"လှနေတာဟာ ကျိန်စာတစ်ခုလား"
အဖေပစ်သွားတဲ့ ကျောက်ဆောင်ပေါ်မှာရပ်ပြီး
Psyche တွေးနေမိပါတယ်။
မွေးကတည်းက သိပ်ကိုလှပလွန်းတဲ့ သူမကို
အချစ်နတ်ဘုရားမ ဗီးနပ် ဝင်စားတယ်ဆိုပြီး
လူတွေက ကိုးကွယ်ကြပါတယ်။
ဒါကြောင့်လဲ
ဘယ်ယောကျ်ားမှ မချဉ်းကပ်ရဲခဲ့ပါဘူး။
ဒါ့ကြောင့် သူမရဲ့ဖခင်ဟာ အပိုလိုနတ်နန်းမှာ
မေးမြန်းအဖြေရှာခဲ့ရာ
အလင်းသခင် နေနတ်ဘုရားက
သမီးဖြစ်သူကို ကျောက်ဆောင်တစ်ခုမှာ
ထားရစ်ခဲ့ပြီး
ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းဆိုးဝါးနဲ့
လက်ဆက်စေဖို့ အကြံပေးခဲ့ပါတယ်။
ကျောက်ဆောင်ပေါ်မှာ Psyche ကို
အနောက်ဘက်လေက ပင့်မသွားပြီး
နန်းတော်တစ်ခုရှေ့မှာ ချထားခဲ့ပါတယ်။
"မင်းအိမ်ကို ပြန်ရောက်ပြီ"
ဆိုတဲ့ အသံတစ်ခုကို ကြားရသလို
"မင်းယောကျ်ား အခန်းထဲမှာ
မင်းကိုစောင့်နေတယ်" တဲ့။
Psyche ဟာ မိမိဘာသာအားပေးပြီး
ရှေ့ဆက်လာခဲ့ပါတယ်။
အိပ်ခန်းဟာ အရမ်းမှောင်နေပြီး
ယောကျ်ားဖြစ်သူကို မမြင်ရပါဘူး။
မကောင်းဆိုးဝါး တစ်ယောက်လို့တော့
မထင်ရပါဘူး
အသားအရေဟာ နူးညံ့သလို
အသံ နဲ့ အပြုအမူကလည်း ယဉ်ကျေးပါတယ်။
ဘယ်သူလဲလို့ မေးလိုက်တဲ့အခါမှာ
ပြောလို့မရဘူးလို့ သူက ငြင်းပါတယ်။
သူ့ကို တကယ်ချစ်တယ်ဆို သိဖို့
မလိုဘူးလို့လည်း ပြောပါတယ်။
သူဟာ Psyche ဆီကို ညစဉ်ညတိုင်း လာခဲ့ရာ
Psyche တစ်ယောက် ကိုယ်ဝန်ရှိလာခဲ့ပါတယ်။
ကိုယ်ဝန်ကြောင့် ပျော်ရွှင်ခဲ့ပေမယ့်
စိတ်မအေးစရာ ရှိခဲ့တယ်။
တစ်ခါမှ မမြင်ဘူးသူနဲ့ ကိုယ်ဝန်ရလာတဲ့
ကလေးကို ဘယ်လို ထိန်းကျောင်းရမလဲ။
တစ်ညမှာတော့ အိပ်နေတဲ့ယောကျ်ားရှိရာကို
မီးအိမ်လေးနဲ့ ချဉ်းကပ်ခဲ့ရာမှာ
သူမ မြင်ရတာက Cupid နတ် ဖြစ်နေပါတယ်။
Cupid ဟာ နတ်တွေ လူတွေ
ချစ်ခင်စုံမက်မှုဖြစ်အောင်
မြားနဲ့ ပစ်နိုင်စွမ်းရှိတဲ့
နတ်တစ်ပါး ဖြစ်ပါတယ်။
Psyche ရဲ့ မီးအိမ် လွတ်ကျသွားလို့
Cupid ဟာ ဆီပူနဲ့ လောင်ခံခဲ့ရတယ်။
Cupid က သူမိခင် ဗီးနပ်စ်က မနာလိုလို့
အရမ်းလှတဲ့ Psyche ကို အရှက်ခွဲဖို့
Cupid ကို မြားနဲ့ပစ်ယူရန် မခိုင်းခဲ့
ကတည်းက သူဟာ Cupid ချစ်မိနေပြီ။
Psyche ရဲ့ အလှထဲမှာ နစ်မြောသွားလို့
Cupid ဟာ ကိုယ့်ကိုယ်ကို မြားနဲ့ပစ်ခဲ့တယ်။
နတ် နဲ့ လူသားတို့ဟာ တန်းတူရည်တူ
အပြန်အလှန်ချစ်နိုင်တာကို သူမယုံခဲ့ပါ။
သူမက သူရဲ့ အသွင်အစစ်အမှန်ကို သိသွားတော့
မျှော်လင့်ချက်တွေ ကုန်သွားပြီမို့
Cupid ဟာ ပျံထွက်သွားခဲ့ပါတယ်
ဝမ်းနည်းပက်လက် ကျန်ရစ်ခဲ့တဲ့ Psyche ကို
အသံတစ်ခုက
သူနဲ့ Cupid တို့ဟာ တန်းတူရည်တူလို
ချစ်ခင်နိုင်ကြောင်း
အဲဒီအသံက သူမကို အားပေးစကား
ပြောကြားခဲ့တယ်။
အားရလာသူ Psyche တစ်ယောက်
ချစ်သူကို ရှာဖို့ ထွက်လာပါတယ်။
ဒါပေမဲ့ Cupid ရဲ့မိခင် ဗီးနပ်က Psyche အား
သူလုပ်ခိုင်းတဲ့ ခက်ခဲတဲ့ တာဝန်တွေ
ပြီးမြောက်အောင် လုပ်ပြီးနိုင်မှသာ
သူ့သားနဲ့ လက်ထပ်ရမယ်လို့ ဆိုပါတယ်။
ပထမဆုံးကတော့ ဧရာမသစ်စေ့ပုံကြီးကို
တစ်ညတည်းနဲ့ အပြီးပိုင်းခြားစီခိုင်းတာပါ
လုံးဝမဖြစ်နိင်လို့
စိတ်ပျက်သွားတဲ့ Psyche ကို
ပုရွက်ဆိတ်တွေက ကူညီခဲ့ကြပါတယ်။
ပထမအလုပ်ပြီးမြောက်တဲ့အခါ
ရွှေသိုးရဲ့ သိုးမွှေးတွေကို
ယူလာရန် ခိုင်းစေပြန်ပါတယ်။
၎င်းကို ဖမ်းလိုသူကြတဲ့ စွန့်စားသူတွေကို
ဆုတ်ဖြဲသတ်ပစ်တတ်တဲ့ ရွှေသိုးပါ၊
ဒီတစ်ခါမှာလည်း မြစ်နတ်ဘုရားက ကူညီခဲ့ပြီး
ခြုံတွေမှာ ငြိနေတဲ့ သိုးမွေးတွေကို
ရယူစေခဲ့လို့
သူမဟာ အောင်မြင်ခဲ့ပြန်ပါတယ်။
နောက်ဆုံးတစ်ခုကတော့
မြေအောက်ကမ္ဘာကို သွားပြီး
သေမင်းဘုရင်မ Proserpina ဆီက
အလှတရား တစ်စက်ကို
သေတ္တာတွင်းထည့်ပြီး ယူလာခဲ့ဖို့ ဖြစ်ပါတယ်။
ဒီတစ်ခါမှာလည်း လူကိုမမြင်ရတဲ့
အသံတစ်ခုက Psyche ကို ကူခဲ့တယ်။
မြေအောက်ကမ္ဘာစောင့် Cerberus ခွေးအတွက်
ဘာလီကိတ်အချို့ အပလောက်သို့ ယူသွားဖို့နဲ့
Styx မြစ်ကို ဖြတ်ကူးခ အကြွေကို လှေသမား
Charon ကို ပေးဖို့ အကြံတွေပေးခဲ့ပါတယ်။
တတိယနဲ့ နောက်ဆုံး တာဝန် အောင်မြင်စွာ
လုပ်ပြီးသွားလို့၊
Psyche ဟာ လူ့ပြည်ကို ပြန်လာခဲ့ပါတယ်။
ဗီးနပ်နန်းတော်ကို ဝင်ခါနီးမှာမှ ယူလာခဲ့တဲ့
Proserpina ရဲ့ သေတ္တာကို ဖွင့်ပြီး
အလှတရားအချို့ကို ယူထားဖို့
စိတ်ကူးဝင်လာခဲ့ပါတယ်။
ဒါပေမဲ့ သေတ္တာလေးထဲမှာ အလှတရား မဟုတ်ပဲ
အိပ်စက်ခြင်းနဲ့ ပြည့်နေခဲ့လို့
Psyche တစ်ယောက် လမ်းမပေါ်
လဲကျသွားခဲ့ပါတယ်။
Cupid ဟာ သူ့ဒဏ်ရာတွေ သက်သာလာလို့
သူ့ချစ်သူနဲ့ အိပ်တဲ့ နေရာကို ပြန်လာခဲ့တယ်။
သူဟာ မှားယွင်းခဲ့ပြီး ရူးသွပ်သူ
ဖြစ်ခဲ့ကြောင်း သူမကို ဝန်ခံပြောတယ်။
ကိုယ်လုံးဝ မသိတဲ့အရာကို
လုံးဝ မကြောက်ရွံခဲ့တဲ့
Psyche ဟာ သူ့ထက် ပိုမိုရဲစွမ်းသတ္တိ
ရှိကြောင်း သက်သေထူခဲ့တယ်။
Cupid ဟာ Psyche ကို နတ်သုဒ္ဓါကျွေးခဲ့ပြီး
ထာဝရ အသက်ရှင်သူ ဖြစ်လာခဲ့တယ်။
မကြာခင်တွင် Psyche က
သူတို့ သမီးလေးကို မွေးပေးခဲ့တယ်။
Pleasure ဆိုတဲ့နာမည်ကို သူတို့ ပေးခဲ့ပါတယ်
အဲ့ဒီ အချိန်ကစပြီး
Cupid, Psyche နဲ့ Pleasure တို့ဟာ
စိတ်ဝိဉာဉ် ဖြစ်လာခဲ့ပြီး လူသားတို့ရဲ့
ချစ်ခြင်းမေတ္တာကို ဖြည့်ဆည်းလာခဲ့ကြပါတယ်။