ဘာကြောင့် ၁.၅ ဒီဂရီက ဒီလောက်
အရေးကြီးတဲ့ ကိစ္စဖြစ်ရတာလဲ။
အကြောင်းကတော့ ကမ္ဘာဂြိုဟ်တစ်ခုလုံးကို
၁.၅ ဒီဂရီ ပိုပူနွေးစေဖို့က
အပူအများကြီး လိုအပ်တယ်။
ထပ်ဆောင်းအပူက ပင်လယ်မျက်နှာပြင်တွေကို
မြင့်စေတဲ့ ရေခဲမြစ်တွေကို ပျော်စေတယ်။
Antarctica နဲ့ Greenland ရဲ့
ရေခဲလွှာတွေ လုံးလုံး ပျော်ကျသွားရင်
သန်းချီတဲ့ လူတွေရဲ့ အိမ်တွေဟာ
ရေအောက်ကို ရောက်သွားမယ်။
ဒီထပ်ဆောင်း အပူက မိုးလေဝသကိုပါ
ပိုဆိုးဝါးလာစေတယ်၊
စိုတဲ့နေရာတွေ ပိုစိုစေပြီး
ခြောက်တဲ့ နေရာတွေကို ပိုခြောက်စေကာ
မုန်တိုင်းတွေရဲ့ ကြမ်းကြုတ်မှုကို
ကြီးထွားစေရင်းပါ။
ဒီ ၁.၅ ဒီဂရီ တိုးလာမှုက
အညီအမျှ ပျံ့နှံစေမှာလည်း မဟုတ်ဘူး။
အာတိတ်က အအေးဆုံး ညတွေဟာ
၁၀ ဒီဂရီ ပိုပြီး ပူနွေးနိုင်လောက်တယ်။
မွန်ဘိုင်းက အပူနွေးဆုံး နေ့တွေဟာ
ငါးဒီဂရီ ပိုပူလာနိုင်လောက်တယ်။
လွန်ခဲ့တဲ့ နှစ် ၁၀,၀၀၀ ကျော်မှာ
ကျွန်ုပ်တို့ ကံကောင်းခဲ့တယ်။
ကမ္ဘာမြေရဲ့ ရာသီဥတုက တည်ငြိမ်ပြီး
လူမှု့အဖွဲ့အစည်းတွေဟာ စည်ပင်ခဲ့တယ်။
ဒါပေမဲ့ ရာသီဥတုက ပိုမတည်မငြိမ်ဖြစ်လာတော့
စီးပွားရေးတွေနဲ့ လူ့အဖွဲ့အစည်းတွေရောမှာပါ။
အားလုံး ခံစားရမှာဖြစ်ပြီး
အခု မလုပ်ဆောင်ဘူးဆိုရင် ခံနိုင်ရည်မဲ့သူတွေ
အပြင်းဆုံး ထိခိုက်နစ်နာကြရမှာပါ။
[Countdown
Countdown.ted.com မှာ ရာသီဥတု
ပြောင်းလဲမှုအတွက် လုပ်ဆောင်ပါ]