WEBVTT 00:00:17.289 --> 00:00:19.139 အပိုထည့် သကြားက သေစေနိုင်သလား? 00:00:20.335 --> 00:00:22.319 မဟုတ်သေးပါ့ဘူး၊ နေပါဦး။ 00:00:22.320 --> 00:00:24.764 တစ်ဆင့်ခံ ဆေးလိပ်ရှူမှုကလည်း သေစေနိုင်တယ်။ 00:00:25.855 --> 00:00:28.027 အဲဒါက အဆုတ် ကင်ဆာ ဖြစ်လာနိုင်တယ်။ 00:00:28.028 --> 00:00:33.971 ကျွန်တော် အဲဒါသိလာတာက ၁၉၈၆ ခုနှစ်တုန်းက အမေရိကန် ခွဲစိတ်ရေးဆရာဝန်ချုပ်က 00:00:33.972 --> 00:00:35.624 ဘာတွေ လုပ်ကြမလဲလို့ မေးခဲ့စဉ်ကပါ။ 00:00:35.625 --> 00:00:38.337 ကျွန်တော်တို့ လူတွေအလုံးအရင်းဖြင့် လှုံ့ဆော်စည်းရုံးကြတယ်။ 00:00:38.338 --> 00:00:42.329 စီးကရက်ဘူးတွေပေါ်မှာ "ဒါက သေစေတယ်"လို့ ထည့်ရေးလာကြတယ်။ 00:00:42.330 --> 00:00:47.558 ပြီးတော့ အဲဒီအကြောင်း ကလေးတွေပါ သိလာအောင် လှုံ့ဆော် စည်းရုံးခဲ့ကြတယ်။ 00:00:47.559 --> 00:00:50.900 အဲဒီတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ တစ်နေ့ကျရင် သူတို့က ခင်ဗျားတို့ကို 00:00:50.901 --> 00:00:55.128 "မေမေရာ၊ စီးကရက်သောက် မရပ်ရင် မေမေ သေရတော့မယ်"လို့ လာပြောကြမယ်။ 00:00:55.129 --> 00:00:56.855 အတော့်ကို စိတ်လှုပ်ရှားစရာကြီးပါပဲ။ 00:00:56.856 --> 00:00:59.667 အများပြည်သူ ကျန်းမာရေးနှင့် ဆိုင်တဲ့ အရေးပေါ်ကိစ္စပါ။ 00:00:59.668 --> 00:01:02.294 နောက်ထပ် ကျွန်တော်တို့ ကြုံရမယ့် နေ့တစ်နေ့ရှိပါတယ်။ 00:01:02.295 --> 00:01:07.109 အဲဒါက အပိုထည့် သကြားအကြောင်းပါ၊ အဲဒါ သတ်နေပုံကို ပြောပြပါရစေ။ 00:01:08.979 --> 00:01:11.156 ခင်ဗျားတို့အားလုံး ပင်မ သကြားကို သိကြပါတယ်။ 00:01:11.157 --> 00:01:15.985 ပင်မသကြားဆိုတာက ခင်ဗျားတို့ စားတဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်ထဲမှာ 00:01:15.986 --> 00:01:18.498 ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ နွားနို့ထဲမှာ 00:01:18.499 --> 00:01:20.725 သကြားဓါတ်ပါပါတယ်၊ ခင်ဗျားတို့အတွက် ကောင်းပါတယ်။ 00:01:20.726 --> 00:01:23.738 ခန္ဓာကိုယ်က အဲဒီထဲ ပါတဲ့ အသားဓာတ်၊ အမျှင်တွေ ဗီတာမင်ကို 00:01:23.739 --> 00:01:27.166 ဘယ်လို အစာချေဖျက်ရမယ်ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ 00:01:27.678 --> 00:01:32.434 ကျွန်တော်က အပိုထည့် သကြားဆိုပြီး ခေါ်တာက ဒီအသုံးအနှုးကို အတော့်ကို စဉ်းစားခဲ့ရတာ၊ 00:01:32.435 --> 00:01:37.865 စီမံပြင်ဆင်ထားတဲ့ အစားအစာများထဲ ဝှက်ထားကာ ထည့်ပေးထားတဲ့ သကြားကိုပါ။ 00:01:38.546 --> 00:01:40.553 အဲဒါကမှ ဆိုးတဲ့အရာပါ။ 00:01:40.554 --> 00:01:42.578 ပထမဦးဆုံးအနေနှင့် ဝှက်ထားတာမို့လို့ပါ။ 00:01:42.579 --> 00:01:45.372 အဲဒါကို ခဏလောက် လေ့လာကြည့်ရအောင်။ 00:01:45.373 --> 00:01:48.517 ခင်ဗျားတို့ မျှော်လင့်တဲ့ နေရာမှာ မဟုတ်လို့ ဝှက်ထားတာပါ၊ 00:01:48.518 --> 00:01:50.843 ခင်ဗျားတို့ရဲ့ အဖျော်ယမကာတွေ၊ သကြားလုံးတွေထဲမှာ။ 00:01:50.844 --> 00:01:55.748 ကျွန်တော်တို့ စားတာတွေရဲ့ တစ်ဝက်က အဲဒီလို အနံ့အရသာတွေထည့်ထားတဲ့ အစားအစာတွေဆီကပါ။ 00:01:56.324 --> 00:01:58.239 အနံ့အရသာတွေ ထည့်ထားတဲ့ အစားအစာတွေထဲမှပါ! 00:01:58.240 --> 00:02:00.117 ခင်ဗျားရဲ့ စွပ်ပြုတ်ရည်ထဲမှာ ရှိတယ်။ 00:02:00.118 --> 00:02:02.617 စွပ်ပြုတ်ရည်ထဲမှာ လက်ဖက်ရည်ဇွန်း သုံးဇွန်း ရှိပါတယ်။ 00:02:02.618 --> 00:02:04.224 စားတဲ့ ခရက်ကာထဲမှာ ရှိတယ်။ 00:02:04.225 --> 00:02:05.737 လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းပါ။ 00:02:05.738 --> 00:02:08.231 "ကျွန်တော် စားတာက နည်းနည်းလေးပဲ ပြောနိုင်ကြပါတယ်။ 00:02:08.232 --> 00:02:10.279 တစ်ပွဲမှာ ခရက်ကာ ငါးခု ပါတာ တကယ်ပါ။ 00:02:10.280 --> 00:02:12.407 ခရက်ကာကို ငါးခုတည်း စားတဲ့လူကို သိကြသလား? 00:02:12.408 --> 00:02:13.358 (ရယ်မောသံများ) 00:02:13.359 --> 00:02:14.470 ငါးချပ်တည်း? 00:02:14.471 --> 00:02:15.951 ကျွန်တော်တော့ မသိဘူး။ 00:02:15.952 --> 00:02:18.726 သူတို့ အထုပ်ရှည်ကြီးကို စားကြတာ၊ သကြား အများကြီးပါ။ 00:02:18.727 --> 00:02:20.432 အဲဒါက နေရာတိုင်းမှာ အလားတူပါပဲ။ 00:02:20.897 --> 00:02:22.327 နေရာတိုင်းလို့ ပြောလိုက်တာက 00:02:22.328 --> 00:02:24.880 ပေါင်မုန့်၊ ပီဇား၊ ဘာဂါတွေမှာ ဆိုလိုတာပါ။ 00:02:24.881 --> 00:02:27.197 ဆလတ်ရွက်ကို သုပ်ဖို့ သုံးတဲ့ 00:02:27.198 --> 00:02:29.806 အမေရိကန်တွေ အကြိုက် ဟော့ဆော့စ်ထဲမှာ ပါတယ်။ 00:02:29.807 --> 00:02:32.676 ဒီကိန်းတွေကို မှန်ကန်စွာ ဖတ်နေလိုက်ပါ၊ 00:02:32.677 --> 00:02:37.936 ဒီပုလင်းထဲမှာ သကြား လက်ဖက်ရည်ဇွန်း ၂၄ ဇွန်းပါပါတယ်။ 00:02:37.937 --> 00:02:39.756 ဟုတ်ပါတယ်၊ ပုံမှန်ပုလင်းထဲမှာပါ။ 00:02:39.757 --> 00:02:42.756 အခုလည်း၊ "ခဏလေး၊ ကျွန်တော်စားတာက နည်းနည်းပါ"လို့ ပြောသူရှိပါမယ်။ 00:02:42.757 --> 00:02:44.536 ဟုတ်ပါတယ်၊ အဲဒါက ထပ်ပေါင်းမိမှာပါ။ 00:02:44.537 --> 00:02:46.707 ခုနက ပြောတဲ့ဟာက အဆိုးဆုံး မဟုတ်သေးပါဘူး။ 00:02:47.083 --> 00:02:49.074 ဒီလုပ်ငန်းထဲ အနှစ် ၂၀ ကြာ လုပ်ခဲ့ရာ၊ 00:02:49.354 --> 00:02:53.164 အကောင်းဆုံး နှင့် အဆုံးဆုံးတွေကို မြင်တွေ့ခဲ့ဘူးပါတယ်။ 00:02:53.165 --> 00:02:57.232 မဟုတ်သေးပါဘူး၊ မကြာခင်က ပိုဆိုးတာကို တွေ့ခဲ့တယ်။ 00:02:57.233 --> 00:02:59.487 အဲဒီအကြောင်းကိုမှ ဒီနေ့ ဒီမှာ ပြောပြချင်တာပါ။ 00:02:59.488 --> 00:03:03.725 အခုတော့ ကလေးတွေအတွက် ဖေါ်မြူလာတွေကို စပြီး လေ့လာကြပါမယ်။ 00:03:03.726 --> 00:03:09.429 ကလေးငယ်အတွက် အကောင်းဆုံးက မိခင်က တိုက်တဲ့ နို့ပဲဖြစ်တာ အမှန်ပါ။ 00:03:09.430 --> 00:03:11.192 အဲဒီထဲမှာ သကြားပါပါတယ်။ 00:03:11.193 --> 00:03:12.661 ပင်မ သကြား အဲမှာ ရှိပါတယ်။ 00:03:12.662 --> 00:03:15.637 ခုနစ်ရာခိုင်နှုန်းဟာ သကြားဓာတ်ဆိုတော့ ကောင်းပါတယ်! 00:03:15.638 --> 00:03:17.656 ကလေးအတွက် ဒီထက်ကောင်းတာ မရှိနိုင်ပါ။ 00:03:17.657 --> 00:03:21.402 ဒါပေမဲ့၊ လူ့အဖွဲ့အစည်း အများအပြားထဲမှာ ဝင်ငွေနည်ကြသူတို့ အကြားမှာ၊ 00:03:21.403 --> 00:03:25.489 ဒါကိုသုံးတယ်၊ မိခင် ၅၀% က နို့တိုက်တာ မဟုတ်ဘူးလေ။ 00:03:25.490 --> 00:03:27.770 အဲဒါက ဘာလဲဆိုတာ ရှင်းပြရမလား? 00:03:27.771 --> 00:03:31.160 သကြားဓာတ် နည်းနည်းလေး၊ သကြားက အများကြီးပါ။ 00:03:31.161 --> 00:03:36.441 အများကြီးလို့ ပြောရာမှာ လက်ဖက်ရည်ဇွန်း ၆၁ ဇွန်းအထိကို ဆိုလိုတာပါ။ 00:03:37.417 --> 00:03:40.387 အဲဒါက အံ့အားသင့်စရာ များလှပါတယ်။ 00:03:40.388 --> 00:03:44.173 အဲဒါဟာ ကြာတော့ အကျင့် ဖြစ်လာတတ်ပါတယ်။ 00:03:44.174 --> 00:03:48.385 ဒီခေတ်မှာ သုံးနှစ်အရွယ် ကလေးတစ်ယောက်ဟာ သောက်စရာ အသေးလေးကို ဒါမျိုး ရတတ်ပါတယ်။ 00:03:48.386 --> 00:03:50.281 ဒီပုလင်းရဲ့ အရွယ်အစားကို ပြပေးပါရစေ။ 00:03:50.282 --> 00:03:54.083 ဒီလောက် အသေးလေးထဲမှာ သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်း ပါပါတယ်။ 00:03:54.084 --> 00:03:58.648 ကြော်ငြာကျတော့ မိခင်တွေကို အထင်လွဲအောင် ကြော်ငြာကြပါတယ်၊ 00:03:58.649 --> 00:04:01.065 "ကျွန်မကလေးဟာ အရမ်းကို ကြီးထွားလာမှာ!"လို့ ထင်မှာပါ။ 00:04:01.066 --> 00:04:03.451 မမှန်ပါ၊ သူတို့ဟာ ပုကွလာမှာပါ။ 00:04:03.452 --> 00:04:04.844 (ရယ်မောသံများ) 00:04:06.998 --> 00:04:09.104 ရှေ့ဆက်ပြီး ဘယ်လို ဖြစ်လာသလဲ? 00:04:09.105 --> 00:04:12.576 ကျွန်တော်တို့ လူလတ်ပိုင်းထဲ ဝင်လာကြတော့ ဓာတ်စာတွေရဲ့ လှည့်စားတာခံရတယ်။ 00:04:12.577 --> 00:04:14.362 အဲဒါကို ခဏလေး စဉ်းစားကြည့်ကြစမ်းပါ။ 00:04:14.363 --> 00:04:16.899 ခင်ဗျားတို့က အဆီမဲ့ ဆိုတာကို စဉ်းစားနေလား? 00:04:16.899 --> 00:04:18.435 အဲဒါ အဲဒီလို မဟုတ်ပါ။ 00:04:18.435 --> 00:04:21.716 အဲဒီ စက်မှုလုပ်ငန်း လုပ်ကိုင်ပုံကို သိထားတော့၊ 00:04:21.716 --> 00:04:24.288 စားကုန် တစ်ခုထဲမှ အဆီကို ထုတ်လိုက်ရင် အရသာ မရှိတော့ပါ၊ 00:04:24.289 --> 00:04:25.407 ဒီတော့ ဘာလုပ်ကြမလဲ? 00:04:25.408 --> 00:04:29.378 ခင်ဗျားရဲ့ စိတ်ကြိုက် အသုပ် ပြင်ဆင်ရေး ဆော့စ်ထဲကို သကြားထည့်ပေးရပါတယ်၊ 00:04:29.379 --> 00:04:32.088 အလိုလိုနေရင်း သကြားက ပါပြီးသားထဲ ထပ်ထည့်လိုက်တော့ 00:04:32.089 --> 00:04:34.566 သုံးဆအထိကို အရမ်းကို ချိုလာရပါတော့တယ်။ 00:04:34.567 --> 00:04:36.711 ဂလူတင်းခေါ် အသားဓာတ်တစ်မျိုး မပါဘူးဆိုတာကော။ 00:04:36.712 --> 00:04:38.218 မလုပ်ပါနဲ့။ 00:04:38.219 --> 00:04:41.509 ပေါ်ပင်မျိုးဆိုရင် ပြန်စဉ်းစားပါ။ 00:04:41.510 --> 00:04:47.776 ခုနက ပြောတဲ့ ဂလူတင်းမပါဘူးဆိုရင် ပုံမှန် နဲ့စာရင် သကြား ၃၀ - ၄၀ % ပိုပါပါလိမ့်မယ်။ 00:04:47.777 --> 00:04:50.959 "သဘာဝ အစားအစာဟာ ကောင်းတယ်၊ ကလေးကျန်းမာမယ်!" 00:04:50.960 --> 00:04:52.340 ထင်ရင် မှားပါလိမ့်မည်။ 00:04:52.341 --> 00:04:55.503 သဘာဝ ကလေးဖေါ်မြူလာဆိုတာ အဆိုးဆုံး အန္တရာယ် တစ်ခုပါ။ 00:04:55.504 --> 00:04:58.204 အဲဒီထဲမှာ သကြား လက်ဖက်ရည်ဇွန်း ၆၁ ဇွန်း ပါဝင်ပါတယ်။ 00:04:58.205 --> 00:04:59.899 အဲဒီပမာဏဟာ ပေါင်ဝက်လောက် ရှိပါတယ်။ 00:04:59.900 --> 00:05:01.335 ပြောနေတာက အဲဒါမျိုးကိုပါ။ 00:05:01.336 --> 00:05:04.846 ဒီလောက် ရှိတဲ့အထုပ်လေးထဲမှာ အဲဒီလောက်များတဲ့ သကြားပါပါတယ်။ 00:05:04.847 --> 00:05:07.431 ဒီတော့ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ကြပမလဲ? 00:05:07.432 --> 00:05:09.942 လူတိုင်း သကြားကို လုံးဝမစားဖို့ကိစ္စ ပြောမယ်ဆိုရင်? 00:05:09.943 --> 00:05:11.114 မဟုတ်ပါဘူး။ 00:05:11.115 --> 00:05:14.485 ကလေးတွေကို "သကြားကို အဝေးမှ ရှောင်ကြပါ"လို့ ကျွန်တော် ပြောမှာ မဟုတ်ပါ။ 00:05:14.486 --> 00:05:18.213 ကျွန်တော်ဟာ ပါရီမှ လာခဲ့တာပါ။ သကြားကို ထည့်သွင်းရမယ့် အချိန် ကျွန်တော် သိပါတယ်။ 00:05:18.214 --> 00:05:20.644 အီကလဲမု့န်ကို ဒီမှာ စားတော့မယ်။ 00:05:20.645 --> 00:05:23.338 ချော့ကလက် အီကလဲမုန့်ထဲမှနေပြီး လိုတဲ့ သကြားကို ရယူမှာပါ၊ 00:05:23.339 --> 00:05:25.408 သကြားမပါတဲ့ ကော်ဖီ ကျွန်တော် သောက်လို့ပါ။ 00:05:25.409 --> 00:05:26.988 အဲဒါက ကျွန်တော်ရဲ့ သကြားပါ။ 00:05:26.989 --> 00:05:29.871 ဟောဒီ ညာဖက်မှ ရှိတဲ့ဟာကျတော့ သကြားသိပ်ကို များလှပါတယ်။ 00:05:29.872 --> 00:05:31.227 အပြင်ပမ်းအားဖြင့် အတူတူပါပဲ။ 00:05:31.228 --> 00:05:34.844 ဒီ အရာနှစ်ခုကို ခင်ဗျားတို့ ကြည့်မယ်ဆိုရင် "အို၊ အတူတူလိုပါပဲ"လို့ ဆိုကြမယ်။ 00:05:34.845 --> 00:05:36.945 ဟုတ်ကဲ့၊ ကယ်လိုရီအရလည်း ၂၆၀ စီ တူပါတယ်။ 00:05:36.946 --> 00:05:40.047 ဒါပေမဲ့ ခြားနားချက်က တစ်ခုထဲမှာ သကြား ထည့်ပေးထားတယ်။ 00:05:40.048 --> 00:05:43.536 လက်ဖက်ရည်ဇွန်း ၉ ဇွန်းရှိတဲ့ သကြားဟာ ဆော်ဒါနဲ့ တူပါတယ်။ 00:05:43.537 --> 00:05:46.423 အဲဒါဟာ ခင်ဗျားရဲ့ အသည်းပေါ်မှာ ပုံပေးသလိုပါပဲ။ 00:05:46.424 --> 00:05:49.451 အဲဒီမှာ ဖြစ်ပျက်တာကို ရှင်းပြပေးပါမယ်။ 00:05:49.452 --> 00:05:52.821 ပိုနေတဲ့ သကြားဟာ glycogen အဖြစ်ကို ပုံစံပြောင်းသွားပါမယ်။ 00:05:52.822 --> 00:05:56.179 အဲဒီ glycogen ဆိုတာက အနာဂတ်အတွက် အဆီကို သိုလှောင်မှုပါ။ 00:05:56.180 --> 00:05:58.501 အင်ဆူလင်ဟာ အဲဒါကို ကြွက်သားတွေဆီ ပို့မပေးပါ၊ 00:05:58.502 --> 00:06:00.919 ၎င်းက "နောင်တစ်နေ့တွင် အဲဒါ့အတွက် လာယူမယ်" သဘောပါ။ 00:06:00.920 --> 00:06:03.439 အဲဒါ့အပြင် အဲဒါမျိုး နေ့စဉ် နှစ်ခါသုံးခါ လုပ်ရင်၊ 00:06:03.440 --> 00:06:05.249 ဗိုက်ထဲက အခေါက်ထဲမှာ လာပြီး စုနေမှာပါ။ 00:06:05.250 --> 00:06:07.200 အဲဒါကို ခင်ဗျားဟာ ဖျောက်မရနိုင်တော့ပါ။ 00:06:07.201 --> 00:06:12.854 အခုကြည့်ရတာ ကျွန်တော်တို့က ထပ်ထည့် သကြားတွေကို စားကြတယ် ပမာဏနဲ့ 00:06:12.855 --> 00:06:19.539 နှလုံးရောဂါ၊ ဆီးချို ပုံစံ ၂ နှင့် အဝ လွန်းမှု ဆက်စပ်နေတာတွေ့မြင်လာနေရသလိုပါပဲ။ 00:06:19.540 --> 00:06:23.133 ဒီတော့ ကျွန်တော်တို့ဟာ ဒီစားကျင့်ကို ရပ်စဲပစ်ရန် လိုပါတယ်။ 00:06:23.134 --> 00:06:25.214 ကျွန်တော်ဟာ အကျင့် တစ်ခုအကြောင်းကို ဒီမှာ ပြပါမယ်။ 00:06:25.215 --> 00:06:26.860 ခင်ဗျားတို့ကို ပြပေးပါရစေ။ 00:06:26.861 --> 00:06:29.171 ဒီပုံထဲမှာ မြင်ရတာက ဦးနှောက်ရဲ့ စကင်ပုံပါ၊ 00:06:29.172 --> 00:06:32.601 ပုံမှန် လူတစ်ယောက်ပါ။ 00:06:32.602 --> 00:06:36.397 အနီစက်တွေက dopamine ကို ထောက်ပြနေကြပါတယ်။ 00:06:36.398 --> 00:06:38.186 အဲဒါကမှ ဆုလာဘ်ကြီးပါ။ 00:06:38.187 --> 00:06:42.070 အဲဒါက "အား!"ဆိုပြီး ခုနက အီကလဲ မုန့်ကို ကိုက်စားလိုက်စဉ်ပါ။ 00:06:42.071 --> 00:06:44.922 ကျွန်တော်ဆို အဲဒီအစက်တွေ နှစ်ခု သုံးခုတောင် ရှိမှာ မဟုတ်ဘူး။ 00:06:44.923 --> 00:06:47.986 ဒါပေမဲ့ အကျင့်ပါနေရင် တွေ့ရမှာ ဒီလိုပုံမျိုးပါ။ 00:06:47.987 --> 00:06:51.645 ကိုကင်းကို ရှူနေကျ လူတစ်ယောက်ရဲ့ဦးနှောက် စကင်ကို ကြည့်ရင် ခြားနားချက်က ဘာလဲ? 00:06:51.955 --> 00:06:53.838 အနီစက်တွေ မရှိပါ၊ dopamine မရှိပါ။ 00:06:53.839 --> 00:06:55.765 ဆုလာဘ် စနစ် အလုပ်မလုပ်တော့ပါ။ 00:06:55.766 --> 00:06:58.185 ကျွန်တော်ဟ ဒီထက်ပိုလိုတယ်၊ တိုးတိုး လိုအပ်တယ်။ 00:06:58.186 --> 00:07:01.544 ဒါကျတော့ ဝလွန်းသူ တစ်ဦးရဲ့ ဦးနှောက်ကို စကင် လုပ်ထားပုံပါ။ 00:07:01.545 --> 00:07:03.572 ကျွန်တော်က သကြားစားကျင့်ရှိသူရဲ့ပုံပါ။ 00:07:03.573 --> 00:07:06.577 ခုနက ပြောခဲ့တဲ့ အဖြစ်အတိုင်းပါပဲ။ အာသာမပြေနိုင်မှုပါ။ 00:07:06.578 --> 00:07:09.263 ဆယ်ကျော်သက် တွေဆိုရင် နေ့စဉ် လက်ဖက်ရည်ဇွန်း ၂၂ ဇွန်း၊ 00:07:09.264 --> 00:07:12.096 ၃၀ အထိကို ငမ်းငမ်းတက် စားချင်လိုမှုပါ။ 00:07:12.097 --> 00:07:13.808 ကျွန်တော်တို့ ဒီပြဿနာကို ဘယ်လိုများ ဖြေရှင်းကြမလဲ? 00:07:13.809 --> 00:07:18.539 အသက်ငယ်ငယ်နဲ့ အဝလွန်းမှု ပြဿနာကို ဘယ်လိုများ ဖြေရှင်းကြမလဲ? 00:07:18.540 --> 00:07:20.582 သတိပေးရေး စနစ်တစ်ခုဖြင့်ပါ။ 00:07:20.583 --> 00:07:22.291 အဲဒါက ကျွန်တော်ရဲ့ အကြံပေးချက်ပါ။ 00:07:22.292 --> 00:07:23.920 ဆေးရွက်အတွက် လုပ်နိုင်ခဲ့ကြပါပြီ၊ 00:07:23.921 --> 00:07:26.725 စားစရာတွေအတွက်ကော ဘာဖြစ်လို့ မလုပ်နိုင်ကြရမှာလဲ၊ 00:07:26.726 --> 00:07:29.491 အထုပ်တိုင်းပေါ်မှာ ဘယ်သူမှာ ဖတ်လေ့ မရှိတဲ့ အချက်တွေထဲကို 00:07:29.492 --> 00:07:33.285 သိပ်ကို အရေးကြီးတဲ့ အဲဒီအချက်ကိုပါ ထပ်ထည့် ရေးပေးကြမယ်ဆိုရင်ကော? 00:07:33.286 --> 00:07:36.489 တကယ်ပြောနေတာ။ လက်ဖက်ရည်ဇွန်း ပမာဏကိုပါ။ 00:07:36.490 --> 00:07:41.943 တစ်ပွဲအတွက် မဟုတ်ဘဲ အဲဒီအထုပ် တစ်ထုပ်လုံးထဲမှာ ပါတာကိုပါ။ 00:07:41.944 --> 00:07:45.275 ပြီးတော့ စားကုန် တစ်ခုခုထဲမှာ အပိုထည့် သကြားမပါဘူးဆိုရင်၊ 00:07:45.276 --> 00:07:47.116 သကြားကို လုံးဝ ထည့်သွင်းမထားဘူးဆိုရင်၊ 00:07:47.117 --> 00:07:50.254 အဲဒီအကြောင်း ထုတ်ပြလျက် အစိမ်းရောင် တံဆိပ်ကို ကပ်ပေးသင့်တယ်။ 00:07:50.255 --> 00:07:51.913 ကလေးငယ်တွေဟာ ခြားနားချက်ကို သိရှိလာကြမှာမို့၊ 00:07:51.914 --> 00:07:54.876 ဘာဂါကို အာလူးကျော်ကို ဝယ်ဖို့ အချိန်မျိုး ရောက်လာတဲ့အခါမှာ၊ 00:07:54.877 --> 00:07:57.246 ကလေးတွေကို သူတို့ရဲ့ မိဘတွေကို 00:07:57.247 --> 00:07:59.016 "ဖေဖေ အာလူးကျော်ထဲက သကြား လက်ဖက်ရည်ဇွန်း 00:07:59.017 --> 00:08:03.396 ၅၇-ဇွန်းကို စားချင်တာ သေချာရဲ့လား? 00:08:03.397 --> 00:08:05.786 ကျွန်တော်ကတော့ သုညဟာမျိုးကို လိုချင်တယ်!"လို့ ပြောလာကြမှာပါ။ 00:08:05.787 --> 00:08:11.256 အဲဒီလို လုပ်နိုင်ကြပါတယ်။ လက်တွဲလုပ်ရမှာ။ ကလေးအဝလွန်းမှုကို တိုက်ဖျက်နိုင်ကြမှာပါ။ 00:08:11.257 --> 00:08:14.476 ဒီတော့ ကျွန်တော်တို့ ဝိုင်းပြီး သမ္မတရုံး အရောက် ပို့ကြစို့။ 00:08:14.477 --> 00:08:15.846 ကျေးဇူးတင်ပါတယ်။ 00:08:15.847 --> 00:08:17.327 (လက်ခုပ်တီးသံများ)