0:00:00.902,0:00:04.280 ကျွန်မက အချိန်ကို စီမံခန့်ခွဲမှု အကြောင်း[br]ရေးတာကို လူတွေ သိလာတဲ့ အခါမှာ 0:00:04.588,0:00:06.263 သူတို့ ထင်ကြတာ နှစ်မျိုးရှိပါတယ်။ 0:00:07.564,0:00:10.548 ကျွန်မဟာ အမြဲတမ်း အချိန်မှီသူ[br]ဖြစ်တယ်ပေါ့၊ 0:00:11.227,0:00:12.875 အဲဒါ မဟုတ်မှန်ပါ။ 0:00:12.875,0:00:14.624 ကျွန်မဆီမှာ ကလေးငယ် လေးယောက် ရှိတယ်၊ 0:00:14.624,0:00:17.654 ကျွန်မ မကြာခဏ အချိန်မမှီမှုအတွက်[br]သူတို့အပေါ် အပြစ်ဖို့ချင်ပါတယ်၊ 0:00:17.654,0:00:20.185 တကယ်တော့ ရံဖန်ရံခါမှာ အဲဒါဟာ[br]သူတို့ အပြစ် မဟုတ်ပါဘူး။ 0:00:20.185,0:00:23.752 ကျွန်မဟာ အချိန်စီမံခန့်ခွဲမှု အကြောင်း[br]ဟောပြောချက်ကို နောက်ကျခဲ့ဘူးတယ်။ 0:00:23.752,0:00:24.796 (ရယ်သံများ) 0:00:24.796,0:00:28.283 ကျွန်မတို့ အားလုံးဟာ ခဏအချိန်ယူပြီး[br]အဲဒါကို ပြန်စဉ်းစားရန် လိုပါတယ်။ 0:00:28.972,0:00:31.915 နောက်တစ်ခု သူတို့ ထင်ကြသေးတာက[br]အချိန်ကို ဒီနေရာမှာ၊ ဟိုနေရာမှာ 0:00:31.915,0:00:34.108 ချွေတာရန် အကြံတွေ[br]ကျွန်မဆီမှာ တပုံကြီး ရှိတယ်။ 0:00:34.132,0:00:37.620 မကြာခဏဆိုသလို မဂ္ဂဇင်းတွေထဲမှာ[br]အဲဒီလို အကြံပေးရေးကြတာ တွေ့ရတယ်၊ 0:00:37.620,0:00:41.197 သူတို့ရဲ့ စာဖတ်ပရိသတ်အား တစ်နေ့တွင်[br]တစ်နာရီ အချိန်ပို ရှာနိုင်ရန် ရေးကြတယ်။ 0:00:41.221,0:00:44.507 သူတို့ အဆိုက ကျွန်မတို့ဟာ နေ့စဉ်[br]လုပ်ကိုင်စရာတွေထဲက နေပြီး နည်းနည်းစီ 0:00:44.531,0:00:45.708 ချွေတာလျက် ပေါင်းယူရင်၊ 0:00:45.732,0:00:47.986 ကောင်းတဲ့ အရာအတွက် အချိန်ကို[br]ရယူနိုင်ကြမယ်ပေါ့။ 0:00:47.986,0:00:51.518 ကျွန်မအတွက် ဒီကိစ္စတစ်ခုလုံးဟာ စိတ်ဝင်စား[br]စရာ ကောင်းပေမဲ့၊ သူတို့ ကျွန်မကို 0:00:51.518,0:00:54.681 ဖုန်းမဆက်ခင် သူတို့ တွေ့ရှိခဲ့တာတွေကို[br]ကျွန်မက အရင် မေးကြည့်တတ်တယ်။ 0:00:54.681,0:00:56.077 ကျွန်မ သိပ်ကြိုက်တဲ့ တချို့က- 0:00:56.077,0:00:58.867 တချိန်လုံး ညာဖက်ကိုသာ ကွေ့ရမယ့်[br]ခရီးစဉ်ကို အကြံပေးတာမျိုး-- 0:00:58.867,0:00:59.753 (ရယ်သံများ) 0:00:59.753,0:01:02.189 မိုက်ရိုဝဲ့ဗ်သုံးရာတွင် အလွန့်အလွန်[br]တော်ဖို့ လိုတယ်- 0:01:02.189,0:01:04.866 အဲဒီလိုဆိုရင် သုံးမိနစ်ခွဲ အချိန်ကို[br]ချွေတာမိနိုင်တယ်တဲ့၊ 0:01:04.866,0:01:07.516 အဲဒီလိုနည်းဖြင့် ကိုယ်လိုချင်တဲ့[br]နေရာ အရောက် သွားဖို့ပါ။ 0:01:07.516,0:01:10.299 ကျွန်မကိုယ်တိုင် နည်းနည်းလေး အကျိုး[br]ရှိလို့ အကြံပေးချင်တာက၊ 0:01:10.299,0:01:13.739 ကိုယ့်အကြိုက်ဆုံး ရှိုးကို ဗီဒီယိုသွင်း[br]ကြည့်လျက် ကြော်ငြာတွေ ကျော်ရန်ပါ။ 0:01:13.739,0:01:16.251 အဲဒီလိုနည်းဖြင့် နာရီဝက်မှာ[br]ရှစ်မိနစ် ချွေတာနိုင်မယ်၊ 0:01:16.251,0:01:18.182 ဒီတော့ တီဗီ နှစ်နာရီ ကြည့်ရမယ့်အစား 0:01:18.206,0:01:19.929 လေ့ကျင့်ခန်း လုပ်ဖို့ ၃၂ မိနစ် ရမယ်။ 0:01:19.929,0:01:20.789 (ရယ်သံများ) 0:01:20.813,0:01:22.098 အဲဒါ တကယ်ပါ။ 0:01:22.107,0:01:25.208 လေ့ကျင့်ခန်း လုပ်ဖို့ ၃၂ မိနစ် [br]ရှာတွေ့နိုင်တဲ့ နောက်တနည်း သိလား။ 0:01:25.629,0:01:27.961 နေ့စဉ် တီဗီကို နှစ်နာရီ မကြည့်ရန်ပဲပေါ့။ 0:01:27.985,0:01:29.001 (ရယ်သံများ) 0:01:29.025,0:01:32.499 စိတ်ကူးက ဟိုနေရာမှာ ဒီနေရာမှာ[br]အချိန်တွေကို ချွေတာလျက် ပေါင်းယူရန်ပါ၊ 0:01:32.523,0:01:34.761 ကိုယ်လုပ်ချင်တဲ့[br]အရာတိုင်းအတွက် အချိန်ရမယ်ပေါ့။ 0:01:34.761,0:01:37.843 ဒါပေမဲ့၊ အောင်မြင်တဲ့ လူတွေ အချိန် [br]သုံးကြပုံကို လေ့လာကြည့်တော့ 0:01:37.843,0:01:40.404 သူတို့ရဲ့ အချိန်ဇယားကို တစ်နာရီစီ[br]လေ့လာကြည့်တော့၊ 0:01:40.428,0:01:43.724 အဲဒီလို စိတ်ကူးဟာ လုံးဝ ခေတ်နောက်မှာ[br]ကျန်ရစ်နေတာ တွေ့နိုင်တယ်။ 0:01:44.305,0:01:47.947 ကျွန်မတို့ဟာ အချိန်ကို ချွေတာခြင်းဖြင့်[br]ကိုယ့်ဘဝကို တည်ဆောက်ကြတာ မဟုတ်ပါ။ 0:01:48.256,0:01:50.126 ကျွန်မတို့ဟာ ကျွန်မတို့ လိုချင်တဲ့ 0:01:50.376,0:01:53.603 ဘဝမျိုးကို တည်ဆောက်ကြမယ်ဆိုရင်[br]အချိန်ဟာ သူ့ဘာသာသူ ချွေတာမိမှာပါ။ 0:01:54.454,0:01:56.089 ဆိုချင်တာက ဒီလိုပါ။ 0:01:56.089,0:01:58.243 ကျွန်မဟာ မကြာမီတုန်းက သိပ်ကို [br]အလုပ်များကြတဲ့ 0:01:58.243,0:02:01.745 လူတွေရဲ့ ဘဝထဲက ၁၀၀၁ ရက်ကို လေ့လာခဲ့တဲ့[br]ဒိုင်ယာရီ စီမံကိန်း ပြီးသွားခဲ့တယ်။ 0:02:01.745,0:02:04.913 သူတို့ဆီမှာ အလုပ်တွေ တပုံကြီးပါပဲ၊[br]သူတို့ရဲ့ ကိုယ်ပိုင် လုပ်ငန်း၊ 0:02:04.913,0:02:07.118 ကလေးတွေကို ဒါမှမဟုတ် မိဘတွေကို[br]စောင့်ကြည့်ရန်၊ 0:02:07.142,0:02:08.472 ရပ်ကွက်ရေးရာများ၊ 0:02:08.496,0:02:10.309 သိပ်ကို အလုပ်များတဲ့ သူတွေပါ။ 0:02:10.379,0:02:13.006 သူတို့ကို တစ်ပတ်ကြာ သူတို့[br]လုပ်ကိုင်သမျှကို ရေးမှတ်ရန် 0:02:13.030,0:02:15.373 မှာထားခဲ့လို့ သူတို့ အလုပ်လုပ်ကြပုံ[br]အိပ်စက်ကြပုံ၊ 0:02:15.373,0:02:18.176 သိလာနိုင်ကာ ကျွန်မစာအုပ်အတွက်[br]သူတို့နဲ့ တွေ့ဆုံမေးခဲ့ပါတယ်။ 0:02:18.200,0:02:20.459 လေ့လာခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့[br]အချိန်စာရင်းထဲမှာ 0:02:20.459,0:02:22.726 ဗုဒ္ဓဟူးညမှာ တစ်ခုခုအတွက် အပြင် [br]ထွက်ခဲ့ရတယ်။ 0:02:22.726,0:02:24.929 သူ အိမ်ကို ပြန်လာတော့ အပူပေးစနစ်[br]ပျက်စီးသွားကာ 0:02:24.953,0:02:27.939 တအိမ်လုံးမှာ အောက်ခြေအထိ[br]ရေတွေနဲ့ စိုနေတာကို တွေ့လိုက်ရတယ်။ 0:02:28.380,0:02:30.834 ရှင်တို့ တသက်လုံးမှာ အဲဒါမျိုး[br]ကြုံခဲ့ဘူးရင်၊ 0:02:30.858,0:02:33.738 အရမ်းကို စိတ်ညစ်စရာ နဲ့ ကြောက်စရာ[br]ကောင်းတဲ့ အဖြစ်အပျက်ကြီးပါ။ 0:02:33.762,0:02:36.472 အဲဒါနဲ့ သူမဟာ အဲဒီညရဲ့ [br]နောက်ပိုင်းတွင် ချက်ချင်းဆိုသလို၊ 0:02:36.496,0:02:38.373 ရေပိုက်သမားတွေကို နောက်တစ်နေ့ လာကြဖို့ 0:02:38.397,0:02:41.897 အဲဒီနောက် တစ်ရက်မှာ ပျက်စီးသွားတဲ့ [br]ကော်ဇော်ကို ပြင်မယ့် သူတွေ ခေါ်ရတယ်။ 0:02:41.921,0:02:43.987 အားလုံးကို သူဟာ အချိန်နဲ့အတူ[br]ရေးမှတ်ခဲ့တယ်။ 0:02:44.011,0:02:46.741 အားလုံး ပြီးစီးရန် သူမရဲ့ [br]အချိန် ခုနစ်နာရီ ကုန်သွားတယ်။ 0:02:47.191,0:02:48.473 ခုနစ်နာရီကြီးတောင်။ 0:02:49.179,0:02:51.981 အဲဒါဟာ တစ်ရက်တစ်ရက်မှာ[br]အချိန်ပို တစ်နာရီ ရှာတွေ့သလိုပါ။ 0:02:52.834,0:02:55.628 အဲဒီအပတ်ရဲ့ အစပိုင်းမှာ သူမကို၊[br]“အားကစား လျေ့ကျင့်ရန် 0:02:55.652,0:02:58.870 ခင်ဗျား အချိန်ပို ၇ နာရီ ရှာနိုင်မလား”[br] 0:02:59.893,0:03:03.698 “လူ ၇ ယောက်ကို ဆုံးမပေးရန် အချိန်ပို [br]၇ နာရီ ရှာနိုင်မလား” လို့ မေးခဲ့ရင်၊ 0:03:03.722,0:03:06.413 ကျွန်မတို့ အများစု ဖြေကြားကြမှာလိုပဲ[br]“ကျွန်မ အလုပ်များတာ 0:03:06.437,0:03:10.881 မတွေ့ဘူးလား၊ အချိန်မရှိဘူး”လို့ [br]ဖြေခဲ့မှာ သေချာပါတယ်။ 0:03:11.151,0:03:13.318 ဒါပေမဲ့ သူမ အိမ်အောက်ထပ်မှာ[br]ရေတွေ ဝပ်နေလို့ 0:03:13.342,0:03:16.141 ခုနစ်နာရီကို ရှာကိုရှာရမယ်ဆိုတော့၊ 0:03:16.165,0:03:18.675 သူဟာ ရှာတွေ့နိုင်ခဲ့ပါတယ်။ 0:03:19.055,0:03:23.206 အချိန်ဆိုတာ သိပ်ကို ပျော့ပျောင်းလို့[br]ရနိုင်တာကို အဲဒါက ပြနေတယ်။ 0:03:23.324,0:03:25.637 ကျွန်မတို့ဟာ အချိန်ကို တိုးချဲ့လို့[br]မရနိုင်ပါ၊ 0:03:25.661,0:03:29.840 ဒါပေမဲ့ ကျွန်မတို့က ရွေးလိုက်တဲ့ အရာအတွက်[br]အချိန်ဟာ လိုသလို ဆွဲဆန့်သွားမှာပါ။ 0:03:30.366,0:03:32.933 ဒီတော့ ခုနက အပူပေးစနစ် ပျက်စီးသွားတဲ့[br]အဖြစ်တုန်းကလိုပဲ 0:03:33.541,0:03:35.776 အချိန်ကို စီမံခန့်ခွဲမှုဆိုတာက 0:03:35.800,0:03:38.847 ကျွန်မတို့ရဲ့ ဦးစားပေးမှုတွေကို[br]ကိုင်တွယ်ပုံပါပဲ။ 0:03:39.492,0:03:40.996 အဲဒါကို ရှင်းပြရန်၊ 0:03:40.996,0:03:44.781 ကျွန်မ မေးမြန်းခဲ့ဘူးတဲ့ အလုပ် အများဆုံး[br]ပုဂ္ဂိုလ်ရဲ့ စကားလုံးတွေကို သုံးပါရစေ။ 0:03:44.805,0:03:47.093 သူမဆီမှာ အလုပ်သအား ၁၂ ဦးရှိတဲ့[br] 0:03:47.117,0:03:48.736 ကိုယ်ပိုင် လုပ်ငန်းရှိတဲ့ အပြင် 0:03:48.736,0:03:50.633 ကလေး ခြောက်ယောက်နဲ့ အလုပ်များခဲ့သူပါ။ 0:03:50.657,0:03:53.275 အဲဒါတွေ အားလုံးကို သူဘယ်လိုလုပ်[br]ကိုင်တွယ်နိုင်တာလဲ ဆိုတာ 0:03:53.299,0:03:55.795 တွေ့ဆုံမေးမြန်းကြည့်ရန်[br]ရက်ချိန်း ရဖို့ ညှိနေခဲ့ရတယ်။ 0:03:55.819,0:03:57.928 အဲဒါ ကြာသပတေး မနက်ပိုင်း[br]ဖြစ်ခဲ့တာ မှတ်မိတယ်၊ 0:03:57.928,0:03:59.869 သူမဟာ စကားပြောဖေါ်တောင်[br]အချိန် မရှိခဲ့ပါ။ 0:03:59.869,0:04:00.839 ဖြစ်တတ်တယ်လေ။ 0:04:00.863,0:04:03.282 ဒါပေမဲ့ သူ ကျွန်မနဲ့ [br]စကားမပြောနိုင်ခဲ့တာရဲ့ 0:04:03.306,0:04:05.576 အကြောင်းရင်းက အပျော်ခြေလျင်ခရီး[br]ထွက်နေခဲ့လို့ပါ၊ 0:04:05.576,0:04:07.308 နွေဦးက အရမ်းကို သာယာနေခဲ့လို့ပါ၊ 0:04:07.332,0:04:09.165 သူမဟာ အပျော်ခြေလျင် ခရီးထွက်လိုခဲ့တယ်။ 0:04:09.165,0:04:11.556 အဲဒါက ကျွန်မကို ပိုလို့ကို [br]စိတ်ဝင်စား လာစေခဲ့တယ်။ 0:04:11.556,0:04:14.586 နောက်ဆုံးတွင် သူမနဲ့ တွေ့ဆုံခွင့်[br]ရလိုက်တော့ သူမ ရှင်းပြခဲ့တယ်။ 0:04:14.586,0:04:16.747 “Laura ရေ၊ ကျွန်မ [br]လုပ်ကိုင်တဲ့ အရာတိုင်းဟာ၊ 0:04:17.592,0:04:21.205 ကျွန်မ ဖြုန်းလိုက်တဲ့ မိနစ်တိုင်းဟာ[br]ကျွန်မရဲ့ ရွေးချယ်မှုပါပဲ။” 0:04:21.830,0:04:22.981 ဒီတော့ “ကျွန်မဆီမှာ 0:04:23.005,0:04:25.744 x, y (သို့) z လုပ်ဖို့ အချိန်မရှိဘူး“လို့[br]ပြောမယ့်အစား 0:04:25.893,0:04:31.007 သူမက၊ “x, y (သို့) z တွေဟာ ဦးစားပေးရန်[br]မလိုလို့ ကျွန်မ မလုပ်ဘူး။” လို့ ပြောတယ်။ 0:04:31.709,0:04:36.077 “အချိန်မရှိဘူး” လို့ ဆိုလိုက်ခြင်းက မကြာခဏ[br]ဆိုသလို ”အဲဒါကို ဦးစားမပေးဘူး” ဆိုမှုပါ။ 0:04:36.845,0:04:39.807 သေသေချာချာ စဉ်းစားကြည့်ရင်၊[br]အဲဒီစကားလုံးတွေက ပိုပြီးတိကြတယ်။ 0:04:39.807,0:04:42.691 ကျွန်မက ခန်းဆီးတွေကို ဖုန်စုပ်ရန်[br]အချိန်မရှိဘူးလို့ ပြောရင်၊ 0:04:42.691,0:04:43.744 အမှန် မဟုတ်ပါဘူး။ 0:04:43.768,0:04:46.538 ရှင်တို့က အဲဒီခန်းဆီးတွေ [br]သန့်ရှင်းဖို့ $၁၀၀ ၀၀၀ ပေးမယ်လို့ 0:04:46.538,0:04:48.042 ကမ်းလှမ်းရင် အမြန် လုပ်မှာပါ။ 0:04:48.042,0:04:48.872 (ရယ်သံများ) 0:04:48.896,0:04:50.531 အဲဒီလို ကမ်းလှမ်းမယ့်သူ မရှိတော့၊ 0:04:50.555,0:04:53.159 အချိန်မရှိလို့ မဟုတ်ဘဲ အဲဒါကို ကျွန်မ[br]မလုပ်ချင်လို့ 0:04:53.183,0:04:54.784 ဖြစ်တာကို ဝန်ခံရန် လိုပါတယ်။ 0:04:54.808,0:04:57.908 ဒီတော့ ထပ်ပြောရပါက အချိန်ဆိုတာ[br]ရွေးချယ်မှုမျှ ဖြစ်ပါတယ်။ 0:04:57.908,0:04:59.105 အဲဒါကြောင့် သေချာသေးတာက၊ 0:04:59.105,0:05:02.461 ကိုယ်ရဲ့ အမျိုးမျိုးသော ရွေးချယ်မှုများ[br]အတွက် ကြောက်မက်စရာ အကျိုးဆက်တွေ 0:05:02.461,0:05:03.777 ရှိနိုင်တာကို သိထားရပါမယ်။ 0:05:03.777,0:05:05.623 ကျွန်ုပ်တို့ စဉ်းစားနိုင်စွမ်းရှိတော့၊ 0:05:05.623,0:05:07.205 ရေရှည်မှာ လုပ်ကိုင်ကြရာတွင်၊ 0:05:07.229,0:05:09.229 ကျွန်မတို့ရဲ့ ဘဝတွေကို ရှိသင့်တဲ့[br] 0:05:09.253,0:05:11.929 အရာများဖြင့် ဖြည့်စွမ်းနိုင်စွမ်း[br]ရှိကြပါတယ်။ 0:05:12.834,0:05:14.492 အဲဒါ ကျွန်မတို့ ဘယ်လို လုပ်လဲ။ 0:05:15.127,0:05:16.559 ရေပိုက် ပျက်စီးသွားခဲ့တဲ့ ဥပမာ 0:05:16.583,0:05:19.361 အကြောင်း ထည့်စဉ်းစားလျက် ဦးစားပေးမှုကို[br]ဘယ်လို သတ်မှတ်ကြလဲ။ 0:05:19.361,0:05:22.200 ပထမဦးဆုံး အနေနဲ့ ၎င်းတို့ အားလုံးကို[br]စဉ်းစားသတ်မှတ်ရပါမယ်။ 0:05:22.200,0:05:24.858 အဲဒီလို စဉ်းစားရန် ကျွန်မ[br]မဟာဗျူဟာ နှစ်ခုကို ပေးချင်တယ်။ 0:05:24.858,0:05:26.590 ပထမက ကျွမ်းကျင်သူရဲ့ အကြံပေးချက်ပါ၊ 0:05:26.590,0:05:29.195 နှစ်ကုန်ခါနီးမှာ လူအများစုက[br]နှစ်စဉ် လုပ်ကိုင်မှုဆိုင်ရာ 0:05:29.195,0:05:31.292 ဆန်းစစ်ချက်တွေ ပြုစုတယ်[br]ဒါမှမဟုတ် ပေးကြပါတယ်။ 0:05:31.316,0:05:33.921 နောက်ကြောင်း ပြန်ကြည့်လျက်[br]တနှစ်အတွင်း အောင်မြင်မှုကို၊ 0:05:33.921,0:05:36.260 “ကြီးထွားရန် အခွင့်အလမ်းများ”ကို[br]လေ့လာကြည့်တယ်။ 0:05:36.260,0:05:38.277 အဲဒါဟာ ရည်ရွယ်ရင်းကို ဖြည့်တင်း[br]ပေးပေမဲ့၊ 0:05:38.277,0:05:41.151 ဒါကိုပဲ မျှော်ကြည့်လျက်[br]လုပ်ကိုင်မှုက ပိုအကျိုးရှိမယ် ထင်တယ်။ 0:05:41.175,0:05:44.076 အဲ့တော့ အခုအချိန်ဟာ လာမယ့်[br]နှစ်ကုန်ခါနီးလို့ စိတ်ကူးကြည့်ပါ။ 0:05:44.076,0:05:46.877 ရှင်တို့ဟာ ကိုယ့်ကိုကိုယ်[br]လုပ်ကိုင်ခဲ့ပုံကို ဆန်းစစ်နေတယ်၊ 0:05:46.877,0:05:51.227 အဲဒီနှစ်ဟာ ကျွမ်းကျင်မှုအရ ခင်ဗျား[br]အတွက် သိပ်ကို အောင်မြင်ခဲ့တဲ့ နှစ်ပါ။ 0:05:52.034,0:05:57.821 အဲဒီလို အံ့ဖွယ် ဖြစ်လာရန် ခင်ဗျား[br]လုပ်ခဲ့တဲ့ အရာ သုံးခုမှ ငါးခုက ဘာတွေလဲ။ 0:05:58.414,0:06:02.018 အဲဒီလိုနည်းဖြင့် ခင်ဗျားဟာ လာမယ့်[br]နှစ်ရဲ့ အခြေအနေကို အခုကို ရေးနိုင်ပါပြီ။ 0:06:02.018,0:06:04.805 အလားတူပဲ ခင်ဗျားတို့ရဲ့ ကိုယ်ရေး[br]ဘဝအတွက် ရေးနိုင်တယ်။ 0:06:04.829,0:06:07.598 ရှင်တို့ထဲက တော်တော်များများက[br]ကျွန်မလိုပဲ ဒီဇင်ဘာ ရောက်ရင် 0:06:07.598,0:06:11.028 ဒီလိုဟာမျိုး ရောင်စုံစက္ကူခေါက်တွေ[br]ပါတဲ့ ကဒ်တွေကို ရတတ်တယ်၊ 0:06:11.491,0:06:16.321 အဲဒီမှာ မိသားစု ပွဲတော်စာ ဆိုတာကို[br]ရေးလေ့ ရှိကြပါတယ်။ 0:06:16.345,0:06:17.983 (ရယ်သံများ) 0:06:18.007,0:06:20.482 ရေးသားပုံက စာကြီးပေကြီး ဆန်ချင်မှ[br]ဆန်မှာ ဖြစ်ပေမဲ့၊ 0:06:20.482,0:06:23.810 မိမိတို့ အိမ်ထောင်စုထဲက လူတိုင်း[br]ဘယ်လို အံ့အားသင့်စရာ ကောင်းခဲ့ကြောင်း 0:06:23.810,0:06:25.407 ဒါမှမဟုတ် ပိုပြီး စိတ်ဝင်စားဖွယ် 0:06:25.407,0:06:27.746 လူတိုင်း ဘယ်လို အလုပ်များနေခဲ့[br]ကြောင်း ရေးကြတယ်။ 0:06:27.815,0:06:29.894 တကယ်တော့ အဲဒီစာတွေဆီမှာ[br]ရည်ရွယ်ချက် ရှိတယ်၊ 0:06:29.894,0:06:31.835 ခင်ဗျားတို့ရဲ့ မိတ်ဆွေများ နဲ့[br]မိသားစုကို 0:06:31.835,0:06:35.194 ကိုယ်ရေးဘဝထဲ ရှင်တို့ လုပ်ခဲ့တာ[br]တစ်နှစ်လုံးမှာ အရေးပါခဲ့တာကို ရေးကြတယ်။ 0:06:35.194,0:06:36.386 ဒီနှစ်က ပြီးဆုံးသွားပေမဲ့ 0:06:36.386,0:06:39.096 ဒါက လာမယ့်နှစ်ရဲ့ အဆုံးပိုင်း ဖြစ်တယ်လို့[br]စိတ်ကူးကြည့်ပါ၊ 0:06:39.096,0:06:42.034 အဲဒါဟာ ရှင့်အတွက်ရော ကိုယ့်အတွက်[br]အရေးကြီးတဲ့ လူတွေအတွက်ပါ 0:06:42.172,0:06:44.825 တကယ့်ကို အံ့အားသင့်စရာ နှစ်ကြီးဖြစ်ခဲ့တယ်။ 0:06:45.391,0:06:50.094 အဲဒီလို အံ့ဖွယ် ဖြစ်လာရန် ခင်ဗျား[br]လုပ်ခဲ့တဲ့ အရာ သုံးခုမှ ငါးခုက ဘာတွေလဲ။ 0:06:50.839,0:06:54.980 ဒီတော့ ခင်ဗျားတို့ဟာ ကိုယ့်မိသားစု[br]စာကို အခုကို ရေးနိုင်ပါပြီ။ 0:06:55.789,0:06:56.982 ဒါပေမဲ့ မပို့ပါနှင့်။ 0:06:57.006,0:06:58.022 (ရယ်မောသံများ) 0:06:58.046,0:07:00.684 ကျေးဇူးပြုပြီး မပို့ပါနှင့်။ 0:07:01.049,0:07:02.439 ဒါပေမဲ့ ရေးနိုင်ပါပြီ။ 0:07:02.463,0:07:05.861 ပြီးတော့ လုပ်နိုင်ခဲ့တာတွေကို ဆန်းစစ်မှု[br]နဲ့ မိသားစု ပွဲတော် စာ အကြားမှာ 0:07:05.861,0:07:09.352 လာမယ့် နှစ်ထဲ လုပ်နိုင်မယ့် ပန်းတိုင်[br]ခြောက်မှ တဆယ်အထိ ပါတဲ့ စာရင်းရှိတယ်။ 0:07:09.352,0:07:12.451 အဲဒါကို ကျွန်မတို့ဟာ လုပ်နိုင်မယ့်[br]ခြေလှမ်းများအဖြစ် ခွဲခြားရမယ်။ 0:07:12.451,0:07:14.653 ရှင်တို့ဟာ မိသားစု သမိုင်းကို[br]ရေးချင်ရေးလိုမယ်။ 0:07:14.653,0:07:17.170 ဦးစွာ အခြားသူတို့ရဲ့ မိသားစု[br]သမိုင်းကို ဖတ်ကြည့်လျက် 0:07:17.170,0:07:18.576 ရေးပုံရေးနည်းကို သိနိုင်တယ်။ 0:07:18.576,0:07:21.287 အဲဒီနောက် ဆွေမျိုးတွေကို မေးမယ့်[br]မေးခွန်းတွေကို စဉ်းစားကာ 0:07:21.311,0:07:23.520 သူတို့နဲ့ မေးမြန်းဖို့[br]ရက်ချိန်း စီစဉ်နိုင်တယ်။ 0:07:23.520,0:07:25.595 ဒါမှမဟုတ် ရှင်တို့[br]မီတာ ၅ ထောင်ပြေးချင်သလား။ 0:07:25.595,0:07:28.700 ပြေးပြိုင်ပွဲရှာပြီး စာရင်းပေးရန်[br]လေ့ကျင့်ရေး စီမံကိန်းရေးဆွဲရန်၊ 0:07:28.700,0:07:30.227 စီးရမယ့် ဘိနပ်တွေကို ရှာရမယ်။ 0:07:30.251,0:07:32.193 အဲဒီနောက်- သော့ချက်က- 0:07:32.217,0:07:36.312 ကျွန်မတို့ရဲ့ ဦးစားပေးရွေးထားမှုတွေကို[br]ခုနက အပူဓာတ်ပေးစနစ် ပျက်သွားသလို 0:07:36.336,0:07:39.725 ကျွန်မတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဦးစားပေး[br]ထည့်သွင်းပေးရန် လိုပါတယ်။ 0:07:39.879,0:07:44.639 ကျွန်မတို့ အဲဒါတွေကို အပတ်အတော်ကြာ[br]ကြိုပြီး စဉ်းစားကြတယ်။ 0:07:44.663,0:07:48.347 ကျွန်မကတော့ အဲဒါတွေကို သောကြာ[br]မွန်းလွဲပိုင်းမှာ လုပ်တာ အကြိုက်ဆုံးပါ။ 0:07:48.885,0:07:51.433 သောကြာ မွန်းလွဲဆိုတာက[br]စီးပွားရေး ပညာရှင်တွေက 0:07:51.457,0:07:53.994 “စရိတ်ကျဉ်း အခွင့်အလမ်း” အချိန်[br]ဆိုပြီး ခေါ်မှာပါ။ 0:07:54.304,0:07:57.428 ကျွန်မတို့ထဲက အများစုဟာ[br]“ကျွန်ုပ်ရဲ့ ကိုယ်ရေး နှင့် ကျွမ်းကျင်မှု 0:07:57.428,0:08:00.027 ဦးစားပေးမှုတွေကို လုပ်ကိုင်ရန်[br]စိတ်လှုပ်ရှားနေတယ်” လို့ 0:08:00.027,0:08:01.887 သောကြာနေ့ မွန်းလွဲပိုင်းမှာ ပြောဆိုကြတာ 0:08:01.911,0:08:03.065 မဟုတ်ပါဘူး။ 0:08:03.089,0:08:04.105 (ရယ်သံများ) 0:08:04.129,0:08:06.660 ဒါပေမဲ့ အဲဒါတွေက ဘာတွေ[br]ဖြစ်သင့်တာကို စဉ်းစားချင်တယ်။ 0:08:06.660,0:08:08.975 ဒီတော့ သောကြာနေ့ မွန်းလွဲပိုင်းမှာ[br]အချိန်ပေးပြီး 0:08:08.999,0:08:15.189 အလုပ်၊ ဆက်ဆံမှုများ၊ ကိုယ်ရေး ဆိုပြီး[br]သုံးမျိုးပါတဲ့ ဦးစားပေးစာရင်းကို ပြုလုပ်ါ။ 0:08:16.382,0:08:19.580 အမျိုးအစား သုံးခုစလုံးထဲမှာ တစ်ခုခု[br]ရှိဖို့ လိုတာကို 0:08:19.604,0:08:23.094 အမျိုးအစား သုံးခုပါတဲ့ စာရင်းရဲ့[br]အမည်က ထောက်ပြနေပါတယ်။ 0:08:23.118,0:08:24.374 အလုပ်ကိစ္စ စဉ်းစားရမယ်၊ 0:08:24.398,0:08:25.905 ဆက်ဆံမှုများ နဲ့ ကိုယ်ရေး- 0:08:25.929,0:08:27.248 သိပ် မများလှပါ။ 0:08:27.272,0:08:29.170 ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်ခုစီထဲမှာ 0:08:29.194,0:08:30.883 နှစ်ခု သုံးခုစီ စာရင်းတိုလေးပါ။ 0:08:31.013,0:08:33.394 အဲဒီနောက် လာမယ့် တစ်ပတ်လုံးကို[br]စိတ်ကူးကြည့်ပါ၊ 0:08:33.418,0:08:35.663 အဲဒါတွေ ဘယ်မှာ ထည့်သွင်းနိုင်တာ စဉ်းစားပါ။ 0:08:36.171,0:08:38.181 ကိုယ့်စိတ်ကြိုက် အဲဒါကို စီမံနိုင်ပါတယ်။ 0:08:38.205,0:08:41.667 အဲဒါဟာ တချို့သူတွေ အတွက် အခြားသူတွေနဲ့[br]စာရင် ပိုပြီး ခက်ခဲနိုင်ပါတယ်။ 0:08:41.691,0:08:45.213 တချို့လူတွေရဲ့ ဘဝဟာ [br]အခြားသူတွေနဲ့စာရင် ပိုခက်လို့ပါ။ 0:08:45.674,0:08:48.943 ကိုယ်က များလှတဲ့ ကလေးတွေကို[br]စောင့်ရှောက်နေရတယ်ဆိုရင် 0:08:48.967,0:08:51.697 ကဗျာ သင်တန်းကို တက်ရေးကိစ္စဟာ[br]အတော့်ကို လွယ်မှာ မဟုတ်ပါ။ 0:08:51.808,0:08:53.073 ကျွန်မ သိပါတယ်။ 0:08:53.073,0:08:55.740 တချိန်တည်းမှာ တဦးဦးရဲ့[br]ကြိုးပမ်းမှုကို လျှော့မပြချင်ပါ။ 0:08:55.740,0:09:00.010 ကျွန်မ အခုပြောပြမယ့် ဂဏန်းတွေဟာ ရှင်တို့[br]အတွက် အားတက်စရာကြီးပါ။ 0:09:00.906,0:09:04.913 တစ်ပတ်မှာ ၁၆၈ နာရီ ရှိပါတယ်။ 0:09:05.962,0:09:10.663 ခုနစ်ကို နှစ်ဆယ့်လေးနဲ့ မြှောက်ရင်[br]၁၆၈ နာရီကို ရပါတယ်။ 0:09:11.295,0:09:14.028 အဲဒါဟာ မနည်းလှတဲ့ အချိန်ပါ။ 0:09:14.627,0:09:17.818 ရှင်တို့ဟာ အချိန်ပြည့် လုပ်ကိုင်ပါက[br]တစ်ပတ်မှာ နာရီ ၄၀ ဖြစ်မယ်၊ 0:09:17.842,0:09:20.934 ညမှာ အိပ်ချိန်က ရှစ်နာရီ ဆိုတော့[br]တစ်ပတ်ကို ၅၆ နာရီ ရမယ်၊ 0:09:20.958,0:09:23.538 ဒီတော့ အခြား လုပ်စရာအတွက်[br]၇၂ နာရီ ကျန်ခဲ့တဲ့ သဘောပါ။ 0:09:24.622,0:09:26.529 အဲဒါဟာ မနည်းလှတဲ့ အချိန်ပါ။ 0:09:26.956,0:09:28.841 တစ်ပတ် နာရီ ၅၀ အလုပ်လုပ်တယ် ပြောတယ်။ 0:09:28.865,0:09:30.811 အဓိက အလုပ်နဲ့ ဘေးပန်း အလုပ်မျိုးပေါ့လေ။ 0:09:30.835,0:09:33.305 အဲဒီလိုဆိုရင် အခြား အရာများအတွက်[br]၆၂ နာရီ ကျန်ပါတယ်။ 0:09:33.329,0:09:35.229 နာရီ ၆၀ လုပ်ရသူလည်း ရှိနိုင်တယ်။ 0:09:35.253,0:09:37.681 အဲဒီလိုဆိုရင် အခြား အရာများအတွက်[br]၅၂ နာရီ ကျန်ပါတယ်။ 0:09:37.705,0:09:39.747 နာရီ ၆၀ ထက် ပိုလုပ်ရသူလည်း[br]ရှိနိုင်ပါတယ်။ 0:09:39.771,0:09:41.328 အဲဒါ တကယ် ဟုတ်ရဲ့လား။ 0:09:41.352,0:09:43.086 (ရယ်သံများ) 0:09:43.110,0:09:46.016 တချိန်တုန်းက လေ့လာမှုမှာ [br]လူတွေ တစ်ပတ်မှာ လုပ်ခဲ့တာကို 0:09:46.040,0:09:47.435 အချိန်နဲ့ မှတ်ခဲ့တယ်။ 0:09:47.459,0:09:50.135 ၇၅ နာရီ ကျော် လုပ်ပါတယ်လို့ ဆိုသူတွေ[br]လက်တွေ့မှာ 0:09:50.159,0:09:52.263 ၂၅ နာရီလောက် မလုပ်ကြတာ တွေ့ရတယ်။ 0:09:52.287,0:09:53.981 (ရယ်သံများ) 0:09:54.005,0:09:56.936 ဒီတော့ ကျွန်မ ထောက်ပြချင်တာကို[br]ရှင်တို့ ခန်းမှန်းနိုင်ပါပြီ။ 0:09:57.567,0:09:59.780 အစဉ်ဆိုသလိုပဲ တစ်ပတ် ၁၆၈ နာရီထဲတွင် 0:09:59.804,0:10:02.732 ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေ[br]အတွက် အချိန်ကို ရှာနိုင်မှာပါ။ 0:10:02.732,0:10:05.140 ရှင်တို့ဟာ ကိုယ့်ကလေးတွေနဲ့[br]အချိန်ပိုဖြုန်းချင်ရင်၊ 0:10:05.140,0:10:07.319 ကိုယ်ရဲ့ စာမေးပွဲအတွက်[br]ပိုပြီး စာကြည့်ချင်ရင်၊ 0:10:07.343,0:10:10.688 သုံးနာရီကြာ လေ့ကျင့်ခန်း လုပ်ပြီး[br]စေတနာ့ဝန်ထမ်း နှစ်နာရီ လုပ်ချင်ရင်၊ 0:10:10.712,0:10:11.866 ရှင်တို့ လုပ်နိုင်ပါတယ်။ 0:10:11.890,0:10:15.531 ကိုယ်က အချိန်ပြည့် သုံးဆ လုပ်နေတောင်[br]အဲဒီလို လုပ်နိုင်ပါတယ်။ 0:10:15.605,0:10:17.937 ဒီတော့ အချိန်တွေ အများကြီး ရှိတာ[br]သိပ်ကောင်းတယ်၊ 0:10:17.961,0:10:19.187 ဘာကြောင့်လဲ သိကြလား။ 0:10:19.211,0:10:22.049 အံ့ဩစရာ အရာတွေကို လုပ်ကိုင်ရန်[br]အဲဒီလောက် အချိန်တွေ မလိုပါ။ 0:10:22.486,0:10:25.233 ကျွန်မတို့ဆီမှာ အချိန် နည်းနည်းလေး[br]ရှိရင် ဘာလုပ်တတ်လဲ။ 0:10:25.708,0:10:27.359 ဖုန်းကို ဆွဲထုတ်ယူကြတယ် မဟုတ်လား။ 0:10:27.826,0:10:29.995 အီးမေးလ်တွေကို ဖျက်တော့တယ်။ 0:10:30.381,0:10:32.468 အိမ်ကို ပတ်ပြီး လမ်းလျှောက်[br]နေတတ်ဆယ်၊ 0:10:32.492,0:10:33.752 တီဗီကို ကြည့်နေတတ်တယ်။ 0:10:34.114,0:10:36.967 တကယ်တော့ သေးမွှားတဲ့ တဒင်္ဂတွေက[br]အရေးပါနိုင်တယ်။ 0:10:37.657,0:10:39.610 ရှင်တို့ဟာ ပျော်ရွှင်မှုအတွက် 0:10:40.094,0:10:42.290 အချိန်နည်းနည်းကို သုံးနိုင်ပါတယ်။ 0:10:43.025,0:10:45.788 အလုပ်ကို သွားဖို့ ဘတ်စ်ကား စီးနေစဉ်[br]ဖတ်ဖို့ အံ့ဖွယ် 0:10:45.788,0:10:47.452 စာအုပ်ကို ရွေးနေတာ ဖြစ်နိုင်တယ်။ 0:10:47.476,0:10:49.875 ဘတ်စ်ကား နှစ်စီးကို စီးခဲ့ရကာ [br]မြေအောက်ရထားကို 0:10:49.899,0:10:51.368 မနက်တိုင်း စီးခဲ့ရတဲ့အလုပ်မှာ၊ 0:10:51.368,0:10:54.471 စနေတနင်္ဂနွေမှာ စာကြည့်တိုက်ကို[br]သွားပြီး စာအုပ်တွေ ရွေးခဲ့ပါတယ်။ 0:10:54.471,0:10:58.886 အဲဒါက ခရီးစဉ် တစ်ခုလုံးကို[br]ပျော်ရွှင်စရာ လုပ်ပေးခဲ့တယ်။ 0:10:59.407,0:11:03.044 အလုပ်ထဲက အားလပ်ချိန်ကို ကမ္မဌာန်း[br]ထိုင်ရန်၊ ဆုတောင်းရန် သုံးနိုင်တယ်။ 0:11:03.434,0:11:06.628 ကိုယ့် အလုပ်ချိန်ကြောင့် မိသားစုနဲ့[br]အတူ ညစာ မစားနိုင်ရင်၊ 0:11:06.652,0:11:09.401 အဲဒါ့အစား မိစားစုအလိုက် နံနက်စာ[br]စားလို့လည်း ရနိုင်ပါတယ်။ 0:11:09.890,0:11:13.020 လူတစ်ယောက်ရဲ့ အချိန်တစ်ခုလုံကို[br]ကြည့်ပြီး ကောင်းတဲ့ အရာတွေ 0:11:13.044,0:11:15.757 ထည့်ပေးလို့ ရမယ့် နေရာတွေကို[br]ရှာလို့ ရနိုင်မှာပါ။ 0:11:16.504,0:11:18.217 ကျွန်မကတော့ တကယ် ယုံပါတယ်။ 0:11:19.054,0:11:21.755 အချိန်ကို ရှာတွေ့မှာပါ။ 0:11:22.981,0:11:24.633 ကျွန်မတို့ အလုပ်များနေတောင်မှ၊ 0:11:25.223,0:11:26.962 အရေးကြီးတာတွေ အတွက်[br]အချိန် ရှိတတ်တယ်။ 0:11:27.752,0:11:29.754 ကိုယ့်အတွက် အရေးကြီးတာကို[br]အာရုံစိုက်လာရင်၊ 0:11:30.312,0:11:31.983 ကျွန်မတို့ ဆီမှာ ရှိနေတဲ့ အချိန်ထဲ 0:11:32.205,0:11:34.203 ကိုယ် လိုချင်တာကို တည်ဆောက်နိုင်ကြတယ်။ 0:11:34.638,0:11:35.793 ကျေးဇူးတင်ပါတယ်။ 0:11:35.817,0:11:40.941 (လက်ခုပ်သံများ)