၁၈၆၃ ခုနှစ်အစပိုင်းမှာပေါ့
လန်ဒန်မှာ မြေအောက်ရထားစနစ်ကို
မဖွင့်ရသေးဘူး
ကမ္ဘာမှာ ပထမဆုံး ဖြစ်ပြီး၊ မြို့ထဲမှာ
တော်တော် အုတ်အုတ်ကျက်ကျက်ဖြစ်သွားတယ်
မြို့အောက်ကနေ အပေါက်ကြီး တူးပြီး
ရထားလမ်းကို ထည့်မယ်ဆိုတာ
တော်တော်အိမ်မက်ဆန်တယ်
အရက်ဆိုင်တွေမှာ ဒီစိတ်ကူးကို သရော်ကြတယ်
ဝန်ကြီးကလည်း ငရဲပြည်ကို ဖောက်ဝင်တယ်ဆိုပြီး
မီးရထားကုမ္ပဏီကို စွပ်စွဲတယ်
လူအများစုကတော့
ယနေ့ငွေနဲ့ဆိုရင် ဒေါ်လာသန်း၁၀၀ ကျော်
ကုန်တဲ့ဒီစီမံကိန်းက
လုံးဝဖြစ်မှာမဟုတ်လို့ထင်ကြတယ်
ဒါပေမယ့် ဖြစ်ခဲ့ပါတယ်
၁၈၆၃ ခုနှစ် ဇန်နဝါရီ ၁၀ရက်နေ့မှာ
လူပေါင်း၃၀၀၀၀ဟာ လန်ဒန်မှာရှိတဲ့
၄မိုင်ရှည်တဲ့ လမ်းပေါ်မှာတည်ထားတဲ့
ကမ္ဘာ့ပထမဆုံး မြေအောက်ရထားနဲ့
ခရီးသွားဖို့အတွက်မြေအောက်ကို သွားခဲ့ကြတယ်
သုံးနှစ်လောက်တည်ဆောက်မှုတွေနဲ့
အခက်အခဲတချို့ကြံုပြီးနောက်
မြို့တော်မီးရထားက အလုပ်စတင်ဖို့
အဆင်သင့်ဖြစ်နေပြီ
မြို့ကအရာရှိတွေဟာ တော်တော်
စိတ်သက်သာသွားကြတယ်
သူတို့က လမ်းတွေပေါ်မှာ ဆိုးဝါးလွန်းတဲ့
လမ်းပိတ်တာကို လျော့ချဖို့ နည်းကို
အသည်းအသန်ရှာနေကြတာလေ
အဲဒီအချိန်က အစည်ကားဆုံးနဲ့
အကြီးဆုံးမြို့ဖြစ်တဲ့ လန်ဒန်ဟာ
ရွေ့မရအောင် ပိတ်နေတဲ့ အခြေအနေဖြစ်ခဲ့တယ်
လှည်းတွေ
လမ်းဘေးဈေးသည်တွေ
နွားတွေ
ခရီးသွားလာသူတွေနဲ့ လမ်းတွေကျပ်နေခဲ့တယ်
အမြော်အမြင်ရှိတဲ့ ချားလ်စပီယာဆန်
မြေကြီးထဲကို မီးရထားလမ်းတွေထည့်ဖို့
ပထမဆုံးစတွေးခဲ့တဲ့သူ
၁၈၄၀ တလျှောက်လုံးသူ မြေအောက်ရထားတွေအတွက်
မဲဆွယ်နေခဲ့တယ်
ဒါပေမယ့် ပြိုင်ဘက်တွေကတော့
ဒါဟာ လက်တွေ့မကျဖူးလို့ထင်ခဲ့တယ်
အဲဒီအချိန်က ရထားလမ်းတွေမှာ
တောင်ကုန်းအောက် ဥမင်တိုတွေပဲရှိခဲ့တာကိုး။
မြို့လယ်ကို ဖြတ်ပြီးဘယ်လို ရထားလမ်းလုပ်မလဲ
အဖြေကတော့ ရှင်းပါတယ်,
"ဖောက်မယ် ဖုံးမယ်" ဆိုတဲ့စနစ်ပါ
အလုပ်သမားတွေက ကြီးမားတဲ့
မြောင်းကြီးတစ်ခုကို အုတ်တွေနဲ့
ပေါင်းကူးထားတဲ့
လှိုဏ်ခေါင်းကြီးတည်ဆောက်ဖို့တူးရတယ်
ပြီးတော့ အသစ်ဆောက်ထားတဲ့
လှိုဏ်ခေါင်းပေါ်မှာအပေါက်ကို ပြန်ဖြည့်ရတယ်
ဒါက ဖျက်ဆီးပြီး
လှိုဏ်ခေါင်းပေါ်က အဆောက်အဦးတွေကို
ဖြိုရတာကြောင့်
လမ်းကြောင်းအများစုက ရှိပြီးသား
လမ်းပေါ်မှာပဲ လုပ်ကြတယ်
မတော်တဆမှုတွေလည်း ရှိခဲ့ပါတယ်
တစ်ခါကဆိုရင် မိုးသည်းထန်စွာရွာတာကနေ
အနီးအနားကရေဆိုးပိုက်ကို ရေမြုပ်သွားပြီး
တူးဖော်ရေးလုပ်နေတဲ့နေရာကို ပေါက်ကျတော့တယ်
ဒါကြောင့် လတော်တော်ကြာ
လုပ်ငန်းဆိုင်းငံ့သွားတယ်
ဒါပေမယ့် မြို့တော်ရထားလမ်းလည်း ဖွင့်ရော
လန်ဒန်မြို့သူမြို့သားတွေဟာရထားအသစ်စီးရဖို့
အပြေးအလွှားသွားကြတော့တယ်
မြို့တော်ရထားလမ်းက မြန်မြန်ဆန်ဆန်ပဲ
လန်ဒန်သယ်ယူပို့ဆောင်ရေးမှာ အရေးပါလာခဲ့တယ်
နောက်ထပ်လိုင်းတွေကိုလည်း ဆက်တည်ဆောက်ခဲ့တယ်
ဘူတာရုံတွေနားမှာ ဆင်ခြေဖုံးသစ်တွေပေါ်လာတယ်
သံလမ်းတွေဘေးမှာ အစုံရတဲ့ဆိုင်ကြီးတွေ
ဖွင့်လာကြတယ်
ရထားကုမ္ပဏီတွေက စွဲဆောင်စရာတွေကိုတောင်
ဖန်တီးခဲ့ကြတယ်
ရထားနဲ့ တိုးရစ်တွေကို ခေါ်ဆောင်ဖို့Earls
Court ကအဆင့်၃၀ပါချားရဟတ်ကြီးလိုမျိုးပေါ့်
အနှစ် ၃၀ အတွင်းမှာ
မြို့လယ်လှိုဏ်ခေါင်းတွေထဲမှာ
ပြေးနေတဲ့လမ်းကြောင်းတွေနဲ့
လန်ဒန်ရဲ့ မြေအောက်လမ်းက
ကီလို ၃၀ လောက်ကို လွှမ်းခြုံထားပြီး
ဆင်ခြေဖုန်း က ရထားတွေကတော့ မြေပေါ်၊
မကြာခဏ တမံတွေပေါ်ကသွားကြတယ်
ဒါပေမယ့် လန်ဒန်က ဆက်လက်ကြီးထွားဆဲပါ
အားလုံးက ဒီစနစ်ကို လာရောက်
ချိတ်ဆက်ချင်ကြတယ်
၁၈၈၀ နောက်ပိုင်းမှာ
မြို့တော်က အဆောက်အဦတွေ၊ ရေဆိုးပိုက်၊
မီးကြိုးတွေနဲ့ "ဖောက်ပြီး ဖုံးတာလုပ်ဖို့"
အရမ်းကျပ်ညှပ်လာတယ်
ဒါကြောင့် စနစ်သစ်ကို ဖန်တီးဖို့လိုလာတယ်
Greathead shield လို့ခေါ်တဲ့ စက်ကြီးတွေနဲ့
၁၂ယောက်ပဲရှိတဲ့ အဖွဲ့နဲ့တောင်
မြေကြီးကိုထိုးဖောက်ပြီး
လန်ဒန်မြေစေးတွေကို ဖြတ် မြေအောက်
လှိုဏ်ခေါင်းထွင်းနိုင်တယ်
ဒီလို ပြွန်လို့ခေါ်တဲ့ လမ်းကြောင်းသစ်
တွေဟာမြေ အနက်မျိုးစုံမှာရှိတယ်
အများအားဖြင့်တော့ "ဖောကပြီးဖုံး"တဲ့
လမ်းကြောင်းတွေထက်၂၅မီတာလောက်ပိုနက်တယ်
ဒါကြောင့် သူတို့ဆောက်လုပ်ရေးက
မြေမျက်နှာပြင်ကို မထိခိုက်ဖူးပေါ့
အဆောက်အဦတွေအောက်လည်း တူးလို့ဖြစ်နိုင်တယ်
ပထမဆုံး ပြွန်လမ်းကြောင်း၊
မြို့နှင့်တောင်ပိုင်းလန်ဒန် ကို
၁၈၉၀မှာ ဖွင့်ပြီး အနှစ်၂၀အတွင်း
နောက်ထပ် ဒါဇင်ဝင်လောက်ဆောက်လုပ်ခဲ့တာက
အရမ်း အောင်မြင်ကြောင်း
သက်သေထူခဲ့တယ်
ဒီ နည်းပညာအသစ်ကို လန်ဒန် သိမ်း
မြစ်အောက်ကနေတောင်
လှိုဏ်ခေါင်းတူးဖို့ အသုံးပြုခဲ့တယ်
၂၀ရာစု အစောပိုင်းမှာ
ဘူဒါပက်စ်
ဘာလင်
ပဲရစ် နဲ့
နယူးယောက် တို့က
သူတို့ဘာသာ မြေအောက်လမ်းတွေဖောက်ခဲ့ကြတယ်
ယနေ့တော့ နိုင်ငံပေါင်း ၅၅ခုက
မြို့ကြီးပေါင်း ၁၆၀ ဟာ
လမ်းပိတ်မှုကို ဖြေရှင်းဖို့
မြေအောက်လမ်းတွေ သုံးနေကြပါပြီ
ကျနော်တို့က Charles Pearson နဲ့
မြို့တော် ရထားလိုင်းကို ကျနော်တို့ကို
လမ်းမှန်ပေါ်တင်ပေးခဲ့လို့
ကျေးဇူးတင်နိုင်ပါတယ်