DAVID HEINEMEIER HANSSON ကြားလား မသိ ? အိုခေ ရပြီ ဝူး Software လိုပဲ Hardware လည်း ခက်တယ်ဟ မနှစ်က ကျွန်တော် Ruby နဲ့ ရေးတာ ဆယ်နှစ်ပြည့်နဲ့ Rails နဲ့ရေးခဲ့တာ ဆယ်နှစ်ပြည့် အထိမ်းအမှတ် ဆင်နွဲခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် ပိုပြီးတော့ စိတ်ဝင်စားစရာ တစ်ခုကတော့ ဆယ်စုနှစ် တိုင်တိုင် အသုံးပြုခဲ့တဲ့ Ruby on Rails ကို မျှဝေခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ် တစ်ခုပါ။ နောက်မှာ ပြထားတဲ့ပုံက လွန်ခဲ့တဲ့ ဆယ်နှစ်တိတိ ကျွန်တော် ပထမဆုံး ဒိန်းမတ် တက္ကသိုလ်မှာ Ruby on Rails ကို မိတ်ဆက်တုံးက ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကနော် လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော် စကားအများကြီးပြောရတယ် ဥပမာ MVC ဆိုတာ ဘာလဲ အခုနှစ်တွေမှာတော့ သိပ်မလိုတော့ဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်က စိတ်ပူနေတဲ့ အရာတွေ၊ သိပ်မပူရတော့ဘူးဗျ အဖွဲ့အစည်းအနေနဲ့ ရော လူတစ်ဦး တစ်ယောက် အနေနဲ့ရော အဲဒီတုံးကလောက် မခက်ခဲတော့ဘူး ကျွန်တော်တို့ဟာ အခြေခံထားတဲ့ဟာတွေ ပေါ်ကနေပဲ လုပ်ကြတာပဲ။ တနည်းအားဖြင့် မိုက်တယ်ပေါ့။ တခြား လုပ်စရာတွေ အများကြီး လုပ်လို့ရတာပေါ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကို ပြန်ကြည့်တော့ လူငယ်ဘဝ တစ်စိတ်တစ်ပိုင်းမှာ ကျွန်တော်ဟာ Ruby on Rails နဲ့ပဲ လုံးပန်းနေတာပဲ။ အဲဒီမတိုင်ခင်ကလည်း ပိုတောင် ပျော်ရသေးတယ် ဒီနေရာမှာ လူတိုင်းလိုလို အထင်မှားတက်ကြတာ တစ်ခုရှိတယ်။ Rails လိုမျိုး Software development နဲ့ Computer Science ပတ်ဝန်းကျင်ထဲက တခြားတခုခုပဲဖြစ်ဖြစ်ပေါ့ အဲဒီလိုမျိုးတွေကို ထွင်တဲ့သူ တွေက ငါးနှစ်သားကတည်းက code ကို စရေးခဲ့တဲ့သူတွေလေ အဲဒီလိုမျိုး ဟက်ကာတွေ ကွန်ပျုတာကို အနှစ် နှစ်ဆယ်လောက် ဆက်တိုက် Programming ကို ဆက်တိုက်ရေးနေတဲ့သူတွေ လေ။ အင်း အဲဒါ ကျွန်တော် မဟုတ်ဘူးဗျ။ ကျွန်တော် ငါးနှစ်သားတုံးက program မရေးတက်သေးဘူး။ အသက်နှစ်ဆယ် နီးလာတဲ့ အထိ ကျွန်တော်ဟာ program မရေးတက်ဘူး။ စိတ်ဝင်စားတာတော့ ငယ်ငယ်လေးကတည်းက ဒါပေမယ့် ၉၀ ပြည့်နှစ်လွန်ပိုင်း ၂၀၀၀ ပြည့်နှစ် အစောပိုင်းလောက် မှ Computer Programming ဆိုတာကြီးကို လေ့လာခဲ့တာ ကျွန်တော်မှာ အသိသူငယ်ချင်းတွေ အများကြီး လုပ်နေပေမယ့် မကြုံကြိုက်ခဲ့ဘူး ပြောရမှာပေါ့။ Software တွေမရေးခင် ၊ software ရေးတဲ့နေရာတွေကို မသိခင်ကတည်းက သတိထားမိခဲ့တာပေါ့ အဲဒါကတော့ စစ်မှန်တဲ့ ဟက်ကာ ဆိုတာ ဘာညာ လေ ဆိုပြီး ရေးတဲ့ ဆောင်းပါးတွေ ထဲမှာ ဖော်ပြထားတာတွေက ။ အင်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဆယ်နှစ်လောက် အတွေ့အကြုံရှိရမယ် ဘာညာပေါ့ဗျာ ဒါမှမဟုတ် ရင် မင်းဟာ ခေတ်နောက်ကျ ကျန်ခဲ့ပြီ အင်း ကျွန်တော် program စရေးတာ သင်ပြီး သုံးနှစ်ကြာတော့ Ruby on Rails ကို စတည်ထောင်ခဲ့တယ် ပြီးတော့ အဆင်ပြေတာပဲလေ။ ကျွန်တော်ဟာ ကွန်ပျုတာ ဆိုတာ ဘာမှန်းမသိတဲ့ လယ်တောထဲမှာ ကြီးပြင်းလာခဲ့တာ အဲဒီ အလယ်က အကျီ အပြာနဲ့ တုတ်ချောင်းကိုင်ထားတဲ့သူက ကျွန်တော် ၊ ကျန်တဲ့ ချာတိတ်တွေက အိမ်နီးနားချင်း ကမြင်းဖော် ကမြင်းဖက်တွေ ၁၉၈၅ မှာ ကျွန်တော်ဟာ ပထမဆုံး ကွန်ပျုတာနဲ့ စထိတွေ့ခဲ့တယ်။ ငါးနှစ်သားလောက်ကပေါ့ ကျွန်တော်က ဂိမ်းဆော့ရင်းနဲ့မှ programming နဲ့နီးစပ်လာတာ ကျွန်တော်တို့ဟာ လမ်းမပေါ်မှာ နင်ဂျာလုပ်တိုင်း ဆော့ကြတယ် ပြီးတော့ အိမ်ထဲမှာ ကွန်ပျုတာနဲ့ နင်ဂျာ ဂိမ်းတွေ ဆော့ကြတယ် အဲဒီကတည်းက သတိထားမိတာ ကွန်ပျုတာဆိုတာ ဂိမ်းဆိုတာ ရေလည် မိုက်တဲ့ အရာကြီး ဆိုပြီး စိတ်ထဲမှာ ငယ်ငယ်တည်းက ထင်ထားခဲ့တယ်။ မှတ်မိသေးတယ်