WEBVTT 00:00:06.685 --> 00:00:11.032 နိုင်ငံရေးဆိုင်ရာ ဝရုန်းသုန်းကားအခြေအနေရဲ့ ဆယ်စုနှစ်တွေနောက် ၁၉၇၀ နှစ်လွန် အလယ်မှာ 00:00:11.032 --> 00:00:14.692 ဂရိဟာ နောက်ဆုံ တည်ငြိမ်မှုဆီ လမ်းကြောင်းပေါ်မှာ ရှိတယ်ထင်ခဲ့ရတယ်။ 00:00:14.692 --> 00:00:17.092 အခြေခံ ဥပေဒေသစ်တစ်ခုရဲ့ နိဒါန်းနဲ့ 00:00:17.092 --> 00:00:21.092 ဥရောပ အဖွဲ့အစည်းတွေကို ဝင်ဖို့ လုပ်ဆောင်ဆဲ ညှိနှိုင်းမှုတွေနဲ့အတူ 00:00:21.092 --> 00:00:23.702 ဂရိဟာ ပိုကြီးမားတဲ့ အနောက်တိုင်း ကမ္ဘာရဲ့ 00:00:23.702 --> 00:00:27.072 ပုံစံတွေနောက်ကို လိုက်ဖို့ များစွာသော ဆန်းစစ်သူတွေက မျှော်လင့်ခဲ့တယ်။ 00:00:27.072 --> 00:00:32.398 ဒီနောက် ၁၉၈၁ မှာ PASOK ဆိုတဲ့ နိုင်ငံရေး ပါတီတစ်ခု အာဏာ ရလာခဲ့တယ်။ 00:00:32.398 --> 00:00:37.585 ပါတီရဲ့ ဩဇာရှိတဲ့ ခေါင်းဆောင် Papandreou က အခြေခံ ဥပဒေသစ်ကို ကြိမ်းမောင်းပြီး 00:00:37.585 --> 00:00:42.015 အာဏာရသူတွေကို 'အမျိုးသားရေး သစ္စာဖောက်တွေ' လို့ စွပ်စွဲခဲ့တယ်။ 00:00:42.015 --> 00:00:46.687 ဂရိနဲ့ NATO နဲ့ ဥရောပ စီးပွားရေး အဖွဲ့ အဖွဲ့ဝင်ဖြစ်မှုကို ဆန့်ကျင်ရင်း 00:00:46.687 --> 00:00:50.769 Papandreou​ က အခြားအားလုံးထက် 'အများ ပြည်သူ' တိုးတက်ကောင်းမွန်ရေးအတွက် 00:00:50.769 --> 00:00:52.649 အုပ်ချုပ်ဖို့ ကတိပြုခဲ့တယ်။ 00:00:52.649 --> 00:00:58.651 သူ လူသိထင်ရှား ကြေညာခဲ့တာက "အဖွဲ့အစည်းတွေ မရှိ၊ လူတွေသာ ရှိတယ်"ပါ။ NOTE Paragraph 00:00:58.651 --> 00:01:02.191 Papandreou ရဲ့ အာဏာရလာမှုက ထူးခြားတဲ့ ဖြစ်ရပ်တော့ မဟုတ်ဘူး။ 00:01:02.191 --> 00:01:04.771 ကမ္ဘာအနှံ့က ဒီမိုကရက်တစ် နိုင်ငံများစွာမှာ 00:01:04.771 --> 00:01:08.032 ဩဇာရှိတဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို အမနာပပြောတယ်၊ 00:01:08.032 --> 00:01:12.582 အဖွဲ့အစည်းတွေကို ချိုးနှိမ်ပြောပြီး ပြည်သူတွေရဲ့ ရာထူးလို့အခိုင်အမာဆိုတယ်။ 00:01:12.582 --> 00:01:16.876 ဝေဖန်သူတချို့က ဒီနည်းကို အာဏာရှင်ဆန်တဲ့ (သို့) ဖက်ဆစ်ဆန်တယ်လို့ တံဆိပ်ကပ်ကြပေမဲ့ 00:01:16.876 --> 00:01:20.236 များစွာက ဒီခေါင်းဆောင်တွေဟာ မဲပေးသူတွေကို ကြိုးကိုင်၊ လှည့်ဖျားဖို့ 00:01:20.236 --> 00:01:23.156 စိတ်ခံစားမှုတွေကို အသုံးပြုတယ်လို့ စောဒကတက်ကြတယ်။ 00:01:23.156 --> 00:01:28.409 ဒါပေမဲ့ ဒီနိုင်ငံရေးဟန်က ကျင့်ဝတ်နဲ့ ညီညီ၊ မညီညီ၊ ကျိန်းသေဒီမိုကရက်ပါ။ 00:01:28.409 --> 00:01:31.879 ဒါက လူထုအကျိုးမျှော်ဝါဒ ဆိုတဲ့အမည်နဲ့ သွားတယ်။ NOTE Paragraph 00:01:31.879 --> 00:01:35.009 လူထုအကျိုးမျှော်ဝါဒ စကားရပ်ဟာ ရှေးဟောင်း ရောမကတည်းက ရှိနေခဲ့တာပါ။ 00:01:35.009 --> 00:01:39.577 'populus' 'ပြည်သူ' လို့ အနက်ရတဲ့ လက်တင် စကားလုံးမှာ အရင်းခံတယ်။ 00:01:39.577 --> 00:01:44.704 အဲဒီကတည်းက နိုင်ငံရေးလှုပ်ရှားမှု ဒါဇင်ချီ ကို လူထု အကျိုးမျှော်ဝါဒ ခေါ်ခဲ့ကြတယ်။ 00:01:44.704 --> 00:01:48.704 မကြာခဏ အဖွဲအစည်းကို တန်ပြန်တာ တစ်ခါတစ်လေဆန့်ကျင်တဲ့ရည်မှန်းချက်တွေနဲ့ပါ။ 00:01:48.704 --> 00:01:52.584 လူထုအကျိုးမျှော် လှုပ်ရှားမှုတွေက ဘုရင်စနစ်တွေ၊တစ်ဦးတည်း ချုပ်ကိုင်မှုတွေနဲ့ 00:01:52.584 --> 00:01:55.974 ကျယ်ပြန့်တဲ့ အာဏာရှိ အဖွဲ့အစည်း အစုံကို ပုန်ကန်ခဲ့တယ်။ NOTE Paragraph 00:01:55.974 --> 00:01:59.614 ဒီမှာတော့ ဒီစကားရပ်ရဲ့ ဇာတ်လမ်း အပြည့်အစုံကို ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ 00:01:59.614 --> 00:02:03.722 ဒါအစား လူထုအကျိုးမျှော်ဝါဒရဲ့ သီးခြား ပုံစံတစ်ခုကို အလေးထားတင်ပြမှာပါ။ 00:02:03.722 --> 00:02:06.412 Papandreou ရဲ့အုပ်ချုပ်ရေးနဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က 00:02:06.412 --> 00:02:12.107 အခြားများစွာသော အစိုးရတွေကို သရုပ်ဖော်တဲ့ အမျိုးအစား၊ ခေတ်သစ် လူထုအကျိုးမျှော်ဝါဒပါ။ 00:02:12.107 --> 00:02:16.549 ဒါပေမဲ့ နိုင်ငံရေး သဘောတရား ပညာရှင်တွေက ဒီဖြစ်စဉ်ကို အနက်ဖွင့်ပုံကို နားလည်ဖို့ 00:02:16.549 --> 00:02:20.605 ဒါက ဘာကို တုံ့ပြန်နေတာကို ပထမဆုံး စူးစမ်းဖို့ လိုအပ်တယ်။ NOTE Paragraph 00:02:20.605 --> 00:02:22.465 ဒုတိယ ကမ္ဘာစစ်ရဲ့ နောက်ဆွယ်မှာ 00:02:22.465 --> 00:02:26.858 နိုင်ငံများစွာဟာ အကြွှင်းမဲ့ အာဏာရှင်စနစ် အယူအဆတွေကနေ ရှောင်ခွာချင်ခဲ့ကြတယ်။ 00:02:26.858 --> 00:02:28.812 ၎င်းတို့ဟာ တစ်ဦးချင်းနဲ့ လူမှုရေး 00:02:28.812 --> 00:02:31.722 ရပိုင်ခွင့်တွေကို ဦးစားပေးပြီး နိုင်ငံရေးဆိုင်ရာ အများဆန္ဒကို 00:02:31.722 --> 00:02:36.029 ရည်ရွယ်တဲ့ ဥပဒေစည်းမျဉ်းကို လေးစားတဲ့ နိုင်ငံရေး စနစ်သစ်တစ်ခုကို ရှာဖွေခဲ့တယ်။ 00:02:36.029 --> 00:02:41.352 အကျိုးဆက်အနေနဲ့ အနောက်နိုင်ငံအများစုဟာ လွတ်လပ်တဲ့ ဒီမိုကရေစီခေါ်တဲ့ ရေရှည်တည်တဲ့ 00:02:41.352 --> 00:02:43.382 အစိုးရ ပုံစံတစ်ခုကို ကျင့်သုံးခဲ့တယ်။ 00:02:43.382 --> 00:02:46.862 ဒီစကားစပ်မှာ "liberal" ဆိုတာက နိုင်ငံရေး ပါတီတစ်ခုခုကို မရည်ညွှန်းပေမဲ့ 00:02:46.862 --> 00:02:51.434 အဓိက အစိတ်အပိုင်း သုံးခုရှိတဲ့ ဒီမိုကရေစီ အမျိုးအစားတစ်ခုပါ။ 00:02:51.434 --> 00:02:54.578 ပထမ လွတ်လပ်တဲ့ ဒီမိုကရေစီတွေက လူအဖွဲ့အစည်းဟာ မကြာခဏတော့ 00:02:54.578 --> 00:02:59.278 ဝိရောဓိကို ထုတ်ပေးတဲ့ ထောင့်ဖြတ် အပိုင်းများစွာ ပြည့်နေတယ် ဆိုတာ.လက်ခံတယ်။ 00:02:59.278 --> 00:03:02.338 ဒုတိယ လိုအပ်တာက လူ့အဖွဲ့အစည်းရဲ့ အုပ်စုများစွာဟာ 00:03:02.338 --> 00:03:05.628 ဒီအပိုင်းအခြားတွေကိုဖြတ်ကာ အခြေခံတူညီမှုကို ရှာတာပါ။ 00:03:05.628 --> 00:03:09.138 နောက်ဆုံးက လွတ်လပ်တဲ့ ဒီမိုကရေစီတွေဟာ အခြေခံ ဥပဒေတွေမှာနဲ့ ဥပဒေရေးရာ 00:03:09.138 --> 00:03:11.608 အခြေအနေတွေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်​း 00:03:11.608 --> 00:03:15.308 ဥပဒေ စည်းမျဉ်းနဲ့ လူနည်းစု ရပိုင်ခွင့်တွေ ကို ကာကွယ်မှုအပေါ် အမှီပြုတာပါ။ 00:03:15.308 --> 00:03:17.873 အတူတူ စုပေါင်းပြီး သဘောထားသေးသိမ်မှုကနေ 00:03:17.873 --> 00:03:22.308 ကာကွယ်ပေးတဲ့ သဘောထားကြီးမှုနဲ့ အဖွဲ့အစည်းတွေကို အဆိုပြုပေးတဲ့ ဒီစံတွေဟာ 00:03:22.308 --> 00:03:27.225 လက်တွေ့ကျပြီး ထွေးပြားတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုရဲ့အခြေခံမူပါ။ NOTE Paragraph 00:03:27.225 --> 00:03:31.225 လွတ်လပ်တဲ့ ဒီမိုကရေစီတွေက ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တည်ငြိမ်မှု ရဖို့ ကူညီတယ်။ 00:03:31.225 --> 00:03:35.405 ဒါပေမဲ့ နိုင်ငံရေး စနစ်တိုင်းလိုပဲ ဒါတွေက အရာတိုင်းကို ဖြေရှင်းမပေးခဲ့ဘူး။ 00:03:35.405 --> 00:03:38.965 အခြား ပြဿနာတွေအနက် အမြဲ တိုးလာနေတဲ့ ချမ်းသာမှု ကွာဟချက်တစ်ခုက 00:03:38.965 --> 00:03:41.275 ချမ်းသာတဲ့ အနီးအပါးတွေကိုရော၊ နိုင်ငံရေး 00:03:41.275 --> 00:03:45.914 ခေါင်းဆောင်တွေကိုပါ မယုံကြည်တဲ့ နွမ်းပါးတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်စေခဲ့တယ်။ 00:03:45.914 --> 00:03:51.474 တချို့ဖြစ်ရပ်တွမှာ နိုင်ငံရေး ခြစားမှုက ပြည်သူ့ ယုံကြည်မှုကို ထပ်ကာ ဖျက်ဆီးတယ်။ 00:03:51.474 --> 00:03:54.824 ဒီနိုင်ငံရေးသမားတွေ ဝန်းကျင်မှာ တိုးလာနေတဲ့ သံသယနဲ့ မကျေမချမ်းမှု 00:03:54.824 --> 00:03:57.974 တည်ဆဲအခြေခံဥပေဒေတွေကို စိန်ခေါ် လူထုလိုအပ်ချက်တွေကို ဦးစားပေးမယ့် 00:03:57.974 --> 00:04:00.394 ခေါင်းဆောင်သစ် တစ်ယောက်လိုမျိုးကို ရှာဖွေဖို့ 00:04:00.394 --> 00:04:03.224 နိုင်ငံသားတွေကို အသင့်ပြင်ပေးခဲ့တယ်။ NOTE Paragraph 00:04:03.224 --> 00:04:07.495 နည်းလမ်းများစွာမှာ ဒီတုံ့ပြန်မှုက ဒီမိုကရေစီ အသက်ဝင်မှုကို အသားပေးတယ်။ 00:04:07.495 --> 00:04:12.207 လူအများစုက သူတို့ရဲ့ စိတ်ဝင်စားမှုတွေဟာ လုံလောက်တဲ့ ကိုယ်စားပြုမှုမခံရဘူး ထင်ရင် 00:04:12.207 --> 00:04:17.144 တည်ဆဲ ဒီမိုကရေစီ စနစ်တွေကို အသုံးပြုကာ ပြောင်းလဲဖို့ ခေါင်းဆောင်တွေရွေးနိုင်ပေမဲ့ 00:04:17.144 --> 00:04:23.004 ငါသိငါတတ် လူထုအကျိုးမျှော် ကိုယ်စားလှယ် လောင်းတွေ ဒီမိုကရေစီကို ဝင်နှောက်နိုင်တယ် NOTE Paragraph 00:04:23.004 --> 00:04:28.568 ခေတ်သစ် လူထုအကျိုးမျှော်သမားတွေက မိမိကိုယ် မိမိ "ပြည်သူ့ ဆန္ဒ"ကို သရုပ်ဖေါ်သူအဖြစ် 00:04:28.568 --> 00:04:30.478 သဘောထားကာ တစ်ဦးချင်းနဲ့ 00:04:30.478 --> 00:04:35.487 ဒီအကျိုးစီးပွားတွေကို လူမှုရပိုင်ခွင့်တွေ ကာကွယ်တဲ့ အဖွဲ့စည်းတွေအထက်မှာ ထားတယ်။ 00:04:35.487 --> 00:04:38.457 ခေတ်သစ် လူထုအကျိုးမျှော်သမားတွေ စောဒကတက်တာက ဒီအဖွဲ့အစည်းတွေကို 00:04:38.457 --> 00:04:41.567 ကောင်းမြတ်တဲ့ သာမန် ပြည်သူ အများစုကို ထိန်းချုပ်ဖို့ 00:04:41.567 --> 00:04:45.771 ကြိုးပမ်းကြတဲ့ ကိုယ်ကျိုးရှာ အုပ်ချပ်ရေး လူနည်းစုတစ်ခုက ကွပ်ကဲတယ်ဆိုတာပါ။ 00:04:45.771 --> 00:04:51.147 အကျိုးဆက်က နိုင်ငံရေးဟာ သဘောထားကြီးတဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကနေ 00:04:51.147 --> 00:04:53.947 သဘောတူညီမှုနဲ့ အများဆန္ဒကို ရှာဖွေတာ မဟုတ်တော့ဘူး။ 00:04:53.947 --> 00:04:59.676 ဒါအစား ဒီခေါင်းဆောင်တွေက စနစ်ပျက်အဖြစ် သူတို့မြင်တာကို ပယ်ဖျက်ဖို့ကြိုးပမ်းကြတယ်။ 00:04:59.676 --> 00:05:04.225 ဆိုလိုတာက လွတ်လပ်တဲ့ ဒီမိုကရေစီတစ်ခုရှိ ရာမှာ တရားရုံးတွေ၊ လွတ်လပ်တဲ့ သတင်းစာနဲ့ 00:05:04.225 --> 00:05:08.225 အမျိုးသား အခြေခံဥပဒေတွေလို အဖွဲ့အစည်း တွေကို အဆုံးစွန် လေးစားမှု ရှိတာပါ။ 00:05:08.225 --> 00:05:12.860 ခေတ်သစ် လူထုအကျိုးမျှော်သမားတွေက "အများ ဆန္ဒ" လို့ ခေါ်တာနဲ့ သဘောမတူတဲ့ 00:05:12.860 --> 00:05:15.560 အဖွဲ့အစည်းတိုင်းကို မတရားချိုးနှိမ်တယ်။ NOTE Paragraph 00:05:15.560 --> 00:05:18.720 ခေတ်သစ် လူထုအကျိုးမျှော် ပါတီတွေ နေရာများစွာမှာ ပေါ်ပေါက်လာခဲ့ပေမဲ့ 00:05:18.720 --> 00:05:22.490 ဒီလှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်တွေဟာ မှတ်သားလောက်အောင် ဆင်တူကြတယ်။ 00:05:22.490 --> 00:05:24.560 မကြာခဏ ‘‘ပြည်သူ့ ဆန္ဒ"ကို သရုပ်ထင်တာအဖြစ် 00:05:24.560 --> 00:05:28.804 သူတို့ကိုယ်သူတို့ သဘောထားတဲ့ ဩဇာရှိတဲ့ တသီးပုဂ္ဂလတွေပါ။ 00:05:28.804 --> 00:05:31.634 သူတို့ကို ထောက်ခံသူတွေကို မတန်တဆ ကတိကဝတ်တွေ ပေးရင်း 00:05:31.634 --> 00:05:36.730 ပြိုင်ဘက်တွေကို နိုင်ငံကို တက်ကြွစွာ အား နည်းစေတဲ့ သစ္စာဖောက်တွေအဖြစ် သဘောထားကြတယ်။ 00:05:36.730 --> 00:05:41.736 ဒါပေမဲ့ ဒီနိုင်ငံရေးသမားတွေဟာ ရိုးသားတဲ့ ယုံကြည်သူတွေ (သို့) ခြယ်လှယ်တဲ့ အခွင့်ရေး 00:05:41.736 --> 00:05:43.386 သမားတွေဖြစ်စေ သူတို့ ထုတ်လွှတ်တဲ့ 00:05:43.386 --> 00:05:47.386 အင်အားက လွတ်လပ်တဲ့ ဒီမိုကရေစီအတွက် အကြီးအကျယ် ယိမ်းယိုင်စေနိုင်တယ်။ 00:05:47.386 --> 00:05:50.296 ခေတ်သစ် လူထုအကျိုးမျှော်သမားတွေဟာ သူတို့ရဲ့ အစွန်းအရောက်ဆုံး 00:05:50.296 --> 00:05:52.676 ကတိတွေနဲ့ ဆုံးခန်းတိုင် မလုပ်တာတောင် 00:05:52.676 --> 00:05:57.652 နိုင်ငံရေး ဟောပြောချက်၊ ဥပဒေ စည်းမျဉ်းနဲ့ လူထု ယုံကြည်မှုအပေါ် သူတို့ သက်ရောက်မှုက 00:05:57.652 --> 00:06:00.582 သူတို့ အာဏာရချိန်ထက် တာရှည် သက်ဆိုးရှည်နိုင်ပါတယ်။