ကျေးဇူးပါ Pat ။
ကြံ့ကြံ့ခံပြီး မျှော်လင့်ခြင်း
စိတ်ဓာတ်နဲ့ ဒီမှာရှိနေရတာ
မင်္ဂလာတစ်ပါးပါ။
ဘေးမှာရပ်နေသူက အချစ်ဆုံးသူငယ်ချင်း
Robert Maktengae ပါ။
(လက်ခုပ်သံများ)
ကျွန်မကြည့်ခဲ့ဘူးတဲ့
အမျိုးသမီးတွေနဲ့ စစ်ပွဲအကြောင်း
တီဗွီအစီအစဉ်က ဒီသီချင်းကို
စေ့ဆော်မှုပေးခဲ့တာပါ။
တစ်ခါတစ်လေကျတော့ တစ်ခုခုက
ကိုယ့်ကို ပြင်းပြင်းထန်ထန်
ထိခိုက်ချိန်မှာ ဂီတ ဒါမှမဟုတ်
သီချင်းတစ်ပုဒ်ကလွဲပြီး
တခြားထွက်ပြေးစရာ နေရာမရှိတတ်ပါဘူး။
ဒါမှမဟုတ် ကိုယ်ဖန်တီးတာ တစ်ခုခု၊
ဆုတောင်းတစ်ခုပေါ့။
သံပြိုင်အပိုဒ်က အောင်ဆန်းစုကြည်ဆီက
စေ့ဆော်မှုရခဲ့တာပါ။
၂၀၀၃ ခုမှာ၂၄ နာရီ နေအိမ်အကျယ်ချုပ်ကနေ
သူလွတ်လာခဲ့ပါတယ်။
အဲဒီမှာ ရှိတဲ့ စစ်အစိုးရက ထင်ခဲ့တာက
လူရာနဲ့ချီတဲ့ လူလောက်ပဲ
လာပြီး သူမကို နားထောင်ကြမယ်၊
လာတွေ့ကြမယ်ပေါ့။
ဒါပေမဲ့ သူမပြောကြားမှာကို
လာနားထောင်သူ တစ်သန်းကျော်ခဲ့တယ်။
အဲဒီလူအုပ်ကြီးထဲက လူတစ်ယောက်
ရှေ့ထွက်လာပြီး ပြောလိုက်တာက
"ဒီ အာဏာရှင်စနစ်အောက်မှာ
နေနေရတာဟာ
အားကိုးရာမဲ့နေတယ်လို့ ခံစားနေရပါတယ်။
ဘာလုပ်နိုင်မလဲဗျာ၊
ကျုပ်တို့မှာ ဘာမှမရှိတာ။"
ဒီတော့ သူမပြောလိုက်တာက
"အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ"တဲ့
မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ။
(ဂီတသံ)
တီဗွီပေါ်က မြက်ပင်ရှည်တွေထဲက
သစ်ပင်တစ်ပင် အောက်မှာ
သူတို့ အတူရပ်ခဲ့ကြတယ်။
သူတို့ရဲ့ ဇာတ်လမ်းကို
ကမ္ဘာကို ပြောပြရင်းပေါ့။
ကျွန်မတို့တွေဟာ ခြေဦးတည်ရာ
သွားပြီး မှိန်ဝါးသွားဖို့
ချန်ထားခံရမှာပါ။
အရုဏ်တက်မှာ စစ်သားတွေလာပြီး
ကျွန်မတို့ ခင်ပွန်းတွေကို ခေါ်သွားတယ်။
ကျွန်မတို့ ဆက်ရှင်နေပြီး
မှိန်ဝါးသွားမှာပါ။
အရုဏ်တက်မှာ စစ်သားတွေလာပြီး
ကျွန်မတို့ ကလေးတွေကို
သတ်ဖြတ်သွားကြတယ်။
မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ၊
ပြောင်းလဲမှုရဲ့ မိန်းမသားတွေ၊
စစ်နဲ့ နာကျင်မှုရဲ့ မိန်းမသားတွေ
သင်တို့ တစ်ဦးချင်းစီကို တန်ခိုးရှင်က
နာမည်တပ်ပြီးသိတယ်လို့
ကျွန်မ ယုံကြည်တယ်၊
မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ၊
ပြောင်းလဲခြင်းရဲ့ မိန်းမသားတွေ၊
မေတ္တာတရားနဲ့ ပျော်ရွှင်ခြင်းရဲ့
မိန်းမသားတွေ၊ ရှက်စရာမရှိပါ။
သင်တို့မှာ ဘယ်တော့မှ ယူသွားလို့မရနိုင်တဲ့
ဒီဘဝ သေးသေးလေးရှိပါတယ်။
ဘေးနားမှာ ကလေးတစ်ယောက်နဲ့အတူ
ညရဲ့ မှောင်မိုက်မှုကို
ပြေးလွား ဖြတ်သန်းရင်း
အို ဘုရားရှင်၊ သူတို့ကို အလင်းရောင်ရဲ့
တောက်ပတဲ့
ချပ်ဝတ်တန်ဆာကို မပေးတော့ဘူးလား။
အို ဘုရားရှင်၊ သူတို့ကို အလင်းရောင်ရဲ့
တောက်ပတဲ့
ချပ်ဝတ်တန်ဆာကို မပေးတော့ဘူးလား။
မိုးသောက်ခြင်းဟာ ဘဝသစ်ရဲ့
အရိပ်လက္ခဏာကို
ရပ်တည်ဖို့ အစွမ်းနဲ့အတူ
ဆောင်ကြဉ်းပေးတယ်။
နယ်နိမိတ်ကို ကျော်ဖြတ်ရင်း
သူပြောတာက "ဒီမြေမှာ လွပ်လပ်ခြင်း
ကို သင်တို့ စိုက်ပျိုးကြလိမ့်မယ်"
မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ၊
ပြောင်းလဲခြင်းရဲ့ မိန်းမသားတွေ၊၊
စစ်နဲ့ နာကျင်မှုရဲ့ မိန်းမသားတွေ
သင်တို့ရဲ့ စွမ်းအားကို ခံစားလို့ရတယ်။
ဒီစကားလုံးတွေနဲ့ သူမပြောတာက
"သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
"သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
ဆက်ရှင်သန်ဖို့ သူတို့
ဘယ်လောက်ထိ သွားရတယ်ဆိုတာ
ဘယ်သူမှ တကယ် မသိဘူး။
ဆက်ပေးဆပ်ဖို့
ဆက်ခွင့်လွှတ်ဖို့ သူတို့
ဘယ်လောက်ထိ သွားရတယ်ဆိုတာ
ဘယ်သူမှ တကယ် မသိဘူး။
ဒေါါ်အောင်ဆန်းစုကြည်ဟာ
နေအိမ် အကျယ်ချုပ်နဲ့ နေထိုင်နေတယ်။
သူမရဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုအတွက်
နေအိမ် အကျယ်ချုပ်နဲ့
သူမရဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုအတွက်
သူမရဲ့ ပြည်သူတွေက မှာကြားချက်
တောင်းခံတော့
သူမပြောခဲ့တာက
"သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
"သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
"သင်ဟာ အကူအညီမဲ့နေတယ်လို့
ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
"သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
ကဲ ဒီစကားလုံးတွေ သိကြပြီ။
ဆိုကြရအောင်။
"သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
"သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
"သင်ဟာ အကူအညီမဲ့နေတယ်လို့
ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
"သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင်
တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။"
မျှော်လင့်ချက်ရဲ့ ပြည်သူတွေ
ပြောင်းလဲခြင်းရဲ့ ပြည်သူတွေ
မေတ္တာတရားနဲ့ ပျော်ရွှင်မှုရဲ့
ပြည်သူတွေ၊ ရှက်စရာ မရှိပါ။
တစ်ဦးချင်းစီကို
တန်ခိုးရှင်က
နာမည်တပ်ပြီးသိတယ်လို့
ကျွန်မ ယုံကြည်တယ်၊
ကျေးဇူးတင်ပါတယ်။
လက်ခုပ်သံများ။