အပိုထည့် သကြားက သေစေနိုင်သလား? မဟုတ်သေးပါ့ဘူး၊ နေပါဦး။ တစ်ဆင့်ခံ ဆေးလိပ်ရှူမှုကလည်း သေစေနိုင်တယ်။ အဲဒါက အဆုတ် ကင်ဆာ ဖြစ်လာနိုင်တယ်။ ကျွန်တော် အဲဒါသိလာတာက ၁၉၈၆ ခုနှစ်တုန်းက အမေရိကန် ခွဲစိတ်ရေးဆရာဝန်ချုပ်က ဘာတွေ လုပ်ကြမလဲလို့ မေးခဲ့စဉ်ကပါ။ ကျွန်တော်တို့ လူတွေအလုံးအရင်းဖြင့် လှုံ့ဆော်စည်းရုံးကြတယ်။ စီးကရက်ဘူးတွေပေါ်မှာ "ဒါက သေစေတယ်"လို့ ထည့်ရေးလာကြတယ်။ ပြီးတော့ အဲဒီအကြောင်း ကလေးတွေပါ သိလာအောင် လှုံ့ဆော် စည်းရုံးခဲ့ကြတယ်။ အဲဒီတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ တစ်နေ့ကျရင် သူတို့က ခင်ဗျားတို့ကို "မေမေရာ၊ စီးကရက်သောက် မရပ်ရင် မေမေ သေရတော့မယ်"လို့ လာပြောကြမယ်။ အတော့်ကို စိတ်လှုပ်ရှားစရာကြီးပါပဲ။ အများပြည်သူ ကျန်းမာရေးနှင့် ဆိုင်တဲ့ အရေးပေါ်ကိစ္စပါ။ နောက်ထပ် ကျွန်တော်တို့ ကြုံရမယ့် နေ့တစ်နေ့ရှိပါတယ်။ အဲဒါက အပိုထည့် သကြားအကြောင်းပါ၊ အဲဒါ သတ်နေပုံကို ပြောပြပါရစေ။ ခင်ဗျားတို့အားလုံး ပင်မ သကြားကို သိကြပါတယ်။ ပင်မသကြားဆိုတာက ခင်ဗျားတို့ စားတဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်ထဲမှာ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ နွားနို့ထဲမှာ သကြားဓါတ်ပါပါတယ်၊ ခင်ဗျားတို့အတွက် ကောင်းပါတယ်။ ခန္ဓာကိုယ်က အဲဒီထဲ ပါတဲ့ အသားဓာတ်၊ အမျှင်တွေ ဗီတာမင်ကို ဘယ်လို အစာချေဖျက်ရမယ်ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ ကျွန်တော်က အပိုထည့် သကြားဆိုပြီး ခေါ်တာက ဒီအသုံးအနှုးကို အတော့်ကို စဉ်းစားခဲ့ရတာ၊ စီမံပြင်ဆင်ထားတဲ့ အစားအစာများထဲ ဝှက်ထားကာ ထည့်ပေးထားတဲ့ သကြားကိုပါ။ အဲဒါကမှ ဆိုးတဲ့အရာပါ။ ပထမဦးဆုံးအနေနှင့် ဝှက်ထားတာမို့လို့ပါ။ အဲဒါကို ခဏလောက် လေ့လာကြည့်ရအောင်။ ခင်ဗျားတို့ မျှော်လင့်တဲ့ နေရာမှာ မဟုတ်လို့ ဝှက်ထားတာပါ၊ ခင်ဗျားတို့ရဲ့ အဖျော်ယမကာတွေ၊ သကြားလုံးတွေထဲမှာ။ ကျွန်တော်တို့ စားတာတွေရဲ့ တစ်ဝက်က အဲဒီလို အနံ့အရသာတွေထည့်ထားတဲ့ အစားအစာတွေဆီကပါ။ အနံ့အရသာတွေ ထည့်ထားတဲ့ အစားအစာတွေထဲမှပါ! ခင်ဗျားရဲ့ စွပ်ပြုတ်ရည်ထဲမှာ ရှိတယ်။ စွပ်ပြုတ်ရည်ထဲမှာ လက်ဖက်ရည်ဇွန်း သုံးဇွန်း ရှိပါတယ်။ စားတဲ့ ခရက်ကာထဲမှာ ရှိတယ်။ လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းပါ။ "ကျွန်တော် စားတာက နည်းနည်းလေးပဲ ပြောနိုင်ကြပါတယ်။ တစ်ပွဲမှာ ခရက်ကာ ငါးခု ပါတာ တကယ်ပါ။ ခရက်ကာကို ငါးခုတည်း စားတဲ့လူကို သိကြသလား? (ရယ်မောသံများ) ငါးချပ်တည်း? ကျွန်တော်တော့ မသိဘူး။ သူတို့ အထုပ်ရှည်ကြီးကို စားကြတာ၊ သကြား အများကြီးပါ။ အဲဒါက နေရာတိုင်းမှာ အလားတူပါပဲ။ နေရာတိုင်းလို့ ပြောလိုက်တာက ပေါင်မုန့်၊ ပီဇား၊ ဘာဂါတွေမှာ ဆိုလိုတာပါ။ ဆလတ်ရွက်ကို သုပ်ဖို့ သုံးတဲ့ အမေရိကန်တွေ အကြိုက် ဟော့ဆော့စ်ထဲမှာ ပါတယ်။ ဒီကိန်းတွေကို မှန်ကန်စွာ ဖတ်နေလိုက်ပါ၊ ဒီပုလင်းထဲမှာ သကြား လက်ဖက်ရည်ဇွန်း ၂၄ ဇွန်းပါပါတယ်။ ဟုတ်ပါတယ်၊ ပုံမှန်ပုလင်းထဲမှာပါ။ အခုလည်း၊ "ခဏလေး၊ ကျွန်တော်စားတာက နည်းနည်းပါ"လို့ ပြောသူရှိပါမယ်။ ဟုတ်ပါတယ်၊ အဲဒါက ထပ်ပေါင်းမိမှာပါ။ ခုနက ပြောတဲ့ဟာက အဆိုးဆုံး မဟုတ်သေးပါဘူး။ ဒီလုပ်ငန်းထဲ အနှစ် ၂၀ ကြာ လုပ်ခဲ့ရာ၊ အကောင်းဆုံး နှင့် အဆုံးဆုံးတွေကို မြင်တွေ့ခဲ့ဘူးပါတယ်။ မဟုတ်သေးပါဘူး၊ မကြာခင်က ပိုဆိုးတာကို တွေ့ခဲ့တယ်။ အဲဒီအကြောင်းကိုမှ ဒီနေ့ ဒီမှာ ပြောပြချင်တာပါ။ အခုတော့ ကလေးတွေအတွက် ဖေါ်မြူလာတွေကို စပြီး လေ့လာကြပါမယ်။ ကလေးငယ်အတွက် အကောင်းဆုံးက မိခင်က တိုက်တဲ့ နို့ပဲဖြစ်တာ အမှန်ပါ။ အဲဒီထဲမှာ သကြားပါပါတယ်။ ပင်မ သကြား အဲမှာ ရှိပါတယ်။ ခုနစ်ရာခိုင်နှုန်းဟာ သကြားဓာတ်ဆိုတော့ ကောင်းပါတယ်! ကလေးအတွက် ဒီထက်ကောင်းတာ မရှိနိုင်ပါ။ ဒါပေမဲ့၊ လူ့အဖွဲ့အစည်း အများအပြားထဲမှာ ဝင်ငွေနည်ကြသူတို့ အကြားမှာ၊ ဒါကိုသုံးတယ်၊ မိခင် ၅၀% က နို့တိုက်တာ မဟုတ်ဘူးလေ။ အဲဒါက ဘာလဲဆိုတာ ရှင်းပြရမလား? သကြားဓာတ် နည်းနည်းလေး၊ သကြားက အများကြီးပါ။ အများကြီးလို့ ပြောရာမှာ လက်ဖက်ရည်ဇွန်း ၆၁ ဇွန်းအထိကို ဆိုလိုတာပါ။ အဲဒါက အံ့အားသင့်စရာ များလှပါတယ်။ အဲဒါဟာ ကြာတော့ အကျင့် ဖြစ်လာတတ်ပါတယ်။ ဒီခေတ်မှာ သုံးနှစ်အရွယ် ကလေးတစ်ယောက်ဟာ သောက်စရာ အသေးလေးကို ဒါမျိုး ရတတ်ပါတယ်။ ဒီပုလင်းရဲ့ အရွယ်အစားကို ပြပေးပါရစေ။ ဒီလောက် အသေးလေးထဲမှာ သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်း ပါပါတယ်။ ကြော်ငြာကျတော့ မိခင်တွေကို အထင်လွဲအောင် ကြော်ငြာကြပါတယ်၊ "ကျွန်မကလေးဟာ အရမ်းကို ကြီးထွားလာမှာ!"လို့ ထင်မှာပါ။ မမှန်ပါ၊ သူတို့ဟာ ပုကွလာမှာပါ။ (ရယ်မောသံများ) ရှေ့ဆက်ပြီး ဘယ်လို ဖြစ်လာသလဲ? ကျွန်တော်တို့ လူလတ်ပိုင်းထဲ ဝင်လာကြတော့ ဓာတ်စာတွေရဲ့ လှည့်စားတာခံရတယ်။ အဲဒါကို ခဏလေး စဉ်းစားကြည့်ကြစမ်းပါ။ ခင်ဗျားတို့က အဆီမဲ့ ဆိုတာကို စဉ်းစားနေလား? အဲဒါ အဲဒီလို မဟုတ်ပါ။ အဲဒီ စက်မှုလုပ်ငန်း လုပ်ကိုင်ပုံကို သိထားတော့၊ စားကုန် တစ်ခုထဲမှ အဆီကို ထုတ်လိုက်ရင် အရသာ မရှိတော့ပါ၊ ဒီတော့ ဘာလုပ်ကြမလဲ? ခင်ဗျားရဲ့ စိတ်ကြိုက် အသုပ် ပြင်ဆင်ရေး ဆော့စ်ထဲကို သကြားထည့်ပေးရပါတယ်၊ အလိုလိုနေရင်း သကြားက ပါပြီးသားထဲ ထပ်ထည့်လိုက်တော့ သုံးဆအထိကို အရမ်းကို ချိုလာရပါတော့တယ်။ ဂလူတင်းခေါ် အသားဓာတ်တစ်မျိုး မပါဘူးဆိုတာကော။ မလုပ်ပါနဲ့။ ပေါ်ပင်မျိုးဆိုရင် ပြန်စဉ်းစားပါ။ ခုနက ပြောတဲ့ ဂလူတင်းမပါဘူးဆိုရင် ပုံမှန် နဲ့စာရင် သကြား ၃၀ - ၄၀ % ပိုပါပါလိမ့်မယ်။ "သဘာဝ အစားအစာဟာ ကောင်းတယ်၊ ကလေးကျန်းမာမယ်!" ထင်ရင် မှားပါလိမ့်မည်။ သဘာဝ ကလေးဖေါ်မြူလာဆိုတာ အဆိုးဆုံး အန္တရာယ် တစ်ခုပါ။ အဲဒီထဲမှာ သကြား လက်ဖက်ရည်ဇွန်း ၆၁ ဇွန်း ပါဝင်ပါတယ်။ အဲဒီပမာဏဟာ ပေါင်ဝက်လောက် ရှိပါတယ်။ ပြောနေတာက အဲဒါမျိုးကိုပါ။ ဒီလောက် ရှိတဲ့အထုပ်လေးထဲမှာ အဲဒီလောက်များတဲ့ သကြားပါပါတယ်။ ဒီတော့ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ကြပမလဲ? လူတိုင်း သကြားကို လုံးဝမစားဖို့ကိစ္စ ပြောမယ်ဆိုရင်? မဟုတ်ပါဘူး။ ကလေးတွေကို "သကြားကို အဝေးမှ ရှောင်ကြပါ"လို့ ကျွန်တော် ပြောမှာ မဟုတ်ပါ။ ကျွန်တော်ဟာ ပါရီမှ လာခဲ့တာပါ။ သကြားကို ထည့်သွင်းရမယ့် အချိန် ကျွန်တော် သိပါတယ်။ အီကလဲမု့န်ကို ဒီမှာ စားတော့မယ်။ ချော့ကလက် အီကလဲမုန့်ထဲမှနေပြီး လိုတဲ့ သကြားကို ရယူမှာပါ၊ သကြားမပါတဲ့ ကော်ဖီ ကျွန်တော် သောက်လို့ပါ။ အဲဒါက ကျွန်တော်ရဲ့ သကြားပါ။ ဟောဒီ ညာဖက်မှ ရှိတဲ့ဟာကျတော့ သကြားသိပ်ကို များလှပါတယ်။ အပြင်ပမ်းအားဖြင့် အတူတူပါပဲ။ ဒီ အရာနှစ်ခုကို ခင်ဗျားတို့ ကြည့်မယ်ဆိုရင် "အို၊ အတူတူလိုပါပဲ"လို့ ဆိုကြမယ်။ ဟုတ်ကဲ့၊ ကယ်လိုရီအရလည်း ၂၆၀ စီ တူပါတယ်။ ဒါပေမဲ့ ခြားနားချက်က တစ်ခုထဲမှာ သကြား ထည့်ပေးထားတယ်။ လက်ဖက်ရည်ဇွန်း ၉ ဇွန်းရှိတဲ့ သကြားဟာ ဆော်ဒါနဲ့ တူပါတယ်။ အဲဒါဟာ ခင်ဗျားရဲ့ အသည်းပေါ်မှာ ပုံပေးသလိုပါပဲ။ အဲဒီမှာ ဖြစ်ပျက်တာကို ရှင်းပြပေးပါမယ်။ ပိုနေတဲ့ သကြားဟာ glycogen အဖြစ်ကို ပုံစံပြောင်းသွားပါမယ်။ အဲဒီ glycogen ဆိုတာက အနာဂတ်အတွက် အဆီကို သိုလှောင်မှုပါ။ အင်ဆူလင်ဟာ အဲဒါကို ကြွက်သားတွေဆီ ပို့မပေးပါ၊ ၎င်းက "နောင်တစ်နေ့တွင် အဲဒါ့အတွက် လာယူမယ်" သဘောပါ။ အဲဒါ့အပြင် အဲဒါမျိုး နေ့စဉ် နှစ်ခါသုံးခါ လုပ်ရင်၊ ဗိုက်ထဲက အခေါက်ထဲမှာ လာပြီး စုနေမှာပါ။ အဲဒါကို ခင်ဗျားဟာ ဖျောက်မရနိုင်တော့ပါ။ အခုကြည့်ရတာ ကျွန်တော်တို့က ထပ်ထည့် သကြားတွေကို စားကြတယ် ပမာဏနဲ့ နှလုံးရောဂါ၊ ဆီးချို ပုံစံ ၂ နှင့် အဝ လွန်းမှု ဆက်စပ်နေတာတွေ့မြင်လာနေရသလိုပါပဲ။ ဒီတော့ ကျွန်တော်တို့ဟာ ဒီစားကျင့်ကို ရပ်စဲပစ်ရန် လိုပါတယ်။ ကျွန်တော်ဟာ အကျင့် တစ်ခုအကြောင်းကို ဒီမှာ ပြပါမယ်။ ခင်ဗျားတို့ကို ပြပေးပါရစေ။ ဒီပုံထဲမှာ မြင်ရတာက ဦးနှောက်ရဲ့ စကင်ပုံပါ၊ ပုံမှန် လူတစ်ယောက်ပါ။ အနီစက်တွေက dopamine ကို ထောက်ပြနေကြပါတယ်။ အဲဒါကမှ ဆုလာဘ်ကြီးပါ။ အဲဒါက "အား!"ဆိုပြီး ခုနက အီကလဲ မုန့်ကို ကိုက်စားလိုက်စဉ်ပါ။ ကျွန်တော်ဆို အဲဒီအစက်တွေ နှစ်ခု သုံးခုတောင် ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အကျင့်ပါနေရင် တွေ့ရမှာ ဒီလိုပုံမျိုးပါ။ ကိုကင်းကို ရှူနေကျ လူတစ်ယောက်ရဲ့ဦးနှောက် စကင်ကို ကြည့်ရင် ခြားနားချက်က ဘာလဲ? အနီစက်တွေ မရှိပါ၊ dopamine မရှိပါ။ ဆုလာဘ် စနစ် အလုပ်မလုပ်တော့ပါ။ ကျွန်တော်ဟ ဒီထက်ပိုလိုတယ်၊ တိုးတိုး လိုအပ်တယ်။ ဒါကျတော့ ဝလွန်းသူ တစ်ဦးရဲ့ ဦးနှောက်ကို စကင် လုပ်ထားပုံပါ။ ကျွန်တော်က သကြားစားကျင့်ရှိသူရဲ့ပုံပါ။ ခုနက ပြောခဲ့တဲ့ အဖြစ်အတိုင်းပါပဲ။ အာသာမပြေနိုင်မှုပါ။ ဆယ်ကျော်သက် တွေဆိုရင် နေ့စဉ် လက်ဖက်ရည်ဇွန်း ၂၂ ဇွန်း၊ ၃၀ အထိကို ငမ်းငမ်းတက် စားချင်လိုမှုပါ။ ကျွန်တော်တို့ ဒီပြဿနာကို ဘယ်လိုများ ဖြေရှင်းကြမလဲ? အသက်ငယ်ငယ်နဲ့ အဝလွန်းမှု ပြဿနာကို ဘယ်လိုများ ဖြေရှင်းကြမလဲ? သတိပေးရေး စနစ်တစ်ခုဖြင့်ပါ။ အဲဒါက ကျွန်တော်ရဲ့ အကြံပေးချက်ပါ။ ဆေးရွက်အတွက် လုပ်နိုင်ခဲ့ကြပါပြီ၊ စားစရာတွေအတွက်ကော ဘာဖြစ်လို့ မလုပ်နိုင်ကြရမှာလဲ၊ အထုပ်တိုင်းပေါ်မှာ ဘယ်သူမှာ ဖတ်လေ့ မရှိတဲ့ အချက်တွေထဲကို သိပ်ကို အရေးကြီးတဲ့ အဲဒီအချက်ကိုပါ ထပ်ထည့် ရေးပေးကြမယ်ဆိုရင်ကော? တကယ်ပြောနေတာ။ လက်ဖက်ရည်ဇွန်း ပမာဏကိုပါ။ တစ်ပွဲအတွက် မဟုတ်ဘဲ အဲဒီအထုပ် တစ်ထုပ်လုံးထဲမှာ ပါတာကိုပါ။ ပြီးတော့ စားကုန် တစ်ခုခုထဲမှာ အပိုထည့် သကြားမပါဘူးဆိုရင်၊ သကြားကို လုံးဝ ထည့်သွင်းမထားဘူးဆိုရင်၊ အဲဒီအကြောင်း ထုတ်ပြလျက် အစိမ်းရောင် တံဆိပ်ကို ကပ်ပေးသင့်တယ်။ ကလေးငယ်တွေဟာ ခြားနားချက်ကို သိရှိလာကြမှာမို့၊ ဘာဂါကို အာလူးကျော်ကို ဝယ်ဖို့ အချိန်မျိုး ရောက်လာတဲ့အခါမှာ၊ ကလေးတွေကို သူတို့ရဲ့ မိဘတွေကို "ဖေဖေ အာလူးကျော်ထဲက သကြား လက်ဖက်ရည်ဇွန်း ၅၇-ဇွန်းကို စားချင်တာ သေချာရဲ့လား? ကျွန်တော်ကတော့ သုညဟာမျိုးကို လိုချင်တယ်!"လို့ ပြောလာကြမှာပါ။ အဲဒီလို လုပ်နိုင်ကြပါတယ်။ လက်တွဲလုပ်ရမှာ။ ကလေးအဝလွန်းမှုကို တိုက်ဖျက်နိုင်ကြမှာပါ။ ဒီတော့ ကျွန်တော်တို့ ဝိုင်းပြီး သမ္မတရုံး အရောက် ပို့ကြစို့။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ)