WEBVTT 00:00:06.539 --> 00:00:09.450 အဖွားရဲ့ငယ်စဉ်က အကြောင်းတွေ စားမြုံပြန်ရင်း 00:00:09.450 --> 00:00:13.364 သင့်အဖွားဟာ ကျွမ်းဘားမယ်ဆိုရင် သင်ယုံဖို့ခက်နေပါလိမ့်မယ်။ 00:00:13.364 --> 00:00:18.344 တကယ်တော့ ခါးနာ၊ တံတောင်နာ၊ ဒူးကိုက်တာတွေ အသက်အရွယ်ကြီးရင့်လာတဲ့ 00:00:18.344 --> 00:00:20.497 လူကြီးသူမတွေမှာ အိုနာ အနေနဲ့ ဖြစ်လာသလို 00:00:20.497 --> 00:00:25.157 လူငယ်တွေမှာလည်း ဖြစ်နေတဲ့ ပြဿနာပါ။ 00:00:25.157 --> 00:00:26.838 တရားခံကတော့ အဆစ်ရောင်ရောဂါပါ။ 00:00:26.838 --> 00:00:29.974 အဆစ်တွေရောင်ပြီး နာတဲ့ရောဂါပေါ့။ 00:00:29.974 --> 00:00:33.694 အမေရိကမှာဆို လူသန်း ၉၀ ကျော် ခံစားနေရတဲ့ရောဂါပါ။ 00:00:33.694 --> 00:00:36.567 ဒီလိုအဆစ်ရောင်တာဟာ ရှောင်လွှဲမရဘူးလား? 00:00:36.567 --> 00:00:38.781 နေရာအနှံ့မှာ ဘာကြောင့်ဖြစ်နေရသလဲ? 00:00:38.781 --> 00:00:42.619 ဒါကို အရှင်းပျောက်ဖို့ ကုထုံး ဘာလို့ ရှာမရသေးတာလဲ? NOTE Paragraph 00:00:42.619 --> 00:00:45.538 ပထမဆုံးအနေနဲ့ ပြောရရင် အဆစ်ရောင်တယ်ဆိုတာ 00:00:45.538 --> 00:00:48.949 ရောဂါပေါင်း ၁၀၀ ကျော်ကို စုစည်းခေါ်၀ေါ်လိုက်တာပါ။ 00:00:48.949 --> 00:00:53.103 ဒီရောဂါတိုင်းဟာ အဆစ်ရောင်ပြီး နာတဲ့ လက္ခဏာတွေ တူညီကြတယ် ဆိုပေမဲ့ 00:00:53.103 --> 00:00:57.120 ဇစ်မြစ်နဲ့ ရောဂါအတိမ်အနက် ကွဲပြားခြားနားပါတယ်။ NOTE Paragraph 00:00:57.120 --> 00:00:59.812 အများဆုံးဖြစ်တဲ့ရောဂါကတော့ ထင်တာထက် ပိုပြီးကာကွယ်ရခက်တဲ့ 00:00:59.812 --> 00:01:02.217 osteoarthritis ပါ။ 00:01:02.217 --> 00:01:06.242 ယေဘုယျအားဖြင့် အသက်ကြီးလို့ဖြစ်တာ ဆိုပေမဲ့ 00:01:06.242 --> 00:01:10.640 နောက်ကြောင်းပြန်စစ်လိုက်ရင် ငယ်စဉ်အခါက 00:01:10.640 --> 00:01:13.681 အဆစ်ထိခိုက်ဒဏ်ရာရခဲ့တာတွေကနေ အခြေတည်လာခဲ့တာ ဖြစ်ပါတယ်။ 00:01:13.681 --> 00:01:18.211 ထိခိုက်မှုဖြစ်တဲ့အခါ ကိုယ်ခံအားဆဲလ်တွေက ထိခိုက်မိတဲ့နေရာကို ပြင်ဆင်ရှင်းလင်းဖို့ 00:01:18.211 --> 00:01:20.001 metalloproteinases နဲ့ 00:01:20.001 --> 00:01:24.065 aggrecanases တွေပါတဲ့ အင်ဇိုင်းတွေကို ထုတ်ပါတယ်။ 00:01:24.065 --> 00:01:28.221 ဒီအင်ဇိုင်းတွေက ပျက်နေတဲ့ဆဲလ်တွေရှင်းရင်း ရောင်ရမ်းတာကို ဖြစ်စေပါတယ်။ 00:01:28.221 --> 00:01:31.545 ရောင်ရမ်းတာဟာ ပြင်ဆင်နေချိန်မှာ အဆစ်ကို ကာကွယ်ထားတာဖြစ်ပေမဲ့ 00:01:31.545 --> 00:01:36.215 ချက်ခြင်းအနာမကျက်နိုင်သေးတဲ့ ဆဲလ်တွေဟာ ကိုယ်ခံအားဆဲလ်တွေကို ဆက်လက်လက်ခံထားရာက 00:01:36.215 --> 00:01:39.741 အင်ဇိုင်းတွေ ဆက်တိုက်ထွက်နေပြီး အရွတ်တွေ စတင်ထိခိုက်ရာမှ 00:01:39.741 --> 00:01:43.133 အဆစ်တွေအားနည်းလာကာ နောက်ပိုင်း အဆစ်ရောင်ရောဂါ ဖြစ်လာတာပါ။ NOTE Paragraph 00:01:43.133 --> 00:01:47.813 အားလုံးကတော့ ငယ်စဉ်က ဒဏ်ကြောင့် မဟုတ်ပါဘူး။ 00:01:47.813 --> 00:01:52.583 အမေရိကန်လူလတ် ၁.၃သန်းမှာ လေးဘက်နာအဆစ်ရောင် rheumatoid arthritis ဖြစ်နေတာပါ။ 00:01:52.583 --> 00:01:55.247 သူကတော့ မိမိကိုယ်ခံစွမ်းအားကြောင့် ဖြစ်ပွားလာတဲ့ ရောဂါပါ။ 00:01:55.247 --> 00:01:58.855 အရွတ်ဆဲလ်တွေက ထုတ်တဲ့ သာမန်ပရိုတိန်းတွေကို 00:01:58.855 --> 00:02:01.874 ကိုယ်ခံအားဆဲလ်တွေက လိုက်တိုက်ရာက ဖြစ်တာပါ။ 00:02:01.874 --> 00:02:04.114 ဘာလို့ ဒီလိုဖြစ်လဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး၊ 00:02:04.114 --> 00:02:08.195 သာမန်တစ်ရှူးတွေကို ပြင်ပက ဝင်ရောက်လာသလို သဘောထားတိုက်ခိုက်နေတာနဲ့တူပါတယ်။ 00:02:08.195 --> 00:02:13.245 ဘာပြင်ဆင်စရာ ဘာဒဏ်ရာမှ မရှိပဲ ကိုယ်ခံအားဆဲလ်တွေ အဆစ်ထဲ စိမ့်ဝင်ရာက 00:02:13.245 --> 00:02:15.984 နာတာရှည် အဆစ်ရောင်ရောဂါ ဖြစ်လာပြီး 00:02:15.984 --> 00:02:18.893 အရိုးနဲ့ အရွတ်ကို ဖျက်ပါတော့တယ်။ NOTE Paragraph 00:02:18.893 --> 00:02:21.648 နောက်ရောဂါတစ်မျိုးကတော့ spondyloarthritis ဖြစ်ပါတယ်။ 00:02:21.648 --> 00:02:24.711 သူကတော့ တခြားအဆစ်ရောင်တာတွေနဲ့ လက္ခဏာတွေ ဆင်တူပါတယ်။ 00:02:24.711 --> 00:02:27.766 သူဟာ အဆစ်တွေ (အထူးသဖြင့် အရိုးနဲ့အရွတ် တွဲဆက်တဲ့ နေရာတွေ) ကို 00:02:27.766 --> 00:02:30.909 ဘာဒဏ်မှ မဖြစ်ဖူးပါဘဲနဲ့ 00:02:30.909 --> 00:02:33.265 ကာလရှည်ကြာ ရောင်ရမ်းနေစေပါတယ်။ 00:02:33.265 --> 00:02:37.835 ဒီလိုကြောင့် အင်ဇိုင်းတွေ ဗလပွဖြစ်လာပြီး အရွတ်တွေ ပျက်လာပါတော့တယ်။ 00:02:37.835 --> 00:02:42.027 သူကတော့ မတူကွဲပြားတဲ့ cytokines ဆိုတဲ့ ပရိုတိန်း လက်ချက်ပါ။ 00:02:42.027 --> 00:02:44.363 အင်ဇိုင်းတွေက အရွတ်တွေကို စားထုတ်ပစ်လိုက်တဲ့အခါ 00:02:44.363 --> 00:02:48.409 ခန္ဓာကိုယ်က အရိုးတွေကို ပူးပြီး အဆစ်ငယ်တွေကို ထိန်းဖို့ကြိုးစားရာက 00:02:48.409 --> 00:02:52.548 အရိုးအတက်ထွက်လာပြီး အဆစ်ခိုင်ပြီး နာတဲ့ 00:02:52.548 --> 00:02:56.023 ကျီးပေါင်းရောဂါပါ ဖြစ်လာတတ်ပါတယ်။ NOTE Paragraph 00:02:56.023 --> 00:02:58.296 အဆစ်ရောင်ရောဂါ ဖြစ်စေတဲ့အချက် များစွာရှိနေပေမယ့် 00:02:58.296 --> 00:03:01.405 လက်ရှိကုသမှုတွေဟာ ရောဂါဖြစ်စေတဲ့ အချက်တွေထက် 00:03:01.405 --> 00:03:03.405 လက္ခဏာတွေကိုပဲ လိုက်လံကုသနေရတာဖြစ်ပါတယ်။ 00:03:03.405 --> 00:03:05.839 ကုနည်းတွေကတော့ MACI ခေါ်တဲ့ အရွတ်ကနေ ဆဲလ်ထုတ်ယူပြီး 00:03:05.839 --> 00:03:09.928 တစ်ရှူးအစားထိုး ပျိုးပေးတာမျိုးကနေ 00:03:09.928 --> 00:03:12.267 microfracture လို့ခေါ်တဲ့ 00:03:12.267 --> 00:03:14.772 အရိုးမှာ အပေါက်လေးတွေ ဖေါက်ပြီး 00:03:14.772 --> 00:03:19.182 ရိုးတွင်းခြင်ဆီပင်မဆဲလ်တွေ စိမ့်ထွက်လာစေကာ အရွတ်အသစ်ဖြစ်စေမယ့်နည်းအထိ ရှိပါတယ်။ 00:03:19.182 --> 00:03:20.332 နောက်ဆုံးနည်းကတော့ 00:03:20.332 --> 00:03:24.832 အရွတ်ခမ်းသွားတဲ့သူကို အဆစ်အစားထိုးနည်းနဲ့ ကုသပေးပါတယ်။ NOTE Paragraph 00:03:24.832 --> 00:03:26.663 ဒီလိုကုသနည်းတွေ ရှိပေမဲ့ 00:03:26.663 --> 00:03:29.425 ကိုယ်ခံအားကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါတွေကတော့ 00:03:29.425 --> 00:03:32.441 ကုထုံး ရှာဖွေနေရဆဲပါပဲ။ 00:03:32.441 --> 00:03:36.828 သိပ္ပံပညာရှင်တွေဟာ လေးဘက်နာအဆစ်ရောင်မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ 00:03:36.828 --> 00:03:40.847 TNF-alpha ပရိုတိန်းကို တားဆီးမယ့် ကုထုံးကို ဖော်ထုတ်နေပါတယ်။ 00:03:40.847 --> 00:03:46.017 ဒါကလည်း လက္ခဏာကို ကုတဲ့ကုထုံးပါ။ ဇစ်မြစ်ကိုကုဖို့ မဟုတ်ပါဘူး။ NOTE Paragraph 00:03:46.017 --> 00:03:51.509 တချိန်တည်းမှာပဲ ကျွန်တော်တို့ကလည်းပဲ အဆစ်တွေ ဝိတ်အများကြီး မထမ်းရအောင် 00:03:51.509 --> 00:03:54.798 ကိုယ်အလေးချိန်ချ၊ ယောဂနဲ့ စက်ဘီးစီးတာလို ပေါ့ပါးတဲ့အားကစားလေးတွေလုပ်၊ 00:03:54.798 --> 00:03:59.258 ဆေးလိပ်သောက်ခြင်းကိုရှောင် စတာတွေလုပ်သင့်ပါတယ်။ 00:03:59.258 --> 00:04:03.192 ဒီလို အမူအကျင့်တွေက တဖက်ကများပြားလှတဲ့ အဆစ်ရောင်ရောဂါတွေကို 00:04:03.192 --> 00:04:06.092 ကုသမယ့်နည်းလမ်းတွေကို ရှာဖွေလေ့လာနေချိန်မှာပဲ 00:04:06.092 --> 00:04:09.102 ကျွန်တော်တို့ အသက်ရှည်အောင် ကူညီပေးပါလိမ့်မယ်။