။ 33 00:01:22,107 --> 00:01:25,208 လေ့ကျင့်ခန်း လုပ်ဖို့ ၃၂ မိနစ် ရှာတွေ့နိုင်တဲ့ နောက်တနည်း သိလား။ 34 00:01:25,629 --> 00:01:27,961 နေ့စဉ် တီဗီကို နှစ်နာရီ မကြည့်ရန်ပဲပေါ့။ 35 00:01:27,985 --> 00:01:29,001 (ရယ်သံများ) 36 00:01:29,025 --> 00:01:32,499 စိတ်ကူးက ဟိုနေရာမှာ ဒီနေရာမှာ အချိန်တွေကို ချွေတာလျက် ပေါင်းယူရန်ပါ၊ 37 00:01:32,523 --> 00:01:34,761 ကိုယ်လုပ်ချင်တဲ့ အရာတိုင်းအတွက် အချိန်ရမယ်ပေါ့။ 38 00:01:34,761 --> 00:01:37,843 ဒါပေမဲ့၊ အောင်မြင်တဲ့ လူတွေ အချိန် သုံးကြပုံကို လေ့လာကြည့်တော့ 39 00:01:37,843 --> 00:01:40,404 သူတို့ရဲ့ အချိန်ဇယားကို တစ်နာရီစီ လေ့လာကြည့်တော့၊ 40 00:01:40,428 --> 00:01:43,724 အဲဒီလို စိတ်ကူးဟာ လုံးဝ ခေတ်နောက်မှာ ကျန်ရစ်နေတာ တွေ့နိုင်တယ်။ 41 00:01:44,305 --> 00:01:47,947 ကျွန်မတို့ဟာ အချိန်ကို ချွေတာခြင်းဖြင့် ကိုယ့်ဘဝကို တည်ဆောက်ကြတာ မဟုတ်ပါ။ 42 00:01:48,256 --> 00:01:50,126 ကျွန်မတို့ဟာ ကျွန်မတို့ လိုချင်တဲ့ 43 00:01:50,376 --> 00:01:53,603 ဘဝမျိုးကို တည်ဆောက်ကြမယ်ဆိုရင် အချိန်ဟာ သူ့ဘာသာသူ ချွေတာမိမှာပါ။ 44 00:01:54,454 --> 00:01:56,089 ဆိုချင်တာက ဒီလိုပါ။ 45 00:01:56,089 --> 00:01:58,243 ကျွန်မဟာ မကြာမီတုန်းက သိပ်ကို အလုပ်များကြတဲ့ 46 00:01:58,243 --> 00:02:01,745 လူတွေရဲ့ ဘဝထဲက ၁၀၀၁ ရက်ကို လေ့လာခဲ့တဲ့ ဒိုင်ယာရီ စီမံကိန်း ပြီးသွားခဲ့တယ်။ 47 00:02:01,745 --> 00:02:04,913 သူတို့ဆီမှာ အလုပ်တွေ တပုံကြီးပါပဲ၊ သူတို့ရဲ့ ကိုယ်ပိုင် လုပ်ငန်း၊ 48 00:02:04,913 --> 00:02:07,118 ကလေးတွေကို ဒါမှမဟုတ် မိဘတွေကို စောင့်ကြည့်ရန်၊ 49 00:02:07,142 --> 00:02:08,472 ရပ်ကွက်ရေးရာများ၊ 50 00:02:08,496 --> 00:02:10,309 သိပ်ကို အလုပ်များတဲ့ သူတွေပါ။ 51 00:02:10,379 --> 00:02:13,006 သူတို့ကို တစ်ပတ်ကြာ သူတို့ လုပ်ကိုင်သမျှကို ရေးမှတ်ရန် 52 00:02:13,030 --> 00:02:15,373 မှာထားခဲ့လို့ သူတို့ အလုပ်လုပ်ကြပုံ အိပ်စက်ကြပုံ၊ 53 00:02:15,373 --> 00:02:18,176 သိလာနိုင်ကာ ကျွန်မစာအုပ်အတွက် သူတို့နဲ့ တွေ့ဆုံမေးခဲ့ပါတယ်။ 54 00:02:18,200 --> 00:02:20,459 လေ့လာခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ အချိန်စာရင်းထဲမှာ 55 00:02:20,459 --> 00:02:22,726 ဗုဒ္ဓဟူးညမှာ တစ်ခုခုအတွက် အပြင် ထွက်ခဲ့ရတယ်။ 56 00:02:22,726 --> 00:02:24,929 သူ အိမ်ကို ပြန်လာတော့ အပူပေးစနစ် ပျက်စီးသွားကာ 57 00:02:24,953 --> 00:02:27,939 တအိမ်လုံးမှာ အောက်ခြေအထိ ရေတွေနဲ့ စိုနေတာကို တွေ့လိုက်ရတယ်။ 58 00:02:28,380 --> 00:02:30,834 ရှင်တို့ တသက်လုံးမှာ အဲဒါမျိုး ကြုံခဲ့ဘူးရင်၊ 59 00:02:30,858 --> 00:02:33,738 အရမ်းကို စိတ်ညစ်စရာ နဲ့ ကြောက်စရာ ကောင်းတဲ့ အဖြစ်အပျက်ကြီးပါ။ 60 00:02:33,762 --> 00:02:36,472 အဲဒါနဲ့ သူမဟာ အဲဒီညရဲ့ နောက်ပိုင်းတွင် ချက်ချင်းဆိုသလို၊ 61 00:02:36,496 --> 00:02:38,373 ရေပိုက်သမားတွေကို နောက်တစ်နေ့ လာကြဖို့ 62 00:02:38,397 --> 00:02:41,897 အဲဒီနောက် တစ်ရက်မှာ ပျက်စီးသွားတဲ့ ကော်ဇော်ကို ပြင်မယ့် သူတွေ ခေါ်ရတယ်။ 63 00:02:41,921 --> 00:02:43,987 အားလုံးကို သူဟာ အချိန်နဲ့အတူ ရေးမှတ်ခဲ့တယ်။ 64 00:02:44,011 --> 00:02:46,741 အားလုံး ပြီးစီးရန် သူမရဲ့ အချိန် ခုနစ်နာရီ ကုန်သွားတယ်။ 65 00:02:47,191 --> 00:02:48,473 ခုနစ်နာရီကြီးတောင်။ 66 00:02:49,179 --> 00:02:51,981 အဲဒါဟာ တစ်ရက်တစ်ရက်မှာ အချိန်ပို တစ်နာရီ ရှာတွေ့သလိုပါ။ 67 00:02:52,834 --> 00:02:55,628 အဲဒီအပတ်ရဲ့ အစပိုင်းမှာ သူမကို၊ “အားကစား လျေ့ကျင့်ရန် 68 00:02:55,652 --> 00:02:58,870 ခင်ဗျား အချိန်ပို ၇ နာရီ ရှာနိုင်မလား” 69 00:02:59,893 --> 00:03:03,698 “လူ ၇ ယောက်ကို ဆုံးမပေးရန် အချိန်ပို ၇ နာရီ ရှာနိုင်မလား” လို့ မေးခဲ့ရင်၊ 70 00:03:03,722 --> 00:03:06,413 ကျွန်မတို့ အများစု ဖြေကြားကြမှာလိုပဲ “ကျွန်မ အလုပ်များတာ 71 00:03:06,437 --> 00:03:10,881 မတွေ့ဘူးလား၊ အချိန်မရှိဘူး”လို့ ဖြေခဲ့မှာ သေချာပါတယ်။ 72 00:03:11,151 --> 00:03:13,318 ဒါပေမဲ့ သူမ အိမ်အောက်ထပ်မှာ ရေတွေ ဝပ်နေလို့ 73 00:03:13,342 --> 00:03:16,141 ခုနစ်နာရီကို ရှာကိုရှာရမယ်ဆိုတော့၊ 74 00:03:16,165 --> 00:03:18,675 သူဟာ ရှာတွေ့နိုင်ခဲ့ပါတယ်။ 75 00:03:19,055 --> 00:03:23,206 အချိန်ဆိုတာ သိပ်ကို ပျော့ပျောင်းလို့ ရနိုင်တာကို အဲဒါက ပြနေတယ်။ 76 00:03:23,324 --> 00:03:25,637 ကျွန်မတို့ဟာ အချိန်ကို တိုးချဲ့လို့ မရနိုင်ပါ၊ 77 00:03:25,661 --> 00:03:29,840 ဒါပေမဲ့ ကျွန်မတို့က ရွေးလိုက်တဲ့ အရာအတွက် အချိန်ဟာ လိုသလို ဆွဲဆန့်သွားမှာပါ။ 78 00:03:30,366 --> 00:03:32,933 ဒီတော့ ခုနက အပူပေးစနစ် ပျက်စီးသွားတဲ့ အဖြစ်တုန်းကလိုပဲ 79 00:03:33,541 --> 00:03:35,776 အချိန်ကို စီမံခန့်ခွဲမှုဆိုတာက 80 00:03:35,800 --> 00:03:38,847 ကျွန်မတို့ရဲ့ ဦးစားပေးမှုတွေကို ကိုင်တွယ်ပုံပါပဲ။ 81 00:03:39,492 --> 00:03:40,996 အဲဒါကို ရှင်းပြရန်၊ 82 00:03:40,996 --> 00:03:44,781 ကျွန်မ မေးမြန်းခဲ့ဘူးတဲ့ အလုပ် အများဆုံး ပုဂ္ဂိုလ်ရဲ့ စကားလုံးတွေကို သုံးပါရစေ။ 83 00:03:44,805 --> 00:03:47,093 သူမဆီမှာ အလုပ်သအား ၁၂ ဦးရှိတဲ့ 84 00:03:47,117 --> 00:03:48,736 ကိုယ်ပိုင် လုပ်ငန်းရှိတဲ့ အပြင် 85 00:03:48,736 --> 00:03:50,633 ကလေး ခြောက်ယောက်နဲ့ အလုပ်များခဲ့သူပါ။ 86 00:03:50,657 --> 00:03:53,275 အဲဒါတွေ အားလုံးကို သူဘယ်လိုလုပ် ကိုင်တွယ်နိုင်တာလဲ ဆိုတာ 87 00:03:53,299 --> 00:03:55,795 တွေ့ဆုံမေးမြန်းကြည့်ရန် ရက်ချိန်း ရဖို့ ညှိနေခဲ့ရတယ်။ 88 00:03:55,819 --> 00:03:57,928 အဲဒါ ကြာသပတေး မနက်ပိုင်း ဖြစ်ခဲ့တာ မှတ်မိတယ်၊ 89 00:03:57,928 --> 00:03:59,869 သူမဟာ စကားပြောဖေါ်တောင် အချိန် မရှိခဲ့ပါ။ 90 00:03:59,869 --> 00:04:00,839 ဖြစ်တတ်တယ်လေ။ 91 00:04:00,863 --> 00:04:03,282 ဒါပေမဲ့ သူ ကျွန်မနဲ့ စကားမပြောနိုင်ခဲ့တာရဲ့ 92 00:04:03,306 --> 00:04:05,576 အကြောင်းရင်းက အပျော်ခြေလျင်ခရီး ထွက်နေခဲ့လို့ပါ၊ 93 00:04:05,576 --> 00:04:07,308 နွေဦးက အရမ်းကို သာယာနေခဲ့လို့ပါ၊ 94 00:04:07,332 --> 00:04:09,165 သူမဟာ အပျော်ခြေလျင် ခရီးထွက်လိုခဲ့တယ်။ 95 00:04:09,165 --> 00:04:11,556 အဲဒါက ကျွန်မကို ပိုလို့ကို စိတ်ဝင်စား လာစေခဲ့တယ်။ 96 00:04:11,556 --> 00:04:14,586 နောက်ဆုံးတွင် သူမနဲ့ တွေ့ဆုံခွင့် ရလိုက်တော့ သူမ ရှင်းပြခဲ့တယ်။ 97 00:04:14,586 --> 00:04:16,747 “Laura ရေ၊ ကျွန်မ လုပ်ကိုင်တဲ့ အရာတိုင်းဟာ၊ 98 00:04:17,592 --> 00:04:21,205 ကျွန်မ ဖြုန်းလိုက်တဲ့ မိနစ်တိုင်းဟာ ကျွန်မရဲ့ ရွေးချယ်မှုပါပဲ။” 99 00:04:21,830 --> 00:04:22,981 ဒီတော့ “ကျွန်မဆီမှာ 100 00:04:23,005 --> 00:04:25,744 x, y (သို့) z လုပ်ဖို့ အချိန်မရှိဘူး“လို့ ပြောမယ့်အစား 101 00:04:25,893 --> 00:04:31,007 သူမက၊ “x, y (သို့) z တွေဟာ ဦးစားပေးရန် မလိုလို့ ကျွန်မ မလုပ်ဘူး။” လို့ ပြောတယ်။ 102 00:04:31,709 --> 00:04:36,077 “အချိန်မရှိဘူး” လို့ ဆိုလိုက်ခြင်းက မကြာခဏ ဆိုသလို ”အဲဒါကို ဦးစားမပေးဘူး” ဆိုမှုပါ။ 103 00:04:36,845 --> 00:04:39,807 သေသေချာချာ စဉ်းစားကြည့်ရင်၊ အဲဒီစကားလုံးတွေက ပိုပြီးတိကြတယ်။ 104 00:04:39,807 --> 00:04:42,691 ကျွန်မက ခန်းဆီးတွေကို ဖုန်စုပ်ရန် အချိန်မရှိဘူးလို့ ပြောရင်၊ 105 00:04:42,691 --> 00:04:43,744 အမှန် မဟုတ်ပါဘူး။ 106 00:04:43,768 --> 00:04:46,538 ရှင်တို့က အဲဒီခန်းဆီးတွေ သန့်ရှင်းဖို့ $၁၀၀ ၀၀၀ ပေးမယ်လို့ 107 00:04:46,538 --> 00:04:48,042 ကမ်းလှမ်းရင် အမြန် လုပ်မှာပါ။ 108 00:04:48,042 --> 00:04:48,872 (ရယ်သံများ) 109 00:04:48,896 --> 00:04:50,531 အဲဒီလို ကမ်းလှမ်းမယ့်သူ မရှိတော့၊ 110 00:04:50,555 --> 00:04:53,159 အချိန်မရှိလို့ မဟုတ်ဘဲ အဲဒါကို ကျွန်မ မလုပ်ချင်လို့ 111 00:04:53,183 --> 00:04:54,784 ဖြစ်တာကို ဝန်ခံရန် လိုပါတယ်။ 112 00:04:54,808 --> 00:04:57,908 ဒီတော့ ထပ်ပြောရပါက အချိန်ဆိုတာ ရွေးချယ်မှုမျှ ဖြစ်ပါတယ်။ 113 00:04:57,908 --> 00:04:59,105 အဲဒါကြောင့် သေချာသေးတာက၊ 114 00:04:59,105 --> 00:05:02,461 ကိုယ်ရဲ့ အမျိုးမျိုးသော ရွေးချယ်မှုများ အတွက် ကြောက်မက်စရာ အကျိုးဆက်တွေ 115 00:05:02,461 --> 00:05:03,777 ရှိနိုင်တာကို သိထားရပါမယ်။ 116 00:05:03,777 --> 00:05:05,623 ကျွန်ုပ်တို့ စဉ်းစားနိုင်စွမ်းရှိတော့၊ 117 00:05:05,623 --> 00:05:07,205 ရေရှည်မှာ လုပ်ကိုင်ကြရာတွင်၊ 118 00:05:07,229 --> 00:05:09,229 ကျွန်မတို့ရဲ့ ဘဝတွေကို ရှိသင့်တဲ့ 119 00:05:09,253 --> 00:05:11,929 အရာများဖြင့် ဖြည့်စွမ်းနိုင်စွမ်း ရှိကြပါတယ်။ 120 00:05:12,834 --> 00:05:14,492 အဲဒါ ကျွန်မတို့ ဘယ်လို လုပ်လဲ။ 121 00:05:15,127 --> 00:05:16,559 ရေပိုက် ပျက်စီးသွားခဲ့တဲ့ ဥပမာ 122 00:05:16,583 --> 00:05:19,361 အကြောင်း ထည့်စဉ်းစားလျက် ဦးစားပေးမှုကို ဘယ်လို သတ်မှတ်ကြလဲ။ 123 00:05:19,361 --> 00:05:22,200 ပထမဦးဆုံး အနေနဲ့ ၎င်းတို့ အားလုံးကို စဉ်းစားသတ်မှတ်ရပါမယ်။ 124 00:05:22,200 --> 00:05:24,858 အဲဒီလို စဉ်းစားရန် ကျွန်မ မဟာဗျူဟာ နှစ်ခုကို ပေးချင်တယ်။ 125 00:05:24,858 --> 00:05:26,590 ပထမက ကျွမ်းကျင်သူရဲ့ အကြံပေးချက်ပါ၊ 126 00:05:26,590 --> 00:05:29,195 နှစ်ကုန်ခါနီးမှာ လူအများစုက နှစ်စဉ် လုပ်ကိုင်မှုဆိုင်ရာ 127 00:05:29,195 --> 00:05:31,292 ဆန်းစစ်ချက်တွေ ပြုစုတယ် ဒါမှမဟုတ် ပေးကြပါတယ်။ 128 00:05:31,316 --> 00:05:33,921 နောက်ကြောင်း ပြန်ကြည့်လျက် တနှစ်အတွင်း အောင်မြင်မှုကို၊ 129 00:05:33,921 --> 00:05:36,260 “ကြီးထွားရန် အခွင့်အလမ်းများ”ကို လေ့လာကြည့်တယ်။ 130 00:05:36,260 --> 00:05:38,277 အဲဒါဟာ ရည်ရွယ်ရင်းကို ဖြည့်တင်း ပေးပေမဲ့၊ 131 00:05:38,277 --> 00:05:41,151 ဒါကိုပဲ မျှော်ကြည့်လျက် လုပ်ကိုင်မှုက ပိုအကျိုးရှိမယ် ထင်တယ်။ 132 00:05:41,175 --> 00:05:44,076 အဲ့တော့ အခုအချိန်ဟာ လာမယ့် နှစ်ကုန်ခါနီးလို့ စိတ်ကူးကြည့်ပါ။ 133 00:05:44,076 --> 00:05:46,877 ရှင်တို့ဟာ ကိုယ့်ကိုကိုယ် လုပ်ကိုင်ခဲ့ပုံကို ဆန်းစစ်နေတယ်၊ 134 00:05:46,877 --> 00:05:51,227 အဲဒီနှစ်ဟာ ကျွမ်းကျင်မှုအရ ခင်ဗျား အတွက် သိပ်ကို အောင်မြင်ခဲ့တဲ့ နှစ်ပါ။ 135 00:05:52,034 --> 00:05:57,821 အဲဒီလို အံ့ဖွယ် ဖြစ်လာရန် ခင်ဗျား လုပ်ခဲ့တဲ့ အရာ သုံးခုမှ ငါးခုက ဘာတွေလဲ။ 136 00:05:58,414 --> 00:06:02,018 အဲဒီလိုနည်းဖြင့် ခင်ဗျားဟာ လာမယ့် နှစ်ရဲ့ အခြေအနေကို အခုကို ရေးနိုင်ပါပြီ။ 137 00:06:02,018 --> 00:06:04,805 အလားတူပဲ ခင်ဗျားတို့ရဲ့ ကိုယ်ရေး ဘဝအတွက် ရေးနိုင်တယ်။ 138 00:06:04,829 --> 00:06:07,598 ရှင်တို့ထဲက တော်တော်များများက ကျွန်မလိုပဲ ဒီဇင်ဘာ ရောက်ရင် 139 00:06:07,598 --> 00:06:11,028 ဒီလိုဟာမျိုး ရောင်စုံစက္ကူခေါက်တွေ ပါတဲ့ ကဒ်တွေကို ရတတ်တယ်၊ 140 00:06:11,491 --> 00:06:16,321 အဲဒီမှာ မိသားစု ပွဲတော်စာ ဆိုတာကို ရေးလေ့ ရှိကြပါတယ်။ 141 00:06:16,345 --> 00:06:17,983 (ရယ်သံများ) 142 00:06:18,007 --> 00:06:20,482 ရေးသားပုံက စာကြီးပေကြီး ဆန်ချင်မှ ဆန်မှာ ဖြစ်ပေမဲ့၊ 143 00:06:20,482 --> 00:06:23,810 မိမိတို့ အိမ်ထောင်စုထဲက လူတိုင်း ဘယ်လို အံ့အားသင့်စရာ ကောင်းခဲ့ကြောင်း 144 00:06:23,810 --> 00:06:25,407 ဒါမှမဟုတ် ပိုပြီး စိတ်ဝင်စားဖွယ် 145 00:06:25,407 --> 00:06:27,746 လူတိုင်း ဘယ်လို အလုပ်များနေခဲ့ ကြောင်း ရေးကြတယ်။ 146 00:06:27,815 --> 00:06:29,894 တကယ်တော့ အဲဒီစာတွေဆီမှာ ရည်ရွယ်ချက် ရှိတယ်၊ 147 00:06:29,894 --> 00:06:31,835 ခင်ဗျားတို့ရဲ့ မိတ်ဆွေများ နဲ့ မိသားစုကို 148 00:06:31,835 --> 00:06:35,194 ကိုယ်ရေးဘဝထဲ ရှင်တို့ လုပ်ခဲ့တာ တစ်နှစ်လုံးမှာ အရေးပါခဲ့တာကို ရေးကြတယ်။ 149 00:06:35,194 --> 00:06:36,386 ဒီနှစ်က ပြီးဆုံးသွားပေမဲ့ 150 00:06:36,386 --> 00:06:39,096 ဒါက လာမယ့်နှစ်ရဲ့ အဆုံးပိုင်း ဖြစ်တယ်လို့ စိတ်ကူးကြည့်ပါ၊ 151 00:06:39,096 --> 00:06:42,034 အဲဒါဟာ ရှင့်အတွက်ရော ကိုယ့်အတွက် အရေးကြီးတဲ့ လူတွေအတွက်ပါ 152 00:06:42,172 --> 00:06:44,825 တကယ့်ကို အံ့အားသင့်စရာ နှစ်ကြီးဖြစ်ခဲ့တယ်။ 153 00:06:45,391 --> 00:06:50,094 အဲဒီလို အံ့ဖွယ် ဖြစ်လာရန် ခင်ဗျား လုပ်ခဲ့တဲ့ အရာ သုံးခုမှ ငါးခုက ဘာတွေလဲ။ 154 00:06:50,839 --> 00:06:54,980 ဒီတော့ ခင်ဗျားတို့ဟာ ကိုယ့်မိသားစု စာကို အခုကို ရေးနိုင်ပါပြီ။ 155 00:06:55,789 --> 00:06:56,982 ဒါပေမဲ့ မပို့ပါနှင့်။ 156 00:06:57,006 --> 00:06:58,022 (ရယ်မောသံများ) 157 00:06:58,046 --> 00:07:00,684 ကျေးဇူးပြုပြီး မပို့ပါနှင့်။ 158 00:07:01,049 --> 00:07:02,439 ဒါပေမဲ့ ရေးနိုင်ပါပြီ။ 159 00:07:02,463 --> 00:07:05,861 ပြီးတော့ လုပ်နိုင်ခဲ့တာတွေကို ဆန်းစစ်မှု နဲ့ မိသားစု ပွဲတော် စာ အကြားမှာ 160 00:07:05,861 --> 00:07:09,352 လာမယ့် နှစ်ထဲ လုပ်နိုင်မယ့် ပန်းတိုင် ခြောက်မှ တဆယ်အထိ ပါတဲ့ စာရင်းရှိတယ်။ 161 00:07:09,352 --> 00:07:12,451 အဲဒါကို ကျွန်မတို့ဟာ လုပ်နိုင်မယ့် ခြေလှမ်းများအဖြစ် ခွဲခြားရမယ်။ 162 00:07:12,451 --> 00:07:14,653 ရှင်တို့ဟာ မိသားစု သမိုင်းကို ရေးချင်ရေးလိုမယ်။ 163 00:07:14,653 --> 00:07:17,170 ဦးစွာ အခြားသူတို့ရဲ့ မိသားစု သမိုင်းကို ဖတ်ကြည့်လျက် 164 00:07:17,170 --> 00:07:18,576 ရေးပုံရေးနည်းကို သိနိုင်တယ်။ 165 00:07:18,576 --> 00:07:21,287 အဲဒီနောက် ဆွေမျိုးတွေကို မေးမယ့် မေးခွန်းတွေကို စဉ်းစားကာ 166 00:07:21,311 --> 00:07:23,520 သူတို့နဲ့ မေးမြန်းဖို့ ရက်ချိန်း စီစဉ်နိုင်တယ်။ 167 00:07:23,520 --> 00:07:25,595 ဒါမှမဟုတ် ရှင်တို့ မီတာ ၅ ထောင်ပြေးချင်သလား။ 168 00:07:25,595 --> 00:07:28,700 ပြေးပြိုင်ပွဲရှာပြီး စာရင်းပေးရန် လေ့ကျင့်ရေး စီမံကိန်းရေးဆွဲရန်၊ 169 00:07:28,700 --> 00:07:30,227 စီးရမယ့် ဘိနပ်တွေကို ရှာရမယ်။ 170 00:07:30,251 --> 00:07:32,193 အဲဒီနောက်- သော့ချက်က- 171 00:07:32,217 --> 00:07:36,312 ကျွန်မတို့ရဲ့ ဦးစားပေးရွေးထားမှုတွေကို ခုနက အပူဓာတ်ပေးစနစ် ပျက်သွားသလို 172 00:07:36,336 --> 00:07:39,725 ကျွန်မတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဦးစားပေး ထည့်သွင်းပေးရန် လိုပါတယ်။ 173 00:07:39,879 --> 00:07:44,639 ကျွန်မတို့ အဲဒါတွေကို အပတ်အတော်ကြာ ကြိုပြီး စဉ်းစားကြတယ်။ 174 00:07:44,663 --> 00:07:48,347 ကျွန်မကတော့ အဲဒါတွေကို သောကြာ မွန်းလွဲပိုင်းမှာ လုပ်တာ အကြိုက်ဆုံးပါ။ 175 00:07:48,885 --> 00:07:51,433 သောကြာ မွန်းလွဲဆိုတာက စီးပွားရေး ပညာရှင်တွေက 176 00:07:51,457 --> 00:07:53,994 “စရိတ်ကျဉ်း အခွင့်အလမ်း” အချိန် ဆိုပြီး ခေါ်မှာပါ။ 177 00:07:54,304 --> 00:07:57,428 ကျွန်မတို့ထဲက အများစုဟာ “ကျွန်ုပ်ရဲ့ ကိုယ်ရေး နှင့် ကျွမ်းကျင်မှု 178 00:07:57,428 --> 00:08:00,027 ဦးစားပေးမှုတွေကို လုပ်ကိုင်ရန် စိတ်လှုပ်ရှားနေတယ်” လို့ 179 00:08:00,027 --> 00:08:01,887 သောကြာနေ့ မွန်းလွဲပိုင်းမှာ ပြောဆိုကြတာ 180 00:08:01,911 --> 00:08:03,065 မဟုတ်ပါဘူး။ 181 00:08:03,089 --> 00:08:04,105 (ရယ်သံများ) 182 00:08:04,129 --> 00:08:06,660 ဒါပေမဲ့ အဲဒါတွေက ဘာတွေ ဖြစ်သင့်တာကို စဉ်းစားချင်တယ်။ 183 00:08:06,660 --> 00:08:08,975 ဒီတော့ သောကြာနေ့ မွန်းလွဲပိုင်းမှာ အချိန်ပေးပြီး 184 00:08:08,999 --> 00:08:15,189 အလုပ်၊ ဆက်ဆံမှုများ၊ ကိုယ်ရေး ဆိုပြီး သုံးမျိုးပါတဲ့ ဦးစားပေးစာရင်းကို ပြုလုပ်ါ။ 185 00:08:16,382 --> 00:08:19,580 အမျိုးအစား သုံးခုစလုံးထဲမှာ တစ်ခုခု ရှိဖို့ လိုတာကို 186 00:08:19,604 --> 00:08:23,094 အမျိုးအစား သုံးခုပါတဲ့ စာရင်းရဲ့ အမည်က ထောက်ပြနေပါတယ်။ 187 00:08:23,118 --> 00:08:24,374 အလုပ်ကိစ္စ စဉ်းစားရမယ်၊ 188 00:08:24,398 --> 00:08:25,905 ဆက်ဆံမှုများ နဲ့ ကိုယ်ရေး- 189 00:08:25,929 --> 00:08:27,248 သိပ် မများလှပါ။ 190 00:08:27,272 --> 00:08:29,170 ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်ခုစီထဲမှာ 191 00:08:29,194 --> 00:08:30,883 နှစ်ခု သုံးခုစီ စာရင်းတိုလေးပါ။ 192 00:08:31,013 --> 00:08:33,394 အဲဒီနောက် လာမယ့် တစ်ပတ်လုံးကို စိတ်ကူးကြည့်ပါ၊ 193 00:08:33,418 --> 00:08:35,663 အဲဒါတွေ ဘယ်မှာ ထည့်သွင်းနိုင်တာ စဉ်းစားပါ။ 194 00:08:36,171 --> 00:08:38,181 ကိုယ့်စိတ်ကြိုက် အဲဒါကို စီမံနိုင်ပါတယ်။ 195 00:08:38,205 --> 00:08:41,667 အဲဒါဟာ တချို့သူတွေ အတွက် အခြားသူတွေနဲ့ စာရင် ပိုပြီး ခက်ခဲနိုင်ပါတယ်။ 196 00:08:41,691 --> 00:08:45,213 တချို့လူတွေရဲ့ ဘဝဟာ အခြားသူတွေနဲ့စာရင် ပိုခက်လို့ပါ။ 197 00:08:45,674 --> 00:08:48,943 ကိုယ်က များလှတဲ့ ကလေးတွေကို စောင့်ရှောက်နေရတယ်ဆိုရင် 198 00:08:48,967 --> 00:08:51,697 ကဗျာ သင်တန်းကို တက်ရေးကိစ္စဟာ အတော့်ကို လွယ်မှာ မဟုတ်ပါ။ 199 00:08:51,808 --> 00:08:53,073 ကျွန်မ သိပါတယ်။ 200 00:08:53,073 --> 00:08:55,740 တချိန်တည်းမှာ တဦးဦးရဲ့ ကြိုးပမ်းမှုကို လျှော့မပြချင်ပါ။ 201 00:08:55,740 --> 00:09:00,010 ကျွန်မ အခုပြောပြမယ့် ဂဏန်းတွေဟာ ရှင်တို့ အတွက် အားတက်စရာကြီးပါ။ 202 00:09:00,906 --> 00:09:04,913 တစ်ပတ်မှာ ၁၆၈ နာရီ ရှိပါတယ်။ 203 00:09:05,962 --> 00:09:10,663 ခုနစ်ကို နှစ်ဆယ့်လေးနဲ့ မြှောက်ရင် ၁၆၈ နာရီကို ရပါတယ်။ 204 00:09:11,295 --> 00:09:14,028 အဲဒါဟာ မနည်းလှတဲ့ အချိန်ပါ။ 205 00:09:14,627 --> 00:09:17,818 ရှင်တို့ဟာ အချိန်ပြည့် လုပ်ကိုင်ပါက တစ်ပတ်မှာ နာရီ ၄၀ ဖြစ်မယ်၊ 206 00:09:17,842 --> 00:09:20,934 ညမှာ အိပ်ချိန်က ရှစ်နာရီ ဆိုတော့ တစ်ပတ်ကို ၅၆ နာရီ ရမယ်၊ 207 00:09:20,958 --> 00:09:23,538 ဒီတော့ အခြား လုပ်စရာအတွက် ၇၂ နာရီ ကျန်ခဲ့တဲ့ သဘောပါ။ 208 00:09:24,622 --> 00:09:26,529 အဲဒါဟာ မနည်းလှတဲ့ အချိန်ပါ။ 209 00:09:26,956 --> 00:09:28,841 တစ်ပတ် နာရီ ၅၀ အလုပ်လုပ်တယ် ပြောတယ်။ 210 00:09:28,865 --> 00:09:30,811 အဓိက အလုပ်နဲ့ ဘေးပန်း အလုပ်မျိုးပေါ့လေ။ 211 00:09:30,835 --> 00:09:33,305 အဲဒီလိုဆိုရင် အခြား အရာများအတွက် ၆၂ နာရီ ကျန်ပါတယ်။ 212 00:09:33,329 --> 00:09:35,229 နာရီ ၆၀ လုပ်ရသူလည်း ရှိနိုင်တယ်။ 213 00:09:35,253 --> 00:09:37,681 အဲဒီလိုဆိုရင် အခြား အရာများအတွက် ၅၂ နာရီ ကျန်ပါတယ်။ 214 00:09:37,705 --> 00:09:39,747 နာရီ ၆၀ ထက် ပိုလုပ်ရသူလည်း ရှိနိုင်ပါတယ်။ 215 00:09:39,771 --> 00:09:41,328 အဲဒါ တကယ် ဟုတ်ရဲ့လား။ 216 00:09:41,352 --> 00:09:43,086 (ရယ်သံများ) 217 00:09:43,110 --> 00:09:46,016 တချိန်တုန်းက လေ့လာမှုမှာ လူတွေ တစ်ပတ်မှာ လုပ်ခဲ့တာကို 218 00:09:46,040 --> 00:09:47,435 အချိန်နဲ့ မှတ်ခဲ့တယ်။ 219 00:09:47,459 --> 00:09:50,135 ၇၅ နာရီ ကျော် လုပ်ပါတယ်လို့ ဆိုသူတွေ လက်တွေ့မှာ 220 00:09:50,159 --> 00:09:52,263 ၂၅ နာရီလောက် မလုပ်ကြတာ တွေ့ရတယ်။ 221 00:09:52,287 --> 00:09:53,981 (ရယ်သံများ) 222 00:09:54,005 --> 00:09:56,936 ဒီတော့ ကျွန်မ ထောက်ပြချင်တာကို ရှင်တို့ ခန်းမှန်းနိုင်ပါပြီ။ 223 00:09:57,567 --> 00:09:59,780 အစဉ်ဆိုသလိုပဲ တစ်ပတ် ၁၆၈ နာရီထဲတွင် 224 00:09:59,804 --> 00:10:02,732 ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေ အတွက် အချိန်ကို ရှာနိုင်မှာပါ။ 225 00:10:02,732 --> 00:10:05,140 ရှင်တို့ဟာ ကိုယ့်ကလေးတွေနဲ့ အချိန်ပိုဖြုန်းချင်ရင်၊ 226 00:10:05,140 --> 00:10:07,319 ကိုယ်ရဲ့ စာမေးပွဲအတွက် ပိုပြီး စာကြည့်ချင်ရင်၊ 227 00:10:07,343 --> 00:10:10,688 သုံးနာရီကြာ လေ့ကျင့်ခန်း လုပ်ပြီး စေတနာ့ဝန်ထမ်း နှစ်နာရီ လုပ်ချင်ရင်၊ 228 00:10:10,712 --> 00:10:11,866 ရှင်တို့ လုပ်နိုင်ပါတယ်။ 229 00:10:11,890 --> 00:10:15,531 ကိုယ်က အချိန်ပြည့် သုံးဆ လုပ်နေတောင် အဲဒီလို လုပ်နိုင်ပါတယ်။ 230 00:10:15,605 --> 00:10:17,937 ဒီတော့ အချိန်တွေ အများကြီး ရှိတာ သိပ်ကောင်းတယ်၊ 231 00:10:17,961 --> 00:10:19,187 ဘာကြောင့်လဲ သိကြလား။ 232 00:10:19,211 --> 00:10:22,049 အံ့ဩစရာ အရာတွေကို လုပ်ကိုင်ရန် အဲဒီလောက် အချိန်တွေ မလိုပါ။ 233 00:10:22,486 --> 00:10:25,233 ကျွန်မတို့ဆီမှာ အချိန် နည်းနည်းလေး ရှိရင် ဘာလုပ်တတ်လဲ။ 234 00:10:25,708 --> 00:10:27,359 ဖုန်းကို ဆွဲထုတ်ယူကြတယ် မဟုတ်လား။ 235 00:10:27,826 --> 00:10:29,995 အီးမေးလ်တွေကို ဖျက်တော့တယ်။ 236 00:10:30,381 --> 00:10:32,468 အိမ်ကို ပတ်ပြီး လမ်းလျှောက် နေတတ်ဆယ်၊ 237 00:10:32,492 --> 00:10:33,752 တီဗီကို ကြည့်နေတတ်တယ်။ 238 00:10:34,114 --> 00:10:36,967 တကယ်တော့ သေးမွှားတဲ့ တဒင်္ဂတွေက အရေးပါနိုင်တယ်။ 239 00:10:37,657 --> 00:10:39,610 ရှင်တို့ဟာ ပျော်ရွှင်မှုအတွက် 240 00:10:40,094 --> 00:10:42,290 အချိန်နည်းနည်းကို သုံးနိုင်ပါတယ်။ 241 00:10:43,025 --> 00:10:45,788 အလုပ်ကို သွားဖို့ ဘတ်စ်ကား စီးနေစဉ် ဖတ်ဖို့ အံ့ဖွယ် 242 00:10:45,788 --> 00:10:47,452 စာအုပ်ကို ရွေးနေတာ ဖြစ်နိုင်တယ်။ 243 00:10:47,476 --> 00:10:49,875 ဘတ်စ်ကား နှစ်စီးကို စီးခဲ့ရကာ မြေအောက်ရထားကို 244 00:10:49,899 --> 00:10:51,368 မနက်တိုင်း စီးခဲ့ရတဲ့အလုပ်မှာ၊ 245 00:10:51,368 --> 00:10:54,471 စနေတနင်္ဂနွေမှာ စာကြည့်တိုက်ကို သွားပြီး စာအုပ်တွေ ရွေးခဲ့ပါတယ်။ 246 00:10:54,471 --> 00:10:58,886 အဲဒါက ခရီးစဉ် တစ်ခုလုံးကို ပျော်ရွှင်စရာ လုပ်ပေးခဲ့တယ်။ 247 00:10:59,407 --> 00:11:03,044 အလုပ်ထဲက အားလပ်ချိန်ကို ကမ္မဌာန်း ထိုင်ရန်၊ ဆုတောင်းရန် သုံးနိုင်တယ်။ 248 00:11:03,434 --> 00:11:06,628 ကိုယ့် အလုပ်ချိန်ကြောင့် မိသားစုနဲ့ အတူ ညစာ မစားနိုင်ရင်၊ 249 00:11:06,652 --> 00:11:09,401 အဲဒါ့အစား မိစားစုအလိုက် နံနက်စာ စားလို့လည်း ရနိုင်ပါတယ်။ 250 00:11:09,890 --> 00:11:13,020 လူတစ်ယောက်ရဲ့ အချိန်တစ်ခုလုံကို ကြည့်ပြီး ကောင်းတဲ့ အရာတွေ 251 00:11:13,044 --> 00:11:15,757 ထည့်ပေးလို့ ရမယ့် နေရာတွေကို ရှာလို့ ရနိုင်မှာပါ။ 252 00:11:16,504 --> 00:11:18,217 ကျွန်မကတော့ တကယ် ယုံပါတယ်။ 253 00:11:19,054 --> 00:11:21,755 အချိန်ကို ရှာတွေ့မှာပါ။ 254 00:11:22,981 --> 00:11:24,633 ကျွန်မတို့ အလုပ်များနေတောင်မှ၊ 255 00:11:25,223 --> 00:11:26,962 အရေးကြီးတာတွေ အတွက် အချိန် ရှိတတ်တယ်။ 256 00:11:27,752 --> 00:11:29,754 ကိုယ့်အတွက် အရေးကြီးတာကို အာရုံစိုက်လာရင်၊ 257 00:11:30,312 --> 00:11:31,983 ကျွန်မတို့ ဆီမှာ ရှိနေတဲ့ အချိန်ထဲ 258 00:11:32,205 --> 00:11:34,203 ကိုယ် လိုချင်တာကို တည်ဆောက်နိုင်ကြတယ်။ 259 00:11:34,638 --> 00:11:35,793 ကျေးဇူးတင်ပါတယ်။ 260 00:11:35,817 --> 00:11:40,941 (လက်ခုပ်သံများ)