ဝီလျံ ရှိတ်စပီးယားရဲ့လက်ရာတွေကို ပထမဆုံး ကြုံကြိုက်သူအတွက်အတွက်တော့ ဘာသာစကား စိမ်းနေတယ်လို့ ထင်ရလောက်တယ်။ ဒါပေမဲ့ ဒါကို အရသာခံတတ်ဖို့ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ ပြဇာတ်တွေနဲ့ ကျော်ကြားပေမဲ့ ရှိတ်စပီးယားဟာ ပထမဦးဆုံး အကျော်ဒေးယျကဗျာစာဆိုတစ်ဦးပါ။ ရှီတ်စပီးယားရဲ့ ဘာသာစကားမှာ အရေးအပါဆုံးအရာတွေထဲက တစ်ခုက သူ့ရဲ့ ဖိရွတ်သံ အသုံပြုမှုပါ။ ဒီဖိသံမျိုး မဟုတ်ပါ၊ ဒါပေမဲ့ စကားလုံးတွေထဲက တစ်ချို့အသံတွေကို အခြားဟာတွေထက် ဖိရွတ်ပုံပါ။ ဒီလိုလုပ်တာ အကျင့်ပါလွန်းတော့ ပထမတော့ သတိမထားမိလောက်ကြဘူး။ ဒါပေမဲ့ စကားလုံးကို နှေးနှေးဆိုလိုက်ရင် ဒါတွေကို အလွယ်တကူ သတိထားမိလောက်ပါတယ်။ ပြဇာတ်ရေးဆရာ၊ ကွန်ပြူတာ၊ တယ်လီဖုန်း။ ကဗျာစာဆိုတွေဟာ ဒီဖိသံတွေကို အင်မတန် သတိထားမိတယ်၊ နံပါတ်နဲ ဖိသံနဲ့ ဖော့သံ နံပါတ်နဲ့ အစဉ်ကို ရှည်ကြာစွာ စမ်းသပ်ပြီး ကဗျာတွေထဲက စည်းချက်ကိုဖန်တီးဖို့ ၎င်းတို့ကို နည်းအမျိုးမျိုးနဲ့ ပေါင်းစပ်ခဲ့ကြတယ်။ သီချရေးဆရာတွေလိုပဲ ကဗျာစာဆိုတွေဟာ ဒီစည်းချက်တွေ (သို့) ကဗျာမတြာရဲ့ မှတ်မိလွယ်တဲ့ အကျော့တစ်ခုကနေ သူတို့ရဲ့စိတ်ကူးတွေကို ဖော်ပြလေ့ရှိတယ် ပြီးတော့ ဂီတလိုပဲ ကဗျာစာပေမှာ ဒါကို သရုပ်ဖော်ဖို့ ၎င်းကိုယ်ပိုင် စကားစုရှိတယ်။ လင်္ကာတစ်ကြောင်းထဲမှာ ထူးခြားတဲ့ ယူနစ်တစ်ခုဖွဲ့ထားတဲ့ အဖိ၊အဖော့ အသံတွေရဲ့ နံပါတ်တစ်ခုဟာ အသံစုတစ်စုပါ၊ ရိုက်ချက်တစ်ချို့ပါဝင်တဲ့ ဂီတဆိုင်ရာ တစ်ခုလိုပါပဲ။ လင်္ကာတစ်ကြောင်းဟာ အသံစုများစွာနဲ့ အမြဲလို ဖွဲ့စည်းထားပါတယ်။ ဥပမာ သုံးသံစု ဟာ အသံ သုံးသံပါတဲ့ အသံစုတစ်စုပါ။ ပထမသံကို ဖိပြီး၊ ဒုတိယနဲ့ တတိယသံကို ဖော့ပါတယ်။ သုံးသံစုတွေဟာ အမြန်ရွေ့ပြီး အင်အား စုတဲ့ စာကြောင်းတွေကို ဖန်တီးတယ်။ Robert Browning ရဲ့ကဗျာ "The Lost Leader" ထဲမှာ "တို့အတွက်ထားခဲ့တဲ့ ငွေတစ်ဆုပ်စာအတွက်ပဲ၊ နံရိုးနဲ့ သူ့အင်္ကျီမှာ စိုက်ဖို့အတွက်ပဲ" နောက်တစ်မျိုးကတော့ သံရှည်၊ သံတိုပါတဲ့ နှစ်သံစုပါ၊ ဖိသံနောက်ကနေ ဖော့သံကပ်လိုက်ပါတယ်။ ရှိတ်စပီးယားရဲ့ "Macbeth"က ဒီစာကြောင်းတွေထဲက နှစ်သံစုဟာ ကဝေမတွေရဲ့ သံပြိုင်ဟစ်သံကို နိမိတ်ဆိုးနဲ့ ကျောချမ်းစရာ အသံ ဖြည့်ပေးပါတယ်။ "နှစ်ပြန်၊နှစ်ပြန် ကရိကထနဲ့ ဒုက္ခ၊ မီးကလောင်၊ ငရဲအိုး ဗလုံထ" ဒါပေမဲ့ ရှိတ်စပီးယားနဲ့ပတ်သက်တဲ့ သံလျော့၊ သံတင်းက ဒီလောက်ပါပဲ။ ဒီနှစ်သံစုဟာ ဖိသံ၊ဖော့သံ အသံစုရဲ့ ပြောင်းပြန် အသံစုလိုပါ၊ ဒီတော့ ပထမ အသံကို ဖော့ပြီး ဒုတိယ အသံကို ဖိတာပါ၊ ဥပမာ "ဖြစ်ဖို့ (သို့) မဖြစ်ဖို့" ပါ။ ရှိတ်စပီးယားရဲ့ အကြိုက်ဆုံး မတြာက အထူးသဖြင့် ငါးလုံးဖွဲ့ လင်္ကာပါ၊ အဲဒီမှာ တစ်ကြောင်းစီဟာ သံတို၊သံရှည် နှစ်သံပါတဲ့ ငါးလုံးဆိုတော့ စုစုပေါင်း ဆယ်သံပါ။ ဒါကို ရှိတ်စပီးယားရဲ့ အကျော်ကြားဆုံး စာကြောင်းအများအပြားမှာ အသုံးပြုတယ်။ " ကိုယ် မင်းကို နွေတစ်နေ့နဲ့ ခိုင်းနှိုင်းလိုက်မလား၊ "နေမင်းရေ ထလော့ မနာလိုတဲ့ လကို သတ်တော့" သံတို၊သံရှည်ဟာ ပုဒ်ဖြတ်နဲ့ စာလုံးခွဲမှု နှစ်ခုစလုံးနှင် အံမဝင်ပုံကိုသတိပြုပါ။ မတြာသည် အသံသာဖြစ်ပြီး စာလုံးပေါင်းမဟုတ်ပါ သံတို၊သံရှည် ငါးလုံးဖွဲ့လင်္ကာဟာ ပညာရပ်ဆန်ပုံပေါက်နိုင်ပေမဲ့ ဆိုလိုချက်ကို မှတ်မိဖို့ မလွယ်တဲ့နည်းတစ်ခုပါ။ iamb စကားလုံးဟာ "I am." စကားစုလို အသံထွက်ပါတယ်။ ကဲ၊ ဒါကို သံတိုသံရှည် ငါးလုံးဖွဲ့လင်္ကာ ဖြစ်ပေါ်တဲ့ ဝါကျတစ်ကြောင်းအဖြစ် ချဲ့ကြည့်ရအောင်။ "ငါဟာ သစ်သားခြေထောက်နဲ့ ပယ်လယ်ဓားပြ" ပင်ယ်ဓားပြဟာ သံတိုသံရှည်ထဲမှာသာ လျှောက်နိုင်တယ်၊ ရှိတိစပီးယား အကြိုက်ဆုံး မတြာရဲ့ ရှင်သန်နေတဲ့ သတိပေးချက်တစ်ခုပါ။ သံတိုသံရှည် ငါးလုံးဖွဲ့ လင်္ကာက သူ ခြေလှမ်းဆယ်လှမ်း လှမ်းချိန်ပါ။ မိတ်ဆွေပင်လယ်ဓားပြဟာ ဒါကို ကျကျနန မှတ်ပုံကို အမှတ်ရဖို့တောင်ကူညီတယ်။ လူသူကင်းမဲ့တဲ့ ကမ်းစပ်တစ်လျှောက်လျှောက်ကာ သူ့ချန်ရစ်တဲ့ ခြေရာတွေကိုစိတ်ကူးကြည့်ရင်ပါ ဖော့သံတွေအတွက် အဝိုက်တစ်ခုနဲ့ ဖိသံတွေရဲ့ ဖိနပ်ကောက်ကြောင်းတစ်ခုပါ။ "ဂီတာဟာ အချစ်ရဲ့အစာသာဆိုရင် ဆက်တီးမှုတ်ပေတော့" တကယ်က ရှိတ်စပီးယား ပြဇာတ်တွေရဲ့ စာကြောင်း အများစုကို ပုံမှန် စကားပြေနဲ့ ရေးသားတာပါ။ ဒါပေမဲ့ အသေအချာ ဖတ်ရင် ရှိတ်စပီးယားရဲ့ ဇာတ်ကောင်တွေဟာ ကဗျာ အထူးသဖြင့် ငါးလုံးဖွဲ့ လင်္ကာအဖြစ်ပြောင်းသွားတာ သတိပြုမိလိမ့်မယ်၊ အကြောင်းက ကိုယ်ပိုင်ဘဝတွေမှာ ကဗျာစာပေနဲ့ တူတဲ့ တူညီတဲ့အကြောင်းများစွာ ရှိလို့ပါ။ ချစ်ရမ္မက်၊ အတွေးနယ်ချဲ့မှုနဲ့ လေးနက်မှုခံးစားချက်ပေါ့။ Hamlet က သူ့ဖြစ်တည်မှုကို တွေးနေတာဖြစ်စေ၊ Romeo က သူ့အချစ်ကို ဖွင့်ဟနေတာဖြစ်စေ ဇာတ်ကောင်တွေဟာ သူတို့ရဲ့ စိတ်ခံစားတွေနဲ့ လောကထဲက သူတို့နေရာ အကြောင်းပြောတဲ့အခါ ငါးလုံးဖွဲ့ လင်္ကာကို ပြောင်းတယ်။ ဒါက နောက်ဆုံးမေးခွန်း ကျန်နေတယ်။ ဘာကြောင့် ဒီအခြေအနေတွေအတွက် ငါးလုံးဖွဲ့ လင်္ကာကိုရှိတ်စပီးယား ရွေးချယ်ခဲ့သလဲ။ ဆိုပါစို့ သုံးသံစု ၆ ကြောင်း (သို့) နှစ်သံစု ၅ ကြောင်းလင်္ကာအစားပေါ့။ ငါးလုံးဖွဲ့ သံလျော့၊ သံတင်းလင်္ကာဟာ သရုပ်ဆောင်တွေအတွက် မှတ်မိဖို့နဲ့ ပရိတ်သတ် နားလည်ဖို့ လွယ်တယ်ဆိုကြတယ် အကြောင်းက ၎င်းဟာ အင်္ဂလိပ်ဘာသာစကားနဲ့ သဘာဝကျကျ လိုက်ဖက်လို့ပါ။ ဒါပေမဲ့ နောက်အကြောင်းပြချက် ရှိလောက်ပါတယ်။ နောက်တစ်ခါ ခံစားမှု အရှိန်မြင့်တဲ အခြေအနေတစ်ခုမှာ ရှိရင် ရှိတ်စပီးယားဇာတ်ကောင်းတွေ လင်္ကာ ဖွဲ့ဖြစ်သွားစေတာမျိုးတွေပေါ့၊ သင့်ရင်ဘတ် ဘယ်ဘက်အပေါ် လက်တင်ထားလိုက်ပါ။ ဘာ ခံစားရလဲ။ ဒါ သံလျော့၊သံတင်းတွေထဲမှာ သင့်နှလုံးခုန်နေတာပါ။ ဒါ ဒွန်း ဒါ ဒွန်း ဒါ ဒွန်း ဒါ ဒွန်း ဒါ ဒွန်း ရှိတ်စပီးယားရဲ့ ကဗျာအဆန်ဆုံး စာကြောင်းတွေက နှလုံးသားရဲ့ အကြောင်းတွေသာ မဟုတ်ဘူး။ စည်းချက်အတိုင်း လိုက်ပါတယ်။